Background
ဟင်္သာတဈေးကွက်ရှိ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂၀ ဝင် တစ်တင်းကို ၁၂၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၁၂၁၀၀ ကျပ်ကိုဈေးအေးသွားသော်လည်း အရောင်းအဝယ် ကတော့ ပုံမှန်ဖြစ်နေပါတယ်။ အချို့တောင်သူကြီးများက ပဲဈေးအတက်ကို မျှော်မှန်းပြီး၊ ယခုပေါက်ဈေးများနဲ့ ရောင်းဝယ်ခြင်းမပြုကြဘဲ သိုလှောင်ထားခြင်း များ ပြုလုပ်ကြပါ တယ်။ ရန်ကုန်ဝယ်လက်များမှလည်း ဈေးချဝယ်ယူနေတာကြောင့် နေ့စဉ်ပျမ်းမျှ အိတ် ၃၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်မတ်ပဲဈေး တည်ငြိမ် နေပါတယ်။ ဒေသတွင်း ကုန်သည်များနဲ့ ပဲခွဲစက်များမှ အရောင်းအဝယ်ပါးတာ ကြောင့် မြန်မာမတ်ပဲဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ပြည်တွင်း သန့်စင်ပြီး မတ်ပဲကတော့ အချို့ဈေးကွက်တွေမှာ ဈေးကျဆင်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ ရောင်းဝယ်မှုကတော့ ယခင်တစ်ပတ်လိုပဲ အားကောင်းနေပါတယ်။ အများဆုံး အရောင်းအဝယ်ဖြစ်တာ FAQ များပြီး မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက် အထိ စုစုပေါင်းတန်ချိန် ၂၁၀၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
၂၀၁၂ မတ်လအတွင်း မတ်ပဲတင်ပို့မှုမှာ ယခင်လထက်ပိုမိုသလို ၂၀၁၁ မတ်လ တင်ပို့မှုထက်လည်း ပိုမိုတင်ပို့နိုင် တာတွေ့ရပါတယ်။ ၂၀၁၂ မတ်လ တစ်လ လုံးမှာတန်ချိန် ၄၈၀၀၀ကျော်ရှိပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ၃၅၀၀၀ ခန့် တင်ပို့ ခဲ့ပါတယ်။
အစိုးရအဖွဲ့က ၂၀၁၁-၂၀၁၂ ဈေးကွက်နှစ်မှာ သကြားတန်ချိန် ၁ သန်းတင်ပို့ဖို့ အတည်ပြုလိုက်တာကြောင့် အိန္ဒိယ သကြားကုန်သည်များနဲ့ တောင်သူများ ပျော်ရွှင်နေကြောင်း သိရပါတယ်။ ဒီဆုံးဖြတ်ချက်က လက်ရှိအချိန်မှာ ကမ္ဘာ့ သကြား ရောင်းလိုအား ပြတ်လပ်နေတာကြောင့် တောင်သူတွေဝင်ငွေတိုးပြီး အကျိုးအမြတ်ပိုမိုရ ရှိမှာဖြစ်ပါ တယ်။
ထိပ်တန်းရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ရာသီဥတု မကောင်းတာကြောင့် အထွက်နှုန်းကျနိုင်တဲ့အပြင် အိန္ဒိယမှာလည်း ရောင်းလိုအားဝယ်လိုအားကွာဟချက် ကြီးထွားလာနိုင်တာကြောင့် ကမ္ဘာ့ေ ရာ်ဘာ ဈေးနှုန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်ဖွယ်ရှိကြောင်း သိရပါတယ်။
အိန္ဒိယမှာ ရော်ဘာပြည်တွင်းဈေးတွေမြင့်တက်နေတာကြောင့်ကမ္ဘာ့ဒုတိယအများဆုံးသုံးစွဲသူဖြစ်တဲ့ အိန္ဒိယအနေနဲ့ တာယာထုတ်လုပ်တဲ့ ရော်ဘာအမျိုးအစားကို ပိုပြီးဈေးချိုတဲ့ အင်ဒိုနီးရှားထံက ဝယ်ယူရန် စဉ်းစားနေပြီး တရုတ်နိုင်ငံကတော့ ၎င်းနိုင်ငံအတွင်းမှ လံုံလုံလောက်လောက်ရရှိနေတာကြောင့် အနည်းငယ်သာအဝယ်ရှိကြောင်း ကုန်သည်များက ပြောကြား ပါတယ်။
မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၆၈၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၃၆ တန်ကျော် အပို့ ရှိခဲ့ ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၅၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၉၃၃ တန်ခန့်နဲ့ မြိတ်နယ်စပ်မှ တန် ၅၀ အသီးသီးဖြစ်ပါတယ်။
ခြောက်လတာမျှ ပဲပုပ်ဈေးကောင်းနေပြီးနောက် အမေရိကန်ရဲ့ ထုတ်လုပ်မှု တိုးလာပြီး တောင်သူတွေလည်း ပိုမိုစိုက်ပျိုး တာကြောင့် ဈေးနှုန်းများ ကျဆင်းသွား ကြောင်းနဲ့ ပြောင်းသီးနှံလည်း အလားတူဖြစ်ကြောင်း အစိုးရရဲ့ အစီရင်ခံစာများ မှာ ဖော်ပြထားပါတယ်။
၂၀၁၁-၁၂ ခုနှစ်ထွက် အစေ့ထုတ်ပြောင်းသီးနှံအား စိုက်ပျိုးဖို့ ဧက သုံးထောင် ခန့် လျာထားခဲ့သော်လည်း အမှန်စိုက်ပျိုးပြီးစီးမှုမှာ ဧက ၂၇၀၀ ကျော် ဖြစ်ပါတယ်။ ယခုအချိန်မှာ အစေ့ထုတ်ပြောင်း သီးနှံများလည်း စတင် ထွက်ပေါ်လာပြီဖြစ်လို့ ကုန်စည်ဒိုင်ဈေးကွက်ကို ဟင်္သာတမြို့အနီးရှိ ကျေးရွာများနဲ့ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှတရက်ပျမ်းမျှအိတ် ၁၀၀၀ ခန့်လာရောက်ရောင်းချကြတယ်လို့ သိရ ပါ တယ်။ ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျှအိတ် ၅၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အစေ့ ထုတ်ပြောင်းဈေးနှုန်းများ ပိဿာ ၂၀ ဝင်တစ်တင်းကို ပေါ်စအချိန်မှာ ၅၂၀၀ ကျပ်ဈေးဖြစ်ပြီး၊ ယနေ့ ဈေးနှုန်း မှာတော့ ၄၈၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ အေးအေးခိုင်
