Background
အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် ချင်း(စို)တွေ အဝင်နည်းနေတယ်လို့ ဆိုပါ တယ်။ မိုးရွာနေပြီဖြစ်လို့ တူးရခက်လာတာကြောင့် အဝင်နည်းလာတာဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်ချင်းဈေးကလည်း သိပ်မကောင်းတာ ကြောင့် တောင်သူတွေ လက်ထဲမှာလည်း အတော်ကျန်နေသေးတယ်လို့ သိရပါတယ်။
ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပြည်ဈေးကွက်ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်ရှိပြီး၊ ယခင် တစ်ပတ်ကထက် အိတ် ၅၀ ခန့် ပိုမိုဝင်ရောက်လာပါ တယ်။ အဝင်များပေမယ့် ဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ချင်းရှယ်တစ်ပိဿာ ၇၀၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး၊ အရောင်းအဝယ်မှာလည်း ဈေးကွက် အတွင်း တစ်နေ့ ပိဿာချိန် ၄၀၀ ခန့် ပုံမှန်အရောင်း အဝယ်ဖြစ်နေ ပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီနဲ့ ရခိုင်ပြည်နယ် ဘက်ကို စားသုံးမှုအဖြစ် ပိဿာချိန် ၂၀၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီဒေသထွက်ချင်းခြောက် ၁၈ တန်ခန့် တန်ဖိုး အားဖြင့်ကန်ဒေါ်လာသုည ဒသမ ၀၄၂ သန်းဖိုးကို မေလ ၂၃ ရက်မှ ၂၉ ရက်ထိ ကာလအတွင်းမှာ အပို့ရှိခဲ့ရာ ယခင်အပတ်တင်ပို့မှုထက် သုံးဆ ပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ ချင်းစို အပို့မရှိဘူးလို့သိရပါတယ်။ MIRT(DOBT)
ပြည်ဈေးကွက်အတွင်း ကုလားပဲတစ်တင်းကို ယခင်တစ်ပတ်က ၂၀၂၀၀ ကျပ်၊ ယခုတစ်ပတ်မှာ တစ်တင်း ၂၀၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ရှိပါတယ်။ တိုင်းအတွင်း ပန်းတောင်း၊ ကံမဘက်မှ အိတ်အနည်းငယ်သာအဝင်ရှိ ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ရခိုင်ပြည်နယ်အတွက် ဝယ်လက်နဲ့ ခွဲစက်သမားများမှာသာ အဝယ်ရှိကြောင်းသိရပါတယ်။ နေ့တိုင်း အဝယ်မရှိပေမယ့် တစ်ပတ်အတွင်း အိတ် ၃၀၀-၄၀၀ ခန့် အရောင်းအဝယ်ရှိ ကြောင်းသိရပါတယ်။ လွင်လွင်ဆန်း
မုံရွာကုန်စည်ဒိုင် မေလ လကုန်ပတ် ကုလားပဲဈေးကွက်အနေနဲ့ ထိုင်ဝမ်နဲ့ 929 ဝယ်လက်အေးသွားပေမဲ့ V2 ကတော့ အဝယ်အရောင်းအားကောင်းနေဆဲဖြစ် တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဝယ်လက်အားဖြင့် V2 ကို ရန်ကုန်သမားအဆွဲများပြီး၊ မုံရွာကုန်စည်ဒိုင်ဈေး ကွက်မှာ တစ်ရက် အိတ် ၁၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
ယခင်တစ်ပတ်က အိန္ဒိယပြည်တွင်းကုလားပဲဈေးမာခဲ့ရာမှ ယခုတစ်ပတ် အတွင်းမှာ ယင်းဈေးအမြင့်နဲ့ တည်ငြိမ်နေတာ တွေ့ရပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာ တော့ ဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာ ကုလားပဲဈေး ကွက်တွေ ဖြစ်တဲ့ သြစတြေးလျမှာ အစောပိုင်းစိုက် ကုလားပဲအထွက် လျော့ကျဖွယ်ရှိတဲ့အပြင် ပါကစ္စတန်မှာလည်း ပဲအထွက်သိသိ သာသာကျဆင်းပြီး ဥပုသ်လရာသီဝယ်လိုအား မြင့်တက်တာကြောင့် ကုလားပဲ ဈေးကောင်းနေပါတယ်။
ပြည်တွင်းဈေးကွက်တွေမှာ ကုလားပဲလက်ကျန်နည်းလာပြီဖြစ်လို့ FOB ဈေးကွက်မှာ အရောင်း\အဝယ် ဖြစ်မှုေ ရာ ပြည်ပတင်ပို့မှုပါ ယခင်သီတင်းပတ်ထက် လျော့ကျခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကတင်ပို့မှု အနေနဲ့ မေလ ၂၁ ရက်မှ ၂၅ ရက် အတွင်း ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တန်ချိန် ၄၆၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံမှာဆောင်းနဲ့မိုးသီးနှံကာလအကြား နွေပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုဟာ ယခင်နှစ်ထက် ၁၀ ဆနီးပါး ပိုမို မြင့် တက်ပြီး၊ ယခုရာသီမှာတန်ချိန် တစ်သန်းဝန်းကျင်ထိ ထွက်ရှိနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၀-၁၁ မှာ ပဲမျိုးစုံ စုစုပေါင်း တန် ချိန်၁၈ သန်း ထုတ်လုပ်ခဲ့ပါတယ်။ တောင်သူအများစုဟာ မိုးရာသီစိုက်ပျိုးမှု မစတင်မီ ၎င်းတို့မြေများကို ထိန်းသိမ်းထားလိုတဲ့ အတွက် နွေလများမှာ ပဲမျိုးစုံတန် တစ်သိန်းခန့် ထုတ်လုပ်လေ့ရှိပါတယ်။
အိန္ဒိယပြည်တွင်းမှာ နွေစိုက်ပဲတီစိမ်းတွေ အသစ်ဝင်လာပြီဖြစ်လို့ ပြည်တွင်းပဲဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဒါပေမဲ့ ပြည်ပက တင်သွင်းတဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးကတော့ ငြိမ်နေပါတယ်။ နွေပဲတီစိမ်း စိုက်ပျိုးမှုက ယခင်နှစ်ထက် ပိုမိုပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ ရေသွင်းဖို့ ပြဿနာရှိလို့ ပဲအထွက်က တစ်ဧကကို ကီလို ၅၀၀-၈၀၀ အတွင်းသာ ထွက် နိုင်တယ်လို့ သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၁ ဒသမ ၅၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၂၃၅၆ တန်ကျော်ကို မေလ၂၃ ရက်မှ ၂၉ရက်ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။