Main menu

Background

Wednesday, 24 Aug 2011

ယခုအပတ် မူဆယ်နယ်စပ်မှသာ ပြောင်းအပို့ရှိ                 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ဝ၄၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁ဝ၈၈၄ တန်နဲ့ ကန်ဒေါ်လာ ဝ ဒသမ ၂၅၃ သန်းတန်ဖိုးရှိ နံှစားပြောင်း ၈၄၂ တန်ကို သြဂုတ် လ ၁ဝ ရက်မှ ၁၆ ရက်ထိကာလအတွင်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၂၁၂၂ တန် အပို့ ရှိခဲ့တာမို့ ယခုအပတ်မှာ ၃၉၆ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မိမိဘက်ပြောင်း မြေပြင်ပေါက်ဈေးပြောင်းလဲမှုမရှိသော်လည်းတစ်ဘက်နိုင်ငံမှာ နံှစားပြောင်း ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ပြောင်းဖူးစေ့က ၁ ရာခိုင်နှုန်းကျော် ကျဆင်းနေပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                      မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု         ယခင်    ပြောင်းလဲမှု    %     ယခု   ယခင်    ပြောင်းလဲမှု    %နံှစားပြောင်း     ၂၁ဝ၇၇ဝ     ၂၁ဝ၇၇ဝ          -          -     ၃၁၄    ၂၉၅          ၁၉          ၆ပြောင်းဖူးစေ့    ၂ဝ၈၇၆၉     ၂ဝ၈၇၆၉          -          -     ၂၈၈    ၂၉၂           ၄          ၁ .၄MIRT (DOBT)

Wednesday, 24 Aug 2011

ကမ္ဘာ့သီဟိုဠ်စေ့ အထွက်နှုန်းကျဆင်းပြီး ဝယ်လိုအားမြင့်မားလာသဖြင့် ဈေးနှုန်းများ ထပ်မံမြင့်မားနိုင်               ၂ဝ၁၁ ခုနှစ် ၊ ပထမ (၇) လအတွင်း ဗီယက်နမ်မှ သီဟိုဠ်စေ့တင်ပို့မှု ပမာဏက တန်ချိန် ၈၄ဝဝဝ ထိ ရောက်ရှိကာ ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ ၆၅၆ သန်း ရရှိခဲ့တယ်လို့ ဗီယက်နမ်သီဟိုဠ်စေ့ အသင်း  (Vinacas)ဥက္ကဌမှ ပြောကြားတယ်။ တင်ပို့မှုပမာဏအနေနဲ့ ယခင်နှစ်အလားတူကာလနဲ့ ယှဉ်ရင် ၁၆ ရာခိုင်နှုန်း ကျဆင်း သွားသော်လည်း တန်ဖိုးအနေနဲ့ ၁၄ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုခဲ့တယ်လို့ သိရတယ်။ ယခင်နှစ်က သီဟိုဠ် စေ့တင်ပို့ရာမှာ ပျမ်းမျှနှုန်းအနေနဲ့ တစ်တန်ကို ကန်ဒေါ်လာ ၅၃ဝဝ ရရှိခဲ့ပေမဲ့ ယခုနှစ်မှာ တစ်တန်ကို ပျမ်းမျှနှုန်း အနေနဲ့ ကန်ဒေါ်လာ ၇၆ဝဝ ရရှိခဲ့တယ်လို့ Vinacas   ဥက္ကဌက ပြောကြားတယ်။ ယခုနှစ်မှာ ဗီယက်နမ်မှာ အချိန်အခါမဟုတ်တဲ့ မုတ်သုန်မိုးတွေရွာသွန်းခြင်းနဲ့ သီဟိုဠ်ပင် အများစုမှာ သက်ကြီးပင်တွေဖြစ်နေခြင်းတို့ကြောင့် သီဟိုဠ်စေ့ ထုတ်လုပ်မှုနှုန်းက ယခင်နှစ်ထက် လျော့နည်းသွားဖွယ်ရှိပြီး တန်ချိန် ၃၃ဝဝဝဝ သာ ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့သိရတယ်။ ဗီယက်နမ်မှ သီဟိုဠ်စေ့ပြုပြင်ထုပ်ပိုး တင်ပို့သူတွေက ပြည်ပမှသီဟိုဠ်စေ့ကိုလည်း တင်သွင်းကြတယ်။ ၂ဝ၁၁ ခုနှစ် ၊ ပထမ ၆ လအတွင်း သီဟိုဠ်စေ့တန်ချိန် ၁၂ဝ၇၃၂ တန် တင်သွင်းခဲ့ရပြီး နိုင်ဂျီးရီး ယား ၊ ဂါနာ၊ အိုင်ဗရီကို့စ်တ်၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားတို့မှ သီဟိုဠ်စေ့တွေကို ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရတယ်။                   ထပ်မံပြီးလည်း တန်ချိန် ၃၂၉၃ဝဝ ဝန်းကျင်ကို ၂ဝ၁၁ ခုနှစ်၊ ဒုတိယ နှစ်ဝက်အတွင်း တင်သွင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားတယ်။ ကမ္ဘာ့သီဟိုဠ်စေ့ ထွက် နှုန်းကျဆင်းပြီး ဝယ်လိုအားမြင့်မားလာရာ ဈေးနှုန်းတွေ ထပ်မံမြင့်မားဖွယ်ရှိတယ် လို့ ခန့်မှန်းကြတယ်။ လက်ရှိကမ္ဘာ့သီဟိုဠ်စေ့ဈေးကွက်မှာ အမေရိကန်နဲ့ အီးယူမှာ သီဟိုဠ်စေ့ လက်ကျန်နည်းနေတဲ့အပြင် တရုတ်နဲ့ အိန္ဒိယက သီဟိုဠ်စေ့ ဝယ်လို အား အထူးမြင့်မားနေကြောင်း သိရပါတယ်။ ပပ၊Source:theproducenews.com

Wednesday, 24 Aug 2011

၂ဝ၁၁ ခုနှစ်အတွင်း ရော်ဘာတင်ပို့မှု ဝင်ငွေကန်ဒေါ်လာ ၁ဝ ဘီလီယံရရန် အင်ဒိုနီးရှားမျှော်မှန်း              ၂ဝ၁၁ ခုနှစ်မှာ အင်ဒိုနီးရှားက သဘာဝရော်ဘာတင်ပို့မှုမှ ဝင်ငွေအနေနဲ့ အနည်းဆုံး ကန်ဒေါ်လာ ၁ဝ ဘီလီယံရရှိဖို့ မျှော်မှန်းထားတယ်။ အင်ဒိုနီးရှားက ကမ္ဘာမှာ ဒုတိယမြောက် ရော်ဘာထုတ်လုပ်မှု အများ ဆုံးနိုင်ငံဖြစ်တဲ့အတွက် ယခုနှစ်မှာ တန်ချိန် ၃ သန်းထိ ထုတ်လုပ်နိုင်မယ်မျှော်မှန်းကြောင်း သိရတယ်။                  ၂ဝ၁ဝ ခုနှစ်အတွင်း ရော်ဘာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၃ ဒသမ ၃၈ ဘီလီယံ ရရှိခဲ့တယ်လို့ အင်ဒိုနီးရှား ရော်ဘာ ကုမ္ပဏီများအသင်း ဥက္ကဌ ဆူဟာတိုဟွန်ဂိုကူဆူမိုက ပြောကြားပါတယ်။ ၂ဝ၁၁ ခုနှစ် မှာ ရော်ဘာဈေးနှုန်း ပိုမိုမြင့်မား လာကြောင်း ၊ မတ်လအတွင်းက တစ်ကီလိုကို ကန်ဒေါ်လာ ၅ ဒသမ ၅၇ ဒေါ်လာ အထိ မြင့်မားခဲ့ပြီး ဧပြီလမှာ ဈေးကျသွား သော်လည်း တစ်ကီလိုကို ကန်ဒေါ်လာ ၄ ဒသမ ၅၆ အထိ ဈေးရကြောင်း ၊ ယခုနှစ် တစ်နှစ်လုံးမှာ ရော်ဘာတစ်ကီလိုကို ပျမ်းမျှဈေးနှုန်း ၄ ဒေါ်လာအထိ ရရှိနိုင်ကြောင်း၊ ဒီလိုရော်ဘာဈေးကောင်းလာရာ ရော်ဘာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၁ဝ ဘီလီယံအထိရရှိဖို့ မျှော်မှန်းကြောင်း ဥက္ကဌ ဆူဟာတိုက ပြောကြားတယ်။                           ယခုနှစ်အတွင်း အမေရိကန်နဲ့ ဥရောပဒေသစီးပွားရေး နှေးကွေးနေသော်လည်း အင်ဒိုနီးရှား ရော်ဘာ တင်ပို့မှုအပေါ် သိသိသာသာထိခိုက်မှုမရှိနိုင်ကြောင်း၊ အာရှမှ ရော်ဘာဝယ်လိုအား မြင့်မားလာခြင်းက အမေရိကန်နိုင်ငံမှ ရော်ဘာ ဝယ်လိုအားလျော့ကျမှုကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ဥက္ကဌ ဆူဟာတိုက ပြောကြားတယ်။ အဓိကမှာ အာရှမှ ရော်ဘာ ဝယ်လိုအား အထူးမြင့်မားလာတဲ့ တရုတ်က နိုင်ငံရဲ့ ရော်ဘာ သိုလှောင်ထားရှိမှုကို ပြန်လည်ဖြည့်ဆည်းဖို့ ၂ဝ၁၁ ခုနှစ် ၊ ပထမ ၆ လအတွင်း ရော်ဘာတန်ချိန် ၅၇၄ဝဝဝ ဝန်းကျင်ကို ဝယ်ယူတင်သွင်းခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်မားခဲ့တယ်လို့ သိရတယ်။ ဆက်လက်ပြီးလည်း တရုတ်ရော်ဘာဝယ်လိုအားကောင်းဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ပပ၊Source:wam.ae, reuters, rubbermarketnews.net 

Wednesday, 24 Aug 2011

၂ဝ၁၆ ၌ရော်ဘာပြတ်လတ်မှု ရင်ဆိုင်ရဖွယ်ရှိ                  ဇူလိုင်လရဲ့ စာရင်းများအရ သဘာဝရော်ဘာဈေးနှုန်းဟာ ရောင်းလိုအားနည်းခြင်း၊ ဒေါ်လာဈေးကျခြင်းနဲ့ ရေနံဈေး တက်ခြင်းတို့ကြောင့် ဈေးမငြိမ်ခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ ၂ဝ၁၆ မှစပြီးတော့ ကမ္ဘာ့ရော်ဘာ ရောင်းလိုအားကျဆင်းနိုင်ဖွယ်ရှိကြောင်း (ANRPC) ကခန့်မှန်းခဲ့ပါတယ်။ ယခုအတိုင်းသာ ရော်ဘာရောင်းလိုအား အကျပ်အတည်းဆက်ဖြစ်နေပြီး ဝယ်လိုအားလည်း အတန်အသင့်မြင့်တက်လာမယ်ဆိုရင် ၂ဝ၁၈ မှာ ကုန်ပစ္စည်းလိုအပ်ချက်ဖြစ်နိုင်ကြောင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ (ANRPC) အသင်းဝင်နိုင်ငံတွေကတော့ ယခုနှစ်တတိယလေးလပတ်မှာထုတ်လုပ်မှု ၃ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ပြီး ပထမနဲ့ဒုတိယလေးလပတ်တွေမှာ ၁ဝ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းအသီးသီးတိုးတက်ခဲ့ပါတယ်။ ယခင်နှစ် တတိယလေးလပတ်မှာ ရောင်းလိုအား ၁၂ ဒသမ ၁ ရာခိုင်နှုန်းတက်ခဲ့ပြီး၊ ယခုနှစ်ကုန်ပိုင်းအထိတော့ တရုတ်ရဲ့ ဝယ်လိုအားက ကာလရှည်ကြာကျဆင်းနိုင်ကြောင်း (ANRPC) က ခန့်မှန်းခဲ့တယ်လို့သတင်းရရှိပါတယ်။ Source:Pire Business,KZW 

Wednesday, 24 Aug 2011

ရော်ဘာဈေးနှုန်း ပြန်လည်မြင့်တက်နိုင်                ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေမြင့်တက်စဉ်က အသုံးစရိတ်တွေမျှတဖို့အတွက် အိန္ဒိယအစိုးရက တာယာ ထုတ်လုပ်ရေး လုပ်ငန်းများကို ရော်ဘာသွင်းကုန် ခွန်လျော့ပေါ့ပေးခဲ့ပါတယ်။ ယခုအခါ ရော်ဘာအထွက်ကျတဲ့ ရာသီဖြစ်တဲ့အပြင် ပြည်တွင်း ဝယ်လိုအား မရှိတာကြောင့် ရော်ဘာဈေးတွေ ပြည်တွင်းမှာ ကျဆင်းခဲ့ကြောင်းသိရပါတယ်။ စက်မှုလုပ်ငန်းတွေအနေနဲ့ ရော်ဘာတန်ချိန်(၄)သောင်းကိုအခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တင်သွင်းခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး ကျရိပ်ပြပြီး ရေနံ ဈေးနှုန်းတွေလဲ ကျဆင်းကာ တရုတ်ရဲ့ဝယ်လိုအားနည်းသွားတဲ့အတွက် ကမ္ဘာ့ရော်ဘာဈေးနှုန်းတွေကျဆင်းခဲ့ပါတယ်။ အိန္ဒိယ စက်မှုလုပ်ငန်းတွေက ပထမပိုင်းမှာ ရော်ဘာတန်ချိန် ၁ သိန်းအခွန်လွတ်တင်သွင်းခွင့်ပြုဖို့တောင်းဆိုခဲ့ပြီး အစိုးရက ၇ ဒသမ ၅ ရာခိုင်နှုန်း အထိသာ အခွန်လျော့ပေးခဲ့ပေ မယ့် ပြေလည်မှုမရှိကြောင်း အိန္ဒိယရော်ဘာစက်မှုလုပ်ငန်းရှင်များအသင်း AIRIA ရဲ့ ဥက္ကဌကပြောကြားခဲ့ပါ တယ်။ မော်တော်ကားရောင်းအား ကျပြီး ပြည်တွင်းအတိုးနှုန်းမြင့်တက်တာကြောင့် ပြည်တွင်း ဝယ်လိုအား လည်းကျဆင်းခဲ့ပါတယ်။ ပြည်တွင်းကစက်ရုံ (၁ဝဝဝ) လောက်ရဲ့ ဝယ်လိုအားတွေလဲကျဆင်းခဲ့တယ်လို့ ကိုချင် ရော်ဘာ ကုန်သည်အသင်းရဲ့ ဥက္ကဌကပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်နေတာက ယာယီသာဖြစ်ပြီး စက်တင်ဘာမှာ မော်တော်ကားဝယ်လိုအား လည်း ပြန်လည်မြင့်တက်ပြီး ရော်ဘာ အဝယ်လိုက်လာမှာဖြစ်ကြောင်းနဲ့ စက်တင်ဘာ မှာ ရော်ဘာ ပြန်လည်ထွက် ရှိပြီး ပြည်တွင်းဈေးကိုလည်း ဖိအားပေးနိုင်ကြောင်းနဲ့ တောင်သူတွေက ပစ္စည်းကို သိုလှောင်ထားခဲ့ရင်ဈေးကျ ဖို့လည်း မဖြစ်နိုင်ကြောင်း ရော်ဘာကုန်သည်အသင်းရဲ့ ဥက္ကဌကပြောကြားခဲ့ပါတယ်။ Source: economic time,KZW 

Wednesday, 24 Aug 2011

နယ်စပ်မှ ရော်ဘာတင်ပို့မှု ပိုမို                  သြဂုတ်လ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၁၅သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၄ တန်ကျော် အပို့ရှိ ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၂၄ တန်ကျော် ပိုမိုတင် ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ နယ်စပ်အလိုက် ရော်ဘာ တင်ပို့မှုများမှာ မူဆယ်မှ RSS-3  ၂၂၉ တန်၊ RSS-5 ၁၉၉ တန်ကျော်၊ MSR-20 ၅၆ တန်နဲ့ မြိတ်နယ်စပ်မှ RSS-5 တန် ၁ဝဝ ဖြစ်ပါတယ်။RSS-3 ဈေးဟာ မိမိဘက်မြေပြင်ပေါက်ဈေး ပြောင်းလဲမှုမရှိသော်လည်း တရုတ်ဘက် ဈေးကျနေပြီး၊ RSS-5  ဈေးတော့ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ဈေးများကျနေတယ်လို့ သိရပါတယ်                                    မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု           ယခင်          ပြောင်းလဲမှု   %    ယခု      ယခင်    ပြောင်းလဲမှု    %RSS-3    ၃၄၁၃၈ဝဝ     ၃၄၁၃၈ဝဝ            -         -     ၄၃၁၂     ၄၅၇၉      ၂၆၇          ၆RSS-5    ၃၃ဝဝ၃၁၉     ၃၄၁၃၈ဝဝ     ၁၁၃၄၈၁     ၃    ၄၁၅၅     ၄၄၂၅      ၂၇ဝ           ၆MIRT (DOBT)

Wednesday, 24 Aug 2011

ရော်ဘာတင်ပို့မှု ပုံမှန်                  သြဂုတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၄ဝ၇ တန် တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ၇၈၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ စင်္ကာပူနဲ့ မလေးရှားတို့ဖြစ်ပါတယ်။ ကမ္ဘာ့ရော်ဘာ ဈေးများကျဆင်းတဲ့အပြင် ရော်ဘာ အထွက်ကျတဲ့ရာသီဖြစ်တာကြောင့် တင်ပို့မှုပမာဏ နည်းနေသေးတာဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း တန် ၈ဝဝ ကျော်သာတင်ပို့နိုင်ခဲ့ ပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိပဲ RSS-3  နဲ့MSR-20  တစ်တန်ကို ဒေါ်လာ ၄၄ဝဝ နဲ့ RSS-5  တစ်တန်ကို ဒေါ်လာ ၄၃ဝဝ ဈေးရလျက်ရှိပါတယ်။ ုKZW 

Tuesday, 23 Aug 2011

ပစ္စည်းပြတ်သလောက်ဖြစ်လာတဲ့ ပြည်ပဲလွန်းဖြူ                ပြည်ရဲ့ ပဲလွန်းဖြူဈေးကွက်မှာ ကုန်သည်တွေရဲ့လက်ဝယ် ပဲလက်ကျန် မရှိတော့ဘဲ ပစ္စည်းပြတ်သလောက် ရှိနေပြီလို့ သိရပါတယ်။ ပဲ တစ်တင်းကို ၁၈၅ဝဝ ကျပ်ဈေးနဲ့ လက်ကျန်ပဲများကို သာ ထုတ်ရောင်းနေကြတယ်လို့ သိရပါ တယ်။ မြို့တွင်း ဝယ်လက်သာ ပုံမှန်  အရောင်းအဝယ်ရှိပြီး တစ်နေ့ကို (၄/၅) အိတ်သာ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မိမိအေး

Tuesday, 23 Aug 2011

ပဲလွန်းဖြူလက်ကျန်နည်းလာပြီ ဖြစ်လို့ ဈေးငြိမ်ပြီး အရောင်းလျော့လာ                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုအပတ် ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အတွင်း ပဲလွန်းဖြူရောင်းဝယ်မှုမှာ တန် ၃ဝဝ ကျော်ရှိခဲ့ပါတယ်။ အဝယ်ရှိ သော်လည်း လက်ကျန်နည်းပြီး၊ ပစ္စည်း ပြတ်သလောက်ရှိနေပြီလို့ ဈေးကွက်က ဆိုပါတယ်။ ရန်ကုန် FOB ဈေးကွက် မှာ သြဂုတ်လ ၁၁ ရက်က ပဲလွန်းဖြူ FAQတစ်တန် ကန်ဒေါ်လာ ၈၆ဝ- ၈၈ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ယခင်အပတ်အ တိုင်း ဈေးငြိမ်နေကြောင်းသိရပါတယ်။ MIRT - MAPT

Tuesday, 23 Aug 2011

ယခုအပတ် ပဲလွန်းဖြူ ယခင်အပတ်အတိုင်း ပုံမှန်တင်                   ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူ တင်ပို့မှုဟာ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အတွင်း တန် ၁၅ဝ၊ ဇူလိုင် ၁၇ ရက်မှ ၂၃ ရက်အတွင်း တန် ၂ဝဝ ခန့်၊ ဇူလိုင် ၂၄ ရက်မှ ၃ဝ ရက်အတွင်း တန် ၃ဝဝ တင်ပို့နိုင်ခဲ့တာကြောင့်၊ ဇူလိုင် တစ်လလုံးအတွက် တန် ၁ဝဝဝ ခန့် တင်ပို့ခဲ့ပါတယ်။                     သြဂုတ်လဆန်းပတ်အတွက် ဇူလိုင် ၃၁ ရက်က သြဂုတ်လ ၆ ရက် အတွင်း တင်ပို့နိုင်မှုက တန် ၃ဝဝ ဝန်း ကျင် ဖြစ်ပြီး၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှား၊ စင်္ကာပူနိုင်ငံများကို တင်ပို့ခဲ့ပြီး၊ အိန္ဒိယနဲ့ စင်္ကာပူနိုင်ငံတို့ကို အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။                       ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် သြဂုတ် ၅ ရက်အထိ ပဲလွန်းဖြူ တင်ပို့ ပြီးစီးမှုမှာ တန် ၁၃ဝဝဝ ကျော် ဖြစ်ပြီး၊ ယခင်နှစ်ကာလတူက တင်ပို့ခဲ့မှုမှာ တန် ၁၃ဝဝဝ ခန့်ရှိကြောင်း သိရပါတယ်။ MIRT - MAPT

Pages