Background
အစိုးရအဖွဲ့က ၂၀၁၁-၂၀၁၂ ဈေးကွက်နှစ်မှာ သကြားတန်ချိန် ၁ သန်းတင်ပို့ဖို့ အတည်ပြုလိုက်တာကြောင့် အိန္ဒိယ သကြားကုန်သည်များနဲ့ တောင်သူများ ပျော်ရွှင်နေကြောင်း သိရပါတယ်။ ဒီဆုံးဖြတ်ချက်က လက်ရှိအချိန်မှာ ကမ္ဘာ့ သကြား ရောင်းလိုအား ပြတ်လပ်နေတာကြောင့် တောင်သူတွေဝင်ငွေတိုးပြီး အကျိုးအမြတ်ပိုမိုရ ရှိမှာဖြစ်ပါ တယ်။
ထိပ်တန်းရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ရာသီဥတု မကောင်းတာကြောင့် အထွက်နှုန်းကျနိုင်တဲ့အပြင် အိန္ဒိယမှာလည်း ရောင်းလိုအားဝယ်လိုအားကွာဟချက် ကြီးထွားလာနိုင်တာကြောင့် ကမ္ဘာ့ေ ရာ်ဘာ ဈေးနှုန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်ဖွယ်ရှိကြောင်း သိရပါတယ်။
အိန္ဒိယမှာ ရော်ဘာပြည်တွင်းဈေးတွေမြင့်တက်နေတာကြောင့်ကမ္ဘာ့ဒုတိယအများဆုံးသုံးစွဲသူဖြစ်တဲ့ အိန္ဒိယအနေနဲ့ တာယာထုတ်လုပ်တဲ့ ရော်ဘာအမျိုးအစားကို ပိုပြီးဈေးချိုတဲ့ အင်ဒိုနီးရှားထံက ဝယ်ယူရန် စဉ်းစားနေပြီး တရုတ်နိုင်ငံကတော့ ၎င်းနိုင်ငံအတွင်းမှ လံုံလုံလောက်လောက်ရရှိနေတာကြောင့် အနည်းငယ်သာအဝယ်ရှိကြောင်း ကုန်သည်များက ပြောကြား ပါတယ်။
မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၆၈၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၃၆ တန်ကျော် အပို့ ရှိခဲ့ ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၅၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၉၃၃ တန်ခန့်နဲ့ မြိတ်နယ်စပ်မှ တန် ၅၀ အသီးသီးဖြစ်ပါတယ်။
ခြောက်လတာမျှ ပဲပုပ်ဈေးကောင်းနေပြီးနောက် အမေရိကန်ရဲ့ ထုတ်လုပ်မှု တိုးလာပြီး တောင်သူတွေလည်း ပိုမိုစိုက်ပျိုး တာကြောင့် ဈေးနှုန်းများ ကျဆင်းသွား ကြောင်းနဲ့ ပြောင်းသီးနှံလည်း အလားတူဖြစ်ကြောင်း အစိုးရရဲ့ အစီရင်ခံစာများ မှာ ဖော်ပြထားပါတယ်။
၂၀၁၁-၁၂ ခုနှစ်ထွက် အစေ့ထုတ်ပြောင်းသီးနှံအား စိုက်ပျိုးဖို့ ဧက သုံးထောင် ခန့် လျာထားခဲ့သော်လည်း အမှန်စိုက်ပျိုးပြီးစီးမှုမှာ ဧက ၂၇၀၀ ကျော် ဖြစ်ပါတယ်။ ယခုအချိန်မှာ အစေ့ထုတ်ပြောင်း သီးနှံများလည်း စတင် ထွက်ပေါ်လာပြီဖြစ်လို့ ကုန်စည်ဒိုင်ဈေးကွက်ကို ဟင်္သာတမြို့အနီးရှိ ကျေးရွာများနဲ့ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှတရက်ပျမ်းမျှအိတ် ၁၀၀၀ ခန့်လာရောက်ရောင်းချကြတယ်လို့ သိရ ပါ တယ်။ ရန်ကုန်ဝယ်လက် ကုန်သည်ကြီးများရဲ့ ဝယ်လိုအားကြောင့် တစ်ရက်ကို ပျမ်းမျှအိတ် ၅၀၀ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ အစေ့ ထုတ်ပြောင်းဈေးနှုန်းများ ပိဿာ ၂၀ ဝင်တစ်တင်းကို ပေါ်စအချိန်မှာ ၅၂၀၀ ကျပ်ဈေးဖြစ်ပြီး၊ ယနေ့ ဈေးနှုန်း မှာတော့ ၄၈၀၀ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ အေးအေးခိုင်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၁၀၅မိုင်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းများမှကန်ဒေါ်လာ ၂ ဒသမ ၄၃၂ သန်းတန်ဖိုးရှိ ပြောင်း ၈၁၂၅ တန်ကျော်ကို မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၉၁၂ တန်ကျော် နယ်စပ်မှ ပြောင်းအပို့ ပိုခဲ့ပါတယ်။ နယ်စပ် အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၄၃၉၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၉၂၁ တန် ကျော်နဲ့ ကန်ပိုက်တီးမှ ၁၈၁၁ တန်ခန့် အသီးသီးအပို့ရှိခဲ့ပါတယ်။
မတ်လ ၁၈ ရက်မှ ၂၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၁၇ တန် တန်ဖိုး ဒေါ်လာ သုည ဒသမ ၁၄၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၁၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုထက်ဝက် ခန့် ကျဆင်းခဲ့ပါတယ်။ တင်ပို့တာကတော့ ဖိလစ်ပိုင်တစ်နိုင်ငံထဲကို ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တရုတ်နယ်စပ်ကနေ တန်ချိန် ၈၀၀၀ ကျော် တင်ပို့ခဲ့ တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W
အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက အနိမ့်ဆုံးတင်ပို့ဈေးနှုန်း MEP ကို ယခင်လက တစ်တန်ကန်ဒေါ်လာ ၁၅၀ မှ ၁၂၅ ကို လျှော့ချ လိုက်ပြီးတဲ့ နောက်ပိုင်း Nashik ခရိုင်အတွင်းရှိ စိုက်ပျိုးရေး ထုတ်ကုန်ဈေးကွက် ကော်မတီများ (APMCS) မှာ ကြက်သွန်နီ လက်ကားဈေး ၂၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့ပါတယ်။
ပြည်ကြက်သွန်နီဈေးကွက်ကို မကွေးတိုင်းဒေသကြီးနဲ့ ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ကျီးသဲ၊ မှော်ဇာတို့မှ ယခုတစ်ပတ် အတွင်း ၃၅ ပိဿာဝင်အိတ် ၄၅၀၀ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ အဝင်သွက်တဲ့အတွက် ယခင်တစ်ပတ်ကထက် ဈေးကျသွားခဲ့ပြီး၊ တစ်ပိဿာကို (ကြီး) ၃၂၀ ကျပ်၊ (လတ်) ၂၇၀-၂၅၀ ကျပ်၊ အသေး ၁၆၀ ကျပ်တို့နဲ့ အရောင်းသွက်လျက်ရှိနေ ပါတယ်။ အရောင်းအဝယ်မှာ တစ်နေ့ကို အိတ် ၄၅၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဝင်းဝင်းခိုင်