Background
တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်နဲ့ ကယားပြည်နယ် လွိုင်ကော်က စိုက်တဲ့ ရေသွင်းပြောင်းေ တွတောင်ကြီး ဈေးကွက်နဲ့ အောင်ပန်းဈေးကွက်ကိုဝင်လာပါတယ်။ တစ်ရက်ကို ပိဿာချိန် ၃၀၀၀ ခန့်သာအဝင်ရှိနေပါသေးတယ်
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးမှ ဇူလိုင်လ နောက်ဆုံးပတ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၅၂၂ သန်းတန်ဖိုးရှိ ပြောင်း ၉၂၇၃ တန်ကျော်၊ ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၉၄၁ သန်းတန်ဖိုးရှိ ပြောင်း ၂၉၄၀ တန်ကျော်နဲ့ လွယ်ဂျယ်ကူးသန်းရောင်း ဝယ်ရေးစခန်းမှကန်ဒေါ်လာ သုည ဒသမ ၂၀၁ သန်းတန်ဖိုးရှိ ပြောင်း ၅၃၆ တန် ကျော်ကို အသီးသီးတင်ပို့ခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားကုန်စည်ဒိုင်မှာ ဇူလိုင် နောက်ဆုံးပတ်ကစပြီး၊ ခရမ်းစွဲကြက်သွန်ဖြူမှာ တစ်နေ့တခြား ဈေးမာနေပါတယ်။ ဇူလိုင်လတတိယပတ်က လဲချားဒေသ ထွက် ခရမ်းစွဲ ကြက်သွန်ဖြူ(အမြိတ်ပါ) တစ်ပိဿာ ကို ၁၆၀၀ ကျပ်ဈေးသာရှိခဲ့ရာမှ ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ တော့(အမြိတ်ပါ) တစ်ပိဿာကို ၁၈၀၀ ကျပ်အထိ ဈေးမာခဲ့ ပြီး၊ တာချီလိတ်မြို့ခံပွဲရုံများ ဝယ်ဈေးကလည်း ခရမ်းစွဲကြက် သွန်ဖြူ(အမြိတ်ပါ) တစ်ကီလိုကို ၄၀ ဘတ်အထိ ဝယ်ဈေးရှိ နေခဲ့ပါတယ်။ အခုလို ခရမ်းစွဲကြက်သွန်ဖြူ ဈေးမာလာရခြင်း မှာ လဲချားမြို့ခံကြက်သွန်ဖြူပွဲရုံများမှာ လက်ကျန်နည်းနေပြီး၊ တောင်သူအချို့မှလည်း ကြက်သွန်ဖြူကို ထုတ်မရောင်းကြ သေးဘဲ တစ်ပိဿာကို ၂၀၀၀ ကျပ်အထိ ဈေးရရှိမှ ရောင်းချ ဖို့ ဈေးစောင့်ဆိုင်းနေမှုကြောင့် ခရမ်းစွဲကြက်သွန်ဖြူ တစ် ပိဿာကို ၁၈၀၀ ကျပ်ဈေး အထိ ဈေးပေးဝယ်ယူခဲ့သော် လည်း ပွဲရုံများကို ကြက်သွန်ဖြူအဝင်နည်းပါးနေကြောင်း လဲချား ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ မင်းအောင် - တောင်ကြီး
ဇူလိုင်လ ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၈၉၆ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၇၆၅ တန် တင်ပို့မှုရှိခဲ့ပါ တယ်။ ယခင်အပတ်ကထက် ၁၈၅ တန်ကျော်တင်ပို့မှု လျော့ နည်းခဲ့ပါတယ်။
ဒီနှစ်က နနွင်းအရောင်းအဝယ်မကောင်းတာကြောင့် နနွင်းတောင်သူတွေက ကုန်စိမ်းလိုင်းကိုပြောင်းပြီး၊ အရောင်း အဝယ်လုပ်နေရပါတယ်။ ပြည်တွင်းကတော့ ပုံမှန်ဝယ်ယူ နေပေမယ့် ပြည်ပဝယ်လိုအားမရှိတာကြောင့် ဖြုန်းအားက မကောင်းပါဘူး။ လက်ကျန်တွေလည်း အတော်များများ ကျန် နေပါသေးတယ်။ ဟိုပုံးနနွင်းလည်း နှစ်စပိုင်းမှာ မူဆယ် ဝယ် လက်တွေက မဖြစ်စလောက်သာ အဝယ်ရှိခဲ့ပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် လ ၂၁ ရက်မှ ၂၇ ရက်နေ့တာ ကာလအတွင်း နနွင်း ၄၉ ဒသမ ၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့ခဲ့တဲ့ နိုင်ငံမှာ စင်ကာပူနိုင်ငံ ၃၃ တန်နဲ့ အာရပ်စော်ဘွား များ ပြည်ထောင်စု နိုင်ငံကို ၁၆ ဒသမ ၅ တန် အသီးသီးတင်ပို့ခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် သုံးဆယ်ကျော်ပိုမို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါ တယ်။ ဇူလိုင်လအတွင်းနနွင်းတင်ပို့မှုမှ ရရှိခဲ့ဝင်ငွေက ကန် ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော်ရှိခဲ့ ပြီလို့ သိရပါတယ်။ MIRT(DTP)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ဇူလိုင်ပထမပတ်မှစပြီး၊ မန်ကျည်း သီးစိမ်းများ ဝင်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ပေါ်ဦးပေါ်ဖျားအချိန်က တစ် ဆယ်ကျပ်သား ၅၀၀ ကျပ်နဲ့ ဈေးကောင်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာတော့ ဈေးကွက် အတွင်း မန်ကျည်းသီးစိမ်းများအဝင်လှိုင်တာကြောင့် တစ်ဆယ်ကျပ်သား ၃၀၀ ကျပ်ကို ဈေးကျသွားပါတယ်။ မန်ကျည်းမှည့်ဈေးမှာတော့ ယခင်အပတ် ဈေး အတိုင်းလက်လီ ၁ ပိဿာ၂၀၀၀ ကျပ်၊ လက်ကား ၁ ပိဿာ ၁၅၀၀ ကျပ်နဲ့ ဈေး ငြိမ်နေပြီး၊ အရောင်းအဝယ်ကတော့ အေးနေတယ်လို့ သိရပါတယ်။အိဆွေဇင် - ပြည်
ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဇူလိုင်လ ၂၁ ရက်မှ ၂၇ ရက်နေ့တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၃၈ ဒသမ ၅၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံက ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့ခဲ့တဲ့ တန်ချိန်မှာ တန်ချိန် တစ်ရာ့ငါးဆယ်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ မန်ကျည်းတင်ပိ့ုမှုလျော့နည်းခဲ့ပါတယ်။ ဇူလိုင်လအတွင်း မန်ကျည်းတင်ပို့ မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ ငါးသောင်းတစ်ထောင်ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DTP)
ဒီတစ်ပတ်ချင်းဈေးက ပြန်ပြီးတက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ဝယ် လိုအားနည်းသွားတာကြောင့် ဈေးကလည်း သိသိသာသာကျသွားပြီး၊ အဝင်က လည်း နည်းသွားပါတယ်။ ဒီတစ်ပတ်မှာ တမူးက ဝယ်လက်တွေ ပြန်ပြီးဝယ်ယူနေ ပေမယ့် ပစ္စည်းအဝင်ကတော့ အရင်တစ်ပတ်လိုပဲ နည်းနေပါသေးတယ်။
တောင်ကြီး၊ အောင်ပန်းဈေးကွက်မှ ယခုတစ်ပတ်ပြည်ဈေးကွက်ကို ချင်း(ဥမ) များသာဝင်ရောက်ပြီး၊ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ ယခင်အပတ်အတိုင်း ဝင်ပါ တယ်။ ဈေးနှုန်းမှာ ငြိမ်လျက် တစ်ပိဿာကို ချင်း(ဥမ)ဂျွန် ၁၁၀၀ ကျပ်၊ (ရှယ်) ၁၂၀၀ ကျပ်တို့နဲ့ ရောင်းဝယ်နေပြီး၊ ချင်း(ဥမ)များကို ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ကို တင်ပို့မှု အပါအဝင် အိတ် ၂၂၀ ခန့်နဲ့ အရောင်းအဝယ်သွက်လျက်ရှိနေပါတယ်။ ချင်းတက်မှာတော့ အဝင်မရှိသလို လက်ကျန်ချင်းတက်များကို လက်လီပြန်ရောင်း မယ့်သူတွေပါ ဝယ်လိုအားနည်းနေတော့ အရောင်းအဝယ်မှာလည်း အေးနေ ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်