Main menu

Background

Sunday, 17 Jul 2011

အရောင်းအဝယ်အေးတဲ့ ကျောက်ပန်းတောင်း ထန်းလျက်                      ကျောက်ပန်းတောင်း ထန်းလျက်အကြမ်းများကို မန္တလေး သကြားစက်များနဲ့ ကြာညို့စက်၊ ငံပြာရည်စက် များသို့ ယခင်က တစ်နေ့ကုန်ချိန် ပိဿာ ၁ဝဝဝဝ-၁၅ဝဝဝ နေ့စဉ် တင်ပို့နေရသော်လည်း ခုရက်ပိုင်း ပိဿာ ၅ဝဝဝ- ၇ဝဝဝ ဝန်းကျင်သာ နေ့စဉ်တင်ပို့နေရတဲ့အတွက် အရာင်း အဝယ် အေးလျက်ရှိပါတယ်။                       သကြားစက်ရုံများအနေနဲ့ သကြားဈေးနဲ့ ထန်းလျက် ဝယ် ဈေးမကိုက်တာရယ်၊ ပြည်ပတရုတ်သကြား အဝင်ရှိတာရယ်၊ ပြည်တွင်းထုတ်လုပ်မှုနည်းတာရယ်ကြောင့် ထန်းလျက် ဝယ်လိုအားနည်းတယ်လို့ သိရပြီး မန်းအရက်ချက်စက်ရုံ တင်ပို့မှုအနေနဲ့ တစ်နေ့ ပိဿာ ၁ဝဝဝဝ-၁၅ဝဝဝ ခန့် တင်ပို့မှု ရှိပါတယ်။ လက်ရှိ ထန်းလျက်ရောင်းဈေးတွေက အကြမ်း လုံးကြီး တစ်ပိဿာ ၄၅ဝ ကျပ်၊ အလုံးသေး ၅ဝဝ ကျပ်နဲ့ ဆေးခတ် ထန်းလျက်ဖြူ တစ်ပိဿာ ၆ဝဝ ကျပ်နှုန်းနဲ့ အရောင်းရှိကြောင်း သိရပါတယ်။ ခင်မြင့်မြင့်သန်း 

Sunday, 17 Jul 2011

အိန္ဒိယ မျိုးစပ်နနွင်းကို ဝယ်လိုအားတက်လာ              အိန္ဒိယနိုင်ငံမြောက်ပိုင်း ဝယ်လက်များမှ မျိုးစပ်နနွင်းကို ဝယ်လိုအားကောင်းလာတာကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ နနွင်းလက်ငင်းဈေးမြင့်တက်ခဲ့ပါတယ်။ မြောက်ပိုင်းကုန်သည်များဟာ တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၄၈) တိုးပြီး မျိုးစပ်နနွင်းတွေကို မှာယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားနနွင်း အမျိုးအစားတွေကတော့ ဈေးအနည်းငယ် ကျဆင်းတယ်လို့ သိရပါတယ်။ နနွင်းအိတ် ၈၂ဝဝ ဝင်ရောက်ခဲ့ရာ ၄၅ ရာခိုင်နှုန်းမှာ ရောင်းထွက်ခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ Mr R. K.V  ရာဗီရှန်ကာမှ ပြောကြားပါတယ်။                နီဇမ်မာဘတ်နဲ့ ဆင်းလီဈေးကွက်များမှာ နနွင်းဈေးနှုန်းအကျဘက်ဆင်းနေပါတယ်။ ကြိုပွိုင့်ဈေး တစ်တန် ရူပီး ၇၉၉ဝဝ (ကန်ဒေါ်လာ ၁၇၉၇ )နဲ့ ယခုလကုန်တိုင်အောင် အဲဒီဈေးနှုန်းမှာဘဲ ရှိနေနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အီရော့သမဈေးကွက်ရှာဖွေရေးအဖွဲ့အစည်းမှာ စပ်မျိုးကောင်းနနွင်းများရောက်ရှိခဲ့ပြီး ဈေးနှုန်းလည်း တစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၄၉) မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်ထိန်းသိမ်းရေး ကော်မတီဝင်းမှာ ဈေးငြိမ်နေပေမဲ့ အရည်အသွေးကောင်းနနွင်းတွေ ရောင်းချရတယ်လို့ ဆိုပါတယ်။                အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရင်းဂစ် ၅၈၆၇ဝ-၇၉၆၆ဝ (ကန်ဒေါ်လာ ၁၃၂ဝ-၁၇၉၂) ရှိပြီး နနွင်းဥဈေးက တစ်တန် ရူပီး ၅၄၆၉ဝ-၇၂၈၉ဝ (ကန်ဒေါ်လာ ၁၂၃ဝ-၁၆၄ဝ) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline 

Sunday, 17 Jul 2011

ဈေးကောင်းရဖို့ အရည်အသွေးကောင်း နနွင်းကို ရွေးစိုက်                   ဒီတစ်ပတ်နနွင်းဈေးကွက်ကတော့ နနွင်းခါးတွေကိုသာ ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်နဲ့ တစ်ပိဿာ ၁၈ဝဝ ကျပ်ပေါက်တယ်လို့ သိရပါတယ်။ ဈေးကြီးမိထားသူတွေ ကတော့ အဲဒီဈေးနဲ့ မရောင်းနိုင်လို့ လက်ကျန်တွေများနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေက အရောင် အသွေးစုံပါတယ်။ ဟိုပုံးကထွက်တဲ့ နနွင်းက အဝါ၊ အနီ (၂) မျိုးသာရှိပြီး မျိုးကောင်းတယ်လို့ သိရပါတယ်။ ပင်လောင်းနနွင်း ကတော့ အရောင်စုံပြီး အဖြူ၊ တိမ်ပြာ၊အ စိမ်း၊ အဝါစတဲ့ အရောင်တွေရှိပါတယ်။ ယခင်နှစ်တွေက နနွင်းဈေးကောင်းတာ ကြောင့် တောင်သူတွေက ထွက်အားကောင်းတဲ့ အဖြူတွေ၊ တိမ်ပြာတွေကို အဝါနဲ့ရောပြီး စိုက်ကြပါတယ်။ ဒီနှစ်တော့ အရည်အသွေး မကောင်းရင် ဈေးကွက်လည်းပျက်တာကြောင့် မျိုးကောင်းတွေကိုသာ ရွေးချယ်ပြီးစိုက်ကြတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်တွေက ပရဆေးဖော်ဖို့အတွက် နနွင်းခါးလို့ ခေါ်တဲ့ နနွင်းဖြူနဲ့ တိမ်ပြာတွေကို ရန်ကုန်အရောက် တစ်ပိဿာ ၅ဝဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့လည်း သိရပါတယ်။ နနွင်းကိုလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးဖြတ်ကြတဲ့အတွက် တစ်ပိဿာ ၉ဝဝ ကျပ်မှ ၁၈ဝဝ ကျပ်ဈေး ရှိတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင် 

Sunday, 17 Jul 2011

နယ်စပ်မှ နနွင်းတက်တန် ၁ဝဝ အပို့ရှိ                 မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၆ သန်း တန်ဖိုးရှိ နနွင်းတက်ရှမ်းစ ၁ဝဝ ဒသမ ၉ဝ တန်ကို ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃ဝ ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအထိ ကာလအတွင်း နယ်စပ်မှ နနွင်းတက် ၁၄၇၂ တန်ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။                         MIRT (DOBT) 

Sunday, 17 Jul 2011

ဆော်ဒီနဲ့ အိန္ဒိယသို့ နနွင်းတန် လေးဆယ်ကျော်တင်ပို့                ဇူလိုင် ပထမပတ်အတွင်း နနွင်းတန် ၄၄ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သောင်းလေးထောင် နီးပါးကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံကို ၂၈ တန်နဲ့ အိန္ဒိယကို ၁၆ ဒသမ ၅၃ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း နနွင်းတန် လေးဆယ်ကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် နနွင်းတင်ပို့မှုက ယခင်သီတင်းပတ် နနွင်းတင်ပို့မှုကို မှီခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာရှစ်သောင်းကျော် ရရှိခဲ့ပါတယ်။      MIRT (DOT) 

Sunday, 17 Jul 2011

ပေါ် ဦးပေါ်ဖျား ဈေးကောင်းရတဲ့ မန်ကျည်းသီးစိမ်း                     အညာဒေသမှာ အလေ့ကျ ပေါက်ရောက်ရှင်သန်တဲ့ မန်ကျည်းပင်များမှ မန်ကျည်းဖူး၊ အရွက်နု၊ အသီးစိမ်း၊ အသီးမှည့်စတဲ့ မီးဖိုချောင်သုံးစားသောက်ကုန် တွေကို ရာသီအလိုက် ထုတ်လုပ်ပေးနေရာ ယခုအခါတွင် အိမ်ရှင်မများအတွက် မန်ကျည်းသီးစိမ်းနုတွေ ကုန်စိမ်းဈေးမှာ ဝင်ရောက်လျက်ရှိတာတွေ့ရပါတယ်။ စက်ဘီး ဈေးသည်များနဲ့ မြို့ပေါ်ရပ်ကွက်ဈေးသည်တွေက လက်လီပြန်ရောင်းချဘို့ မုံရွာမြို့တောင်ဘက်၊ ကုန်စိမ်းလက်ကား ဈေးကဝယ်ပြီး တစ်ဆယ်ကျပ်သားခန့် အထုတ်တစ်ထုတ်ကို လက်လီ ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ်ဈေး များနဲ့ ပြန်ရောင်းခဲ့ကြ တာ ဖြစ်ပါတယ်။ အိမ်ရှင်မတွေအတွက် ပေါ်ဦးပေါ်ဖျား အချဉ်ဟင်းတစ်ခွက်မို့ တက်မက်နှစ်သက်စွာ ဝယ်ကြသလို ကျေးလက်နေသူတွေအတွက်လည်း အိမ်ခြံမြေ သီးပင်တွေက ဝင်ငွေရလို့ အဆင်ပြေလျက်ရှိတာ မြင်တွေ့ရပါကြောင်း။ ထွန်းလှိုင် 

Sunday, 17 Jul 2011

မန်ကျည်း တန်ခြောက်ဆယ်ကျော် မလေးရှားနဲ့ စင်ကာပူကို တင်ပို့                     ဇူလိုင်လ ပထမပတ်အတွင်း မန်ကျည်းတန်ချိန် ၆၃ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံ ကို ၁၃ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၅ဝ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မန်ကျည်းတန် ရှစ်ဆယ်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မန်ကျည်း တင်ပို့မှုနဲ့ ယှဉ်ရင် တန် နှစ်ဆယ်ကျော်လောက်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ငါးရာခုနှစ်ဆယ်နီးပါးနဲ့ တင်ပို့ခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းငါးထောင် ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT) 

Sunday, 17 Jul 2011

တောင်ပေါ် ချင်း(ဥမ) ဈေးကျသလို မြေပြန့်မှာလည်း ချင်းဈေးကျ                   ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ချင်းဝင်ရောက်မှုအနေနဲ့ အောင်ပန်းနဲ့ တောင်ကြီးဘက်မှ ပိဿာ ၃ဝ ဝင်အိတ် ၆၅ဝ ခန့်ကို ချင်းအတက်၊ ချင်း(ဥမ)များ အပါအဝင် ယခင်အပတ်အတိုင်း ပုံမှန်ဝင်ရောက်မှုရှိခဲ့ပါတယ်။ ချင်းဈေးနှုန်း အနေ ဖြင့် ချင်းအတက် တစ်ပိဿာကို (ဂျွန်) ၁၁ဝဝ ကျပ်၊ (ရှယ်) ၁၂ဝဝ ကျပ်ဖြစ်ပြီး ချင်း(ဥမ)မှာတော့ ယခင် ၆ဝဝ ကျပ်-၇ဝဝ ကျပ်မှ ယခု ၅၅ဝ ကျပ်-၆၅ဝ ကျပ်သာ ရှိ၍ ဧရာဝတီနဲ့ ရခိုင်ဘက်သို့ ချင်းတက်နဲ့ ချင်း(ဥမ)များ ပိဿာချိန် ၂၃၅ဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် ယခုတစ်ပတ်အတွင်း တင်ပို့မှုရှိသလို ပွဲရုံများ၌ တစ်နေ့ကို ပိဿာချိန် ၉ဝဝ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။                 ဝင်းလဲ့ဝါ 

Sunday, 17 Jul 2011

ရှမ်းချင်းအဝယ်အေးပေမဲ့ မြေနီချင်းကိုပိုဝယ်                      ဟိုပုံးဈေးကွက်မှာ ချင်းဈေးက မြေအရောင်ပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးတွေအတွက်သာ ဝယ်ယူနေတာကြောင့် မြေနီကထွက်တဲ့ ပစ္စည်းတွေကို ပိုကြိုက်ကြပါတယ်။ မြေဖြူ၊ မြေမဲကထွက်တဲ့ ချင်း တွေကတော့ အထားလည်းမခံ၊ အပုပ်လည်းမြန်တာကြောင့် ဝယ်လက်တွေက သိပ်မကြိုက်ကြပါဘူး။ နမ့်ခုတ်နယ်က ဥမတွေလည်းအခုမှ စပြီးဈေးကွက်ကို ဝင် လာတာကြောင့် အဝင်ကလည်း သိပ်မများသေးပါဘူး၊ ခြံရှင်တွေကတော့ မျှော်မှန်း ထားတဲ့ ဈေးမရရင်ဖော်မှာမဟုတ်တော့ဘူးလို့လည်း ဒေသခံတွေထံက သိရပါ တယ်။မိုးရွာနေတာကြောင့်အဝယ်ကလည်း အနည်းငယ်ပြန်အေးနေပါတယ်။ ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ ချင်းဈေးတွေက မြေဖြူ၊ မြေမဲ ချင်းတစ်ပိဿာ ၂ဝဝ ကျပ်သာရှိပြီး၊ မြေနီချင်းကတော့ အခက်ပေါ်မူတည်ပြီး ကြီးရင်၊ လှရင် ၂၅ဝ ကျပ်-၃ဝဝ ကျပ် ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ လက်ကျန်ကုန် သလောက် ဖြစ်နေတာကြောင့် ရန်ကုန်ဝယ်လက်တွေက ဟိုပုံးမှာအထိုင်ချပြီး တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက် မှာတော့ ချင်း (ဥမ) တစ်ပိဿာ ၂၇ဝ ကျပ်-၃ဝဝ ကျပ်ဈေးရှိပြီး ချင်းခြောက် ကတော့ တစ်ပိဿာ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင် 

Sunday, 17 Jul 2011

ချင်းပြန်လည်တင်ပို့                  ဇူလိုင်ပထမပတ်အတွင်း ချင်း ၃၈ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံကို ၁ တန်၊ စင်ကာပူနိုင်ငံကို ၁၂ ဒသမ ၅ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံကို ၂၅ တန်အသီးသီးတင်ပို့ ခဲ့ပါတယ်။ ဇွန်ပထမပတ်အတွင်းသာ အပို့ရှိခဲ့တဲ့ ချင်းက လေးပတ်ဆက်တိုက်အပို့ ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၄၆ဝ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၆ဝဝဝ ကျော် ရရှိခဲ့ပါတယ်။     MIRT (DOT) 

Pages