Background
ဟိုပုံးနနွင်းကလည်း အဝင်သိပ်မများသေးပါဘူး။ သြင်္ကန်ပြီးလောက်မှသာ အဝင်များလာမှာဖြစ်ပါတယ်။ ခြံရှင်တွေက လည်း ဈေးကောင်းမရလို့ မဖော်ချင်ကြသေးပါဘူး။ မနှစ်ကဒီအချိန်မှာ နနွင်းဈေးကတစ်ပိဿာ ၁၇၀၀ ကျပ်၊ ၁၈၀၀ ကျပ်ဈေးရှိပေမဲ့ ဒီနှစ်ကတစ်ပိဿာ ၇၀၀ ကျပ်သာရတာကြောင့် မဖော်သေးပဲထားပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၆၀ သန်းတန်ဖိုးရှိ နနွင်းတက် ၉၄ တန်ခန့် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၈၀ ကျော် ယခုအပတ်မှာ တင်ပို့မှုပိုမိုခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ နနွင်းတက် စုစုပေါင်းတင်ပို့မှုမှာ တန် ၁၁၀ ကျော် ရှိပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာတော့ ယခုအပတ်မှာ အများဆုံးတင်ပို့ခဲ့တာ တွေ့ရပါတယ်။MIRT(DOBT)
မန်ကျည်းလှိုင်လှိုင်ထွက်လေ့ရှိတဲ့ ကျောက်ပန်းတောင်းနယ်မှာ ယခုနှစ်မန် ကျည်းရာသီမှာလည်း ပုံမှန် အရာင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ကျောက်ပန်း တောင်းနယ်သို့ မြို့နယ်တွင်းထွက်ရှိတဲ့ကျေးရွာများနဲ့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ်တို့မှ မန်ကျည်းအသစ်များဝင်ရောက်လျက်ရှိပြီး၊ ပခုက္ကူနယ်မှာ မန္တလေးသို့ တင်ပို့မှုများကြောင်းသိရပါတယ်
ပြည်ပကို ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း မန်ကျည်း တန်ချိန် ၂၀၀၃၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့နိုင်ငံနဲ့ တန်ချိန်က အင်ဒိုနီးရှား ကို တန် ၆၀၀ ၊ ပါကစ္စတန်နိုင်ငံကို တန် ၆၅၀၊ စင်ကာပူနိုင်ငံကို တန် ၃၄၀ ၊ မလေးရှားနိုင်ငံကို တန် ၃၆၃ နဲ့ဗီယက်နမ်နိုင်ငံကို တန် ၅၀ တို့ဖြစ်ပါတယ်။
အောင်ပန်းဈေးကွက်မှာတော့ ချင်း(စို)က နေ့စဉ်ပုံမှန်အဝင်ရှိနေပါတယ်။ တစ် ရက်ကို ပျမ်းမျှပိဿာ ၆၀၀၀ ခန့်ဝင်ပြီး၊ အရောင်းအဝယ်ကတော့ အနည်းငယ် အေးနေတယ်လို့သိရပါတယ်။ ဝယ်လက်တွေကလည်း ဈေးချိုတဲ့ပြင်ဦးလွင်ချင်းကို အဝယ်ပိုများနေလို့ အောင်ပန်းချင်းက အရောင်းအဝယ်အေးနေတယ်လို့လည်း သိရပါတယ်။
ပြည်ချင်းဈေးကွက်သို့အောင်ပန်းဘက်မှချင်းများ ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၃၀၀ ခန့် ပုံမှန်ဝင်ရာက်မှုရှိနေပါတယ်။ တစ်ပိဿာကို ချင်း (ရှယ်) ၆၅၀ ကျပ်၊ ဂျွန် ၅၅၀ ကျပ်နဲ့ ပုံမှန်ဈေးရှိပြီး၊ ဈေးကွက်အတွင်း တစ်နေ့ပိဿာချိန် ၂၀၀ ခန့် အရောင်းအဝယ်ရှိနေပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ပြည် နယ်သို့ စားသုံးမှုအဖြစ် နေ့စဉ်ပိဿာချိန် ၁၈၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ဝင်းဝင်းခိုင်
မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်ဟာ နထစသမအ အတွက် ကာလကြာ အဝယ်တန့်ခဲ့ရာက ဖေဖော်ဝါရီ လကုန်ပတ်မှစပြီး၊ ရန်ကုန်ဝယ်လက်တွေ စတင် လှုပ်ရှားလာကြလို့ အရောင်းအဝယ်သွက်စပြုနေတယ်လို့ ကုန်သည် ရပ်ကွက်က ဆိုပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲသစ် ဝင်ရောက်မှု တစ်ရက်အိတ် ၃၀၀၀ ခန့်သာ ဝင်ရောက်ပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေးဆက်လက်ကျ ဆင်းခဲ့ပါတယ်။ ယခုနှစ် ကုလားပဲထွက်ရှိမှု လျော့ကျပေမဲ့ မဒ္ဒရာပရာဒေ့ရှ်ဘက်က ကုလားပဲဝင်ရောက်မှုက ယခုအချိန်မှာ အားကောင်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီးကို ယခု တစ်ပတ်လည်း ဆက်လက်အရောင်းအဝယ်သွက်နေတာ တွေ့ရပါတယ်။ ဖေဖော်ဝါ ရီလ၂၄ရက်မှမတ်လ ၁ ရက်အထိ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်း စုစုပေါင်း တန် ၅၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က ရေနံဈေးနှုန်းမြှင့်တင်လိုက်တာကြောင့် သယ်ယူပို့ဆောင် စရိတ်ကြီးမြင့် လာခြင်းနဲ့ ရူပီးတန်ဖိုးကျဆင်းခြင်းတို့ကို အကြောင်းပြုပြီးလွန်ခဲ့တဲ့သီတင်း ၂ပတ်အတွင်းလက်ကား ကုန်သည်များမှ ပဲမျိုးစုံ ဈေးနှုန်းကို ၁ ကီလို ရူပီး ၂ ဒသမ ၁၄ (ကန်ဒေါ်လာ သုည ဒသမ ၀၂၃) ခန့် တိုးမြင့်ခဲ့ကြောင်းသိရပါတယ်။