Main menu

Background

Tuesday, 29 Nov 2011

                  ယခင်သီတင်းပတ်က မတ်ပဲတင်ပို့မှု အနိမ့်ဆုံးပမာဏ တန်ချိန် ၂၅၀၀ ကို လျော့ကျခဲ့ရာမှ ယခုတစ်ပတ် နိုဝင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အတွင်းမှာတော့ တန်ချိန် ၆၅၀၀ ကျော်ထိ ပြန်တိုးတက်တင်ပို့နိုင်ခဲ့ပါတယ်။ အိန္ဒိယဝယ်လက်အချို့ က တင်ဒါအတွက် ဝယ်ယူမှုအချို့ရှိနေတာကြောင့် ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ မတ်ပဲတင်ပို့ပြီးစီးမှုမှာ ပမာဏအားဖြင့် တန်ချိန် ၄၅၈၀၀၀ ကျော်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၃၄၈ သန်းကျော်ရှိကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ မတ်ပဲတန်ချိန် ၃၁၆၀၀၀ ကျော်သာရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၂၆ သန်းသာရှိခဲ့တယ်လို့ သိရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာ မတ်ပဲတင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ သိရပါတယ်။ MIRT-MAPT

Monday, 21 Nov 2011

                       ပြောင်းအပြင် ပဲနဲ့နှမ်းများကိုလည်း ဖောက်စစ်ပေးစေလိုတဲ့ဆန္ဒ မူဆယ်ကုန်သည်များမှာ ရှိနေတယ်လို့ ကုန်စည်ဒိုင်မှူး ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။ ယင်းကိစ္စနဲ့ပက်သက်ပြီး မူဆယ်စခန်း တာဝန်ခံက ပဲပြောင်းနှမ်း ကုန်စည်ဒိုင်မှာ ပြောင်းအပြင် အခြားပဲနဲ့ နှမ်းများပါ ဈေးကွက်ဖြစ်ပေါ်အောင်ကြိုးစားဖို့လိုအပ်ကြောင်း၊ ပြောင်းဈေးကွက် မိမိဘက်ဖြစ်ပေါ်ရေး ကုန်သည်များကုမ္ပဏီများ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော်မှ NGO များကို မြေတောင်မြှောက်ပေးနေချိန်မှာ ဌာနဆိုင်ရာက မူဘောင်နဲ့အညီ ကူညီပံ့ပိုး ပေးနေသလို အသင်းအဖွဲ့များက ကြိုးပမ်းအားထုတ်ကြဖို့လိုကြောင်း ပြော ကြားပါတယ်။                          ပဲနှမ်းဈေးများမှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးများဖြစ်နေ တဲ့အတွက် နေ့စဉ်တစ်ဘက် ကုန်သည်နဲ့ အမှန်တကယ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းအတိုင်း ဈေးဖွင့်ရန်လိုအပ်ကြောင်း၊ ဝယ်ယူတဲ့ နိုင်ငံမတူလျှင် ဈေးနှုန်းလည်း မတူနိုင်ကြောင်း၊ ဒါပေမဲ့ အမှန်တကယ်ဈေးကွက် မဖြစ်သေးတာကြောင့် ဈေးနှုန်းလည်း မဖွင့်နိုင်သေးဘဲ ဖြစ်နေတာလို့ စခန်းတာဝန်ခံ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။ ပဲနဲ့နှမ်းကို မိမိဘက်ဈေးကွက်ဖြစ်ပေါ်ရေးအတွက် ကုန်သည်များက ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ပဲနဲ့နှမ်းကို ပြောင်းကဲ့သို့ ဈေးကွက်ဖြစ်ပေါ်ရေး၊ မိမိအကျိုးစီးပွား တစ်ခုတည်းကို မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားကို ကြည့်ရှုရန် လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်မှုမရှိဘဲ တစ်ဦးကောင်းမလုပ် ကြရန်နဲ့ တစ်ဖက်ကုန်သည် လာရောက်ဝယ်ယူတဲ့အဆင့်သို့ရောက်ရှိရေး ကုန်စည်ဒိုင်နဲ့ ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်းလို့ စခန်းတာဝန်ခံက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ MIRT(DOBT)

Monday, 21 Nov 2011

                                                              အိန္ဒိယမွန်ဘိုင်းဈေးကွက်                                                   ၁၇-၁၁-၂၀၁၁           (ဒေါ်လာ/တန်)   ၉-၁၁-၂၀၁၀၁၇-၁၁-၂၀၁၀  ပြောင်းလဲမှု   မတ်ပဲ    ၇၂၅     ၆၈၂ ပဲတီစိမ်းရိုးရိုး      ၈၂၁     ၇၉၁     - ပဲစင်းငုံ     ၆၆၅     ၆၄၇  ကုလားပဲဖြူလုံးကြီး         -      ၆၆၂  

Monday, 21 Nov 2011

                                                                ရန်ကုန် FOB ဈေးနှုန်း                                              ၁၈-၁၁-၂၀၁၁                       (ဒေါ်လာ/တန်) ယခင်အပတ်  ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ)      730   660  မတ်ပဲ (အက်စ်ကြူ)    800    700  ပဲတီစိမ်း (ပခုက္ကူ)    740   740  ပဲတီစိမ်း (ရွှေဝါ)   820   800  ပဲတီစိမ်း (အညာ)   720  720  ပဲစင်းငုံ (အနီ) (သစ်)   580   560  ပဲစင်းငုံ (ဖြူနီ) (သစ်)  480  460  ပဲစင်းငုံ (ဖြူ) (သစ်)   480  460   ကုလားပဲဖြူလုံးကြီး  980   950   ပဲလွန်းဖြူ (အက်ဖ်အေကြူ)    790  790  ပဲလွန်းဖြူ (အက်စ်ကြူ)   900   900  မြေထောက်ပဲ      740  740  ထောပတ်ပဲ  730   730          သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် FOB အနိမ့်ဆုံး ဈေးနှုန်း ဖြစ်သည်။

Monday, 21 Nov 2011

                တရုတ်နိုင်ငံ ပြည်တွင်းဝယ်လိုအား အစဉ်ကြီးမားနေတာကြောင့် သကြားနဲ့ ပြောင်းကိုလာမယ့်နှစ်မှာ တင်သွင်းရဖွယ်ရှိပါတယ်။ တရုတ်နိုင်ငံဟာ တောင်သူတွေ ကို အားပေးဖို့နဲ့ ပြည်တွင်းဈေး ထိန်းချုပ်ဖို့ အမြောက်အမြားသိုလှောင်ထားတဲ့ အစိုးရရဲ့ စိုက်ပျိုးရေးကုန်စည်များကို အသုံးပြုလျက်ရှိပါတယ်။ ယခုနှစ်ထွက်ရှိမှုမြင့်တက်ခဲ့ခြင်းက ပြည်တွင်းပြောင်းနဲ့ သကြားဈေးများကို ကျဆင်းစေနိုင်တဲ့အတွက် အစိုးရအနေနဲ့ လက်ရှိပြည်တွင်းရောင်းဈေးထက် ဈေးသက်သာတဲ့ အမေရိကန်ပြောင်းနဲ့ ဘရာဇီးသကြားကို တင်သွင်းဖို့ ဆောင်ရွက်နေ ပေမယ့်လည်း ပြည်တွင်းတောင်သူတွေကိုလည်း အလေးထားဆောင်ရွက်နေပါတယ်။ ပြည်ပက ဝယ်ယူမှုကို မတ်လကုန်မှာ ပြန်လည်စတင်ဝယ်ယူနိုင်တယ်လို့ လေ့လာဆန်းစစ်သူ  Ding Ling က ပြောကြားပါတယ်။                      ပြောင်းအများဆုံးထုတ်လုပ်တဲ့ Jilin မှာ ပြောင်းတန်ချိန် ၁၈၅ သန်းအထိ ထွက်ရှိမယ့် မျှော်လင့်ချက်တွေအရ လွန်ခဲ့တဲ့ ၅ ပတ်အတွင်း ၇ ရာခိုင်နှုန်းကျော် ကျဆင်းပြီး၊ တစ်တန် ကန်ဒေါ်လာ ၃၃၇ ဒသမ ၂၀ ဈေးဖြစ်ခဲ့ပါတယ်။ တောင်သူတွေအတွက် ဈေးနှုန်းအထောက်အပံ့ပြုဖို့ အဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ ပြောင်းတစ်တန် ယွမ် ၂၀၀၀ (ကန်ဒေါ်လာ ၃၁၄ ဒသမ ၇၇၂)ဈေးအောက် ကျဆင်းမယ်ဆိုရင် ပြည်နယ်သိုလှောင်ရေး Sinograin မှ ပြည်တွင်း ပြောင်းကို ဝယ်ယူစုဆောင်းနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။                     တရုတ်အစိုးရဟာ သကြားပမာဏများစွာ တင်သွင်းထားပြီး ဖြစ်ပါတယ်။ ကြံကြိတ်ခွဲရာသီရောက်ရှိလာ ခြင်းနဲ့အတူ သကြားဈေးကျဆင်းနေတာကြောင့် အစိုးအနေနဲ့ လက်ရှိကာလမှာ တင်သွင်းမှာ မဟုတ်ဘူးလို့ ဘေဂျင်း အခြေစိုက် Sun Tong  အထွေထွေမန်နေဂျာမှ ပြောကြားပါတယ်။ ၂၀၁၂ အတွင်း သကြား တင်သွင်းမှုတန်ချိန် ၂ ဒသမ ၅ သန်းအထိမြင့်တက်နိုင်ပြီး၊ ဝါဂွမ်းတင်သွင်းမှုဟာ တန်ချိန် ၈၀၀၀၀ အထိရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊Source: bloomberg

Monday, 21 Nov 2011

                   တောင်ကိုရီးယားနိုင်ငံရဲ့ ပြောင်းဝယ်လိုအားကြောင့် အမေရိကန်ပြောင်း ဈေးနှုန်းက ပြန်လည် မြင့်တက်လာခဲ့ကြောင်းနဲ့ ဒီဇင်ဘာလ သင်္ဘောတင်မယ့် ပြောင်း ဈေးနှုန်းက တစ်ဘွတ်ရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၄၆ (တစ်တန်ကို ကန်ဒေါ်လာ ၂၅၄ ဒသမ ၂၇) နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။ ချီကာဂိုကုန်သွယ်ရေးမှာ ဂျုံဈေးနှုန်းက မြင့်တက်ခဲ့ပြီး တစ်ဘွယ်ရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၃၃ (တစ်တန်ကို ကန်ဒေါ်လာ ၂၃၂ ဒသမ ၅၆) နဲ့ ချုပ် ဆိုခဲ့ကြောင်း သိရှိရတယ်။ ဒါပေမဲ့ ကောက်ပဲ သီးနှံဈေးနှုန်းတွေက ဥရောပကြွေးမြီအကျပ်အတည်းအပေါ် စိုးရိမ်မှုတွေကြောင့် ဈေးနှုန်းမှာ ဆက်လက်မခန့်မှန်း နိုင်သေးကြောင်း Barclays Capital အရ သိရှိရပါတယ်။ Source: www.commodityonline.com၊ အေးမွန်မွန်လှိုင်

Monday, 21 Nov 2011

                         နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၉၃၆ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၇၆၇ သန်းဖိုးကို ဗီယက်နမ်၊ စင်ကာပူနဲ့ အင်ဒိနီးရှားနိုင်ငံတို့ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်မှာ ၁၉၇၃ တန် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုတန် ၁၀၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ပြောင်း လက်ကျန်များရှိနေပေမယ့်လည်း အစိုဓာတ်များနေလို့ များများစားစားတင်ပို့နိုင်ခြင်း မရှိသေးတာလို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေး ကျဆင်းသွားပြီး တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးပေါက်လျက်ရှိကြောင်း သိရပါတယ်။ KZW

Monday, 21 Nov 2011

                ထိုင်းနိုင်ငံရော်ဘာစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ နိုင်းဘွန်းဆုံနပ်ဟောင်းက ရော်ဘာဈေးနှုန်းများ အောက်တိုဘာလ ကုန်ပိုင်း ကစပြီး ယခုထိ ကျဆင်းလျက်ရှိကြောင်းနဲ့ နောက်ဆုံးရရှိတဲ့ သတင်းများအရ တောင်ပိုင်းတိုင်း ဆုန်ခလာခရိုင်ဈေးကွက်၌ ယခင်ရော်ဘာ ၁ ကီလိုဘတ် ၁၀၀ ရှိရာမှ ယခုအခါ ၉၁ ဒသမ ၅၉ ဘတ်သာ ရှိတော့တဲ့အတွက် ရော်ဘာဈေးကွက်ကို ထိခိုက်စေလျက်ရှိတယ်လို့ပြောပါတယ်။ အကြောင်းကတော့ ရော်ဘာကုန်သည်များက ရော်ဘာဈေးနှုန်းတောက်လျှောက် ကျဆင်းနေတဲ့အတွက် တောင်သူများထဲက ပေါက်ဈေးထက် လျှော့ဝယ်ယူနေပြီး အချို့နေရာများမှာ ၈၅ မှ ၈၇ ဘတ်သာ ဈေးပေါက်နေတဲ့အတွက်ဖြစ်ပါတယ်။                 ယခုကဲ့သို့ ရော်ဘာဈေးနှုန်း ကျဆင်းလာနေခြင်းကြောင့် ဒီဇင်ဘာလမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလထိ ကာလအတွင်း ဈေးကွက်မှာ ရော်ဘာဈေးနှုန်းပိုမိုကျဆင်းသွားမယ်လို့ ရော်ဘာအသင်းက ခန့်မှန်းနေကြပါတယ်။ ရော်ဘာဈေးနှုန်းကို ထိန်းချုပ် နိုင်ခြင်းမရှိတဲ့အတွက် ရော်ဘာစိုက်ပျိုးရေးသမားများရဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းပေးရန် ရော်ဘာစိုက်ပျိုးရေး အသင်းက ထိုင်းဝန်ကြီးချုပ် နန့်ဆောင်ယင့်လတ်ချီနဝပ်ထံ နိုဝင်ဘာလ ၈ ရက်နေ့က စာတင်ထားပြီး တစ်ဖက်တစ်လမ်းမှ ကူညီပေးနိုင်ရေးလယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ ရော်ဘာစိုက်ပျိုးရေး ရန်ပုံငွေအသင်းအဖွဲ့ဥက္ကဋ္ဌနဲ့ ကဘီခရိုင်အုပ်ချုပ်ရေးမှူး တို့ထံစာမိတ္တူပေးပို့ထားတယ်လို့ ထိုင်းနိုင်ငံထုတ်သတင်းစာမှာ ဖော်ပြထားတယ်လို့သိရပါတယ်။ Source: ထိုင်းရတ်သတင်းစာ ကျော်ဆန်းထွန်း 

Monday, 21 Nov 2011

           ထိုင်း၊အင်ဒိုနီးရှားနဲ့ မလေးရှားရော်ဘာအသင်းများမှ ရော်ဘာဈေးနှုန်းထိုးကျနေတာကြောင့် အနိမ့်ဆုံး ရော်ဘာဈေးနှုန်း သတ်မှတ်ပြီး ရောင်းချကြရန်နဲ့ အနိမ့်ဆုံးဈေးနှုန်း တစ်ကီလိုကို ၃ ဒေါ်လာသတ်မှတ်မယ်လို့ ရော်ဘာအသင်း ၃ ခုမှ သဘော တူခဲ့ကြောင်း ထိုင်းရော်ဘာအသင်းမှ ပြောကြားပါတယ်။ လာမယ့်ရက်သတ္တပတ်မှာ ၎င်းင်း ၃ နိုင်ငံက ရော်ဘာဈေးနှုန်းသတ်မှတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးမယ်လို့ ထိုင်းစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဥရောပကြွေးမြီပြဿနာနဲ့ ထိုင်းနိုင်ငံမှာ ရေကြီးမှုကြောင့် နိုဝင်ဘာလမှာ တိုကျိုကုန်စည်ဒိုင်ရဲ့ ဈေးကတော့ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ မလေးရှား ဈေးကွက်မှာတော့ ဝယ်အားမရှိတဲ့အတွက် ရော်ဘာဈေးနှုန်း ဆက်လက်ကျဆင်းနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် မလေးရှားရဲ့ ထုတ်လုပ်မှုကလည်း ယခင်လနဲ့ နှိုင်းယှဉ်ရင် ကျဆင်းဆဲဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာ ထုတ်လုပ်မှု ၁၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စက်တင်ဘာမှာ ၇၇၇၂၈ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းကတော့ ၄ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က ကမ္ဘာ့အထွက်နှုန်းရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ကြောင်း သိရပါတယ်။ အိန္ဒိယကုန်စည်ဒိုင်မှာတော့ နိုဝင်ဘာအတွက် ဈေးနှုန်းက သုည ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သတင်းရရှိပါတယ်။Source:Commodity online,KZW

Pages