Background
ဖိလစ်ပိုင်နိုင်ငံမှ တိရစ္ဆာန်စာထုတ်လုပ်သူတွေက လာမယ့်နှစ် ဇန်နဝါရီလမှ မတ်လအတွင်းမှာ ပြောင်းအဝါတန်ချိန် ၁၀၀၀၀၀ ကို တင်သွင်းနိုင်ဖို့အတွက် အစိုးရ ရဲ့ သဘောတူညီမှုကိုစောင့်ဆိုင်းနေကြောင်း သတင်းရရှိပါတယ်။ တိုက်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ပြည်တွင်းသီးနှံတွေ ပျက်စီးခဲ့တာကြောင့် တိရစ္ဆာန် စာလုပ်ငန်းအတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးဖို့ဖြစ်ကြောင်း သိရှိရပါတယ်။ စက်တင်ဘာလနှောင်းပိုင်းနဲ့ အောက်တိုဘာလဆန်းပိုင်းမှာ ကြုံတွေ့ခဲ့တဲ့ပြင်း ထန်တဲ့ တိုင်ဖုန်းမုန်တိုင်းကြောင့် ပြောင်းသီးနှံပျက်စီးခဲ့ရပြီး ပြည်တွင်းဈေးနှုန်းတွေ မြင့်တက်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ တိရစ္ဆာန်စာ ထုတ်လုပ်သူများအသင်း PAFMI ကပြောကြားလိုက်တယ်။ ဂျုံတင်သွင်းဖို့စီစဉ်လျက်ရှိပေမဲ့လည်း တိရစ္ဆာန်စာအတွက် ပြောင်းတင်သွင်းမှု ကို အစားထိုးနိုင်မှာမဟုတ်ကြောင်း အသင်းဥက္ကဌ Norman Santos က ပြောကြားလိုက်တယ်၊ လာမယ့်နှစ်မှာ ပြည်တွင်းပြောင်းရောင်းလိုအားက နောက်ထပ် တင်းကျပ်နိုင်ကြောင်း၊ ပြောင်းစိုက်ပျိုးသူတွေက တိုင်ဖုန်းမုန်တိုင်းပြီးနောက် ပြောင်း စိုက်ပျိုးမှုကို နှောင့်နှေးနိုင်တာကြောင့်ဖြစ်တယ်။ ပြောင်းတင်သွင်းဖို့ စီမံချက်က၂၀၁၂ခုနှစ် ပထမလေးလပတ်အတွက် စုစုပေါင်း လိုအပ်ချက်ရဲ့ ၁၃ ရာခိုင်နှုန်းသာရှိကြောင်း Norman Santos က ပြောကြားလိုက်ပါတယ်။ တိုင်ဖုန်းမုန်တိုင်းဖြစ်ပေါ်ခဲ့ပြီးနောက် စံသတ်မှတ်ထားတဲ့ ပြည်တွင်း ပြောင်းဈေးနှုန်းက ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့တယ်။ ဖိလစ်ပိုင်က ယခုနှစ်မှာ ပြောင်းမတင်သွင်းခဲ့ပေမဲ့လည်း ဂျုံတန်ချိန် ၁ သန်းနီးပါးကို သြစတြေးလျမှ အဓိက တင်သွင်းခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှာ တိုင်ဖုန်းမုန်တိုင်းနှစ်ခု ကြုံတွေ့ခဲ့ပြီးနောက် လယ်ယာစိုက်ပျိုးရေးဌာနရဲ့ ပြောင်းသီးနှံပျက်စီးမှု ကနဦးခန့်မှန်းချက်မှာ တန်ချိန် ၃၄၈၃၉ ဒါမှမဟုတ် ပြောင်းထွက်ရှိမှု ရည်မှန်းချက် တန်ချိန် ၁ ဒသမ ၅၅ သန်း အနက် ၂ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါတယ်။ အေးမွန်မွန်လှိုင်၊Source: www.brecorder.com
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ ကန်ဒေါ်လာ ၅ ဒသမ ၀၉၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၁၉၄ တန်ခန့်ကို အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိ ကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူးစေ့ ၇၂၉၉ တန် အပို့ရှိခဲ့တာဖြစ်ပြီး မူဆယ် ရော ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှုပိုမိုခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ ၁၇၆၅၈ တန်နဲ့ ချင်းရွှေဟော်မှ ၅၃၆ တန် အသီးသီးဖြစ်ပါတယ်။ မိမိဘက်မြေပြင်ပြောင်းဈေးများ ယခင်အပတ်ကထက် မြင့်တက်လျက်ရှိပါတယ်။ နှစ်ဘက်မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၄၆၈၁ ၂၁၉၉၄၀ ၄၇၄၁ ၂ .၂ ၃၀၀ ၂၉၉ ၁ ၀ .၃၃နှံစားပြောင်း ၂၂၀၀၆၀ ၂၁၄၉၃၉ ၅၁၂၁ ၂ .၄ ၃၆၃ ၃၆၁ ၂ ၀ .၅၅MIRT(DOBT)
အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်း မှ ကန်ဒေါ်လာ သုည ဒသမ ၆၂၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၂၁၇၈ တန်ကို ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတို့သို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ပြောင်းဖူး စေ့တန် ၂၆၂၆ တန် အပို့လျော့ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံအလိုက် တင်ပို့နိုင်မှု တွေကတော့ ဗီယက်နမ်သို့ ၁၅၆၈ တန်နဲ့ စင်္ကာပူသို့ တန် ၆၁၀ ဖြစ်ပါတယ်။ ယခု အပတ်နယ်စပ်မှ ပြောင်း ၁၈၁၉၃ တန်အပို့ရှိပြီး ယခင်အပတ်ကထက် ၇၂၉၉ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ FOB(ရန်ကုန်)ဈေးကတော့ ပြောင်းတစ်တန် ကန် ဒေါ်လာ၂၈၅ မှ ၃၀၅ ကြား ဈေးပေါက်လျက် ရှိပါတယ်။ KZW
ရေနံစိမ်းဈေးနှုန်းကျဆင်းမှု၊ ရှယ်ယာဈေးနှုန်းကျဆင်းမှုနဲ့ ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုတို့ကြောင့် ထိုင်းနိုင်ငံရဲ့ ဝယ်လိုအားလည်း ကျဆင်းသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် နိုဝင်ဘာ၁ ရက်က ရော်ဘာကြိုပွိုင့်ဈေးနှုန်းက ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ ဧပြီလသင်္ဘောတင်မယ့် ရော်ဘာကြိုပွိုင့်ဈေးနှုန်းကတစ်ကီလိုဂရမ်ကို ၇ ဒသမ ၂ ယန်းဈေးကျသွားကာ ၃၀၀ ဒသမ ၇ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၃၈၄၀ ဒသမ ၃၅)နဲ့ တိုကျိုကြိုပွိုင့် ရောင်းဝယ်ရေးမှာ ချုပ်ဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ ရှန်ဟိုင်းကြိုပွိုင့်ရောင်းဝယ်ရေးမှာ ဇန်နဝါရီလ သင်္ဘောတင်မယ့် ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၇၁၀ ယွမ်ဈေးကျသွားကာ ၂၇၁၀၅၀ ယွမ် (တစ်တန်ကို ကန်ဒေါ်လာ ၄၂၆၂) နဲ့ ချုပ်ဆိုခဲ့ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရေနံစိမ်းဈေးနှုန်းကျဆင်းမှုကြောင့် ကုန်သွယ်မှု ပမာဏလျော့ကျသွားခဲ့ပေမဲ့လည်း အမေရိကန်ဒေါ်လာက ဂျပန်ယန်းငွေနဲ့ လဲလှယ်ရာမှာ တန်ဖိုးတက်သွားခဲ့ကြောင်း သိရှိရတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အောက်တိုဘာလအတွက် မော်တော်ယာဉ်အရောင်းက ၈ လ အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ကြောင်းနဲ့ ဟွန်ဒါနဲ့ တိုယိုတာအမျိုးအစားကားတွေနဲ့ ထရပ်ကားတွေ ဝယ်လိုအား ကောင်းမွန်ခဲ့ကြောင်း သိရှိရတယ်။ ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်အတွင်း ရေလွှမ်းမိုးမှုအဆိုးရွားဆုံးကြောင့် ထိုင်းနိုင်ငံ မော်တော်ကား စက်ရုံတွေ ပိတ်ထားမှုကြောင့် ကားထုတ်လုပ်မှုကျဆင်းသွားမှာဖြစ်ကြောင်း ဟွန်ဒါမော်တော်ကား ထုတ်လုပ်ရေးက ပြောကြားလိုက်ပါတယ်။ အေးမွန်မွန်လှိုင်၊Source:rubbermarketnews.net
အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းဈေးကွက်မှာတော့ အရှေ့မြောက်မုတ်သုံမိုး မပြတ်သေးတာကြောင့် ရောင်းလိုအား စိုးရိမ်ဖွယ်ရှိပြီး ရော်ဘာဈေးအနည်းငယ်ပြန်တက်လာကြောင်း သိရပါတယ်။ ကမ္ဘာ့ဈေးကွက်မှာလည်း အခြေအနေ ကောင်းဖွယ်ရှိပြီး ဈေးနှုန်း အတက်အကျကတော့ ယခုအထိမကွဲပြား သေးကြောင်း သိရပါတယ်။ ယခုနှစ်အတွက် အိန္ဒိယရဲ့ရော်ဘာသုံးစွဲမှုက ကျဆင်း နိုင်ပြီး ယခင်နှစ်က ၄ ဒသမ ၃ရာခိုင်နှုန်းရှိရာကနေသုည ဒသမ ၉ရာခိုင်နှုန်းကို ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ ရော်ဘာ ကဏ္ဍမှာတော့ အတိုးနှုန်းမြင့်တက်မှု၊ ရေနံ ဈေးနှုန်းနဲ့ အခြားကုန်ကြမ်းအသုံးစရိတ်တွေက ထိခိုက်စေခဲ့ကြောင်း သိရပါတယ်။ မော်တော်ကားတာယာ ထုတ်လုပ်သူများအသင်း (ATMA)ရဲ့စာရင်းများအရ ယခုဘဏ္ဍာနှစ် ပထမ (၅) လမှာ စီးပွားရေး လုပ်ငန်းသုံး ကားကြီးများ တာယာထုတ်လုပ်မှု ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခရီးသည်တင်ကားတာယာထုတ်လုပ်မှု ၉ ရာခိုင်နှုန်း နဲ့ အပေါ့စားလုပ်ငန်းသုံး ကားတာယာထုတ်လုပ်မှု ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ ပျမ်းမျှအားဖြင့် အိန္ဒိယရဲ့ ရော်ဘာဝယ်လိုအား ၆၀ ရာခိုင်နှုန်းဟာ ကားတာယာထုတ်လုပ်ရေး လုပ်ငန်းများမှ ဖြစ်ကြောင်း သိရပါတယ်။ Source:business line,KZW
ထိုင်းနိုင်ငံရဲ့ရေကြီးမှုနဲ့ မလေးရှားနိုင်ငံရဲ့ ရော်ဘာစိုက်ဧရိယာ နည်းပါးမှုက ရောင်းလိုအားအတွက် စိုးရိမ်ဖွယ်ဖြစ်ပြီး ကမ္ဘာ့ရော်ဘာဈေးနှုန်း ပြန်လည်မြင့်တက်စေနိုင်ကြောင်း သိရပါတယ်။ ရေနံစိမ်းကို ကုန်ကြမ်း အဖြစ်သုံးရတဲ့ ရော်ဘာတု ဈေးနှုန်းမြင့်တက်ခြင်းက ကမ္ဘာ့ဈေးကွက်မှာ ရော်ဘာရဲ့အလားအလာကို မြင့်တက်စေ နိုင်ကြောင်းသိရပါတယ်။ တိုကျိုကုန် စည်ဒိုင် (TOCOM)မှာ နိုဝင်ဘာလအတွက်ဈေးနှုန်းတစ်ကီလိုကို ၂၈၈ ဒသမ ၈ ယန်းကနေ ၂၉၆ ဒသမ ၆ ယန်းအထိ မြင့်တက်ခဲ့ပါတယ်။အရှေ့မြောက်ဒေသမုတ်သုံမိုးကြောင့် ရော်ဘာစိုက်ပျိုးတဲ့ အိန္ဒိယမှာလည်း ပြည်တွင်းဈေးတွေ မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် (NMCE) မှာ နိုဝင်ဘာလအတွက် အရောင်းအဝယ်က တစ်ကီလိုကို ၂၁၀ ရူပီးကနေ ၂၁၅ ရူပီးကို ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံက အများဆုံးရော်ဘာထုတ်လုပ်သူဖြစ်ပြီး မလေးရှားနဲ့ အိန္ဒိယက တတိယနဲ့ စတုတ္ထမြောက် ထုတ်လုပ်သူတွေဖြစ်ပါတယ်။ Source:Commodity online,KZW
အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုနု်သွယ်ရေး စခန်းများဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၅၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၃၅၅ တန်ခန့်အပို့ရှိခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် ၁၇၇ တန်လျော့နည်းခဲ့ပါတယ်။ အောက်တိုဘာ အစောပိုင်းမှာ ကမ္ဘာ့ ရော်ဘာဈေးများ ကျလာပြီး ချင်းရွှေဟော် ဈေးကွက်မှာလည်း ဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ RSS-3 တစ်တန်လျှင်၂၇၅၀၀ယွမ်မှ ၂၄၀၀၀ ယွမ်ထိကျဆင်းသွားကြောင်း ၊ ဈေးကွက်ဝယ်လိုအားလည်း မရှိသဖြင့် အရောင်း အဝယ်မဖြစ်၍ ရော်ဘာအပို့ကျခဲ့ခြင်းဖြစ်ကြောင်း လကုန်ပိုင်းမှ ယွမ် ၂၅၀၀၀ ခန့်ထိ ဈေးပေးလာသဖြင့် အရောင်းအဝယ် အနည်းငယ်ရှိလာကြောင်း ချင်းရွှေဟော်မှ ချယ်ရီသစ္စာ ကုမ္ပဏီဒါရိုက်တာ ဒေါ်လွင်လွင်မာ ကပြောကြားခဲ့ပါတယ်။ စခန်းအလိုက် ရော်ဘာတင်ပို့မှုများမှာ မူဆယ် ၁၀၅ မိုင်မှ MSR -20 ၄၅ တန်ခွဲ၊ MSR -50 ၉၃ တန်ခွဲ၊RSS-3 ၆၇ တန် ၊ မြိတ်နယ်စပ်မှRSS-5 တန် ၅၀ နဲ့ MSR -50 တန် ၅၀ ၊ ချင်းရွှေဟော်နယ်စပ်မှ RSS-3 ၃၉ တန်ခန့်နဲ့RSS-5 ၉တန်ကျော်ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး တစ်ခုလုံးရဲ့ ရော်ဘာအဆင့်လိုက် တင်ပို့မှုတွေကတော့ MSR -20 ၄၅ တန်ကျော်၊ MSR -50 ၁၄၃ ဒသမ ၅၂ တန်၊ RSS-3 ၁၀၅ ဒသမ ၇ တန်၊RSS-5 ၅၉ ဒသမ ၅ တန်အသီးသီးဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ယခုအပတ် ရော်ဘာ မြေပြင်ပေါက်ဈေးမြင့်လျက်ရှိပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃၁၈၈၄၈၈ ၃၁၈၄၂၀၁ ၄၂၈၇ ၀ .၁၃ ၃၉၄၉ ၃၉၂၉ ၂၀ ၀ .၅RSS-5 ၂၉၁၉၆၈၈ ၂၉၁၅၄၀၁ ၄၂၈၇ ၀ .၁၄ ၃၇၉၁ ၃၇၇၂ ၁၉ ၀ .၅MIRT (DOBT)
အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာအဆင့်စုံ ၆၄၂ တန်ခန့် တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၇၁ သန်းဖိုးကို ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူနဲ့ တရုတ်နိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၂၇၀ အပို့ရှိခဲ့တာမို့ ယခုအပတ်မှာ တန် ၃၇၀ ကျော်ပိုမိုတင်ပို့နိုင်ပါတယ်။ ရော်ဘာအဆင့်လိုက် ပြည်ပသို့ တင်ပို့မှုတွေကတော့ ဗီယက်နမ်သို့MSR-20 တန် ၁၆၀ ၊ စင်္ကာပူသို့MSR-20 တန် ၂၀၂ တန်ခန့် ၊ တရုတ်သို့MSR-20 တန် ၁၄၀ နဲ့ မလေးရှားသို့RSS-3 တန် ၄၀ နဲ့RSS-5 တန် ၁၀၀ အသီးသီး တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခုအပတ်မှာ နယ်စပ်မှ ၃၅၅ တန် အပို့ရှိပြီး ယခင်အပတ်ကထက် ၁၇၇ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ် FOB (ရန်ကုန်) ဈေးနှုန်းတွေကတော့ RSS-3 တစ်တန်ကို ကန်ဒေါ်လာ ၃၅၀၀ မှ ၃၆၀၀ သို့ ဈေးပေါက်လျက်ရှိပါတယ်။ KZW
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၂-၁၁-၂၀၁၀ (ဒေါ်လာ/တန်) ၂၅-၁၀-၂၀၁၁၂-၁၁-၂၀၁၁ ပြောင်းလဲမှု မတ်ပဲ ၇၆၇ ၇၅၂ ပဲတီရွှေဝါ - - - ပဲစင်းငုံ ၆၃၆ ၆၃၀ ကုလားပဲဖြူလုံးကြီး - -
ရန်ကုန် FOB ဈေးနှုန်း ၄-၁၁-၂၀၁၁ (ဒေါ်လာ/တန်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု မတ်ပဲ (အက်ဖ်အေကြူ) 745 740 မတ်ပဲ (အက်စ်ကြူ) 810 800 ပဲတီစိမ်း (ပခုက္ကူ) 740 740 ပဲတီစိမ်း (ရွှေဝါ) 880 820 ပဲတီစိမ်း (အညာ) 720 720 ပဲစင်းငုံ (အနီ) (သစ်) 560 560 ပဲစင်းငုံ (ဖြူနီ) (သစ်) 460 460 ပဲစင်းငုံ (ဖြူ) (သစ်) 460 460 ကုလားပဲဖြူလုံးကြီး 1000 980 ပဲလွန်းဖြူ (အက်ဖ်အေကြူ) 840 790 ပဲလွန်းဖြူ (အက်စ်ကြူ) 950 900 မြေထောက်ပဲ 740 740 ထောပတ်ပဲ 730 730 သက်ဆိုင်ရာ နေ့ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်ခဲ့သည့် အနိမ့်ဆုံးဈေးနှုန်း ဖြစ်သည်။
