Main menu

Background

Friday, 29 Jun 2012

     မလှိုင်မြို့နယ်အနေနဲ့ ယခုနှစ် ကြက်သွန်နီစိုက်ပျိုးနိုင်မှုမှာ ယခင်နှစ်ထက် လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခုနှစ် စိုက်ဧက ၃၂၀၀ ကျော်ဖြစ်ပြီး၊ ယခင်စိုက်ဧကမှာ ၃၈၀၀ ကျော်ဖြစ်ပါတယ်။ ယခုနှစ်မှာ စိုက်ဧက လျော့နည်းသလို စိုက်ပျိုးချိန်နဲ့ အပင်ဖြစ်ထွန်းချိန်မှာ အချိန်အခါမဲ့ မိုးရွာသွန်းတဲ့အတွက် အထွက်နှုန်း လည်း ကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ နှိုင်းယှဉ်ပြရင် ယခင်နှစ်ကာလတူမှာ ကြက်သွန်နီ တစ်ပိဿာ (ဂျွန်) ၃၀၀ ကျပ်ရှိပြီး၊ ယခုနှစ်မှာ ဂျွန်တစ်ပိဿာ ၅၀၀ ကျပ်ဖြစ်ပါတယ်။ စိုက်ဧကလျော့နည်းခြင်း၊ အထွက်နှုန်းလည်း  လျော့နည်းတဲ့ အတွက် လှောင်လက်များကြိုက်ဈေးစောင့်နေကြောင်း သိရပါတယ်။ ရဲမြင့်သန်း

Friday, 29 Jun 2012

    ကန်ဒေါ်လာ သုညဒသမ ၀၇၉ သန်းတန်ဖိုးရှိ  မန်ကျည်းမှည့်အစေ့ပါ ၉၉ တန်ခန့်ကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်းမှာအပို့ရှိခဲ့ပါတယ်။ ယခင် အပတ်နဲ့နှိုင်းယှဉ်လျှင်တန် ၄၀ ခန့် အပို့လျော့ခဲ့တယ်လို့သိရပါတယ်။MIRT(DOBT)

Friday, 29 Jun 2012

    ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ထိုင်းနိုင်ငံကို မန်ကျည်း၂၅တန်နဲ့ စင်ကာပူနိုင်ငံကို မန်ကျည်း ၁၃၂ တန် ကိုသီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန် ၁၀ ရက်မှ ၁၆ ရက်အတွင်းတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် နှစ်ရာ့ခြောက် ဆယ် ကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်ရာကျော်အပို့လျော့ခဲ့ပါ တယ်။ FOB ဈေးကတော့ ယခင်တစ်ပတ်ကတစ်တန်ကို ကန်ဒေါ်လာ ငါးရာကျော် ရရှိခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ ကန်ဒေါ်လာ လေးရာ့လေးဆယ်ေ ကျာ်သာ ရှိတာ ကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခြောက်သောင်းကိုးထောင် ကျော် ရရှိခဲ့ ပါတယ်။                                                  MIRT (DOT)

Friday, 29 Jun 2012

    ကလောမြို့နယ်၊ ပင်းတယမြို့နယ်တွေက ချင်း(ဥမ)တွေဖော်နေတာကြောင့် ချင်းကပုံမှန်အဝင်ရှိနေပါတယ်။ မိုးကလည်း အတော်ရွာလာပြီဖြစ်တာကြောင့် အရင် တစ်ပတ်ကလောက်တော့အဝင်မများပါဘူး။ ချင်း(ဥမ)က မြေကြီးထဲမှာ အကြာကြီး အထားမခံပါဘူး။ ၄-၅ လလောက်ကြာရင်တော့ ပုပ်ပြီးခြောက်သွားတာကြောင့် မဖော် မဖြစ်ဖော်ကြရပါတယ်။

Friday, 29 Jun 2012

    ပါကစ္စတန်နိုင်ငံ ကရာချိရဲ့ လက်လီလက်ကားဈေးကွက်တွေမှာ ကုလားပဲဈေးက စတင်ကျဆင်းလာပြီလို့ သိရပါတယ်။ ယခင်နှစ်က ရာသီဥတု ဆိုးဝါးတဲ့အတွက် စိုက်ပျိုးထားတဲ့ အပင်များပျက်စီးခဲ့ရပြီး၊ ပန်ဂျပ်မှာ နှစ်စဉ် အထွက်နှုန်းကျဆင်းခဲ့ကာ လွန်ခဲ့တဲ့ ၃ လအတွင်း ဈေးနှုန်းကြီးမြင့်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များမှာ ပြည်တွင်းမှာ ပဲအမြောက်အမြားအထွက် ပိုခဲ့လို့ ဈေးနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ယခုနှစ်မုတ်သုံမိုးမတိုင်မီထိတော့ ပဲဈေးက မြင့်တက်နေ ခဲ့ပါတယ်။

Friday, 29 Jun 2012

    မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ် ကုလားပဲဈေးကွက်အနေနဲ့ မန္တလေး၊ ရန်ကုန်နဲ့ ဒေသတွင်းလုပ်ငန်းသုံး သမားတွေ အဝယ်ဆုံလို့ ကုလားပဲမျိုးစုံတက်ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ကုလားပဲရိုးရိုးကတော့ ပစ္စည်းလက်ကျန်နည်းလို့ ဈေးမတက်နိုင်တဲ့ရက်တွေရှိခဲ့ပေမဲ့ တစ်တင်း ၁၇၉၀၀ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပါတယ်။

Friday, 29 Jun 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲဝင်ရောက်မှုရှိနေပေမဲ့ အရောင်းအဝယ်ပါးတဲ့အတွက် ယခုတစ်ပတ်ဈေး အပြောင်းအလဲနည်းပါတယ်။ ကြိုပွိုင့်ဈေးလည်း လျော့ကျတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို စုစုပေါင်း တစ်ရက် ကုလားပဲအိတ် ၈၀၀၀၀- ၈၅၀၀၀ ခန့်ဝင်ရောက်တယ်လို့ သိရပါတယ်။ ဧပြီလ ၁၁ ရက်မှ မတ်လ ၁၂ ရက်အထိ ကုလားပဲ တန်ချိန် ၂ ဒသမ ၀၃ သိန်းတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးမှု နှေးကွေးနေတဲ့ သတင်းတွေအရ တောင်သူ များနဲ့ ကုန်သည်တချို့က  ဈေးတက်မယ်မှန်းပြီး ရောင်းချမှု နည်းနေတယ်လို့ သိရပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-

Friday, 29 Jun 2012

    ယခုတစ်ပတ်မှာလည်း ကုလားပဲရောင်းဝယ်မှုရော တင်ပို့မှုပါ ဆက်လက်ကျဆင်းနေပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန် ၂၁၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇွန် ၁၁-၁၆ ရက်)  အတွင်းမှာလည်း တန်ချိန် ၁၅၀၀ ကိုသာ ထပ်မံလျော့ကျတင်ပို့ခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၁၅ ရက်အထိ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၃၄၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂၅ သန်းခန့်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၄၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၈ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏရော တန်ဖိုးပါ ပိုမိုကြောင်း သိရပါတယ်။

Friday, 29 Jun 2012

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ဆောင်းသီးနှံပဲမျိုးစုံများမှာ လက် ကျန်နည်းလာခဲ့ပြီဖြစ်သလို ပဲတီစိမ်းသီးနှံဟာလည်း တိုင်းအတွင်းရှိ မြို့နယ် အားလုံးမှာ စိုက်ပျိုးမှု မရှိဘဲ ပြည်ခရိုင်အတွင်း မြို့နယ်အချို့မှာသာ စိုက်ပျိုးမှု ရှိခဲ့တာကြောင့် ဒေသတွင်း ထွက်ရှိမှုနည်းခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း ပွဲရုံများမှာ လက်ကျန် အသင့်အတင့်သာရှိခဲ့ပြီး၊ တစ်ခါတစ်ရံမှသာ ရန်ကုန် ဝယ် လက်အပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။  ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ယခင်အပတ်က ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လ အတွင်း မိုးပဲတီစိမ်းသစ် များ ဈေးကွက်ကိုဝင်ေ ရာက်နိုင်ကြောင်း ပွဲရုံများမှ သိရှိရပါတယ်။ခင်ဆွေဝင်း

Friday, 29 Jun 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လက်လီ အဝယ်တက်လာပြီး ပဲထွက်ရှိရာဒေသများမှပဲအဝင်နည်းတဲ့အတွက် ပဲတီစိမ်းဈေးတိုးလာပါတယ်။ အိန္ဒိယ ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဧပြီ ၁၁ ရက်မှ မတ် ၁၂ ရက်အထိ မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၁၂ သိန်း တင်သွင်းခဲ့ ကြောင်းသိရပါတယ်။

Pages