Main menu

Background

Monday, 12 Mar 2012

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု မများပေမဲ့ ယခင်တစ်ပတ်ရောင်းဝယ်မှုထက် ပိုတာတွေ့ရပါ တယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၀၀၀ ကျော်သာ စာချုပ်နိုင်ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၃-၉ ရက်) အတွင်းမှာတော့ တန်ချိန် ၉၀၀၀ ဝန်းကျင်အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Monday, 12 Mar 2012

ပင်လယ်ရေကြောင်းက ပဲစင်းငုံ တင်ပို့မှုက ဆက်လက်လျော့ကျလာပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၀၀၀ ကျော်ကို လျော့ကျခဲ့သလို ယခုတစ်ပတ် (ဖေဖော်ဝါရီ ၂၇-မတ် ၁ ရက်) အတွင်းမှာလည်း တန်ချိန် ၆၅၀၀ သာတင်ပို့နိုင် ခဲ့တာတွေ့ရပါတယ်။

Monday, 12 Mar 2012

    ဟင်္သာတပဲဈေးကွက်သို့ မတ်ပဲအသစ်များ အဝင်လှိုင်လာပြီး ကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၃၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲဈေးနှုန်းမှာ ယခင်အပတ်က တစ်တင်း ၁၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု တစ်ပတ်မှာ တစ်တင်း ၁၁၇၀၀ ကျပ်နဲ့ ဈေးအေး အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှအိတ် ၁၅၀၀ ခန့် တင်ပို့နိုင်ကြောင်း သိရပါတယ်။  အေးအေးခိုင်

Monday, 12 Mar 2012

    ပြည်ဈေးကွက်သို့ ပြည်အနီးအနား နယ်စုံမှပဲသစ်များ အဝင်များနေပြီး တစ်နေ့ အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ယခုတစ်ပတ် ပဲဝင်ရောက်မှု များနေတာကြောင့် ပဲဈေးမှာ ပဲတစ်တင်း ၁၂၇၀၀ ကျပ် ဈေးသာရှိတယ်လို့ သိရပါ တယ်။ လက်ကျန်ပဲဟောင်းများ အနည်းငယ်ရှိသေးသော်လည်း  အရောင်းအဝယ် မဖြစ်ဘဲ ပဲသစ်များသာ အဝယ်ရှိတယ်လို့ သိရပါတယ်။

Monday, 12 Mar 2012

    အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ယခုတစ်ပတ် မတ်ပဲဈေးအနည်းငယ် လျော့ကျပါတယ်။ ဝယ်လက်များက ဈေးအမြင့်မှာ ဝယ်ယူမှုနည်းခြင်းနဲ့ တင်သွင်း မတ်ပဲကို ဈေးသက်သက်သာသာနဲ့ ရရှိတဲ့အတွက် ဝယ်လိုအားနည်းနေပါတယ်။

Monday, 12 Mar 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ အရောင်းအဝယ်ဖြစ်မှုကယခင်တစ်ပတ်တွေထက်ပိုမိုလာခဲ့ပါတယ်။ ယခင်တစ်ပတ် ကတန်ချိန် ၁၅၀၀၀ခန့်ရှိခဲ့ရာမှယခုတစ်ပတ်(မတ်လ ၃-၉ ရက်)အတွင်းမှာ တန် ချိန် ၂၁၀၀၀ ကျော်အထိ FOB အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။

Monday, 12 Mar 2012

    ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၂၇-မတ်လ ၁ ရက်) အတွင်း ပင်လယ်ရေ ကြောင်းကမတ်ပဲတင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ကျော်သာရှိလို့ ယခင်တစ်ပတ် တင်ပို့ တဲ့ တန်ချိန် ၉၀၀၀ ထက်လျော့ကျခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီ လ တစ်လလုံး တင်ပို့မှုကို လေ့လာကြည့်ရင် တန်ချိန် ၃၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၀ သန်းကျော်ရရှိခဲ့လို့ဇန်နဝါရီလတင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀၀ ခန့်ထက်ပိုမို တင်ပို့ နိုင်ကြောင်း သိရပါတယ်။

Monday, 5 Mar 2012

    ၂၀၁၂-၂၀၁၃ ဒုတိယရာသီအတွက် ကမ္ဘာ့သကြားရောင်းချမှုက ဝယ်လိုအားထက်ကျော်လွန်နိုင်တာကြောင့် နှစ်ကုန်ပိုင်းမှာ သကြားကြမ်းဈေးဟာ တစ်ပေါင်ကို ကန်ဒေါ်လာ ၂၀ ဆင့် (တစ်တန်ကန်ဒေါ်လာ ၄၄၁) အောက်ကို ကျဆင်းနိုင်တယ်လို့ F.O  Licht  Gmbh မှ ခန့်မှန်းထားပါတယ်။ ဈေးနိမ့်ကျခြင်းကြောင့် တင်သွင်းသူများ က များစွာပြန်လည်သိုလှောင်ထားနိုင်တယ် လို့လည်း ဆိုပါတယ်။

Monday, 5 Mar 2012

၂၀၁၅ မှာ ကမ္ဘာ့တာယာဝယ်လိုအား ၄ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး ၃ ဒသမ ၃ ဘီလီယံကို ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ တာယာဈေးကွက်တွေမှာ  တန်ဖိုးအားဖြင့် နှစ်စဉ် ၆ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး ဝင်ငွေဒေါ်လာ ၂၂၀ ဘီလီယံခန့်ပိုမိုရရှိနိုင်ကြောင်း သိရပါတယ်။ ၂၀၁၅ မှာ အကြီးဆုံး မော်တာ်ကားတာယာဈေးကွက်တွေ အရှိန်အဟုန်နဲ့ တိုး တက်လာတာကို တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။ စက်ဘီး၊ မော်တော်ဆိုင်ကယ်နဲ့ အခြားယာဉ်များရဲ့ တာယာလုပ်ငန်းများ လည်း ပိုမိုအားကောင်းလာနိုင်ကြောင်း သိရပါတယ်။

Monday, 5 Mar 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ  မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဘက်နိုင်ငံသို့ ရော်ဘာတင်ပို့လျက် ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလမှာတော့ မူဆယ်မှ MSR-20  တန် ၁၄၀ ခန့်အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၁၁၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

Pages