Background
ကနေဒါပြီးရင် ကမ္ဘာမှာ ပဲအများဆုံး တင်ပို့သူဖြစ်တဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယ ကို ပဲတင်ပို့ရာမှာ အာဖရိက နိုင်ငံတွေဖြစ်တဲ့ မိုးဇမ်းဘစ်၊ မာလာဝီ၊ တန်ဇန်းနီးယား တို့ရဲ့ပဲများကို ခက်ခဲစွာယှဉ်ပြိုင်နေရပါတယ်။ အာဖရိက တောင်သူများဟာ အိန္ဒိယ ကို ရောင်းချနိုင်ဖို့ ပဲမျိုးစုံ စတင်စိုက်ပျိုးလာနေပြီဖြစ်ပါတယ်။
အိန္ဒိယပြည်တွင်းမှာ ယခုတစ်ပတ်အတွင်း ပဲစင်းငုံ အဝယ်အော်ဒါများ ခေါ်ယူလျက်ရှိတာကြောင့် ယခုတစ်ပတ် ပဲစင်းငုံဈေးမြင့်တက်ခဲ့ပါတယ်။ ခွဲစက်များနဲ့ ပဲဖြန့်ဖြူးသူတွေဆီမှာ ပဲစင်းငုံလက်ကျန် နည်းတဲ့ အတွက် ဝယ်လိုအား ရှိလာတယ် လို့ သိရပါတယ်။ ပြည်ပက တင်သွင်းပဲများကို နဗားရှီးယားဆိပ်ကမ်းမှာ မေ- ဇွန် ၆၃၅ နဲ့ အာဖရိက ပဲစင်းငုံဈေးများ ထက်ပိုမိုတာတွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ်လည်း ပဲစင်းငုံ အရောင်းအဝယ်ပမာဏ နည်းနေဆဲဖြစ်ပါတယ်။ အိန္ဒိယ ဝယ်လက်များ အဝယ်ထိုင်းတဲ့အတွက် မေလ ၁၈ ရက်မှ ၂၄ ရက်အတွင်း ပဲစင်းငုံ တန်ချိန် ၆၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်နှောင်းပိုင်းမှာတော့ တစ်ရက်ထက်တစ်ရက် အရောင်းအဝယ်သွက်လာခဲ့ တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် တစ်ဆပိုလာခဲ့ပါတယ်။ ယခင်တစ်ပတ်က ပဲစင်းငုံတန်ချိန် ၄၃၀၀ ကျော် တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၄-၁၈ ရက်) အတွင်းမှာ တန်ချိန် ၈၉၀၀ အထိ ပိုမိုတင်ပို့လာခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍနှစ် မေလ ၁၈ ရက်အထိ ပဲစင်းငုံ စုစုပေါင်း တင်ပို့မှု တန်ချိန် သုံးသောင်းနီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၁၆ သန်းကျော် ရရှိကာ ယခင်ဘဏ္ဍနှစ် ကာလတူမှာ တန်ချိန် ၁၆၀၀၀ ကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။ ယခုတစ်ပတ် ရောင်းဝယ်မှု အခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှုအားကောင်းဖွယ်ရှိပါတယ်။ MIRT-MAPT
မုံရွာမြို့နယ်ရဲ့ ပဲစင်းငုံနီစိုက်ချိန်ကာလဟာ နှစ်စဉ်ကဆုန်လပြည့်ဝန်းကျင်မှာ အများစု စိုက်ပျိူးနိုင်ပြီးဖြစ်ပေမယ့် ဒီနှစ်မှာတော့ တစ်နယ်လုံး မိုးခေါင်ခဲ့လို့ အခုထိ မြေပြုပြင်မှုတောင် မလုပ်နိုင်ကြသေးဘူးလို့ တောင်သူတွေက ဆိုပါတယ်။
ယခုတစ်ပတ်အတွင်း အိန္ဒိယဈေးကွက်တော်တော်များများမှာ ပဲခွဲစက်များနဲ့ ကုန်သည်များမှ ရောင်းဝယ်မှု နည်းတာကြောင့် မတ်ပဲဈေးတည်ငြိမ်သလောက်ရှိနေပါတယ်။ ယခုရက်ပိုင်းအတွင်း ဈေးကွက်အသီးသီးကို မတ်ပဲဝင်ရောက်မှုလျော့ပါတယ်။ ယခုတစ်ပတ် အတွင်း ပြည်ပမှ တင်သွင်းမတ်ပဲ ဝင်ရောက်မှု လျော့နည်းလာရာ မေလ ၂ ရက်မှာ မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာမတ်ပဲကွန်တိန်နာ ၂၃ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် အစပိုင်းမှာ ရောင်းဝယ်မှုပါးခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာ အရောင်းအဝယ်ပြန်ကောင်းလာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရူပီးတန်ဖိုး ဆက်တိုက်ကျဆင်းခဲ့တာကြောင့် ဝယ်လက်များအဝယ်ဆိုင်းခဲ့ပေမဲ့ ဒီရက်ပိုင်း ရူပီး တန်ဖိုးပြန်မာလာခဲ့တဲ့ အတွက်ဈေးကွက်မှာ အဝယ်ပြန်လိုက်လာကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုက ယခုတစ်ပတ်မှာလည်း ဆက်လက်အားကောင်းနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၂၃၀၀၀ နီးပါးတင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် (မေလ ၁၄ ရက်မှ ၁၈ ရက်) အတွင်းမှာလည်း တန်ချိန် ၂၂၀၀၀ ကျော် တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုဘဏ္ဍနှစ် ၂၀၁၂-၂၀၁၃ မေလ ၁၈ ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် တစ်သိန်းနီးပါးရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၅၃ သန်းကျော်ရရှိထားကြောင်း သိရပါတယ်။
သကြားတင်ပို့သူတွေအနေနဲ့ တန်ချိန် တစ်သောင်းနဲ့အထက်တင်ပို့ခြင်းမပြုမီ အိန္ဒိယစီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ၎င်းင်းတို့ရဲ့စာချုပ်ချုပ်ဆို တင်ပို့မှုအား မှတ်ပုံတင်ရေးဆုံးဖြတ်ချက်ဟာ မေလအစောပိုင်းမှာ ဝန်ကြီးချုပ်ရဲ့ အဆုံးအဖြတ်ဖြစ်တာကြောင့် မဆန့်ကျင်ကြဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ချင်းရွှေဟော်နယ်စပ်မှ ကန် ဒေါ်လာ ၁ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ သကြား ၂၂၆၁ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၆၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ရာ သကြားပို့အားကောင်းနေ တယ်လို့ ဆိုရမှာပါ။ MIRT (DOBT)