Background
အိန္ဒိယဈေးကွက်တွေမှာ ပဲအထွက်ပိုမိုမယ့် သတင်းများအရ လှောင်လက်များ ထုတ်ရောင်းချမှုများခြင်းကြောင့် ကာဘူလီကုလားပဲဈေး ကျဆင်းခဲ့ပါတယ်။ လက်ရှိ ပဲပင်အခြေအနေအရ ကာနာတာကာမှာ ကုလားပဲထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၅ သိန်းဝန်းကျင်ရှိနိုင်ပြီး စုစုပေါင်း တန်ချိန် ၇ သိန်းကျော်ထွက်မယ်လို့ ခန့်မှန်း ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဒီတစ်ပတ် ကုလားပဲပြည်ပ အရောင်းအဝယ်မရှိပေမဲ့ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၂၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းပဲလက်ကျန်နည်းလာပြီဖြစ်သလို အိန္ဒိယဝယ်လက်ကလည်း အဝယ်နည်း တဲ့အတွက် အရောင်းအဝယ်မဖြစ်ကြောင်း သိရပါတယ်။
ပြည်ဈေးကွက်ကို ပဲတီစိမ်းအဝင်နည်းလာတဲ့အတွက် ပဲဈေးမှာလည်း ယခင်တစ်ပတ်ကထက် တစ်တင်း ၈၀၀ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အခြားတိုင်းဒေသကြီးများမှ အဝင်မရှိတော့ဘဲ ဒေသတွင်းမြို့နယ်များမှသာ အဝင်ရှိခဲ့ပြီး အိတ် ၃၀၀ ကျော်သာ ဝင်ရောက်ခဲ့ပါတယ်။ အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက် အဝယ်ရှိခဲ့ပါတယ်။
ရန်ကုန်တောင်ပိုင်းခရိုင် (သန်လျင်) မြို့နယ်မှာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ပဲတီစိမ်းလျာထားဧက ၃၉၅၈၆ ရှိပြီး ယခုအခါ တောင်သူများ မိုးစပါးရိတ်သိမ်းပြီးတာနဲ့ ပဲတီရွှေဝါများကို အချိန်မီစိုက်ပျိုးနိုင်ဖို့ မြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ မျိုးစေ့ချခြင်းများကို အချိန်နဲ့ တစ်ပြေးညီဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနေကြောင်း သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေဖြစ်တဲ့ ဒေလီ၊ မဒ္ဒရာပရာဒေ့ရှ်နဲ့ ဥတ္တရာပရာဒေ့ရှ်ရှိ စက်သမားများမှ အဝယ်တက်လာ တာကြောင့် ပဲတီစိမ်းဈေး အနည်းငယ်တိုးလာပါတယ်။ ဝင်ရောက်မှုအနေနဲ့ တစ်ရက်ကို အိတ် ၁၅၀၀၀-၂၀၀၀၀ ဝန်းကျင်သာရှိ တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ပဲတီစိမ်း ၁၀၉၆ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၉၁၇ သန်းနဲ့ ပဲတီစိမ်းလုံးခြမ်း ၁၇၂ တန်ကျော်၊ ဒေါ်လာ သုည ဒသမ ၁၆၇ သန်းဖိုးတင်ပို့ခဲ့ပါ တယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင်တစ်ပတ်က ပဲတီစိမ်းတန်ချိန် ၁၃၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၂၃ - ၂၉ )အတွင်းမှာတော့ တန်ချိန် ၂၈၀၀ ကျော်ထိ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေကိုပခုက္ကူ၊ ချောက်၊ မုံရွာဘက်က ပဲတီစိမ်းတွေ ဝင်ရောက်မှုရှိလာနေပြီး ဝယ်လက်များ က ပခုက္ကူစကို ပိုမိုဝယ်ယူကြတယ်လို့ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန် ၂၀၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၉ - ၂၃ ) အတွင်းမှာတော့ တန်ချိန် ၃၁၀၀ ခန့်ထိ အနည်းငယ်ပိုတင်လာခဲ့ပါတယ်။ ပခုက္ကူ ပဲတီစိမ်းအသစ် အနည်းငယ်တင်ပို့မှုရှိနေပြီလို့ သိရပါတယ်။
ပဲလွန်းဖြူသစ်များ ထွက်ပေါ်စ ပြုလာနေပြီဖြစ်ပေမဲ့ ဈေးကွက်ဝင် ရောက်မှုနည်းသေးလို့ ပြည်ပတင်ပို့မှုနဲ့ အရောင်းအဝယ်ဖြစ်မှု ပမာဏကတော့ လျော့နေပါတယ်။ ပင်လယ်ရေကြောင်း က ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်) အတွင်းမှာ ပဲလွန်းဖြူ ၁၂၂ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်မှာ တော့ တန်ချိန် ၁၇၀ တင်ပို့ခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက် အထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ပဲလွန်းဖြူ ၂၁၈ တန်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၇၇ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကလည်း တန် ၂၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ပုံမှန်တင်ပို့မှုလို့ ဆိုရပါမယ်။