Background
ကလောမြို့နယ်၊ ပင်းတယမြို့နယ်တွေက ချင်း(ဥမ)တွေဖော်နေတာကြောင့် ချင်းကပုံမှန်အဝင်ရှိနေပါတယ်။ မိုးကလည်း အတော်ရွာလာပြီဖြစ်တာကြောင့် အရင် တစ်ပတ်ကလောက်တော့အဝင်မများပါဘူး။ ချင်း(ဥမ)က မြေကြီးထဲမှာ အကြာကြီး အထားမခံပါဘူး။ ၄-၅ လလောက်ကြာရင်တော့ ပုပ်ပြီးခြောက်သွားတာကြောင့် မဖော် မဖြစ်ဖော်ကြရပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချိရဲ့ လက်လီလက်ကားဈေးကွက်တွေမှာ ကုလားပဲဈေးက စတင်ကျဆင်းလာပြီလို့ သိရပါတယ်။ ယခင်နှစ်က ရာသီဥတု ဆိုးဝါးတဲ့အတွက် စိုက်ပျိုးထားတဲ့ အပင်များပျက်စီးခဲ့ရပြီး၊ ပန်ဂျပ်မှာ နှစ်စဉ် အထွက်နှုန်းကျဆင်းခဲ့ကာ လွန်ခဲ့တဲ့ ၃ လအတွင်း ဈေးနှုန်းကြီးမြင့်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များမှာ ပြည်တွင်းမှာ ပဲအမြောက်အမြားအထွက် ပိုခဲ့လို့ ဈေးနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ယခုနှစ်မုတ်သုံမိုးမတိုင်မီထိတော့ ပဲဈေးက မြင့်တက်နေ ခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ် ကုလားပဲဈေးကွက်အနေနဲ့ မန္တလေး၊ ရန်ကုန်နဲ့ ဒေသတွင်းလုပ်ငန်းသုံး သမားတွေ အဝယ်ဆုံလို့ ကုလားပဲမျိုးစုံတက်ဈေးနဲ့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ကုလားပဲရိုးရိုးကတော့ ပစ္စည်းလက်ကျန်နည်းလို့ ဈေးမတက်နိုင်တဲ့ရက်တွေရှိခဲ့ပေမဲ့ တစ်တင်း ၁၇၉၀၀ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲဝင်ရောက်မှုရှိနေပေမဲ့ အရောင်းအဝယ်ပါးတဲ့အတွက် ယခုတစ်ပတ်ဈေး အပြောင်းအလဲနည်းပါတယ်။ ကြိုပွိုင့်ဈေးလည်း လျော့ကျတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို စုစုပေါင်း တစ်ရက် ကုလားပဲအိတ် ၈၀၀၀၀- ၈၅၀၀၀ ခန့်ဝင်ရောက်တယ်လို့ သိရပါတယ်။ ဧပြီလ ၁၁ ရက်မှ မတ်လ ၁၂ ရက်အထိ ကုလားပဲ တန်ချိန် ၂ ဒသမ ၀၃ သိန်းတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ပဲစိုက်ပျိုးမှု နှေးကွေးနေတဲ့ သတင်းတွေအရ တောင်သူ များနဲ့ ကုန်သည်တချို့က ဈေးတက်မယ်မှန်းပြီး ရောင်းချမှု နည်းနေတယ်လို့ သိရပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
ယခုတစ်ပတ်မှာလည်း ကုလားပဲရောင်းဝယ်မှုရော တင်ပို့မှုပါ ဆက်လက်ကျဆင်းနေပါတယ်။ ယခင်တစ်ပတ်က ကုလားပဲတန် ၂၁၀၀ ကျော်တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇွန် ၁၁-၁၆ ရက်) အတွင်းမှာလည်း တန်ချိန် ၁၅၀၀ ကိုသာ ထပ်မံလျော့ကျတင်ပို့ခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန် ၁၅ ရက်အထိ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၃၄၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၂၅ သန်းခန့်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၄၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၈ သန်းကျော်ရရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏရော တန်ဖိုးပါ ပိုမိုကြောင်း သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ဆောင်းသီးနှံပဲမျိုးစုံများမှာ လက် ကျန်နည်းလာခဲ့ပြီဖြစ်သလို ပဲတီစိမ်းသီးနှံဟာလည်း တိုင်းအတွင်းရှိ မြို့နယ် အားလုံးမှာ စိုက်ပျိုးမှု မရှိဘဲ ပြည်ခရိုင်အတွင်း မြို့နယ်အချို့မှာသာ စိုက်ပျိုးမှု ရှိခဲ့တာကြောင့် ဒေသတွင်း ထွက်ရှိမှုနည်းခဲ့ပါတယ်။ ဒါကြောင့် ဈေးကွက်အတွင်း ပွဲရုံများမှာ လက်ကျန် အသင့်အတင့်သာရှိခဲ့ပြီး၊ တစ်ခါတစ်ရံမှသာ ရန်ကုန် ဝယ် လက်အပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ယခင်အပတ်က ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လ အတွင်း မိုးပဲတီစိမ်းသစ် များ ဈေးကွက်ကိုဝင်ေ ရာက်နိုင်ကြောင်း ပွဲရုံများမှ သိရှိရပါတယ်။ခင်ဆွေဝင်း
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်လက်လီ အဝယ်တက်လာပြီး ပဲထွက်ရှိရာဒေသများမှပဲအဝင်နည်းတဲ့အတွက် ပဲတီစိမ်းဈေးတိုးလာပါတယ်။ အိန္ဒိယ ကုန်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ဧပြီ ၁၁ ရက်မှ မတ် ၁၂ ရက်အထိ မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၁၂ သိန်း တင်သွင်းခဲ့ ကြောင်းသိရပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၅၆၅ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၂၉၁၅ တန်ကို ဇွန် ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ တစ်ဖက်အိမ်နီးချင်းတရုတ်နိုင်ငံသို့အပို့ရှိခဲ့ပါတယ်။ ယခင် အပတ်တင်ပို့မှုနဲ့နှိုင်းယှဉ် လျှင် ၆၁၅ တန်ခန့်လျော့နည်းတင်ပို့ခဲ့တယ်လို့သိရပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်ဈေးမြင့်လျက်ရှိသော်လည်း တစ်ဖက်နိုင်ငံဈေးကျလျက်ရှိတာ တွေ့ရပါ တယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းအရောင်းအဝယ် နည်းပါးလျက်ရှိပါတယ်။ ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ တစ်ပတ်အတွင်းမှာ အချို့ ရက်များသာ အရောင်းအဝယ်ဖြစ်ခဲ့လို့ စုစုပေါင်း တန် ၁၁၀၀ ကျော်သာ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်အချို့သာရှိပြီး ပြည်တွင်း မှာလည်း လက်ကျန်မများတော့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခုတစ်ပတ်လည်း ဆက်လက် ကျဆင်းလာပါတယ်။ ဇွန် ၁၁ ရက်မှ ၁၅ ရက်အထိတစ်ပတ်အတွင်းတန်ချိန် ၂၃၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်ဘက်ကို တင်ပို့ဖို့ ဝယ်လိုအားနည်းလာပြိး အိန္ဒိယကို တင်ပို့မှုအချို့သာရှိတယ်လို့ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဇွန်လ ၁၅ ရက်အထိ ပဲတီစိမ်း စုစုပေါင်း တင်ပို့ပြီးစီးမှုအနေနဲ့ တန်ချိန် ၉၁၀၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာကန်ဒေါ်လာ ၆၇ သန်းကျော်ရရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာ နှစ် ကာလတူမှာ တန်ချိန် ၇၅၀၀၀ ကျော် တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈၅ သန်းခန့် ရရှိခဲ့လို့ ယခုနှစ်ကာလတူမှာ ပမာဏ ပိုမိုပေမဲ့ ဝင်ငွေလျော့ကျကြောင်း သိရပါ တယ်။MIRT - MAPT