Main menu

Background

Monday, 4 Mar 2024

ကျောက်ဆည်ခရိုင်အတွင်း   နနွင်းများကို  ယခုနှစ် ပထမ ပတ်မှစတင်၍    တူးဖော်လျက်ရှိရာ  ယခုအချိန်တွင် နနွင်းများ လှိုင်လှိုင်ထွက်ပေါ်လျက်ရှိသည်။  နနွင်းစတင်တူးဖော်ချိန်တွင်  ဈေးနှုန်းများ ကောင်းမွန်လျက် ရှိပြီး တောဝယ် နနွင်းအစိုတစ်တင်းလျှင်   ကျပ် ၁၂၅၀ဝ-၁၄၀ဝ၀ အထိရောင်းချခဲ့ရပြီး ဖေဖော်ဝါရီဒုတိယပတ်မှစတင်၍နနွင်းဈေး များ ကျဆင်းလာပြီး တောဝယ် နနွင်းအစိုတစ်တင်းလျှင် ကျပ် ၁၁၂၀ဝ-၁၁၆၀ဝ အထိ ကျဆင်းခဲ့သည်။   ၂၀၂၃ခုနှစ်၊ ဖေဖော် ဝါရီလတွင် နနွင်းတက်တစ်တင်းလျှင် ကျပ် ၈၈၀ဝ ၊ နနွင်းတက် အခြောက်  တစ်ပိဿာလျှင်  ကျပ် ၃၆၀ဝ ၊  နနွင်းမှုန့်တစ်ဗူးလျှင် (၈၀ဝ-၁၀ဝ၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိ

Monday, 4 Mar 2024

ပဲတီစိမ်း၊ မတ်ပဲ၊ မြေပဲ၊ ပဲကြီး

Monday, 4 Mar 2024

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲတီစိမ်းကို တစ်မြို့နယ်လုံးတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ဧက ၁၀၅၀၁၇ အား လျာထားစိုက်ပျိုးရာ ရာနှုန်းပြည့် ဖြစ်ထွန်းအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ သည်။  ခရမ်းမြို့ နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုနှင့် စိုက်ပျိုးမြေ ကောင်းမွန်မှုတို့ ကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး နှစ်စဉ်ဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ပဲတီစိမ်းသီးနှံကို အဓိက အားထား စိုက်ပျိ

Monday, 4 Mar 2024

မော်လမြိုင်ပေါ်ရှိ ကွမ်းသီးဈေးနှုန်းများမှာ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ရေပေါင်းခြမ်း တစ် ပိဿာလျှင် ကျပ် ၄၀ဝ၀၊ ရေပေါင်းခြမ်း ၈၈ ရာခိုင်နှုန်းအခြောက် တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ ၊ ရေပေါင်း ခြမ်း ၉၉ ရာခိုင်နှုန်း အခြောက် တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ ကွမ်းသီးစိတ် အစာသန့်(ခြောက်) တစ်ပိဿာ လျှင် ကျပ် ၆၀ဝ၀၊ ကွမ်းသီးခြမ်း ရှယ်ဝိုင်း-ခြောက်(သန့်) တစ်ပိဿာလျှင် ကျပ်  ၆၅၀ဝ၊  ရှယ်ဝိုင်း-ခြောက် (အလယ် သား) တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ ရှိကြောင်းသိရသည်။

Monday, 5 Feb 2024

မွန်ပြည်နယ်သည် ဆန်စပါးဖူလုံမှုရှိသော ပြည်နယ်တစ်ခုဖြစ် သည့်အတွက် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးမှုကွာဟခြင်းကို လျှော့ချ နိုင်ရန် မြို့နယ်များအလိုက်ကျေးရွာများအား ဖွံ့ဖြိုးတိုးတက်လာစေ ရေး နှစ်စဉ်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ လယ်ယာကဏ္ဍာအနေဖြင့် ယခုနှစ်မိုးရာသီတွင် မိုးစပါး ကို ရည်မှန်းချက်ဧကအတိုင်း အကောင်အထည်ဖော် စိုက်ပျိုးနိုင် ခဲ့သည်။

Monday, 15 Jan 2024

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ဆင်ဖြူကျွန်းမြို့ စလင်းချောင်း အနောက်ဘက်ရှိ နွယ်တမယ်၊ ချောင်းဖြူ၊ ချောင်းကောက်၊ ညောင်ကုန်း၊ ပန်းတော၊ မြောင်းဘောင် စသည့် ကျေးရွာ များမှ တောင်သူများသည် စလင်းချောင်းရေကိုအမှီပြု၍ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားသုံးသူများပြား၍ ဈေးကွက်အခိုင် အမာရှိသော  စားဖိုဆောင်သုံးရာသီစာ  ကာလတိုသီးနှံဖြစ်သည့် ပန်းဂေါ်ဖီမှာ ဈေးကောင်းရ၍ တောင်သူများ  ပိုမိုတိုးချဲ့ စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

Monday, 15 Jan 2024

တိုက်ကြီးမြို့နယ်တွင်  ဥက္ကံသကြားစက် တည်ရှိသောကြောင့် ကြံစိုက်ပျိုးသူ တောင်သူကြီးများ အဆင်ပြေပြေဖြင့် သကြားစက်သို့ ရောင်းချနိုင်ခဲ့ပြီး ကြံစိုက်ပျိုးမှုမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ဧကပေါင်း ၃၃၈၁ ဒသမ ၅၀စိုက်ပျိုးပြီး ခုတ်သိမ်းဧရိယာမှာ ၃၃၈၁ ဒသမ၅၀ ခုတ်သိမ်းခဲ့သည်။ 

Monday, 1 Jan 2024

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်တွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက် သီးနှံများစိုက်ပျိုးသည့်အပြင် မိသားစုအပိုဝင်ငွေရရှိရန်အတွက် စားဖိုဆောင် သီးနှံဖြစ်သည့် တိုင်ထောင် ပဲတောင့်ရှည်များကို  တစ်နိုင်တစ်ပိုင် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ပဲတောင့်ရှည် စိုက်ပျိုးရာတွင် မျိုးအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ ကတ္တီပါအနီရောင် မျိုးများသာ အသုံးများကြောင်း၊ မျှားနီတံဆိပ် မျိုး တစ်ဘူးလျှင် ကျပ် ၂၀ဝ၀ဝခန့်  ပေးဝယ်ရကြောင်း၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု ၊ လုပ်သားခ၊ စုစုပေါင်း ကျပ် ၃၀ဝ၀ဝ၀ ခန့် ကုန်ကျ ကြောင်း သိရသည်။ 

Monday, 1 Jan 2024

ပဲခူးတိုင်းဒေသကြီး ပြည်ပဲဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ် များ နေ့စဉ် ဝင်ရောက်လာပြီး အထွက်လှိုင်လာပြီဖြစ်၍ တစ်ရက် အိတ် ၇၀ဝ-၈၀ဝ ကျော်ထိ ဝင်ရောက်မှုရှိလာခဲ့သည်။ ပြည်အနီး တစ်ဝိုက်ဒေသများမှ ဝင်ရောက်ခြင်းဖြစ်သလို ပေါင်းတလည်၊ ပေါက် ခေါင်းမြို့နယ်များမှလည်း ဝင်ရောက်ခဲ့သည်။ 

Monday, 1 Jan 2024

ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ မတ်ပဲ တန်ချိန် ၁၃၉၉၀ ကျော်၊ ပဲတီစိမ်း တန်ချိန် ၆၅၄၀ ကျော်၊ ပဲစင်းငုံတန်ချိန် ၆၃၀ ကျော် စုစုပေါင်း တန်ချိန် ၂၁၁၆၀ ကျော် တင်ပို့ခဲ့သည်။
မတ်ပဲ

Pages