Main menu

Background

Monday, 27 Feb 2012

    ဗီယက်နမ် စီးပွားရေးလုပ်ငန်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲများဖြေရှင်းဖို့ ယခုနှစ် သကြားတန်ချိန် ၁၀၀၀၀၀- ၁၅၀၀၀၀ အတွင်း တင်ပို့ဖို့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန(MARD)မှ တင်ပြထားကြောင်း သိရပါတယ်။ ယခုနှစ်အတွင်း သကြားစုစုပေါင်း ရောင်းချမှု တန်ချိန် ၁ ဒသမ ၅၇ သန်းခန့်ထိ ရောက်ရှိမယ်လို့ မျှော်မှန်းထားပြီး၊ အဲဒီပမာဏ အနက် တန်ချိန် ၁ ဒသမ ၄ သန်းကို ပြည်တွင်း စားသုံးဖို့ဖြစ်ပြီး၊ တန်ချိန် ၁ သိန်းကို နောက်နှစ်ကြံသီးနှံအတွက် စုဆောင်း ထားကာ တန်ချိန် ၇၀၀၀၀ မှာ ပိုလျှံမှာဖြစ်တယ်လို့ (MARD) ပြောကြားပါတယ်။

Monday, 27 Feb 2012

    မြန်မာ-တရုတ်  နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၂၁ သန်းတန်ဖိုးရှိ ကြံတန် ၅၆၀နဲ့ ချင်းရွှေဟော် နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၆၀ သန်းတန်ဖိုးရှိ သကြား တန် ၁၀၀ ကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၁ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ MIRT(DOBT)

Monday, 27 Feb 2012

    တရုတ်နိုင်ငံရဲ့ မူဝါဒပြေလျော့သွားမှု၊ ဂရိနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ချေးငွေအာမခံအစီအစဉ်ကြောင့် ရှယ်ယာတွေနဲ့ ရေနံစိမ်းဈေးနှုန်းမြင့်တက်ခဲ့မှုနဲ့ ဂျပန်ယန်းငွေက အမေရိကန်ဒေါ်လာနဲ့လဲလှယ်ရာမှာတန်ဖိုး ၆ လအတွင်းအနိမ့်ဆုံးကို ရောက်ရှိခဲ့ တာကြောင့်ဖေဖော်ဝါရီ ၂၀ ရက်က တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးမှာ ရော်ဘာဈေးနှုန်းများ ၅ လအတွင်း အမြင့်ဆုံးကို ရောက်ရှိကာ ၃ ဒသမ ၁ ရာခိုင်နှုန်း ဈေးတက်သွားခဲ့ကြောင်း သတင်းရရှိတယ်။

Monday, 27 Feb 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၀၅၃ သန်းတန်ဖိုးရှိရော်ဘာ၁၁၈၃ တန်ခန့်အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုများမှာ ၈၅၇ တန်ကျော်ကို မူဆယ် (၁၀၅) မိုင်မှ အပို့ရှိခဲ့ပြီး ချင်းရွှေဟော်မှ ၃၂၅ တန်ကျော် အပို့ရှိခဲ့ပါတယ်။

Monday, 27 Feb 2012

     ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၂၆၃ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၇ ဒသမ ၉၅ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်ကို တန် ၈၀၀၊ အိန္ဒိယကို တန် ၂၀ နီးပါး၊ စင်ကာပူကို တန် ၁၀၀ ကျော် ဗီယက်နမ်ကို၂၆၅ တန်နဲ့ မလေးရှားကို ၁၀၇၅ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၁၀၀၀ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုနှစ်ဆနီးပါးမြင့်တက်ခဲ့ပါတယ်။ တရုတ်နယ်စပ်ကတော့ တန် ၁၁၀၀ ကျော် ပုံမှန်တင်ပို့နေပါတယ်။ FOB(ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ  RSS-3   တစ်တန်ကို (၃၆၀၀-၃၇၀၀) ဒေါ်လာနဲ့  RSS-5 တစ်တန်ကို ၃၅၀၀-၃၆၀၀ ဒေါ်လာကြား ဈေးပေါက်လျက်ရှိပါတယ်။ K.Z.W

Monday, 27 Feb 2012

     ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၄၁ သန်းတန်ဖိုးရှိ ပြောင်း ၁၂၂၀ တန်ကို တင်ပို့နိုင်ခဲ့ပါ တယ်။တင်ပို့တဲ့နိုင်ငံတွေကတော့ဖိလစ်ပိုင်ကို ၅၀၄ တန်၊ ဗီယက်နမ်ကို ၁၄၄ တန် နဲ့ စင်ကာပူကို ၅၂၇ တန်အသီးသီးတင်ပု့ိခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က တန် ၂၀၀ ကျော်သာ တင်ပို့ခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေးကတော့ တန် ၇၀၀၀ ကျော်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်)ဈေးကတော့ ပြောင်းလဲမှု မရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးပေါက်လျက်ရှိတယ်လို့ သိရ ပါတယ်။K.Z.W

Monday, 27 Feb 2012

     ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂၂၆၃ တန်ကျော်၊ တန်ဖိုး ဒေါ်လာ ၇ ဒသမ ၉၅ သန်းဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်ကို တန် ၈၀၀၊ အိန္ဒိယကို တန် ၂၀ နီးပါး၊ စင်ကာပူကို တန် ၁၀၀ ကျော် ဗီယက်နမ်ကို၂၆၅ တန်နဲ့ မလေးရှားကို ၁၀၇၅ တန် အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။

Monday, 27 Feb 2012

    အာဂျင်တီးနားနိုင်ငံမှ ပြောင်းတင်သွင်းဖို့ တရုတ်နိုင်ငံက သဘောတူစာချုပ် တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ တယ်လို့ အာဂျင်တီးနားစိုက်ပျိုးရေးဝန်ကြီးဌာနက ၎င်းင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီသဘောတူညီမှုက  တရုတ်နိုင်ငံဟာ အမေရိကန်က ဝယ်ယူတာထက် အခြားနိုင်ငံကို ပြောင်းလဲဝယ်ယူမှုတစ်ခုဖြစ်လာခဲ့ တယ်လို့ ဆိုပါတယ်။

Monday, 27 Feb 2012

    မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၀၀၁ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၁၄၈ တန်ကျော်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်မှ၂၁ ရက်ထိကာလအတွင်း အပို့ရှိ ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ တန် ၆၈၀၀ ကျော်၊

Monday, 27 Feb 2012

    အိန္ဒိယနိုင်ငံမှာ မန်ကျည်းမှည့်ထွက်ရှိမှုပိုမိုခြင်းနဲ့ ပြည်ပအဝယ်အမှာ မရှိခြင်းတို့ကြောင့် မန်ကျည်းမှည့်ဈေး ၃၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ဈေးနှုန်းအကျဘက်ဆင်းနေတာကြောင့် ကုန်သည်များကလည်း သိုလှောင်ထားရှိဖို့ တုံ့နှေးခြင်းက ဈေးကွက်အတွင်း ဈေးနှုန်းကိုပိုမိုကျဆင်းစေပါတယ်။ တမီလ်နာဒူးမှာ မန်ကျည်းမှည့်က ပုံမှန်ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းသာရှိပေမဲ့ အင်ဒရာပရာဒေ့ရှ်၊ ကာနာတာကာနဲ့ ချန်တီဂရပ်တို့မှာ လက်ကျန်များနေတယ်လို့ မန်ကျည်းကုန်သည် Mr O.M.S Raja   က ဆိုပါတယ်။

Pages