Background
ကမ္ဘာ့ရော်ဘာရောင်းလိုအား ကျပ်တည်းနေပေမယ့် တိုကျိုကုန်စည်ဒိုင် (TOCOM) မှာ မေလအတွက် ဈေးနှုန်းက တစ်ကီလိုကို ၃၀၁ ယန်း (၃ ဒသမ ၇၂ ဒေါ်လာ) အထိ ဈေးကျသွားကြောင်း သိရပါတယ်။ ဒီလိုဈေးကျရခြင်းက ကမ္ဘာ့ စီးပွားရေး အထူးသဖြင့် ဥရောပရဲ့ စီးပွားရေးကျဆင်းမှာကို စိုးရိမ်နေရတာကြောင့် ဖြစ်ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃ ဒသမ ၈၈၄ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၄၁ ဒသမ ၅၁၁ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း တင်ပို့မှု ရှိခဲ့ပါတယ်။အဆင့်လိုက် တင်ပို့နိုင်မှုတွေကတော့ RSS-3 ၉၈၃ တန်၊ MSR-20 တန် ၁၂၀ နဲ့MSR-50 ၃၇ ဒသမ ၈၉၆ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၇၄၁ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅၃၈ သန်းဖိုးသာ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်ကာလတင်ပို့မှုရဲ့ သုံးပုံတစ်ပုံမျှသာ ရှိပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို တန် ၄၀၀ နဲ့ မလေးရှားကို ၃၄၁ တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။
ထိုင်း၊ ဗီယက်နမ်နဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံတောင်ပိုင်းပြည်နယ်များအတွင်း တရားမဝင် ဝင်ရောက်တဲ့ သကြားပမာဏများစွာဟာ ယခုအချိန်မှာ အရေးပါလျက် ရှိပါတယ်။ ယခုသကြားရောင်းဝယ်မှုဟာ ရွှေတြိဂံနယ်မြေမှာ မူးယစ်ဆေးဝါး ရောင်း ဝယ်မှုနဲ့ အလားသဏ္ဍန်တူစွာ မှောင်ခိုလုပ်သူတွေအတွက် အကျိုးအမြတ်များစွာ ရရှိနေတယ်လို့ဆိုပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေး စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၃၅၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၈၂၀၀ တန်ကျော်နဲ့ ပြောင်းကြိတ်ဖတ် ၁၁ ဒသမ ၃ တန်ကို မေလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၅၉၆ တန်ကျော် အပို့ပိုခဲ့ပါတယ်။
ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၁၂၀ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုး တင်ပို့ခဲ့ပါတယ်။ သြင်္ကန် ကာလ ဧပြီလရက်သတ္တပတ်တွေထက် အဆပေါင်းများစွာ တင်ပို့မှုလျော့ကျပြီး တင်ပို့မှုရှိတယ် ဆိုရုံမျှသာ ဖြစ်ပါတယ်။
ယခင် သီတင်းပတ်အတွင်း အိန္ဒိယ ဗဟိုအစိုးရက ကြက်သွန်နီ အနိမ့်ဆုံး တင်ပို့ဈေးနှုန်း (MEP) ကို ဖယ်ရှား လိုက်ပြီးနောက် ကုန်သည်များအတွက် ကြက်သွန်နီတင်ပို့ဖို့ လှုပ်ရှားလာကြပြီး သိုလှောင်မှုတွေ စတင်လာနေပြီဖြစ်ပါ တယ်။ ဒါကြောင့် လက်ကားဈေးကွက်တွေကို ကြက်သွန်နီ ပမာဏများစွာ ဝင်ရောက်လာခဲ့ရာ လွန်ခဲ့တဲ့ ၂ ရက် အတွင်း သိသိသာသာတိုးတက်ဝင်ရောက်လာတယ်လို့သိရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ် အစိုးရများက ဟင်းခတ်အမွှေးအကြိုင်စတင်ဝယ်ယူနိုင်တဲ့ သတင်းများအရ မေ ၉ရက်မှာ နနွင်းဈေး မြင့်တက်ခဲ့ ကြောင်း သိရပါတယ်။ နနွင်းတောင်သူများ လက်ရှိဈေး အနိမ့်နဲ့ရောင်းချနေရခြင်းကို အကူအညီပေးတဲ့အနေနဲ့ ယင်းပြည်နယ်အစိုးရများက ဈေးကွက်ကြားဖြတ် ဆောင် ရွက်မှုအနေနဲ့ အချို့တစ်ဝက်ကို ဝယ်ယူသွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယမြောက်ပိုင်းမှ မှာယူမှုအသစ် များရှိတာကြောင့်လည်း ဝယ်ယူမှုများလာကြောင်း သိရပါ တယ်။
ကန်ဒေါ်လာ သုညဒသမ ၄၆၇ သန်းတန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) ၃၀၁ တန်ကျော်ကို မေလ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း မူဆယ်မှအပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၉၀ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ နနွင်းတက်အပြင် နနွင်းခေါင်း ၉ ဒသမ ၅ တန် ကန်ဒေါ်လာ သုည ဒသမ ၁၁၂၄ သန်း ဖိုးလည်းတင်ပို့နိုင်ခဲ့ပါတယ်။MIRT(DOBT)
ဒီတစ်ပတ်နဲ့ဆိုရင် နနွင်းက နှစ်ပတ်ဆက်တိုက် အပို့ပျောက်ခဲ့ပါတယ်။ လချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဧပြီလအတွင်း နနွင်းတင်ပို့မှုတန်ချိန်က ၅၅တန် ရှိခဲ့ပြီးမတ်လအတွင်းနနွင်းတင်ပို့မှုကတန်ချိန် ၁၁၈ ဒသမ ၉၈ တန်ရှိခဲ့တာကြောင့် ဧပြီလ မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ MIRT (DOT)
