Main menu

Background

Monday, 23 Jan 2012

    အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့  Renaissanceဟိုတယ်ကွန်ဗင်းရှင်းစင်တာမှာ ဖေ ဖော်ဝါရီလ ၁၅-၁၇ ရက်အတွင်း ပဲမျိုးစုံထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုအတွက် ပထမ အကြိမ်အနေနဲ့ ကမ္ဘာ့ပဲမျိုးစုံအစည်းအဝေး (GPC) ကို ကျင်းပမယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်း (IPGA)   မှ ကြေညာခဲ့ပါတယ်။ အာရှကို ကမ္ဘာ့ပဲမျိုးစုံဈေး ကွက်မှာ ပါဝင်လှုပ်ရှားသူတွေက အထူးအလေးထားနေကြပြီလို့ (IPGA)   ဥက္ကဌ Pravin  Dongre   က ဆိုပါတယ်။

Monday, 23 Jan 2012

    အိန္ဒိယဈေးကွက်ကို  မဒ္ဒရာပရာဒေ့ရှ်၊  ကာနာတာကာနဲ့ မဟာရပ်ရှတရာ တို့မှ ပဲအထွက်ပိုမိုခြင်းနဲ့ လှောင်လက်များမှ ရောင်းချမှုတွေ ရှိလာတဲ့အတွက် ကုလားပဲဖြူလုံးကြီးရော၊ ရိုးရိုးကုလားပဲဈေးရော ကျဆင်းခဲ့ ပါတယ်။ ရန်ကုန် ကုလားပဲဖြူလုံးကြီး တစ်တန် ရူပီး ၄၀၀၀၀-၄၁၀၀၀ (ကန်ဒေါ်လာ ၇၉၈-၈၁၈) နဲ့ တည်ငြိမ်နိုင်ပေမဲ့ ပြည်တွင်းကုလားပဲဖြူလုံးကြီးမှာ ထပ်မံကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

Monday, 23 Jan 2012

    ကုလားပဲဖြူလုံးကြီး လက်ကျန်အတော်နည်းလာပြီဖြစ်ပြီး ပဲအသစ်လည်း ထွက် ပေါ်လာခြင်းမရှိသေးလို့ လက်ကျန်အနည်းငယ်သာ အရောင်းအဝယ်နဲ့ တင်ပို့မှုရှိခဲ့ တာ တွေ့ရပါတယ်။

Monday, 23 Jan 2012

    ပဲခူးတိုင်းဒေသကြီးမှာ ဆောင်းသီးနှံပဲမျိုးစုံစိုက်ဧက ၁၇ ဒသမ ၃ သိန်းကျော် စိုက်ပျိုးတဲ့အနက် မတ်ပဲပြီးရင် ပဲတီစိမ်း စိုက်ဧက ၃ဒသမ ၈သိန်းနဲ့ ဒုတိယအများဆုံးစိုက်ပျိုးပါတယ်။ ပဲတီစိမ်းထဲက မျိုးကွဲတစ်မျိုးဖြစ်တဲ့ ပဲတီရွှေဝါကတော့ ဈေးကောင်း ပိုရလို့ စိုက်ပျိုးတောင်သူကြိုက်တဲ့ ပဲမျိုးဖြစ်ပေမဲ့ ရေမြေရာသီဥတု ပိုမိုကိုက်ညီတဲ့ ကဝ၊ သနပ်ပင်၊ ပဲခူး၊ ဝေါ၊ ဒိုက်ဦးမြို့နယ်များမှာ ပိုမိုဖြစ်ထွန်းပါတယ်။

Monday, 23 Jan 2012

    မန္တလေးပဲမျိုးစုံဈေးကွက်မှာပဲတီစိမ်းဟာ တစ်နှစ်ပတ်လုံးရဲ့ ရောင်းအားအရှိဆုံးသီးနှံအဖြစ် တွေ့ရှိရပါတယ်။ လတ်တလော ဈေးကွက်မှာလည်း သူ့အရည်အသွေးနဲ့သူ အရောင်းအဝယ်ဖြစ်နေပြီး တရုတ်ဈေးကွက်ကိုလည်း ပုံမှန်တင်ပို့မှုရှိနေခဲ့ပါတယ်။ တရုတ်ဈေးကွက်ကို ပဲတီစိမ်းကုန်ကြမ်းအတိုင်း အပြင်Value  Added ကုန်များအဖြစ် အခွံချွတ်အလုံးများနဲ့ ခွဲခြမ်းများကိုပါ တင်ပို့မှုရှိနေလို့ ကုန်စည်ဒိုင်မှာ အရောင်းအဝယ်မဖြစ်တဲ့နေ့ မရှိဘူးလို့ ဆိုပါတယ်။

Monday, 23 Jan 2012

    အိန္ဒိယနိုင်ငံအထက်ပိုင်း ဈေးကွက်များနဲ့ ဒေလီမှာ ပဲတီစိမ်းရောင်းအားနည်းတာကြောင့် ပဲတီစိမ်းအချို့ ဈေးအနည်းငယ် တိုးလာပါတယ်။ယခင်ရက်များကဈေးကွက်များအတွင်း ဟင်းသီးဟင်းရွက် ဈေးလျော့တဲ့အတွက် ပဲဝယ်လိုအားနည်းပြီး ဈေး ကျဆင်းခဲ့ပါတယ်။

Monday, 23 Jan 2012

    ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာတော့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာသုည ဒသမ ၈၉၁ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၁၄၉ တန်ဝန်းကျင် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၁၅၈ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၉ တန်ခန့် လျော့နည်းတင်ပို့နိုင်ခဲ့ပါတယ်။

Monday, 23 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အသစ်ဝင်လာတဲ့ ပဲတီစိမ်းတွေ အဝယ်ရှိလာလို့ ယခုတစ်ပတ် (ဇန်နဝါရီလ ၁၃-၁၉)အတွင်းမှာတန်ချိန် ၅၀၀၀ခန့်အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပဲခူး၊ တောင်ငူစ များ အရောင်းအဝယ်ဖြစ်နေပြီဖြစ်ပြီး နောက်လမှာ စထွက်မယ့် ခရမ်းစတွေကိုလည်း ဝယ်လက်တွေ စိတ်ဝင်စား နေကြတယ်လို့ သိရပါတယ်။

Monday, 23 Jan 2012

    ပြည်ပကို ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ယခင်သီတင်းပတ်တွေက တန် ၂၀၀၀ အထက်မှာ ပုံမှန် ပမာဏသာတင်ပို့ရာမှ ယခုတစ်ပတ်မှာ အနည်းငယ်ပိုတင်နေတာတွေ့ရပါတယ်။ ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်အတွင်း ပဲတီစိမ်း တန်ချိန် ၄၀၀၀ နီးပါးတင်ပို့နိုင်ခဲ့လို့ ယခင်တစ်ပတ် တင်ပို့တဲ့ တန်ချိန် ၂၀၀၀ ကျော်ထက် ပိုမိုတာတွေ့ရပါတယ်။

Monday, 23 Jan 2012

    ပဲလွန်းဖြူတစ်တင်းကို ၁၇၅၀၀ ကျပ်ဈေးနဲ့ ပြည်ဈေးကွက်မှာ ယခင် တစ်ပတ်ထက် ဈေးအနည်းငယ် လျော့ နည်း သွားတာကိုတွေ့ရပါတယ်။ နတ် တလင်း၊ တာပွန်၊ မိုးညိုဘက်မှထွက်တဲ့ ပဲလွန်းဖြူမှာ ရန်ကုန်ကို တင်ပို့မှု များ နေပြီး၊ ရွှေတောင်ဘက်မှဝင်တဲ့ ပဲလွန်း ဖြူများသာ ပြည်ဈေးကွက်ကို တင်ပို့မှု များတယ်လို့ သိရပါတယ်။

Pages