Background
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ်မှာလည်း ပဲစင်းငုံက အရောင်းအဝယ်အသွက်ဆုံးပဲဖြစ်နေပါတယ်။ ဇန်န ဝါရီလ ၁၃ရက်မှ ၁၉ ရက်အထိ ပဲစင်းငုံဖြူ၊ နီ၊ ဖြူနီ စုစုပေါင်း တန်ချိန် ၁၇၀၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတင်ပို့ရာမှာ ပဲစင်းငုံတင်ပို့မှုကတော့ တစ်ပတ်ထက် တစ်ပတ် ပိုမိုလာနေတာ တွေ့ရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၇၉၀၀ နီးပါး တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီလ ၉-၁၃) အတွင်းမှာတန်ချိန် ၁၄၀၀၀ နီးပါး ထိ တင်ပို့နိုင်ခဲ့ပါတယ်။ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၁၃ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၂၂၀၀၀၀ နီးပါးရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃၃ သန်းကျော် ရရှိထားကြောင်း သိရပါတယ်။
ပြည်ရဲ့ ပဲဈေးကွက်မှာ မတ်ပဲအသစ်၊ အဟောင်းတစ်တင်းကို ၁၄၀၀၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲသစ်များ မကွေးတိုင်းဒေသကြီး ကံမ၊ သက်ကယ်၊မြောင်၊စစ္စရံရွာများဘက်မှရေလမ်းနဲ့ ပြည်ပွဲရုံများသို့ တစ်နေ့ ၁၀-၁၅ အိတ်ခန့်အနည်းငယ်အဝင်ရှိနေတယ်လို့ သိရပါတယ်။
အိန္ဒိယမတ်ပဲဈေးကွက်များမှာ ယခုရက်ပိုင်းအတွင်း ဈေးအနည်းငယ် ကျဆင်း မှု ရှိပေမဲ့ လာမယ့်ရက်တွေမှာတော့ ပဲခွဲစက်တွေက ဝယ်ယူမှုရှိနိုင်တာကြောင့် အမြင့်ဘက်ကိုသွားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲက တော့ လေးလေးနဲ့ မှန်မှန်အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယက ဝယ်လက်တွေ နေ့စဉ်အဝယ်ရှိနေလို့ ယခုတစ်ပတ် (ဇန်နဝါရီလ ၁၃ ရက်မှ ၁၉ ရက်) အတွင်း မတ်ပဲ SQ ၊ FAQ စုစုပေါင်းတန်ချိန် ၈၅၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်အတွင်းပြန်တိုးတက် လာခဲ့ပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၅၀၀၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခု တစ်ပတ် (ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်)အတွင်းမှာတော့တန်ချိန် ၈၂၀၀ ကျော် ထိတိုးတက်လာခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဇန်ဝါရီလ ၁၃ ရက်နေ့အထိ မတ်ပဲ ပြည်ပတင်ပို့မှုကို ကြည့်ရင် တန်ချိန် ၅ သိန်းကျော်ပြီဖြစ်ပြီး ဝင်ငွေအားဖြင့် ကန် ဒေါ်လာ ၄၁၄ သန်းကျော်ရရှိပြီဖြစ်ကြောင်း သိရပါတယ်။
ယခုဖြစ်ပွားနေတဲ့ H5N1အမျိုးအစား ကြက်ငှက်တုပ်ကွေးရောဂါကို ကြေညာသည်ဖြစ်စေ၊ မကြေညာသည်ဖြစ်စေ မလေးရှား လက်အိတ်လုပ်ငန်းများအတွက်ကတော့ အဆိုးဆုံးအခြေအနေကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း OSK ကုမ္ပဏီရဲ့ သုတေသီများက ပြောကြားခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဆက်လက်ပျံ့နှံ့မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာ H1N1 ဗိုင်းရပ်စ် ပျံ့နှံ့ခဲ့စဉ်ကလို လက်အိတ်ကဏ္ဍရဲ့ အလားအလာ အပေါင်းလက္ခဏာဆောင်မှာ ဖြစ်ကြောင်း ၎င်းသုတေသီများက ပြောကြားပါတယ်။
ဇန်နဝါရီလ ၄ရက်မှ ၁၀ ရက်ထိကာလအတွင်း မြိတ်နယ်စပ်မှ ကန်ဒေါ်လာ သုညဒသမ ၈၅၃ သန်းတန်ဖိုးရှိ RSS-3 ၁၇၅ တန်၊RSS-5 တန်၂၀၊ MSR-20 တန် ၁၀၀ ၊ Compound MSR-20 တန် ၂၀ နှင့် ဃသာစသကညိ RSS-3 တန် ၅၀ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က မြိတ်နယ်စပ်မှ အပို့မရှိခဲ့ပါဘူး။
ဇန်နဝါရီ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၁၃၄ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၃ ဒသမ ၆၅၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ တရုတ်ကို တန် ၂၀၀၊ ဆွစ်ဇာလန်ကို တန် ၆၀ နဲ့ မလေးရှားကို ၈၇၄ တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်ထက်တော့ တန် ၄၀၀ ကျော် ပိုမိုတင်ပို့လာနိုင်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၉၀၀ ကျော် ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ အနည်းငယ်ကျဆင်းသွားပြီး RSS - 3 တစ်တန်ကို (၃၁၀၀-၃၂၀၀) ဒေါ်လာနဲ့ RSS - 5 တစ်တန်ကို (၃၀၀၀-၃၁၀၀) ဒေါ်လာ ဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။ K.Z.W
တရုတ်နိုင်ငံမှာ ကြံတောင်သူတွေကို အကူအညီပေးဖို့နဲ့ ပြည်တွင်းဈေးကို ကြမ်းခင်းဈေး တစ်ခုသတ်မှတ်ဖို့ အတွက် ယခုနှစ် သကြားဖြူတန်ချိန် ၂ သန်းခန့် သိုလှောင်ဖို့ အစီအမံတစ်ခုကို စဉ်းစားနေတယ်လို့ သိရပါတယ်။ ဈေးကွက်ပိုင်းဆိုင် ရာ တာဝန်ယူရတဲ့ စီးပွားရေး၊ စီမံကိန်းအေဂျင်စီဖြစ်တဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည်တည်ဆောက် ရေးကော်မရှင် (NDRC)ဟာ ဗဟိုအစိုးရမှ ဝယ်ယူမယ့် တန်ချိန် ၁ သန်း၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဝယ်ယူမယ့် တန်ချိန် ၆ သိန်းနဲ့ အခြားဒေသအာဏာပိုင်များ ဝယ်ယူမယ့်တန်ချိန် ၄ သိန်းတို့နဲ့ ပတ်သက်တဲ့ အစီအမံကို စဉ်းစားနေကြောင်း လေ့လာဆန်းစစ်သူများက ဆိုပါတယ်။
