Background
အောင်ပန်းဈေးကွက်မှာ ချင်းသစ်ကတော့ အဝင်များနေပါတယ်။ မန္တလေး၊ တောင်ငူ၊ မကွေးစတဲ့ မြို့ကြီးတွေက ချင်းထိုးသမားတွေက ဝယ်ယူနေတာကြောင့် တစ်ပတ်ကို ပိဿာချိန် တစ်သောင်းခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ အဝင်ကတော့ ၅ ရက်တစ်ဈေးကို တစ်သောင်း၊ နှစ်သောင်းခန့် ဝင်နေပါတယ်။
နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့တာကာလအတွင်း ချင်း ၅၁ တန် ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်တင်ပို့မှုပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ အက်ဖ်အိုဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၁၄၅၀-၁၄၇၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခုနှစ်သောင်းကျော်ရရှိခဲ့ပါတယ်။ နိုဝင်ဘာလရဲ့ ချင်းတင်ပို့တဲ့တန်ချိန်က ၇၄ တန်ကျော်ရှိခဲ့ပြီး အောက်တိုဘာ လရဲ့ တင်ပို့တန်ချိန်က ၃၄ တန်သာရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူဖြစ်တဲ့ ၂၀၁၀ နိုဝင်ဘာလမှာတော့ ၁၂၃ တန်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ယခင်နှစ်ရဲ့ ပို့အား တန်ချိန်ကိုတော့ မမီခဲ့ပါဘူး။ MIRT(DOT)
ကနေဒါပဲထုတ်လုပ်မှုဟာ မနှစ်ကနဲ့ယှဉ်ရင် ၂၀၁၁ ခုနှစ်မှာ ပဲလုံးတန်ချိန် တစ်သန်းနီးပါးလျော့နည်းမှာ ဖြစ်ပေမယ့် ဝယ်လိုအားနည်းနေတဲ့အတွက် ဈေးကွက် အတွင်း ဈေးနှုန်းမြင့်တက်ဖွယ်မရှိဘူးလို့ သိရပါတယ်။ ကနေဒါ စာရင်းအင်းဌာနမှ ဒီဇင်ဘာ ၆ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၁၁-၁၂ ပဲလုံးထုတ်လုပ်မှုဟာ တန်ချိန် ၂ ဒသမ ၁ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှုလျော့ပေ မယ့် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏတော့ ပိုလာတာတွေ့ရ ပါတယ်။ ယခင်သီတင်းပတ်က မြေထောက်ပဲ ၈၄ တန် တင်ပို့မှုရှိခဲ့ပြီး ယခုသီတင်း ပတ်မှာ စင်ကာပူကို တန်ချိန် ၄၇ သာလျော့ကျတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုသီတင်းပတ် ထောပတ်ပဲတင်ပို့မှု မရှိကြောင်း သိရပါတယ်။
တရုတ်နိုင်ငံရဲ့ စားနပ်ရိက္ခာ ထုတ် လုပ်မှုဟာ ယခုနှစ်မှာလည်း အမြောက် အမြား စံချိန်တင်ထွက်ရှိမှာ ဖြစ်တဲ့ အတွက် ရှစ်နှစ်ဆက်တိုက် မြင့်တက် ခဲ့ခြင်းဖြစ်တယ်လို့ နိုင်ငံတော် စာရင်း အင်းဗျူရိုမှ ဒီဇင်ဘာ ၂ ရက်မှာ ပြော ကြားခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး(အနောက်)အတွင်း ထောပတ်ပဲ သီးနှံကို လက်ပံတန်း၊ မိုးညို၊ ပန်းတောင်း၊ ရွှေတောင် မြို့နယ် များတွင်သာ စိုက်ပျိုးမှုရှိခဲ့ကြပါတယ်။ ထောပတ်ပဲသီးနှံကို ပဲမျိုးစုံစိုက်ဧကရဲ့ ၂ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုး ပြီး ယခုဆိုရင် စိုက်ဧကအားလုံးနီးပါး စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။
ကုမ္ပဏီများ မှတ်ပုံတင်ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းရည်ရွယ်ချက် များ ကန့်သတ် ထားခဲ့ရာ ရောင်းဝယ်ရေးလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၈ ခုအနက် နှစ်သက်ရာ ၅ ခု၊ ဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၁ ခုအနက် နှစ်သက်ရာ ၄ ခု၊ စက်မှု/ထုတ်လုပ်မှု လုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၄ ခု အနက် နှစ်သက်ရာ ၄ ခုကို ရွေးချယ်ဆောင်ရွက်ခွင့် ပြုခဲ့ပါသည်။
မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ကုလားပဲဈေးကွက်မှာ ပဲအားလုံးနီးပါး အရောင်းအဝယ် ပါးခဲ့တယ်လို့ ဆိုပါတယ်။ V2 ဈေးကွက်မှာတော့ Export အဝယ်မရှိခဲ့ဘဲ မျိုးပဲအဖြစ်သာ ပိုရောင်း လိုဝယ်ရှိခဲ့ပြီး၊
ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၀၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၆၈၀၀ ကျပ်ဖြင့်သာ အရောင်း အဝယ်ရှိခဲ့ပါတယ်။ ဒီဇင်ဘာလပထမပတ်မှစပြီး ကုလားပဲဈေးမှာ ဆက် တိုက် ကျဆင်းနေတာကို တွေ့ရပါတယ်။
အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ကုလားပဲဈေးဟာ ကြိုပွိုင့်ဈေး မြင့်တက်မှုနဲ့အတူ လိုက်ပါမြင့်တက်ခဲ့ပါတယ်။