Background
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့မှ ၇ ရက်အတွင်းမှာ ပင်လယ် ရေကြောင်းမှ ပြောင်းတန်ချိန် ၁၆၁၅ တန်၊ တန်ဖိုး ဒေါ်လာ သုည ဒသမ ၄၄၆ သန်းဖိုးကို ပွဲဦးထွက်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မတ်လကုန်အချိန်အထိ ပြောင်း ပို့တစ်ခါပြတ်တစ်လှည့်ဖြစ်နေရာကနေ ဧပြီလဆန်းမှာ ဈေးဦးပေါက်ကောင်း တယ်လို့ ဆိုရပါမယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ သြင်္ကန်ကာလအပါအဝင် ဧပြီတတိယပတ်အထိ တန် ၅၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့ နယ်၊ ဆီဆိုင်မြို့နယ်မှာ စိုက်တဲ့ကြက်သွန်ဖြူအသစ် တွေက ၂ လပိုင်းအကုန်၊ ၃ လပိုင်းမှာစပြီးတော့ ဈေးကွက်ဝင်လာပါ တယ်။ မနှစ်က အဟောင်းလက်ကျန်တွေ ကလည်း ကျန် နေပါသေးတယ်။အဟောင်းဈေးကအဲဒီအချိန်မှာ တစ်ပိဿာ ကို အနိမ့်ဆုံး ၂၅၀ ကျပ်မှ အမြင့်ဆုံး ၉၀၀ ကျပ်ဈေးသာရှိပြီး အရောင်းအဝယ်ကလည်း သိပ်မဖြစ်ပါဘူး။
တမီလ်နာဒူးအစိုးရက နနွင်းတစ်တန် အနိမ့်ဆုံးထောက်ပံ့ဈေး ရူပီး ၁၀၀၀၀၀ (ကန်ဒေါ်လာ ၁၉၀၃)ဈေးနဲ့ ဝယ်ယူမယ် ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယနနွင်းစိုက်ပျိုးသူများဟာ ၎င်းင်းတို့နနွင်းများကို ပြန်လည်သိုလှောင် ထားကြတယ်လို့သိရပါတယ်။ ဝင်ရောက်မှုအကန့်အသတ်သာရှိတဲ့တိုင် ဈေးကွက်မှာတော့ ၅၀ ရာခိုင်နှုန်းသာ ရောင်းချရတယ်လို့သိရပါတယ်။
ဟိုပုံး နနွင်းကတော့ မူဆယ်ဝယ်လက်တွေ အနည်းအကျဉ်းပြန်ဝယ်ယူလာတာကြောင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ အဝင်ကတော့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၁၅၀၀၀ ခန့် ဝင်နေတယ်လို့လည်း သိရပါတယ်။ သြင်္ကန်ပြီး စဖြစ်တာကြောင့် သယ်/ပို့ ဖို့ကားသိပ်မရှိသေးတာကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်သေးဘူးလို့လည်း ဆိုကြပါတယ်။ နနွင်းခြောက် ဈေးကတော့ တစ်ပိဿာ ၈၈၀ ကျပ် ဈေးရှိတယ်လို့လည်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၅၁၄ သန်းတန်ဖိုးရှိ နနွင်းတက် တန် ၃၂၇ ဒသမ ၆၂၀ တန်နဲ့ မြဝတီနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်းတန်ဖိုးရှိ နနွင်းတက် ၃ တန် ကျော် ဧပြီလ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် တန် ၁၁၆ တန်ကျော် အပို့ပိုခဲ့ပါတယ်။
ဧပြီလပထမပတ်ဖြစ်တဲ့ ဧပြီ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း နနွင်း တန် ၅၀ ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ပါကစ္စတန်နိုင်ငံပဲ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်ရာ့တစ်ဆယ်ကျော် တင်ပို့နိုင် ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၅၀ ရရှိခဲ့လို့ စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ နှစ် ထောင်ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
မန္တလေးတိုင်းဒေသကြီးရဲ့ မန်ကျည်းဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ ကျောက်ပန်း တောင်းနယ်မှာ ယခုနှစ် မန်ကျည်းအရောင်းအဝယ်ပိုကောင်းတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ဟာ မန်ကျည်းအထွက်လှိုင်ချိန်ဖြစ်ပြီး၊ ယခင်နှစ်ကထက်လည်း အသီးသီးနှုန်းအားကောင်းလို့ အထွက်ကောင်းပါတယ်။
ဧပြီလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၁၄ သန်းတန်ဖိုးရှိ မန်ကျည်းမှည့် (အစေ့ပါ) ၂၆၈ တန်ခန့်ကို မူဆယ်နယ်စပ်မှ အပို့ရှိပြီး စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၀၁၁ သန်းတန်ဖိုးရှိ မန်ကျည်း မှည့် (အစေ့ပါ) ၁၄ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၆၂ တန် အပို့ရှိခဲ့တယ်လို့သိရပါတယ်။ MIRT (DOBT)
ဒီသီတင်းပတ်ဖြစ်တဲ့ ဧပြီလ ၁ ရက်မှ ၇ ရက်နေ့တာကာလအတွင်း မန်ကျည်း ၂၀၆၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံနဲ့ တန်ချိန်တွေမှာ အင်ဒိုနီးရှားနိုင်ငံကို ၂၇၂ တန်၊ မလေး ရှားနိုင်ငံကို ၅၃၃ တန်၊ ပါကစ္စတန်နိုင်ငံကို ၈၄၈ တန်၊ စင်ကာပူနိုင်ငံကို ၄၀၉ တန်အသီးသီးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)တွေ သြင်္ကန်မတိုင်ခင်ကထက်တော့ အဝင်များလာပါတယ်။ ချင်းထိုး သမားနဲ့ ဈေးပတ်သမားတွေ ဝယ်ယူနေတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့လည်း သိရပါတယ်။ ဈေးတွေကတော့ သြင်္ကန် မတိုင်ခင်က ဈေးလိုပဲ အပြောင်းအလဲသိပ်မရှိပါဘူး၊ အနိမ့်ဆုံး ၂၀၀ ကျပ်မှ အမြင့်ဆုံး ၃၅၀ ကျပ် ဈေးရှိပါတယ်။