Main menu

Background

Monday, 2 Apr 2012

    အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက အနိမ့်ဆုံးတင်ပို့ဈေးနှုန်း  MEP ကို ယခင်လက တစ်တန်ကန်ဒေါ်လာ ၁၅၀ မှ ၁၂၅ ကို လျှော့ချ လိုက်ပြီးတဲ့ နောက်ပိုင်း  Nashik   ခရိုင်အတွင်းရှိ  စိုက်ပျိုးရေး ထုတ်ကုန်ဈေးကွက် ကော်မတီများ (APMCS) မှာ ကြက်သွန်နီ လက်ကားဈေး ၂၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့ပါတယ်။

Monday, 2 Apr 2012

    ပြည်ကြက်သွန်နီဈေးကွက်ကို မကွေးတိုင်းဒေသကြီးနဲ့ ဒေသတွင်းမြို့နယ်များဖြစ်တဲ့ ကျီးသဲ၊ မှော်ဇာတို့မှ ယခုတစ်ပတ် အတွင်း ၃၅ ပိဿာဝင်အိတ် ၄၅၀၀ ခန့် အဝင်ရှိတယ်လို့ သိရပါတယ်။ အဝင်သွက်တဲ့အတွက် ယခင်တစ်ပတ်ကထက် ဈေးကျသွားခဲ့ပြီး၊ တစ်ပိဿာကို (ကြီး) ၃၂၀ ကျပ်၊ (လတ်) ၂၇၀-၂၅၀ ကျပ်၊ အသေး ၁၆၀ ကျပ်တို့နဲ့ အရောင်းသွက်လျက်ရှိနေ ပါတယ်။ အရောင်းအဝယ်မှာ တစ်နေ့ကို အိတ် ၄၅၀ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                ဝင်းဝင်းခိုင်

Monday, 2 Apr 2012

    ဒီတစ်နှစ်ထွက်တဲ့ ရှမ်းနနွင်းတွေက အရည်အသွေးကောင်းလာတာကြောင့် ဈေးလည်းပြန်ကောင်းလာပါတယ်။ တရုတ် ဝယ်လက်တွေ ပြန်ဝယ်ယူခြင်းမရှိသေးပေမဲ့ ပြည်တွင်းသုံးဟင်းခတ်အမွှေးအကြိုင်နဲ့ ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေမှု ရှိတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတယ်လို့လည်းသိရပါတယ်။ နနွင်းကလည်း ဈေးကွက်မှာ လက်ကျန်သိပ်မရှိ ပါဘူး။ တောင်သူတွေက ဈေးကောင်းရမှသာ ဖော်ကြရမှာဖြစ်တာကြောင့် ဈေးကွက်မှာ သိပ်မရှိဘူးလို့ ပွဲရုံတွေကသိရပါတယ်။ ပင်လောင်းနနွင်းကတော့ အခုအချိန်ထိ အဝင်မရှိသေးပါဘူး။ ဒီတစ်ပတ် နနွင်းဈေးတွေက အောင်ပန်းဈေးကွက်မှာ တောင်ပို့ နနွင်းတစ်ပိဿာ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်ဈေးရှိပြီး၊ ဆင်တောင်နနွင်း ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဈေးရှိပါတယ်။ ပင်လောင်းနနွင်း တစ်ပိဿာ ၄၀၀ ကျပ်၊ ၅၀၀ ကျပ်ဈေးသာ ရှိပါတယ်။ ဟိုပုံးနနွင်းတစ်ပိဿာ ၈၀၀ ကျပ်ဈေးရှိတယ်လို့ ဒေသခံ ပွဲရုံတွေက သိရပါတယ်။ဧဧခိုင်

Monday, 2 Apr 2012

    အိန္ဒိယနနွင်းဈေးကွက်များကို နနွင်းအိတ်ဝင်ရောက်မှုများတာကြောင့် မတ်လ ၂၈ ရက်က တစ်တန်ရူပီး ၂၅၀၀-၃၀၀၀ (ကန်ဒေါ်လာ ၄၉-၅၉) ကျဆင်းခဲ့ပါတယ်။ နနွင်းအိတ် ၂၃၀၀၀ ဝန်းကျင် ဝင်ရောက်လာပေမဲ့ နေ့စဉ်ဈေးနှုန်း ကျဆင်း တာကြောင့် ဝယ်လက်များက ဝယ်ယူမှုနှောင့်နှေးနေကြတယ် လို့ဆိုပါတယ်။ ဒါပေမဲ့ ၅၀ ရာခိုင်နှုန်းခန့်တော့ ဝယ်ယူမှု ရှိတယ် လို့သိရပါ တယ်။

Monday, 2 Apr 2012

    ယခုနှစ်ရာသီ မန်ကျည်းတစ်လှည့် ဆီးတစ်လှည့်ရာသီမှာ မန်ကျည်းသီး၊ မန်ကျည်းနှစ်များ အထွက်ကောင်းပြီး၊ ဈေးကောင်းရလျက်ရှိတယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်းနယ်နဲ့ ရမည်းသင်း၊ ပျော်ဘွယ်နယ်တို့မှာ မန်ကျည်းသီး အထွက်အများဆုံးနဲ့ လှောင်လက်၊ ဝယ်လက်အများဆုံး ဒေသတွေလည်း ဖြစ်ပါ တယ်။ ကျောက်ပန်းတောင်းနယ်မှာ အမျှင်ပါမန်ကျည်းသီး တစ်ပိဿာ ၅၀၀ ကျပ်၊ အမျှင်မပါ တစ်ပိဿာ ၇၀၀ ကျပ်နဲ့ အစေ့ထုတ်ပြီး မန်ကျည်းသီး တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်သွက်နေကြောင်း သိရပါတယ်။ပြုံးရီ

Monday, 2 Apr 2012

    ဒီသီတင်းပတ်ဖြစ်တဲ့ မတ်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်း နနွင်း ၁၅ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဘဲဖြစ်ပါတယ်။ နှစ်ပတ်ဆက်တိုက် အပို့ ပျောက်ခဲ့ တဲ့ နနွင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို FOB ဈေး ပျမ်းမျှကန်ဒေါ်လာ ၇၀၀ နဲ့တင်ပို့ခဲ့လို့ စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းရှစ်ရာရရှိခဲ့ပါတယ်။                                      MIRT (DOT)

Monday, 2 Apr 2012

    ပြည်ပကို မတ်လ ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း မန်ကျည်း ၂၂၈၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီသီတင်း ပတ်မှာ အင်ဒိုနီးရှားကို ၈၉၄ တန်၊ မလေးရှားကို ၄၈၈ တန်၊ ပါကစ္စတန်ကို ၅၇၅ တန်၊ စင်ကာပူနိုင်ငံကို ၃၀၀ တန်နဲ့ ဗီယက်နမ်နိုင်ငံကို ၂၅ တန်အသီးသီးတင်ပု့ိခဲ့  ပါ တယ်။

Monday, 2 Apr 2012

    ချင်းအစိုကတော့ အောင်ပန်းဈေးကွက်မှာ အဝင်နည်းလာပါတယ်။ ချင်းပြန် စိုက်တဲ့ရာသီရောက်လာတာကြောင့် အဝင်နည်းနေတယ်လို့ဆိုပါတယ်။ စိုက်လို့ပိုတဲ့ တောင်သူတွေကသာ ပြန်ရောင်းနေတယ်လို့သိရပါတယ်။ အဝင်ကတော့ တစ်ပတ် ကို ပိဿာချိန် ၄၀၀၀ ခန့်သာအဝင်ရှိပြီး နယ်အစုံက ချင်းထိုးသမားတွေ ဝယ်ယူ နေတာကြောင့် ပုံမှန်သာအရောင်းအဝယ်ဖြစ်နေ ပါတယ်။

Monday, 2 Apr 2012

    ယခုတစ်ပတ် ပြည်ချင်းဈေးကွက်တွင်း အရောင်းအဝယ်သွက်နေပြီး၊ အောင် ပန်းမှ ပိဿာ ၃၀ ဝင်အိတ်၊၂၅၀ ခန့်ပုံမှန်ဝင်ရောက်မှုရှိနေပါတယ်။ တစ်ပိဿာ ကို ချင်း(ရှယ်) ၆၅၀ ကျပ်၊ (ဂျွန်) ၅၅၀ ကျပ်၊ ချင်း(ဓါးလှီး) ၇၅၀ ကျပ်တို့နဲ့ ပုံမှန် ဈေးရှိပြီး၊ ဈေးကွက်အတွင်း နေ့စဉ် ပိဿာချိန် ၃၅၀ ခန့် ပုံမှန်အရောင်း အဝယ် ဖြစ်နေပါတယ်။ ဈေးကွက်မှ တစ်ဆင့်ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ်နေ့စဉ် ပိဿာချိန် ၄၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်

Monday, 2 Apr 2012

    အိန္ဒိယအစိုးရဟာ ပဲမျိုးစုံတင်ပို့မှုပိတ်ထားတာကို နောက်ထပ်တစ်နှစ် သက် တမ်း တိုးခဲ့ပါတယ်။ ဒါပေမယ့် ကာဘူလီကုလားပဲဖြူလုံးကြီးနဲ့ အော်ဂဲနစ်ပဲ တင်ပို့မှု ကိုတော့ ခွင့်ပြုထားပါတယ်။ ပဲမျိုးစုံပြည်ပတင်ပို့မှုကို ၂၀၀၆ ခုနှစ်မှာ ၆ လအတွက် တားမြစ်ခဲ့ပေမယ့် တစ်နှစ်ပြီး တစ်နှစ်သက်တမ်းတိုးလာခဲ့ပါတယ်။

Pages