Background
ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းမှ မြေထောက်ပဲ တန်ချိန် ၇၀ နီးပါးသာ တင်ပို့ခဲ့ရာမှ ယခု တစ်ပတ်(အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၂၀ ခန့်ထိ တိုးတက် တင်ပို့ လာနိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများမှာ အိန္ဒိယ၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံ တို့ဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း ထော ပတ်ပဲ တင်ပို့မှုမရှိဘဲ ပဲယင်းတန် ချိန် ၂၀၀ ကျော်ကို ဂျပန်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ FOBဈေးကွက်မှာ ယခုတစ် ပတ်အရောင်း အဝယ်မဖြစ်ကြောင်းနဲ့ မြေထောက်ပဲ FAQ ဈေးမှာ တစ် တန်ကန်ဒေါ်လာ ၇၄၀-၇၆၀၊ ပဲယင်း FAQ မှ ကန်ဒေါ်လာ ၄၈၀-၅၀၀ ဖြစ်ကြောင်းသိရပါတယ်။ MIRT-MAPT
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ၂၁ ရက်အထိ စုစုပေါင်းတင်ပို့ပြီး စီးမှုဟာ တန်ချိန် ၁၅၉၀၀ ခန့်၊ ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၁၄ သန်းကျော် ရှိတာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ ပဲလွန်းဖြူတန်ချိန် ၁၆၁၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၃ သန်း ကျော်သာရရှိလို့ ယခင်နှစ်တင်ပို့မှု ပမာ ဏပိုမိုပေမဲ့ ဝင်ငွေအားဖြင့် ယခုနှစ်မှာ ပိုမိုရရှိတာ တွေ့ရပါတယ်။ ယခုတစ်ပတ် အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်အတွင်း တင်ပို့မှု အနေနဲ့ တန်ချိန် ၄၀၀ ကျော်ရှိပြီး တင်ပို့ တဲ့ နိုင်ငံများကတော့ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက် အတွင်း ပဲလွန်းဖြူ အရောင်းအဝယ် ဖြစ်မှုမှာ တန်ချိန် ၁၂၀ ခန့်သာရှိလို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၄၀၀ ကျော်ထက် လျော့ကျ ခဲ့ပါတယ်။ လက်ကျန်နည်းလာပြီဖြစ်လို့ အရောင်းအဝယ်ဖြစ်မှုနည်းပါးလာပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ် ဈေးဖြစ်တဲ့ FAQ တစ်တန်ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ နဲ့ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ငြိမ်နေပါတယ်။ MIRT-MAPT
ပြည်ဈေးကွက်ရဲ့ ပဲစင်းငုံဈေးမှာ အောက်တိုဘာလဆန်းပိုင်းမှ လလယ်ထိ ပိဿာ ၂၀ တစ်တင်းကို ၁၄၅၀၀ ကျပ်ရှိပြီး၊ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အေးခဲ့ပါတယ်။ ယခုအောက်တိုဘာ နောက်ဆုံးပတ်မှာတော့ တစ်တင်းကို ၁၃၅၀၀ ကျပ်သာရှိပြီး၊ လှောင်လက်များ ထုတ်ရောင်းချမှုရှိမှသာ အရောင်းအဝယ်ဖြစ်တယ် လို့ သိရပါတယ်။ ဒါကြောင့် အရောင်းအဝယ်ပုံမှန်မရှိခဲ့ဘဲ အရောင်းအဝယ်ရှိတဲ့ ရက်များမှာတော့ အိတ် ၄၀၀ နဲ့ ၅၀၀ ကြား အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ
မုံရွာကုန်စည်ဒိုင်ပဲဈေးကွက်မှာ ဒေသထွက်အရောင်းသွက်တဲ့ Export ပဲအချို့လက်ကျန် ပြတ်သလောက် နည်းသွားချိန်မှာ ဒေသခံ ကုန်သည်အချို့နဲ့ ရန်ကုန်ဝယ်လက်ဝယ်လိုအားတက်လာခဲ့လို့ ယခင်အပတ်ကထက် အရောင်းအဝယ် အားကောင်း သွက်လက်ခဲ့ပါတယ်။ ယခုရက်ပတ်ထဲမှာ တစ်တင်းအနိမ့်ဆုံး ၁၂၅၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၃၅၀၀ ကျပ်ထိ ဈေးရလာခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် ကိုအိတ် ၁၅၀၀ ခန့်အထိ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်ရပ် ကွက်က ကြားသိရပါတယ်။ စီးဆင်းမှုအနေနဲ့ ရာသီဥတုနဲ့ လမ်းပန်းအခြေအနေ အရ မန္တလေးကို အိတ် ၁၀၀၀ ခန့်နဲ့ ရန်ကုန်ကို အိတ် ၁၂၀၀ ခန့်သာ စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေက ဝယ်လိုအားရှိတာကြောင့် မြန်မာပဲစင်းငုံလီမွန်နဲ့ ကာနာတာကာပဲစင်းငုံဈေးများ မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ပဲစင်းငုံလီမွန်နဲ့ ပြည်တွင်းကာနာတာကာ၊ မဟာရပ်ရှတရာ ပဲစင်းငုံဈေးမှာ တစ်တန် ရူပီး ၃၀၀၀ (ကန်ဒေါ်လာ ၆၀) ခန့်ကွာခြားမှုရှိနေပါတယ်။ လတ်တလောဝယ်လို အားကောင်းနေတာကြောင့် ပဲစင်းငုံလီမွန်ဈေး အနည်းငယ်ထပ်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ပြည်တွင်းပဲအသစ်ထွက်လာတော့မှာဖြစ်လို့ ကာလ တိုအတွင်းမှာ ဈေးတည်ငြိမ် မယ်လို့လည်း အချို့က ခန့်မှန်းထားပါတယ်။ ဈေးကွက် များအတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် ၂၅-၁၀-၁၁ ၂၄-၁၀-၁၁ ၂၂-၁၀-၁၁ ၂၁-၁၀-၁၁မွန်ဘိုင်း ၆၃၃-၆၃၈ ၆၃၂ ၆၁၂ ၆၁၄ဒေလီ ၆၈၂-၆၈၄ ၆၈၀-၆၈၂ ၆၆၀-၆၆၂ ၆၅၇-၆၅၉ချန်နိုင်း ၆၁၃-၆၁၈ ၆၁၂-၆၁၇ ၆၀၇-၆၁၂ ၆၀၄-၆၀၉MIRT-MAPT
ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ဈေးကွက်အတွင်းပဲအားလုံးထဲမှာ အရောင်း အဝယ်အသွက်ဆုံး ပဲကတော့ ယခုတစ်ပတ် ပဲစင်းငုံပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရန်ကုန် FOB ဈေးကွက်မှာ ပဲစင်းငုံနီ၊ ဖြူကြား အရောင်း အဝယ်ဖြစ်မှုဟာ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၁၂၀၀၀ ကျော်တဲ့အထိ စံချိန်တင် တိုးတက်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ထဲမှာ ဈေးအနိမ့်ဆုံး ရှမ်းစတွေပိုများတယ်လို့ သိရပါ တယ်။ အိန္ဒိယဝယ်လက်များ လတ်တလောရောင်းဖို့အတွက် ချက်ချင်းသင်္ဘော တင်ဖို့ ဈေးအသက်သာဆုံးပဲများ ဝယ်ယူနေခြင်းဖြစ်တယ်လို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ အိန္ဒိယမှာလည်း လာမယ့်လတွေမှာ ပဲအသစ်ဝင်တော့မှာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်အတိုင်း အောက်တိုဘာလ ၂၈ ရက်မှာလည်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၅၆၀-၅၈၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၆၀- ၄၈၀ နဲ့ ငုံနီ(အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀ ဖြစ်ပါတယ်။ MIRT-MAPT
ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် တစ် ထောင်ကျော်သာရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာ တန်ချိန် ၂၆၀၀ ကျော်တင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တို ဘာ ၂၁ရက်အထိ တင်ပို့ပြီးစီးမှုအနေနဲ့ ပဲစင်းငုံတန်ချိန် ၁၂၉၀၀၀ ခန့်ရှိပြီး ဝင်ငွေ အားဖြင့် ကန်ဒေါ်လာ ၈၂ သန်းကျော်ရရှိပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၆၂၀၀၀ ကျော်၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ၆၀ သန်းကျော်ရှိလို့ယခုနှစ်မှာတင်ပို့မှုပမာဏ ၁ ဆကျော်ပိုမိုတင်ပို့နိုင်ပေမဲ့ ရရှိတဲ့ ဝင်ငွေအားဖြင့် ယခင်နှစ်ဈေးကို မမီတဲ့အတွက် ဝင်ငွေနည်းတာတွေ့ရပါတယ်။ လတ်တလော ပဲစင်းငုံအရောင်းအဝယ်သွက်နေလို့ လာမယ့် သီတင်းပတ်မှာ ပိုမိုတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ MIRT-MAPT
ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲကို တောင်သူများ အဓိက ထားစိုက်ပျိုးပါတယ်။ မတ်ပဲ စိုက်တဲ့ ရာသီနီးလာပြီဖြစ်လို့ ဟင်္သာတရဲ့ ကိုင်းမြေမှာ စိုက်ပျိုးတဲ့ တောင်သူများဟာ မတ်ပဲမျိုးများကို ဝယ်ယူ နေကြကြောင်း သိရပါတယ်။ မျိုးမတ်ပဲတစ်တင်း လက်ကားဈေးမှာ ၂၁၀၀၀ ကျပ်ရှိပြီး၊ လက်လီ ဝယ်ဈေးကတော့ တစ်တင်း ၂၂၀၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ အရောင်း အဝယ်အများဆုံးဖြစ်တဲ့ မျိုးတွေကတော့ အထွက်နှုန်း ကောင်းတဲ့ဒေသမျိုး၊ ရေဆင်း၅ မျိုးတွေဖြစ်တယ်လို့ သိရပါတယ်။ ယခုအပတ်မတ်ပဲဈေးကတော့ တစ်တင်း ၁၈၀၀၀ ကျပ်နဲ့ ဈေးအေးနေ တာတွေ့ရပါတယ်။ ပဲရောင်းဝယ်မှု အနေနဲ့ နေ့စဉ်ဖြစ်တဲ့ပေါက်ဈေးများနဲ့ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်သို့ တစ်ပတ်အတွင်း ၁ တင်းခွဲဝင်အိတ် ၅၀၀၀ ခန့် တင်ပို့တယ်လို့သိရပါတယ။် အေးအေးခိုင်
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲအသစ်တွေ ဝင်ရောက်မှုများလို့ ပြီးခဲ့တဲ့ သီတင်းပတ်အထိ မတ်ပဲဈေး အကျဘက်ဆင်းနေခဲ့ရာမှ ယခုသီတင်းပတ်မှာတော့ ပွဲတော်အတွက် ခွဲစက်သမားတွေ အဝယ်တက်လာလို့ မတ်ပဲဈေးပြန်မာလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ အရည်အသွေးပေါ်လိုက်ပြီး ဈေးကွာခြားမှုတော့ ရှိပါတယ်။ မြန်မာ မတ်ပဲဈေးဟာ တင်သွင်းစရိတ်ကြီးမြင့်ခြင်းနဲ့အတူ ဈေးမာနေပါတယ်။ ဒီရက်ပိုင်းအတွင်းဈေးကွက်ကို ဝင်ရောက်မှုနည်းတဲ့အပြင် အရည်အသွေးကောင်း မတ်ပဲ များ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဘာသာ ရေး ပွဲတော်များကြောင့် ဈေးကွက်တော်တော်များများ ပိတ်ထားတယ်လို့ သိရပါ တယ်။ ဒါပေမဲ့ နောက် ၂ ရက်လောက်အတွင်းမှာတော့ ဈေးဆက်လက် မာနိုင်တယ်လို့ ခန့်မှန်းကြောင်း သိရပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၂၅-၁၀-၁၁ ၂၄-၁၀-၁၁ ၂၂-၁၀-၁၁ ၂၁-၁၀-၁၁မွန်ဘိုင်း ၇၆၄-၇၆၉ ၇၆၃-၇၆၈ ၇၅၂-၇၅၇ ၇၄၈-၇၅၃ဒေလီ ၅၄၃-၆၈၄ ၅၃၂-၆၆၂ ၅၂၂-၆၄၂ ၅၁၉-၆၃၉ချန်နိုင်း ၈၃၉ ၈၃၈ ၈၁၃ ၈၀၀MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်များမှာ မတ်ပဲ အရောင်းအဝယ် အသင့်အတင့်သာ ဖြစ်နေပါတယ်။ ဒါ့အပြင် ပိတ်ရက်များကြောင့် ယခုတစ်ပတ် အောက်တိုဘာ၂၁ ရက်မှ ၂၇ ရက်အတွင်းမှာမတ်ပဲတန်ချိန် ၄၄၀၀ ကျော်သာ ပြည်ပအရောင်းအဝယ် စာချုပ်ခဲ့ကြောင်းသိရပါတယ်။ အိန္ဒိယဈေးကွက် တွေမှာ မတ်ပဲအသစ်များ ဝင်ရောက်နေခြင်းနဲ့ အိန္ဒိယ ရူပီးတန်ဖိုးကျဆင်းနေခြင်း တို့ကြောင့် ပြည်ပမတ်ပဲအဝယ် နှေးနေခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ပမာဏအနည်းငယ်စီနဲ့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ဒီဇင်ဘာလလောက်မှာတော့ မြန်မာမတ်ပဲများ အဝယ်ပြန်လိုက်လာနိုင်လို့ လက်ကျန်နည်းတဲ့ မတ်ပဲဈေးပြန်ကောင်း လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာဖြစ်ပေါ်တဲ့ ဈေးနှုန်းအပြောင်းအလဲ များ ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၂၈-၁၀-၁၁ ၇၄၅-၇၆၅ ၈၁၀-၈၃၀၂၁-၁၀-၁၁ ၇၅၀-၇၇၀ ၈၁၀-၈၃၀MIRT-MAPT