Background
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန်ချိန် ၁၈၀ ခန့်သာရှိခဲ့ရာမှ ယခု အောက်တိုဘာလ ပထမပတ် (အောက်တိုဘာ ၂ ရက်မှ ၇ ရက်) အတွင်းမှာ တော့ တန်ချိန် ၄၁၀ ကျော်ထိ တင်ပို့မှု တိုးတက်ခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် အတွင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၁၅၂၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအောက်တိုဘာ၇ ရက်အထိ မှာ တန်ချိန် ၁၅၇၀၀ ခန့်ရှိလို့ ယခုနှစ်မှာ အနည်းငယ်လျော့ကျတင်ပို့မှု ရှိခဲ့တာ တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး FOB ဈေး ကွက်မှာ ယခုတစ်ပတ် (အောက်တို ဘာ ၇ ရက်မှ ၁၃ ရက်) အတွင်း တန် ချိန် ၁၃၀ ကျော် အရောင်းအဝယ် စာချုပ် ချုပ်နိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၁၃ ရက်အထိမှာတော့ တန် ချိန် ၅၂၀ ကျော် အရောင်းအဝယ် ရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက် FOB ဈေးမှာ ယခင်သီတင်း ပတ် ဈေးအတိုင်း FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ နဲ့ ငြိမ်နေ ကြောင်း သိရပါတယ်။ MIRT-MAPT
ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ FOB ဝယ်လက်မရှိလို့ အရောင်းအဝယ်မဖြစ်သလောက်ပါးခဲ့ကာဈေးလည်းတစ်ရက်ထက်တစ်ရက် ကျဆင်းသွားခဲ့တာတွေ့ရပါတယ်။ ယခုလထဲမှာ တစ်တင်း ၁၄၂၀၀ ကျပ်ထိ အမြင့် ဆုံးပေါက်ခဲ့ရာက ယခုတစ်ပတ်မှာ တစ်တင်း ၁၃၁၀၀ ကျပ်ထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ မန္တလေးလက်အနည်းငယ်နဲ့ ပခုက္ကူလက်အဝယ် အနည်းငယ်ရှိခဲ့လို့ တစ်ရက်တင်း ၂၀၀၊ ၃၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မုံရွာ ကုန်စည်ဒိုင်ဈေးကွက်ထဲမှာ ဒေသခံကုန်သည် အချင်းချင်း ကြိုက်ရောင်း ကြိုက်ဝယ် အသင့်အတင့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အတွင်း စီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၁၀၀၀ ခန့်နဲ့ ပခုက္ကူကို တင်း ၁၂၀၀ ခန့်ရှိခဲ့ ကြောင်း သိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲစင်းငုံဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ပြန်လည်ခိုင်မာလာပါတယ်။ ဂျယ်ဂွန်နဲ့ အာကိုလာမှာ ပဲစင်းငုံ ၂ ရာခိုင်နှုန်းခန့် ပျက်စီးတဲ့ သတင်းများအရ ဈေးအနိမ့်မှာ ပဲခွဲစက်များက ဝယ်ယူမှု ရှိတာကြောင့် ဈေးပြန်မာလာတာဖြစ်ပါတယ်။ အတ္တရာပရာဒေ့ရှ်ရှိ ပဲထုတ် လုပ်ရာ ဒေသများမှာ ပဲစင်းငုံအရည်အသွေးကောင်းမွန်ကြောင်း သိရပါတယ်။ နောက် ၂ ရက်- ၃ ရက်ခန့်တွင် ပဲစင်းငုံဈေး အနည်းငယ်မြင့်တက်နိုင်ပြီး ပဲအသစ်များ နောက်၂၀-၂၅ ရက်ကျော်မှသာ ဝင်ရောက်ဖွယ်ရှိတာကြောင့် လာမယ့်ရက်များမှာ ဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်း ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ၁၃-၁၀- ၁၁ ၁၂-၁၀-၁၁ ၁၁-၁၀-၁၁ ၁၀-၁၀-၁၁မွန်ဘိုင်း ၆၃၃ ၆၁၃-၆၁၈ ၆၁၄-၆၁၉ ၆၁၃-၆၁၈ဒေလီ ၆၇၃-၆၇၅ ၆၅၉-၆၆၀ ၆၄၂-၆၄၄ ၆၅၁-၆၅၃ချန်နိုင်း ၆၁၇ ၆၁၃ ၆၁၄ ၆၁၃MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ ပဲစင်းငုံနီကို FOB အရောင်းအဝယ် မရှိသလောက်နည်းတာ တွေ့ရပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၁၄၀၀ ခန့် ပြည်ပအရောင်းအဝယ် စာချုပ်ခဲ့ပေမဲ့ ယခုသီတင်းပတ် (အောက်တိုဘာ လ ၇ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ ပဲစင်းငုံနီခွဲခြမ်း တန်၅၀ခန့်သာ အရောင်းအဝယ်စာချုပ်ခဲ့ပြီး ပဲစင်းငုံဖြူနီနဲ့ အနီမှာ အရောင်းအဝယ်ဖြစ်မှုမရှိကြောင်း သိရပါတယ်။ အိန္ဒိယဝယ်လက်များအနေနဲ့ ပြည်တွင်းမှာ ဈေးကျဆင်းနေခြင်း၊ ပဲအသစ်မထွက်မီ ဈေးသက်သာတဲ့ အာဖရိကပဲစင်းငုံကို ဝယ်ယူဖို့ စောင့်ကြည့်နေခြင်း တို့ကြောင့် မြန်မာပဲစင်းငုံ အဝယ်နည်းသွားခြင်းဖြစ်ပါတယ်။ အရောင်းအဝယ်နည်း ပြီး ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်းတို့ကြောင့် ရန်ကုန် FOB ဈေးလည်း ကျခဲ့ပါတယ်။ ပဲစင်းငုံနီ ဖြူနီ ငုံနီ(အဟောင်း)၁၄-၁၀-၁၁ ၅၈၀-၆၀၀ ၄၈၀-၅၀၀ ၅၇၀-၅၉၀၇-၁၀-၁၁ ၅၉၅-၆၁၅ ၄၇၀-၄၉၀ ၅၈၀-၆၀၀MIRT(MAPT)
ယခင်သီတင်းပတ်များက ပြည်ပကို ပဲစင်းငုံတန်ချိန် ၆၀၀၀ ကျော်၊ ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်း မှာတော့ တန်ချိန် ၅၁၀၀ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ ပြည်ပဝယ်လိုအား နည်းတာကြောင့် တင်ပို့မှုလျော့ကျလာခြင်းဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင် ဘာလ ၇ ရက်နေ့အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၂၅၀၀၀ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက တန်ချိန် ၅၈၀၀၀ ကျော်ရှိလို့ ယခုနှစ်ကာလတူမှာ တစ်ဆကျော်ပိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။ လတ်တလောမှာ ပြည်ပအရောင်း အဝယ်နည်းလို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။ MIRT-MAPT
ပြည်ပွဲရုံတွေရဲ့ မတ်ပဲဈေးမှာ ယခင်တစ်ပတ်ကဈေးအတိုင်း ငြိမ်နေပြီး၊ ပဲတစ်တင်း ၁၈၅၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ သီတင်းကျွတ်ပွဲတော်ရက် ဖြစ်လို့အရောင်းအဝယ်အေးနေပြီး၊ ဈေးလည်းအေးနေပါတယ်။ မြို့ခံပဲကုန်သည် များမှ တစ်နေ့ ပဲအိတ် ၄၀၀-၅၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိပြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်၊ လက်ပံတန်း၊ အုတ်ဖို၊ ကြို့ပင်ကောက်ဘက်မှ ရန်ကုန် ဘုရင့်နောင် သို့ တစ်နေ့ကို ပဲအိတ် ၂၀၀၀ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ မိမိအေး
အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခင်ရက်များက မတ်ပဲဈေးအကျဘက်ဆင်းနေခဲ့ရာမှ ယခုသီတင်းပတ်နှောင်းပိုင်းမှာတော့ ဈေးအနိမ့်နဲ့ လှောင်လက် များဝယ်ယူလာတာကြောင့် အတက်ဘက် ဦးတည်လာခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ် ဈေးကွက်များမှာ မတ်ပဲပျမ်းမျှ အရည်အသွေးလိုက်ပြီး တစ်တန်ကို ရူပီး ၅၀၀ - ၁၀၀၀(ကန်ဒေါ်လာ ၁၀ ဒသမ ၁၇ -၂၀ ဒသမ ၃၃) မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ မတ်ပဲဈေးမြင့်တက်မှုက နောက် ၂ ရက် ၃ ရက်အတွင်း ယာယီမျှသာဖြစ်နိုင်ပြီး မတ်ပဲအသစ်များ ရရှိနိုင်တာကြောင့် ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၃-၁၀-၁၁ ၁၂-၁၀-၁၁ ၁၁-၁၀-၁၁ ၁၀-၁၀-၁၁မွန်ဘိုင်း ၇၆၅ ၇၆၁ ၇၆၂ ၇၆၁ဒေလီ ၅၅၁-၆၇၃ ၅၇၂-၆၈၄ ၅၇၃-၆၇၅ ၅၈၂-၆၇၄ချန်နိုင်း ၈၂၆ ၈၀၇ ၈၁၃-၈၁၈ ၈၂၇MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်ဖြစ်မှုကတော့ ယခင်သီတင်းပတ်ထက် ထက်ဝက်ခန့် လျော့ကျလာပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်နှေးတာကြောင့် ယခင်သီတင်း ပတ်က တန်ချိန် တစ်သောင်းကျော်အရောင်းအဝယ်စာချုပ်ခဲ့ရာမှ ယခုသီတင်းပတ် (အောက်တိုဘာ လ ၇ ရက်မှ ၁၃ ရက်) အတွင်းမှာတော့ သီတင်းကျွတ်ပိတ်ရက် ရှိခြင်းကြောင့် တန်ချိန် ၅၀၀၀ ကျော်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ လတ်တလော အိန္ဒိယဈေးကွက်တွေမှာ မတ်ပဲအသစ်တွေ ရောင်းချနေလို့ မြန်မာမတ်ပဲ အဝယ်အေးနေတာဖြစ်ပေမဲ့ လာမယ့်လများမှာ မတ်ပဲသစ် ဝင်ရောက် မှု ပြီးဆုံးသွားရင်တော့ မြန်မာမတ်ပဲ အဝယ်ပြန်လိုက်လာနိုင်တယ်လို့ ကုန်သည်ကြီး များက ခန့်မှန်းထားပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အနည်းငယ်ကျဆင်း ခဲ့သလို ပြည်ပအဝယ်နှေးတာကြောင့် ရန်ကုန် FOB ဈေးလည်း အနည်းငယ်လျော့ ကျခဲ့ပါတယ်။ ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ)၁၄-၁၀-၁၁ ၇၄၀-၇၆၀ ၈၁၅-၈၃၅၇-၁၀-၁၁ ၇၅၅-၇၇၅ ၈၃၀-၈၅၀MIRT(MAPT)
ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ ယခင်သီတင်းပတ်များက တန်ချိန် နှစ်သောင်းကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၂ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၁၆၀၀၀ ကျော်ကို လျော့ကျတင်ပို့ခဲ့ တာ တွေ့ရပါတယ်။ လတ်တလော အရောင်းအဝယ်ဖြစ်မှုနည်းတဲ့အတွက် ယခင်အရောင်းအဝယ် ဖြစ် ထားတဲ့ ပဲများတင်ပို့နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာလ ၇ ရက်အထိ မတ်ပဲစုစုပေါင်း တင်ပို့မှု ဟာ တန်ချိန် ၄၂၀၀၀၀ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၂၇၅၀၀၀ ကျော်သာရှိတာ တွေ့ရပါတယ်။ အိန္ဒိယမှာ မတ်ပဲအသစ်ဝင်တဲ့ကာလဖြစ်လို့ ဝယ်လို အားနည်းပြီး တင်ပို့မှုနည်းခြင်းဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိတယ်လို့ ကုန်သည်ကြီးများက ခန့်မှန်းထားပါတယ်။ MIRT-MAPT
တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး စီမံခန့်ခွဲတဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့ ပြန်လည် ထူထောင်ရေး ကော်မရှင် NDRC ဟာ တောင်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွမ်ရှီးရှိ သကြားထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ၂ ခုကို ဈေးနှုန်းမြင့် တက်မှုကိုဖြစ်စေတဲ သကြားသိုလှောင်မှုကို ရပ်တန့်ဖို့ ထုတ်ပြန်ချက်ကို စက်တင်ဘာလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ သကြားထုတ်လုပ်တဲ့ ကုမ္ပဏီ ၂ ခုဟာ ကွမ်ရှီးနန်ဟွနဲ့ ကွမ်ရှီး ဖောင်တန်ဖုန်တန်း တို့ဖြစ်ပြီး၊ နိုင်ငံရဲ့အဓိက သကြားထုတ်လုပ်တဲ့ဒေသရှိ သကြားကုမ္ပဏီ ၁၀ ခုကျော်ကို NDRC မှ စစ်ဆေးစဉ် ယင်းကုမ္ပဏီ ၂ ခုဟာ သကြား ပမာဏ အမြောက်အမြား သိုလှောင်ထားတာကို တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီ ၂ ခု သိုလှောင်ထားတဲ့ သကြားပမာဏ တန်ချိန် ၁၇၀၀၀၀ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလို ပမာဏ ကြီးကြီးမားမား ကိုင်ဆောင်ထားတဲ့အတွက် ဈေးကွက်တွေမှာရောင်းအားနည်းလာပြီး၊ သကြားဈေး သိသိသာသာမြင့်တက်လာဖို့ ဦးတည်စေတာကြောင့် အဲဒီလိုလုပ်ဆောင်ခြင်းဟာ ဈေးနှုန်းဥပဒေနဲ့ စည်းမျဉ်းကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ NDRC က ၎င်းင်းရဲ့ ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံအတွင်းမှာ ထုတ်လုပ်မှု လျော့ကျခြင်းနဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်ခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ်ကထဲက သကြားဈေးဟာ မြန်ဆန်စွာ မြင့် တက်လာခဲ့ပါတယ်။ ဒါ့အပြင် တရားမဝင် သိုလှောင်ထိန်းသိမ်းခြင်းနဲ့ ဈေးနှုန်း ထိန်းချုပ်ခြင်းကလည်း ဈေးနှုန်းကို ကြီးမြင့်စေတယ်လို့ဆိုပါတယ်။NDRC က ယင်း ကုမ္ပဏီ ၂ ခုအနေနဲ့ ၎င်းင်းတို့ သိုလှောင်သကြားများကို အောက်တိုဘာ ၁၅ ရက် မတိုင်မီ ဈေးကွက်ထဲကို တစ်တန် ယွမ် ၇၀၀၀ (ကန်ဒေါ်လာ ၁၁၀၀)ထက် မပိုတဲ့ ဈေးနဲ့ ရောင်းချရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အကယ်လို့ အဲဒီကုမ္ပဏီ ၂ ခုဟာ ထုတ်ပြန်ထားတဲ့အတိုင်း ရောင်းချခြင်း မပြုပါက ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒေသဆိုင်ရာ အဖွဲ့ အစည်းများအနေနဲ့ အဓိကသကြားထုတ်လုပ်တဲ့ ကုမ္ပဏီများကို လည်း ကြပ်ကြပ်မတ်မတ် စစ်ဆေးဖို့နဲ့ သိုလှောင်ထိန်းသိမ်းခြင်း၊ ဈေးနှုန်းထိန်းချုပ် ခြင်းတွေကို တားမြစ်ဖို့လည်း NDRC မှ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NDRC မှ ထုတ်ပြန်တဲ့ သတင်းအရ တရုတ်နိုင်ငံရဲ့ အဓိက သကြားထုတ်လုပ်တဲ့ ကွမ်ရှီး မြို့တော် နန်နင်းမှာ သကြားဈေးဟာ သြဂုတ်လ ၁၈ ရက်မှာ သကြား တစ်တန် ယွမ် ၇၇၂၁ (ကန်ဒေါ်လာ ၁၂၁၃)ရှိခဲ့ရာမှ သြဂုတ်လကုန်မှာ ယွမ် ၇၆၆၀ (ကန်ဒေါ်လာ ၁၂၀၄)ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင် Source: Xinhua