Background
ထိုင်းနိုင်ငံမှာ မိုးရွာသွန်းမှုကြောင့် ရော်ဘာရောင်းလိုအားပြတ်လပ်နိုင်မှုနဲ့ တရုတ်နှစ်ကူး မတိုင်မီ ဝယ်လို အားကောင်းမွန်မှု ကြောင့် ယခုရက်သတ္တပတ်မှာ မလေးရှားရော်ဘာဈေးကွက်က အမြင့်မှာ ဆက်လက် တည်ရှိ နိုင်ကြောင်း ကုန်သည်တွေက သုံးသပ်လိုက်တယ်။ ထိုင်းနိုင်ငံလယ်ယာစိုက်ပျိုရေးဝန်ကြီးဌာနက မှိုင်းမခံရသေးတဲ့ရော်ဘာတန်ချိန် ၂၀၀ယ၀၀၀ ဝယ်ယူမှု ကလည်း ရော်ဘာဈေးနှုန်းမြင့်တက်စေဖို့ အားဖြည့်ပေးခဲ့တယ်။ ယခုရက်သတ္တပတ်က မလေးရှားရော်ဘာဘုတ်အဖွဲ့မှာ ဖြစ်ပေါ်ခဲ့တဲ့ SMR 20 ဈေးနှုန်းက ဈေးတက် သွားကာ တစ်ကီလိုဂရမ်ကို ၁၀၃၈ sen (တစ်တန်ကို ကန်ဒေါ်လာ ၃၂၉၈ ဒသမ ၃၈) ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး latex က တစ်ကီလိုဂရမ်ကို ၆၅၃ sen (တစ်တန်ကို ကန်ဒေါ်လာ ၂၀၇၄ ဒသမ ၉၉) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။အေးမွန်မွန်လှိုင်၊Source:biz.thestar.com.my
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂ ဒသမ ၅၆၉ သန်း တန်ဖိုးရှိ ရော်ဘာ ၇၈၃ တန်ကျော်ကို ဇန်နဝါရီလ ၁၁ ၇က်မှ ၁၇ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ တင်ပို့နိုင်ခဲ့ပါတယ်။ အဆင့်လိုက် တင်ပို့နိုင်မှုတွေကတော့ RSS-3 ၅၉၈ တန်၊ MSR-20 ၁၃၆ တန်ကျော်နဲ့ MSR-50 ၄၉ တန်ကျော် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်က ၃၅၉ တန်ကျော် အပို့ရှိခဲ့တာမို့ ယခုအပတ် မူဆယ်မှ ရော်ဘာအပို့ နှစ်ဆကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှပါ ဈေးအနည်းငယ် မြင့်တက်လျက်ရှိပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၆၄၁၀၂ ၂၄၆၇၉၇၈ ၉၆၁၂၄ ၄ ၃၁၇၄ ၃၁၆၇ ၇ ၀ .၂RSS - 5 ၂၄၃၅၈၉၇ ၂၃၃၂၁၂၆ ၁၀၃၇၇၁ ၄ ၃၀၁၅ ၃၀၀၉ ၆ ၀ .၂ MIRT (DOBT)
ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၅၅၁ တန်၊ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၇၄၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ထက်ဝက်ခန့်တင်ပို့မှုကျဆင်းခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေ ကတော့ မလေးရှားကို တန် ၁၄၀၊ စင်ကာပူကို ၂၀၁ တန်နဲ့ ဗီယက်နမ်ကို ၂၁၀ တန် အသီးသီးတင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ကလည်း အပို့ကျပြီး တန် ၇၀၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါတယ်။ FOB(ရန်ကုန်) ဈေးကတော့ အနည်းငယ်မြင့်တက် သွားပြီး RSS-3 တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၀၅၀-၃၁၅၀) ဒေါ်လာဈေး ပေါက်လျက် ရှိပါတယ်။ K.Z.W
ယခုနှစ်မှာ ကြံစိုက်ပျိုးသူများပြီး၊ ကြံအထွက်ကောင်းတာကြောင့် တစ်နိုင်ငံ လုံးမှ ဝယ်ယူသုံးစွဲနေခြင်းနဲ့ တရုတ်နိုင်ငံကပါ ဝယ်ယူမှုရှိနေကြောင်းသိရပါတယ်။ သကြားနှင့်သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်းမှ တာဝန်ရှိသူ တစ်ဦးက '' ဒီနှစ်က ပစ္စည်းများပြီး အရောင်းအဝယ်သွက်နေတယ်။ ပြည်ပက သကြားက ဒီဈေးနဲ့မဝင်နိုင်လို့ မန္တလေးဈေးကွက်က သကြားကိုဘဲ ဝယ်ယူသုံးစွဲနေ တာ။
အိန္ဒိယအစိုးရက ယခုလက်ရှိသကြားရာသီမှာတန်ချိန် (သုညဒသမ ၅ - ၁) သန်းအထိ တင်ပို့ခွင့်ပြုဖို့ စီမံချက်ရှိကြောင်း သိရပါတယ်။ ဆုံးဖြတ်ချက်ကို အခွင့် အာဏာရှိဝန်ကြီးများအုပ်စု (EGoM) ရဲ့ လာမယ့်အစည်းအဝေးမှာ အပြီးသတ်ချ မှတ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီဆုံးဖြတ်ချက်က ထုတ်လုပ်မှု ပိုလျှံဖို့ရယ် ကုန်သည်တွေကို ပို့ကုန်ပိုမိုတင်ပို့စေခြင်းကြောင့် နှောင့်နှေးမှုနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ တောင်သူတွေလဲ အကျိုးခံစားခွင့်ရမှာဖြစ်ကြောင်း အစိုးရပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ယခုအချိန်မှာ သကြားက ကမ္ဘာ့ဈေးကွက်မှာ ဈေးလျော့နေပေမယ့် ရူပီးဈေးတက်လာ ရင်တော့ ကုန်သည်တွေ ပွပေါက်တိုးမှာ ဖြစ်ကြောင်း သိရပါတယ်။ အိန္ဒိယက ဘရာဇီးပြီးရင် ဒုတိယအကြီးဆုံး သကြား တင်ပို့သူဖြစ်ပါတယ်။၂၀၁၁-၂၀၁၂ မှာ အိန္ဒိယကသကြားတန်ချိန် ၂၆ သန်း ထုတ် လုပ်ပြီး ပြည်တွင်းသုံးစွဲမှုက တန်ချိန် ၂၂ သန်း ဝန်းကျင်ရှိကြောင်း သိရပါတယ်။ Source: Commodty online, K.Z.W
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၆၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၀၅၈၇ တန် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်ပေါက်တစ်ခုတည်းမှ ၁၁၇၈၀ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ပြောင်းအပို့ တန် ၁၂၀၀ နီးပါး လျော့ကျခဲ့တာ တွေ့ရပါတယ်။ မိမိဘက်မြေပြင်ဈေးရော တစ်ဘက်နိုင်ငံဈေးပါ အနည်းငယ် မြင့် တက်လျက် ရှိပါတယ်။ ပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက် ရပါ တယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၇၈၉၈ ၂၅၄၄၉၆ ၃၄၀၂ ၁ ၃၀၁ ၂၉၈ ၃ ၃MIRT (DOBT)
ဇန်နဝါရီလ ၈ ရက်မှ ၁၄ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၄၄၄၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၆၉ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၃၇၅ တန်သာ တင်ပို့ခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ အိန္ဒိယကို ၈၇၂ တန်၊ အင်ဒိုနီးရှားကို ၁၆၄၈ တန်၊ စင်ကာပူကို ၁၀၀၈ တန်၊ ပိုလန်ကို ၆၂၅ တန်နဲ့ ဖိလစ်ပိုင်ကို ၂၈၈ တန် အသီးသီးတင်ပို့ခဲ့တာ တွေ့ရပါတယ်။ နယ်စပ်ကတော့ ပြောင်းအပို့ကျပြီး တန် ၁ သောင်းကျော်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို (၂၇၅-၂၉၅) ဒေါ်လာ ဈေးပေါက်လျက်ရှိပါတယ်။K.Z.W
ကြက်သွန်နီဈေးနှုန်း ဆက်တိုက်ကျဆင်းနေတာကြောင့် ဒီအချိန်အတွင်း ကြက်သွန်နီတင်ပို့မှုအနိမ့်ဆုံး ဈေးနှုန်း (MEP) ကို ဖယ်ရှားပေးဖို့ စားသုံးသူရေးရာဝန်ကြီးဌာနက စဉ်းစားနေကြောင်းသိရပါတယ်။ လယ်ယာ ထွက်ကုန်တင်ပို့မှုကို အကန့် အသတ်ဖြစ်စေတဲ့ အစိုးရရဲ့ပြောင်းလဲနေတဲ့မူဝါဒကို လေ့လာဆန်းစစ်သူများက ဝေဖန် ကြပေမဲ့ ဒီပြောင်းလဲမှုက ပြည်ပတင်ပို့သူ တွေအတွက် ပိုမိုအကျိုးရှိလာမယ်လို့ ဆိုပါတယ်။
အိန္ဒိယနနွင်းသစ် ထုတ်လုပ်မှု ပိုမိုမြင့်တက်ဖွယ်ရှိတဲ့အတွက် နနွင်းသစ်များ ရောင်းချမှုများလာတာကြောင့် အိန္ဒိယနနွင်း ကြိုပွိုင့်ဈေးကျဆင်းဖွယ်ရှိကြောင်း သိရပါတယ်။ နနွင်းသစ်များ ဖေဖော်ဝါရီလလယ်မှာ လှိုင်လှိုင် ဝင်ရောက်ဖွယ်ရှိတဲ့အတွက် ကုန်သည်များက နနွင်းသစ်ဝယ်ယူဖို့ စောင့်မျှော်နေကြတယ်လို့ သိရပါတယ်။
ရှမ်းနနွင်းကတော့ အမှုန့်ကြိတ်ဖို့အတွက်သာ ရောင်း နေရ တယ်လို့သိရပါတယ်။ နနွင်းသစ်တွေပေါ်နေပေမဲ့ ဈေးကွက်မရှိ တာကြောင့် အများအပြားအရောင်းအဝယ် မဖြစ်ပါဘူး။ တောင်သူတွေကရောင်းချင်ပေမဲ့ ဈေးက မရှိ တော့ ထုတ်မရောင်းဖြစ်ကြလို့အရောင်းအဝယ်က အေးစက် စက် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ရိုးရိုးနနွင်း ခြောက်တွေက တစ်ပိဿာ ၅၀၀ ကျပ်မှ ၇၀၀ ကျပ်ဈေးရှိပြီး၊ ဆင် တောင်နနွင်းက တစ်ပိဿာ ၁၅၀၀ ကျပ် ဈေးရှိပါတယ်။