Background
ဟင်္သာတပဲဈေးကွက် မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၂၂၀၀ ကျပ်ဈေးနဲ့အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ ၁၂၆၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ပြုလုပ်ကြတာကြောင့် ဈေးအနည်းငယ်မြင့်လာ ပါတယ်။ မတ်ပဲဈေးမြင့်တက်လာသော်လည်း ကုန်စည်ဒိုင်မှာ ပဲအရောင်းအဝယ်ဖြစ်မှုမှာ နည်းပါးသွားပြီး၊ တင်ပို့မှု လည်းယခင်တစ်ပတ်ထက် လျော့နည်းသွားကြောင်း တွေ့ရပါတယ်။ ရန်ကုန်ဝယ်လက်ကုန်သည်ကြီးများရဲ့ ဈေးပေးဝယ်ယူမှုကြောင့် ပဲစီးဆင်းမှုမှာ တစ်နေ့ကို ပျမ်းမျှအိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲရောင်းဝယ်မှု အားပြန်ကောင်းလာခဲ့ပါတယ်။ အိန္ဒိယဝယ်လက် အဝယ်ပြန်လိုက်လာတဲ့အတွက် ဈေးကွက်မှာ အရောင်းအဝယ်သွက်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယ ရူပီးဈေးက ဆက်လက်နိမ့်ကျနေတာကြောင့် မတ်ပဲဈေးက တက် သင့်သလောက် များများမတက်ဘူးလို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်အတွင်း တန် တစ်သောင်းအောက်ကို လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇွန် ၁၁-၁၅ ရက်) အတွင်းမှာ တန်ချိန် ၉၁၀၀ ကျော်သာ တင်ပို့ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြက်သွန်ဖြူထုတ်လုပ်မှုက ယခင် ၂၀၁၁ ခုနှစ်ထက် လျော့ကျမယ့် သတင်းများအပြင် ယခင်နှစ်ထွက်ရှိတဲ့ ကြက်သွန်ဖြူလက်ကျန်လည်း လျော့ကျတဲ့အတွက် မကြာသေးခင် သီတင်းပတ်များအတွင်း ကြက်သွန်ဖြူခြောက်ဈေး သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ အီရော့ နနွင်းဈေးကွက်တစ်ခုမှာ နနွင်းဈေးများ ၃ လကြာ ကျဆင်းပြီးနောက် ဇွန် ၁၃ ရက်မှာ တစ်တန် ရူပီး ၄၀ဝဝဝ(ကန်ဒေါ်လာ ၇၁၈)ဈေးဖြစ်လာခဲ့ပါတယ်။ ၂၀၁၂ မတ်လ ၆ ရက်နေ့မှာ နနွင်း တစ်တန် ရူပီး ၄၁၄၉၀ (ကန် ဒေါ်လာ ၇၄၅)နဲ့ အမြင့်ဆုံးရောက်ရှိခဲ့ပြီးနောက် ရူပီး ၄၀ဝဝဝ အောက်ကို ပြန်လည် ကျဆင်းခဲ့တာဖြစ်ပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ နနွင်းအဝင်က ပုံမှန်ရှိနေပါတယ်။ တစ်ရက်ကို ပျမ်းမျှပိဿာချိန် ၃၀ဝ ခန့် အဝင်ရှိနေ တယ်လို့လည်း အောင်ပန်းဈေးကွက်က သိရပါတယ်။ ပြည်တွင်းဈေးကွက်မှာ အသုံးပြုဖို့ (အမှုန့်ကြိတ်ပြီး ရောင်းဖို့) အတွက်၊ ဖြူး၊ တောင်တွင်းကြီး၊ ပြည်ဘက်က အဝယ်ရှိလာတယ်လို့လည်း သိရပါတယ်။
ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၇၁ သန်းတန်ဖိုးရှိ နနွင်းတက်များကို မူဆယ်နယ်စပ်မှ ၁၆၇ တန်နဲ့ မြဝတီနယ်စပ်မှ ၇ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်နနွင်းတက် တင်ပို့မှုထက် တန် ၆၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ဝ၁၉၈ သန်းတန်ဖိုးရှိ နနွင်းခေါင်း ၁၅ တန်ကျော် အပို့ရှိခဲ့ပါသေးတယ်။ MIRT(DOBT)
ပြည်ကြက်သွန်နီဈေးကွက်ကို ယခုတစ်ပတ်အတွင်း ရေနံချောင်း၊ ပခုက္ကူဖက်မှ ကြက်သွန်နီများ ၃၅ ပိဿာ ဝင်အိတ် ၈၀ဝ ခန့် ရက်ခြားအဝင်ရှိပြီး၊ အရောင်း အဝယ်လည်း တစ်ရက် အိတ် ၁၀ဝ ခန့်သာ အရောင်းအဝယ် ဖြစ်လို့ ဈေးလည်း အေးကြောင်း သိရပါတယ်။ ပြည်ပွဲရုံများရဲ့ ဈေးနှုန်းမှာ ယခင်အပတ်ထက် တစ်ပိဿာ ၅၀ ကျပ်ခန့် ဈေးကျပြီး၊ ကြက်သွန်နီ(ကြီး)တစ်ပိဿာ ၆၀ဝ ကျပ်၊ (လတ်) ၅၅၀ ကျပ်၊ (သေး) ၅၃၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိကြောင်း သိရပါ တယ်။ ဝင်းဝင်းခိုင်
ဇွန်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာသုညဒသမ ၁၁၀၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၁၃၈ တန်ကို မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ မြဝတီနဲ့ စစ်တွေနယ်စပ်များမှ တင်ပို့မှု ရှိခဲ့ပေမယ့် ယခုအပတ်မှာ မူဆယ်နယ်စပ်ကသာအပို့ရှိခဲ့တာ ဖြစ်ပါတယ်။ ယခင် အပတ်ကထက် တန် ၂၀ ကျော် မူဆယ်မှ အပို့ပိုခဲ့တာဖြစ်ပြီး နယ်စပ်တစ်ခုလုံး တင်ပို့မှုထက်တော့ ၁၀ တန် အပို့ပိုခဲ့ပါတယ်။MIRT(DOBT)
ချင်းတက်က ဈေးကွက်မှာ လက်ကျန်တွေအများကြီး ရှိနေပေမယ့် ချင်း(ဥမ) ကလည်း ဈေးကွက်ကို ဝင်လာနေပါပြီ။ အောင်ပန်း၊ ဈေးကွက်မှာတော့ အဝင်က များနေပြီး အရောင်းကတော့ ပုံမှန်သာရှိပါတယ်။ အဓိက ဝယ်လက်တွေဖြစ်တဲ့ မန္တလေး၊ မုံရွာ၊ ပြည်၊ ပဲခူးက ချင်းထိုးသမားတွေက အခက်ကြီး၊ အခက်လှတွေကို သာ ရွေးပြီးဝယ်ယူကြပါတယ်။