Background
ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၀ တန် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၃၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၅၈ တန်ခန့်လည်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်ပေါက်တစ်ခုတည်းမှ ၁၁၇၆ တန် အပို့ရှိခဲ့ပြီး ယခုအပတ်နယ်စပ်မှ ပဲတီစိမ်းလုံးပြည့်တင်ပို့မှုမှာ ယခင်အပတ်ကထက် ၈ တန် လျော့နည်းတင်ပို့ ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်း FOB အရောင်းအဝယ် ယခင်တစ်ပတ်ထက် လျော့ကျလာပါတယ်။ ယခင်တစ်ပတ်က တန် ၄၄၀၀ ခန့်အထိ ရှိခဲ့ပေမဲ့ ဇန်နဝါရီလ ၂ ရက်မှ ၇ ရက် အတွင်းမှာတော့ တန် ၂၃၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပဲတီစိမ်း တွေကတော့ အရည်အသွေးကောင်းတဲ့ ပြည်၊ အောင်လံ၊ ချောက်၊ မကွေးနဲ့ တောင်ငူ စတာတွေပဲဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဇန်နဝါရီလ ၁၃ ရက်မှာလည်း ပဲတီစိမ်း (အညာ) တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀၊ ပခုက္ကူစ တစ်တန် ကန်ဒေါ်လာ ၆၉၀-၇၁၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၇၇၀-၇၉၀ နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT - MAPT
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ပမာဏနည်းနည်းနဲ့ မှန်မှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန် ၂၆၀၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခုဇန်နဝါရီ ၂ ရက်မှ ၆ ရက်အတွင်းမှာ တန် ၂၁၀၀ ကျော်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၂၃၄၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂၂ သန်းနီးပါးရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ ပဲတီစိမ်းတန်ချိန် ၁၈၁၀၀၀ ကျော်တင်ပို့ပြီး ကန်ဒေါ်လာ ၂၁၀ သန်းခန့် ရရှိခဲ့ကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း ပုံမှန်ပမာဏနဲ့သာ တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။MIRT - MAPT
ပြည်ပွဲရုံတွေမှာ ပဲလွန်းဖြူ တစ် တင်း ၁၈၅၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။ အခြားတိုင်း ဒေသကြီး ဘက်မှ ပဲလွန်းဖြူအဝင် မရှိဘဲ နတ် တလင်း၊တာပွန်၊ မိုးညိုဘက်မှ ပဲအနည်း အကျဉ်းသာ ဝင်ရောက်မှုရှိပြီး၊ ရန်ကုန် ဝယ်လက်တွေကိုသာ ရောင်းဝယ်မှုများ တဲ့ အတွက် ပဲလွန်းဖြူဈေး ယခင်တစ် ပတ်ထက် မြင့်ခဲ့တယ်လို့သိရပါတယ်။မိမိအေး
ဟင်္သာတကုန်စည်ဒိုင် ပဲလွန်းဖြူ ဈေးကွက်မှာ ယခင်အပတ်ကထက် ပိုမို အရောင်းသွက်လာကြောင်း တွေ့ရပါ တယ်။ ပဲလွန်းဖြူဈေးနှုန်းမှာ ပိဿာ ၂၀ ဝင် တစ်တင်းကို ယခင်အပတ်ထက် ၃၀၀ကျပ်ဈေးမြင့်လာပြီး၊ ၁၈၅၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ဟင်္သာတမြို့နယ်အနီးအနားရှိ ကျေးရွာ များမှလည်း ကုန်စည်ဒိုင် ဈေးကွက်ကို နေ့စဉ် အိတ် ၄၀၀ ခန့်ဝင်ရောက်နေ ကြကြောင်း သိရှိရပါတယ်။ ကုန်စည်စီး ထွက်မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို နေ့စဉ်ပျမ်းမျှ အိတ် ၅၀၀ ခန့်တင်ပို့ နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲလွန်းဖြူအသစ်များလည်း ဝင်ရောက် လာလို့ FOB အရောင်းအဝယ်ပိုဖြစ် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၂၂၇ ရောင်းဝယ်ခဲ့ပြီး ယခုတစ်ပတ် ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်အတွင်း မှာတော့ ၄၀၈ တန်ထိ ပိုမိုတင်ပို့လာ ခဲ့ပါတယ်။
ဇန်နဝါရီဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ ပဲအဟောင်းပုံမှန် အဆွဲရှိခဲ့သလို ပဲအသစ်နယ်အဝင်လှိုင်လာခဲ့ပြီး၊ ဝင်သလောက် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကသိရပါတယ်။ ပဲသစ် အများစု အရည်အသွေးကောင်း မွန်ခဲ့ပြီး၊ မန္တလေး၊ ရန်ကုန်အဝယ်အော်ဒါကြောင့် ယခုတစ်ပတ်မှာ တစ်တင်း ၁၅၉၀၀ ကျပ်ထိ ဈေးမာလာကာ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၂၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ပဲဟောင်းအနေနဲ့ လည်း နယ်အဝယ်ရှိလို့ တစ်တင်း ၁၄၆၀၀ ကျပ်ထိ ဈေးလိုက်လာကာ တစ်နေ့ အိတ် ၁၅၀၀ ခန့် အရောင်းအဝယ်ပုံမှန်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ယခုလို နယ်အော်ဒါနဲ့ ဒေသခံကုန်သည်တွေ ဝယ်လိုအားကောင်းမွန်မှုကြောင့် ဈေး ဆက်လက်တက်နိုင်ဖွယ်ရှိကြောင်း ကုန်သည်တွေရဲ့သုံးသပ်ချက်ကိုကြားသိရပါ တယ်။ ထွန်းလှိုင်
ပြည်ဈေးကွက်ကို ပဲစင်းငုံအသစ်များ ဝင်ရောက်လျက်ရှိပြီး၊ တစ်ရက် အိတ် ၃၀၀ ကျော် ၄၀၀ အထိ အဝင်ရှိခဲ့ပါတယ်။ ပဲစင်းငုံစိုက်ဧက ၁၇၀၀၀ ကျော်မှာ ဧက ၆၀၀၀ ကျော်ရိတ်သိမ်းပြီးဖြစ်တဲ့အတွက် ပဲသစ်များ ဈေးကွက်ကို ဆက်တိုက် ဝင်ရောက်လာခဲ့ကြောင်း သိရပါတယ်။ ပြည်အောင်လံကြား မြို့နယ်များနဲ့ ကြံခင်း ဖက်မှလည်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံအသစ်ပေါ်စအချိန် အဖွင့် ဈေးမှာ တစ်တင်း ၁၃၅၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၅၅၀၀ ကျပ်နဲ့ ပဲစင်းငုံဈေးမြင့်လာခဲ့သလို ရန်ကုန်ဝယ်လက်များ အဝယ်ရှိတယ်လို့ သိရပါ တယ်။ ဆုမွန်ဆွေ
အိန္ဒိယပဲစင်းငုံစိုက်ပျိုးရာ မဟာရပ်ရှတရာမှ ပဲစင်းငုံပျက်စီးတဲ့ သတင်းများ ကြောင့် ပဲခွဲစက်တွေ ဝယ်လိုအားရှိလာလို့ ပဲစင်းငုံဈေး အနည်းငယ်တိုးလာခဲ့ပါ တယ်။ ဒါပေမဲ့ ဒေသတွင်းနဲ့ နိုင်ငံအထက်ပိုင်းမှ အဝယ်မရှိသေးဘူးလို့ သိရပါတယ်။ ဈေးကွက်များကို ပဲစင်းငုံအသစ် ပုံမှန်ဝင်ရောက်နေပြီး ပြည်ပက တင်သွင်းပဲတွေ ဆက်လက်ရောင်းချမှုတွေ ရှိပေမဲ့ ပဲခွဲစက်တွေနဲ့ ကုန်သည်တွေရဲ့အဝယ်တချို့ ရှိ တာကြောင့် ပဲစင်းငုံဈေးက အတော်အသင့် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ရောင်း လက် ဝယ်လက်စုံနေပြီး ပဲစင်းငုံအရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ ပဲစင်းငုံဖြူနီနဲ့အနီ စုစုပေါင်း ယခုတစ်ပတ် (ဇန်နဝါရီလ ၂ ရက်မှ ၆ ရက်) အတွင်းမှာ တန်ချိန် ၁၄၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။
