Background
စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၉၈၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၇၇၁ တန်နဲ့ နှံစားပြောင်း ၄၈၅ တန်ခန့် အပို့ရှိခဲ့ပြီး ယခုအပတ်မှာချင်းရွှေဟော် နယ်စပ်မှ ပြောင်း အပို့မရှိ ဘူးလို့ သိရပါတယ်။ ယခုအပတ် မူဆယ်မှ ပြောင်းတင်ပို့ မှုသည် ယခင်အပတ် ကထက် ပြောင်း ၂၆၅၃ တန် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ စက်တင်ဘာလအတွင်း ပြောင်းတင်ပို့မှုမှာ ၃၃၂၄၈ တန်ဖြစ်ပြီး ဧပြီလမှ စက်တင်ဘာလထိ ပြောင်းတင်ပို့မှုမှာ တန် ၂၇၅၀၀၀ ကျော် ရှိပြီးဖြစ်ပါတယ်။ မိမိဘက် မြေပြင်ပေါက်ဈေးများ ယခုအပတ်အနည်းငယ်မြင့်တက်လျက်ရှိပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၂၈၃၆၅ ၂၂၇၁၇၅ ၁၁၉၀ ၀ .၅ ၂၈၂ ၂၉၀ ၈ ၃နှံစားပြောင်း ၂၅၃၀၀၀ ၂၄၆၀၉၁ ၆၉၀၉ ၃ ၃၆၇ ၃၄၅ ၂၂ ၆MIRT(DOBT)
စက်တင်ဘာ ၂၅ မှ အောက်တိုဘာ ၁ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၁၄၆၇ တန်၊ ဒေါ်လာ ၀ ဒသမ ၄၂၃ သန်းဖိုးကို စင်္ကာပူနဲ့ ဗီယက်နမ်နှစ်နိုင်ငံကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၉၀၀ ကျော်သာ တင်ပို့ခဲ့တာကြောင့် ယခုတပတ်မှာ တန် ၅၀၀ ကျော်တင်ပို့မှုပိုမိုပါတယ်။ နယ်စပ် ကလည်း တန် ၁၀၀၀၀ ကျော်ပုံမှန်တင်ပို့နေရတာတွေ့ရပါတယ်။ FOB ရန်ကုန် ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဒေါ်လာ (၂၉၀-၃၀၅) ကြားဈေးပေါက် လျက် ရှိကြောင်းသတင်းရရှိပါတယ်။ KZW
ရော်ဘာဈေးနှုန်းတွေ ကျဆင်းနေရာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုအများဆုံး ထိုင်းနိုင်ငံက ယခုနှစ်အတွင်း ရော်ဘာထုတ် လုပ်မှု ၃ ဒသမ ၅ ရာခိုင်နှုန်းလျှော့ချဖို့ ရည်ရွယ်နေကြောင်း သိရတယ်။ ထိုင်းနိုင်ငံက ၎င်းကိုယ်တိုင် ရော်ဘာထုတ်လုပ်မှု လျှော့ချမယ့်အပြင် အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကိုလည်း ရော်ဘာထုတ်လုပ်မှုလျှော့ချဖို့ တိုက်တွန်းသွားမှာဖြစ်ကြောင်း၊ ဒါမှသာ ရော်ဘာဈေးနှုန်းပြန်လည်ဦးမော့လာမှာဖြစ်ကြောင်း ထိုင်းနိုင်ငံရော်ဘာလုပ်ငန်းမှ အရာထမ်းတွေက အောက်တိုဘာလ ၄ ရက်နေ့မှာ ပြောကြားခဲ့တယ်။ ၂၀၁၁ ခုနှစ် ၊ ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေက တစ်တန်ကို ကန်ဒေါ်လာ ၆၅၀၀ အထက်ထိ ရောက်ရှိ စံချိန်တင်ခဲ့သော်လည်း နောက်ပိုင်းတဖြည်းဖြည်းအားနည်းလာရာအောက်တိုဘာလဆန်းပိုင်းမှာ (ထိုင်း RSS-1) ဆိုရင် တစ်တန်ကို ဒေါ်လာ ၄၁၀၀ ဝန်းကျင် အထိ ကျဆင်းလာတယ်။ ကမ္ဘာ့စီးပွားရေး အခြေအနေအပေါ် စိုးရိမ်ပူပန်မှု တွေက ကုန်ကြမ်းပစ္စည်းတွေ ဝယ်လိုအားကိုကျဆင်းစေပြီး ရေနံအပါအဝင် အခြားကုန်စည်တွေ ဈေးကျဆင်းမှုနဲ့ အတူ ရော်ဘာဈေးနှုန်း တွေလည်း ကျဆင်းသွားခြင်းဖြစ်တယ်။ ဒါကြောင့် ထိုင်းအစိုးရသစ်က ပြည်တွင်းရှိ ရော်ဘာထုတ်လုပ်သူတွေကို အပင်အိုတွေကိုခုတ်ပြီး အပင်သစ် စိုက်ပျိုးခြင်းကို တွန်းအားပေးဖို့ စီစဉ်နေခြင်းဖြစ်တယ်။ ရော်ဘာအပင်သစ် တစ်ပင်စိုက်ပျိုးပြီး ၇ နှစ်ကြာမှ အစေးထုတ်ယူ နိုင်ကြောင်း ၊ ယခုနှစ်မှ စပြီး နှစ်စဉ်ရော်ဘာတန်ချိန် ၁၂၀၀၀၀ လျှော့ချထုတ်လုပ်သွားဖို့ စီမံနေကြောင်း သိရတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် ၊ ထိုင်းနိုင်ငံရဲ့ ရော်ဘာထုတ်လုပ်မှုကို တန်ချိန် ၃ ဒသမ ၃၅ သန်းလို့ ခန့်မှန်းထားရာ ယခင်နှစ်က ထုတ်လုပ်မှု တန်ချိန် ၃ ဒသမ ၂၅ သန်းထက် ပိုမိုနေတယ်လို့ သိရတယ်။ ၂၀၁၁ ခုနှစ် အတွင်း အင်ဒိုနီးရှားရဲ့ ရော်ဘာထုတ် လုပ်မှုကိုလည်း တန်ချိန် ၂ ဒသမ ၉ သန်း ဝန်းကျင်ဖြစ်မယ်လို့ ခန့်မှန်းထားရာ ယခင်နှစ်ထုတ်လုပ်မှု တန်ချိန် ၂ ဒသမ ၇၄ သန်းထက် ပိုမိုနေကြောင်း သတင်းရရှိတယ်။ ပပ၊Source:theedgemalaysia.com
ယခုနှစ် ရော်ဘာထုတ်လုပ်နိုင်မှုဟာတရုတ်၊ အင်ဒိုနီးရှားနဲ့မလေးရှားတို့က အထွက်နှုန်းတက်တာကြောင့် ယခင် ခန့်မှန်းချက်ထက် ပိုမိုထုတ်လုပ်နိုင်ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း(ANRPC)ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ANRPC အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ရောင်းလိုအားရဲ့ ၉၂ ရာခိုင်နှုန်းကို ထုတ်လုပ်ပြီး ၅ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ကာ တန်ချိန် ၁၀ သန်း ပိုမိုထုတ်လုပ်နိုင်မယ်လို့ လစဉ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကနဦး ခန့်မှန်းချက်အရ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်း တိုးတက်ပြီး တန်ချိန် ၉ ဒသမ ၉၆ သန်းကို ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ ရောင်းလိုအား တိုးတက်နိုင်ပေမဲ့ သဘာဝရော်ဘာရဲ့ အခြေအနေ တည်ငြိမ်မှုမရှိနိုင်သေးကြောင်း ကွာလာလမ်ပူအခြေစိုက် ရော်ဘာအသင်းရဲ့ စီးပွားရေးပညာရှင်ကပြောကြားခဲ့ပါတယ်။ ရော်ဘာရဲ့ အလားအလာက ယခုနှစ်မှာ အမေရိကန်စီးပွားရေး ကျဆင်းခြင်းနဲ့ ဥရောပကြွေးမြီအကြပ်အတည်းကြောင့် တာယာနဲ့လက်အိတ် ထုတ်လုပ်ရေးအတွက် ဝယ်လိုအားကျဆင်းပြီး ၂၇ ရာခိုင်နှုန်းခန့်ဆုံးရှုံးဖွယ်ရှိ ကြောင်း ၎င်းင်းကခန့်မှန်း ပြောကြားခဲ့ပါတယ်။ ရော်ဘာဈေးကွက်က ရေတိုမှာ ဆက်လက်ပြီး အပြောင်းအလဲမြန်နေဦးမှာဖြစ်ကာ ရောင်းလိုအားနဲ့ ဝယ်လိုအားအခြေနေက ဈေးနှုန်းကိုချုပ်ကိုင်သွားမှာဖြစ်ကြောင်း ၎င်းစီးပွားရေး ပညာရှင်က ပြောကြားခဲ့ပါတယ်။ တတိယ (၃) လပတ်မှာ အထွက်နှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်းကနေ ၆ ဒသမ ၁ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားတို့ရဲ့ သုံးစွဲမှုက ကမ္ဘာ့ဝယ်လိုအားရဲ့ ၄၅ ရာခိုင်နှုန်းရှိပြီး တတိယ (၃) လပတ်မှာ ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ပထမနဲ့ ဒုတိယ (၃) လပတ်တွေမှာ ၁ ရာခိုင်နှုန်းနဲ့ ၄ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: Bloomberg .com,KZW
စိုက်ပျိုးစရိတ် အရင်းအနှီးကြီးသလို မျိုး၊ မြေနဲ့သွင်းအားစု ဖြည့်ဆည်းရာမှာ ခက်ခဲနက်နဲလွန်းပြီး ဈေးကွက်မှာ ပေါက်ဈေး အနိမ့်အမြင့်၊ အတက်အကျကြမ်းတဲ့အတွက် ယာသမား တိုင်း မစိုက်ရဲတဲ့သီးနှံကတော့ ကြက်သွန်နီ ဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ မျိုးစေ့ပျိုးရာကနေ တူးဖော်ချိန်အထိ အချိန်တိုင်းနေ့ တိုင်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရသလို ရေလိုရင်ရေ၊ ဆေးလိုရင်ဆေး၊ မြေဆီလိုရင်မြေဆီ၊ ရာသီဥတုကိုကြည့်ပြီး အချိန်အဆ အတိုင်းအဆ မှန်မှန်ဖြည့်ဆည်းဖို့ အလိုအပ်ဆုံး သီးနှံပါ။ ဒီလို မှော်ဆန်တဲ့ ကြက်သွန်နီက မုံရွာနယ်မှာ အစဉ်မပြတ်အားခဲစိုက်ကြတဲ့ မြေနဲ၊ မအူ၊မင်းရွာ၊ အောင်သာ၊ အက်တော၊ ကျွဲရဲနဲ့ပလ’င်ကုန်းနယ်က တောင်သူတွေဟာ လာမဲ့ ဆောင်းရာသီမှာ စောစောစိုက်နိုင်ဖို့ ယခုအခါ ပျိုးထောင်နေ ကြပြီ ဖြစ်ပါတယ်။ မြေနဲနဲ့မအူရွာကတောင်သူတွေကတော့ ဈေးကွက်မှာ လျော့လာတဲ့ ကြက်သွန် လက်ကျန်ကို ဖြည့်စွက်ဖို့ ကြက်သွန်နီတွေ ဧက ၁၀၀ ကျော်ထိပြီးခဲ့တဲ့ စက်တင်ဘာ လထဲက စိုက်ခဲ့ကြတယ်လို့ တောင်သူတွေကဆိုပါတယ်။ မုံရွာဈေးကွက်မှာတော့ ယနေ့ပွဲရုံသိမ်းဈေး အနိမ့်ဆုံး တစ်ပိဿာ ၅၀၀ ကျပ်မှ အမြင့်ဆုံး ၇၀၀ ကျပ်ထိ ပေါက်ခဲ့ပြီး၊ လက်လီဈေးကတော့ တစ်ပိဿာ အမြင့်ဆုံး ၉၀၀ ကျပ်၊ ၁၀၀၀ ကျပ်ပေါက်နေပါတယ်။ ယခုတစ်ပတ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့ မန်းတင်ပို့မှုမှာ ပိဿာ ၂၀၀၀၀ ခန့်သာရှိသလို လက်လီအဝယ်လည်း ပါးတယ်လို့ ပွဲရုံတန်းက ကြားသိရပါတယ်။ တောင်သူကြီးတချို့နဲ့ ပွဲစားကုန်သည်တွေဆီမှာ လက်ကျန်ကြက်သွန်နီ ခပ်များများရှိသေးပေမဲ့ အညှောက် ထွက်စပြုလို့ အမြန်ထုတ်ရောင်းလိုကြတဲ့အတွက် ယခုလို ဈေးအေးခြင်းဖြစ်တယ်လို့ ပွဲစားတစ်ဦးကပြောပါတယ်။ ထွန်းလှိုင်
အိန္ဒိယနနွင်းဈေးကွက်မှာ ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကောင်းတာကြောင့် နနွင်းဈေးဆက်လက် ခိုင်မာနေပါတယ်။ နနွင်းဈေးအနိမ့်နဲ့ ကုန်သည်များဝယ်လိုအားတက်လာနိုင်ခြင်းက ကျဆင်းနေတဲ့နနွင်းဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။ နနွင်းစိုက်ပျိုးတဲ့ အင်ဒရာပရာဒေ့ရှ်နဲ့အနီးအနားပြည်နယ်တွေမှာ မိုးရွာသွန်း နေတဲ့အတွက် နနွင်းအထွက်အလားအလာကောင်း တယ်ဆိုတဲ့ မျှော်လင့်ချက်ကို မှေးမှိန်စေပါတယ်။ အထူးသဖြင့် အင်ဒရာပရာဒေ့ရှ်မှာ ဆန္ဒပြမှုကြောင့် အိန္ဒိယမြောက်ပိုင်း အမှာ အော်ဒါများက အီရော့ ဈေးကွက်ကို ပြောင်းလဲလာတဲ့အတွက ်အီရော့ဈေးကွက်မှာနနွင်းတစ်တန် ရူပီး ၁၅၀၀-၄၅၀၀ (ကန်ဒေါ်လာ ၃၀ ဒသမ ၅၃ - ၉၁ ဒသမ ၅၉) တိုးတက်ခဲ့ပါတယ်။ ကုန်သည်များက ဈေးအမြင့်နဲ့ သတ်မှတ်တဲ့အတွက် နနွင်းကြိုပွိုင့်ဈေးကွက်မှာလည်း ၂ ဒသမ ၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ မတည်ငြိမ်မှုတွေကြောင့် အိန္ဒိယမြောက်ပိုင်းကုန်သည်များဟာ အီရော့နနွင်းထက် ဈေးသက်သာတဲ့ နီဇမ်မာဘတ်နနွင်းကို ဝယ်ယူဖို့လည်း တုံ့ဆိုင်းနေကြပါတယ်။ ဒါကြောင့်လည်း အီရော့နနွင်းကို ဈေးအမြင့်နဲ့ ကမ်းလှမ်းကြတာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့က နနွင်းအိတ် ၅၂၀၀ ဝင်ရောက်မှုအနက် ၇၀ ရာခိုင်နှုန်းမှာ ရောင်းချ ခဲ့ရတယ်လို့သိရပါတယ်။တောင်သူများက ဈေးကွက်ကို အနည်းငယ်စီသာ သယ်ရောင်းနေကြပြီး၊ ကုန်သည်များ ကလည်း အရည်အသွေးကောင်း နနွင်းကို ဈေးပိုပေးဝယ်ယူခဲ့ကြပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက် ချောင်း တစ်တန်ရူပီး ၄၀၁၁၀-၅၂၆၉၀ (ကန်ဒေါ်လာ ၈၁၆-၁၀၇၄) ရှိပြီး နနွင်းဥဈေးက ရူပီး ၃၈၉၆၀-၄၄၃၈၀ (ကန်ဒေါ်လာ ၇၉၃-၉၀၃) ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusinees
ရှမ်းနနွင်းကတော့ ခပ်အေးအေးသာ အရောင်းအဝယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တစ်လလုံးလိုလို အရောင်းအဝယ် မဖြစ်ခဲ့တဲ့ နနွင်းက ဒီလဆန်းမှာတော့ ပြည်တွင်းသုံးအတွက် ဈေးပတ်သမားတွေ ဝယ်လာလို့ အရောင်းအဝယ်နည်းနည်း ဖြစ်လာတယ်လို့ သိရပါတယ်။ ဈေးကွက်မှာတော့ အမှုန့်ကြိတ်ဖို့နဲ့ ပရဆေးအတွက် အရည်အသွေးကောင်းတဲ့ နနွင်းကို ရွေးဝယ်ယူပြီး၊ ခြင်ဆေးခွေ အတွက်တော့ နနွင်းညံ့တွေ ဝယ်ယူနေကြပါတယ်။ ပြည်တွင်းသုံးဝယ်လက်တွေကတော့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ငူ၊ ပြည်စတဲ့မြို့တွေက အဓိကဝယ်ယူနေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးကတော့ နနွင်း (ကောင်း)ကတစ်ပိဿာ ၁၀၀၀ကျပ်မှ ၁၂၀၀ ကျပ်ဈေးရှိပြီး၊ နနွင်းညံ့ကတော့ တစ်ပိဿာ ၇၅၀ ကျပ်ဈေးရှိပါတယ်။ ဒီလဆန်း မှာတင် နနွင်းပိဿာချိန် ၂ ဒသမ ၉ သောင်းပိဿာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဧဧခိုင်
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ကန်ဒေါ်လာ ၀ ဒသမ ၀၈၁ သန်းတန်ဖိုးရှိ နနွင်းတက် ၅၂ တန်ကျော် အပို့ရှိခဲ့ပြီး၊ ယခင်အပတ်တင်ပို့မှုထက် ၅၈ တန်လျော့နည်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်မှ နနွင်းတက် ၃၅၇ တန်တင်ပို့နိုင်ပြီး ဧပြီလမှ စက်တင်ဘာလကုန်အထိ ၂၆၃၂ တန်တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT(DOBT)