Main menu

Background

Monday, 12 Mar 2012

    ပြည်ပကို ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း မန်ကျည်း တန်ချိန် ၁၄၄၆ ဒသမ ၀၁တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ် အင်ဒိုနီးရှားကိုတန် ၃၄၇ ဒသမ ၀၁၊ ပါကစ္စတန်နိုင်ငံကို တန် ၂၅၀ ၊ စင်ကာပူနိုင်ငံကို တန် ၃၄၄ ၊ မလေးရှားနိုင်ငံကို  တန် ၅၀၅  တို့ဖြစ် ပါတယ်။

Monday, 12 Mar 2012

    အိန္ဒိယရဲ့ချင်းတင်ပို့မှုဟာယခုဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု စီးပွားကူးသန်း ဝန်ကြီးဌာနနဲ့ ဟင်းခတ် အမွှေးအကြိုင်အဖွဲ့ရဲ့ ၉ လအတွင်း တင်ပို့ဖို့ ရည်မှန်းချက် ထက်ကျော်လွန်နေပြီလို့သိရပါတယ်။ နိုင်ငံတကာ ဈေးထက်လျော့ပြီး၊ တစ်တန် ကန်ဒေါ် လာ ၅၀၀ ဝန်းကျင်သာရှိလို့ အိန္ဒိယချင်းကို ဝယ်လိုအား မြင့်တက်နေတယ်လို့ ကုန်သည် များက ဆိုပါတယ်။

Monday, 12 Mar 2012

    ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်နေ့တာကာလအတွင်း ချင်း ၁၈ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ နိုင်ငံက စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလ ပထမပတ်မှာ ၇ တန်တင်ပို့ ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၆၂၅ နဲ့ တင်ပို့နိုင်ခဲ့တာကြောင့် စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာနှစ်သောင်းကိုးထောင်ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)

Monday, 12 Mar 2012

ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၅၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ပြီး၊ ယခု တစ်ပတ်တွင် တစ်တင်း ၁၆၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ပြည်ဈေးကွက်အတွင်းသို့ အောင်လံ ဘက်မှအဝင်ရှိပြီး၊ တစ်နေ့တင်း ၁၀၀၀ ခန့် အဝင်ရှိခဲ့ကြောင်းသိရပါတယ်။ အဝင်ရှိသလောက်လည်း အဝယ်ရှိပါ တယ်။ မြို့ပေါ်ခွဲစက်နဲ့ နယ်ဝယ်လက်များမှလည်း အဝယ်ရှိတာကြောင့် တစ်နေ့အိတ် ၁၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Monday, 12 Mar 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၂ သန်းတန်ဖိုးရှိ ပဲယင်း၃၁၈ တန်ကျော်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၆ သန်း တန်ဖိုးရှိ ပဲယင်း တန် ၂၀ကျော်ကိုဖေဖော်ဝါရီလ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။

Monday, 12 Mar 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ကြိုပွိုင့်ဈေးမြင့်တက်ခြင်းနဲ့အတူ လက်ငင်း ဈေးလည်းတိုးလာပါတယ်။ပွဲတော်နီးကပ်လာလို့ ပဲဝင်ရောက်မှုကျဆင်းတာကြောင့် လည်း ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ကုလားပဲအထွက်လျော့ကျခြင်း ကြောင့်လှောင်လက်များကဝယ်ယူမှုရှိကြောင်း သိရပါတယ်။

Monday, 12 Mar 2012

    ကုလားပဲရိုးရိုးကို ပါကစ္စတန်ဝယ်လက်အကြိုက်တွေ့နေလို့ ယခုတစ်ပတ် ရောင်းဝယ်အားကောင်းကြောင်း သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကိုလည်း ပုံမှန် ဝယ်ယူမှုရှိလို့ ယခုတစ်ပတ် မတ်လ ၃ ရက်မှ ၉ ရက်အတွင်း FOB ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်းစုစုပေါင်း တန် ၉၀၀၀ နီးပါး အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 12 Mar 2012

    ပါကစ္စတန်နိုင်ငံတွင် အအေးပိုခြင်းကြောင့် ယခုနှစ် ပဲမျိုးစုံထုတ်လုပ်မှုမှာ ရည်မှန်းချက်အောက် လျော့ကျနိုင်ပြီး၊ ပဲဈေးမှာ လည်း သိသိသာသာ တိုးနိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများမှ ပြောကြားပါတယ်။ ရာသီဥတုအေးခြင်းက ကုလားပဲ၊ မတ်ပဲနဲ့ ပဲတီစိမ်းသီးနှံကိုဆိုးဝါးစွာ ထိခိုက်ခဲ့တာကြောင့်ပဲမျိုးစုံပျမ်းမျှထုတ်လုပ်မှုကလည်း ကြီးမားစွာ

Monday, 12 Mar 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီရွှေဝါဈေးက ယခုတစ်ပတ်လည်း ငြိမ်သက်နေပါတယ်။ ပြည်တွင်းပဲတီစိမ်း အထွက် ပိုတဲ့အတွက် လက်ကျန်များ ကျန်ရှိနေပေမဲ့ အရည်အသွေးနိမ့်များကြောင်း သိရပါတယ်။ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါများကို ပြည်ပမှ တင်သွင်းဝယ်ယူလျက်ရှိရာ အရည်အသွေးအလိုက် ဈေးကွာခြားရောင်းဝယ်လျက်ရှိကြောင်း သိရပါ တယ်။

Monday, 12 Mar 2012

    ဖေဖေါ်ဝါရီလ ၂၉ ရက်မှ မတ်လ ၆ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီ ကုန်သွယ်ရေးဇုန် တို့မှကန်ဒေါ်လာ သုည ဒသမ ၃၄၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံး ၄၄၁ တန်ကျော်နဲ့ ပဲတီစိမ်းခြမ်း ၁၄ တန်ခွဲ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် လုံးပြည့်တန် ၁၉၀ ဝန်းကျင် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ပဲတီစိမ်းလုံးခြမ်းတင်ပို့မှုမှာ ပြောင်းလဲမှုမရှိပါ။

Pages