Background
ပဲတီစိမ်း ပြည်ပအဝယ်နည်းလာ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို ပြည်ပအဝယ်နည်းလာတာ တွေ့ရပါတယ်။ အိန္ဒိယဝယ်လက်အဝယ်နည်းသလို တရုတ်ဘက်ကလည်း အဝယ်လျော့လို့ ယခုတစ်ပတ် (ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်) အတွင်း တန်ချိန် ၁၅ဝဝ ခန့်သာ ပြည်ပအရောင်းစာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ မိုးမိ ရေနာပဲများကို ပြည်ပဝယ်လက်များ အရည်အသွေးအရ ဝယ်ယူမှုနည်းခြင်းဖြစ်သလို ဈေးလည်းလျော့တယ်လို့ သိရပါတယ်။ ပြောင်းလဲတဲ့ ရန်ကုန် FOB ဈေးများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲတီစိမ်း (အညာ) ပဲတီရွှေဝါ(အသေး) ပဲတီရွှေဝါအကြီး၁-၇-၁၁ ၁ဝဝဝ-၁ဝ၂ဝ ၁၁၈ဝ-၁၂ဝဝ ၁၂၈ဝ-၁၃ဝဝ၂၄-၆-၁၁ ၁ဝ၂ဝ-၁ဝ၄ဝ ၁၁၈ဝ-၁၂ဝဝ ၁၂၈ဝ-၁၃ဝဝMIRT (DOBT)
ပဲလွန်းဖြူ တင်ပို့မှု သိသိသာသာတက် ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၉၇ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၂၂၇ ဒသမ ၂၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၉ဝ နီးပါးတင်ပို့ခဲ့ တာကြောင့် ယခုအပတ်မှာ ၃ ဆခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ပဲလွန်းဖြူရဲ့ မိမိဘက်ပေါက်ဈေး ၁ တန် ၅၆၄၈ဝ၃ ကျပ်နဲ့ တစ်ဖက်နိုင်ငံဈေး ၉၂၈ ဒေါ်လာဖြစ်ကြောင်း သိရပါတယ်။
်ပဲလွန်းဖြူတန် ၄ဝဝ စာချုပ် အရောင်းရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင်ရဲ့ FOB ဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေတဲ့ ပဲလွန်းဖြူဟာ ယခုတစ်ပတ် ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်အတွင်းမှာလည်း တန် ၄ဝဝ စာချုပ်အရောင်းရှိခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ တစ်လလုံး စာချုပ် ချုပ် ဆိုမှုမှာ တန်ချိန် ၂ဝဝဝ နီးပါးရှိတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ဈေးများအတိုင်း ဇူလိုင် ၁ ရက်မှာလည်း FAQ တစ်တန် ကန် ဒေါ်လာ ၈၆ဝ-၈၈ဝ နဲ့ SQ တစ် တန်ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ နဲ့ ပြောင်းလဲခြင်း မရှိဘူးလို့ သိရပါတယ်။ MIRT - MAPT
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တန် ၁ဝဝဝ တင် ပင်လယ်ရေကြောင်း ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန် ချိန် ၆ဝဝ ရှိရာမှ ယခုသီတင်းပတ် (ဇွန်လ ၂၃ ရက်မှ ၃ဝ ရက်) အတွင်းမှာ တန်ချိန် ၁ဝဝဝ အထိတင်ပို့မှုတက်လာ ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၂၄ ရက် နေ့အထိ ပဲလွန်းဖြူ ပြည်ပတင်ပို့ ပြီးစီးမှုမှာ တန်ချိန် တစ်သောင်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၈ဝဝဝ ကျော်ရှိလို့ ယခုနှစ်မှာ ပိုမိုတင်ပို့ နိုင်တာတွေ့ရပါတယ်။ ပြည်ပအဝယ် ရှိတဲ့ပဲဖြစ်လို့လာမယ့် သီတင်းပတ်တွေ မှာလည်း ဆက်လက်တင်ပို့မှုရှိမယ်လို့ ခန့်မှန်းရပါတယ်။ MIRT - MAPT
အိန္ဒိယ PEC မှ ပဲမျိုးစုံတန် ၆ဝဝဝ တင်သွင်းဖို့တင်ဒါခေါ် အိန္ဒိယနိုင်ငံပိုင် PEC အေဂျင်စီဟာ ပြည်တွင်းဈေးကွက်အတွင်းရောင်းချဖို့ ပဲမျိုးစုံတန်ချိန် ၆ဝဝဝ တင်သွင်းမယ့် တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်ဒါနောက်ဆုံး ရက်မှာ ဇူလိုင် ၁ ရက်ဖြစ်ပြီး အဲဒီနေ့မှာပဲတင်ဒါဆုံးဖြတ်သွားမယ်လို့ ၎င်းးဝက်ဘ် ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဝယ်ယူမယ့်ပဲများကတော့ မြန်မာနဲ့ တန်ဇန်းနီးယားက ၂ဝ၁၁ ရာသီထွက် မတ်ပဲနဲ့ ဒေစီကုလားပဲ တန် ၂ဝဝဝ စီဖြစ်ပြီး နောက်ထပ် ဒေစီကုလားပဲလုံး တန် ၂ဝဝဝ ကို သြစတြေးလျက ၂ဝ၁ဝ ရာသီထွက်ပဲဖြစ်တယ်လို့ သိရပါတယ်။ ဒေစီကုလားပဲလုံးကို မွန်ဘိုင်းဆိပ်ကမ်းကို တင်ပို့ရမှာဖြစ်ပြီး မတ်ပဲကို ချန်နိုင်း ဆိပ်ကမ်းကိုတင်ပို့ရမယ်လို့ဆိုပါတယ်။ ယင်းပဲအားလုံးကို ဇူလိုင်လနဲ့ သြဂုတ်လ အတွင်း အရောက်ပို့ရမယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: P T I
မရည်ရွယ်ပါဘူး ပဲစင်းငုံနီ အိန္ဒိယသမုဒ္ဒရာထဲက ငွေကြေးဈေးကွက် စက်လှေပေါ်မှာ တင်မိတဲ့ ပဲစင်းငုံ တွေဟာ ဇွန်လအတွင်းမှာတော့ လှိုင်းအိကလေးတွေစီးပြီး တက်နဲနဲကျနဲနဲနဲ့လဆန်း မှာ အမြင့်ဆုံးတစ်တင်းကို ၁၄၂ဝဝ ကျပ်မှ လလယ်မှာ အနိမ့်ဆုံး ၁၁၃ဝဝ ကျပ်ထိ ဆင်းခဲ့ပေမဲ့ ယခုလကုန်မှာတော့ အိန္ဒိယအဝယ် လေကလေးထန်လာလို့ ၁၂၉ဝဝ ကျပ်မှ ၁၃ဝဝဝ ကျပ်ထိ ဈေးပြန်မြင့်လာခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်က ပဲသမား တစ်ဦးကတော့ မနှစ်ကအတွေ့အကြုံအရ လှောင်ဖို့ စိတ်မကူးဘဲ၊ ဝယ်ပြီးရောင်းမယ်ဆိုပြီးဝယ်မိရာက ဈေးတွေတစ်ရက် တစ်ဈေးကျပြီး မရောင်းဖြစ်တော့ မရည် ရွယ်ဘဲ လှောင်မိသလိုဖြစ်သွားကြောင်းသူ့အဖြစ်ကိုပြောပြရှာပါတယ်။ မောင်မောင်အေး
အိန္ဒိယပဲစင်းငုံဈေး ဆက်လက်အားပျော့ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ ဈေး အနည်းငယ်မာလာသလို ဖြစ်လာခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာတော့ ဝယ်လို အား ဆက်လက်ပါးနေတာကြောင့် ဆက်လက် အားပျော့လာခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံမှာ မိုးနည်းမယ်ဆိုတဲ့သတင်းအပေါ် စိုးရိမ်မှုတွေရှိနေပေမဲ့ ပဲမျိုးစုံစိုက်ပျိုးမှုမှာ ရေလိုအပ်ချက်ဟာ အခြားသီးနံှတွေထက် နည်းတာကြောင့် လက်ရှိမြေဆီလွှာ အစိုဓါတ်က စိုက်ပျိုုးထားတဲ့ ပဲပင်တွေအတွက် အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။ မိုးပဲမျိုးစုံထွက်ရှိမှုအလားအလာကောင်းခြင်းက ဈေးနှုန်းအကျဘက်ဆင်းဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၃ဝ-၆-၁၁ ၂၉-၆-၁၁ ၂၈-၆-၁၁ ၂၇-၆-၁၁မွန်ဘိုင်း ၆၅၄-၆၆၅ ၆၅၆-၆၆၈ ၆၇၁-၆၈၃ ၆၆ဝ-၆၇၁ဒေလီ ၇ဝ၂-၇၂၇ ၇၂၁-၇၂၃ ၇၂၄-၇၂၆ ၇၂၉-၇၃၂ချန်နိုင်း ၆၆ဝ ၆၅၆ ၆၆၆ ၆၆၅MIRT(MAPT)
ဒီတစ်ပတ် ပဲစင်းငုံ တန် ၃ဝဝဝ ကျော်သာ စာချုပ်အရောင်းရှိ ရန်ကုန်တိုင်းဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပဲစင်းငုံ FOB အရောင်းအဝယ် စာချုပ် ချုပ်ဆိုမှု တန် ၇ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ် (ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁ ရက်) အတွင်းမှာတော့ တန် ၃ဝဝဝ ကျော်သာ အရောင်းစာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်တစ်လလုံး ပြည်ပအရောင်းအဝယ် ဖြစ်မှုမှာ တန်ချိန် နှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းလျှော့ချရောင်းချခွင့်ရလို့ အရောင်းအဝယ် သွက်လက်ပေမဲ့ အိန္ဒိယဝယ်လက်တွေက ပဲစင်းငုံဈေးကို လျှော့ဝယ်မှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ် အတိုင်း ပြောင်းလဲမှုမရှိဘဲ ဇူလိုင်လ ၁ ရက်မှာလည်း ပဲစင်းငုံ (FAQ) တစ်တန် ကန် ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံ ဖြူနီ၊ အဖြူ (FAQ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
မတ်ပဲတင်ပို့မှု နှစ်ဆတက် ဇွန်လ ၂၂ ရက်မှ ၂၈ ရက်အထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆ဝ၉ သန်းတန်ဖိုးရှိ မတ်ပဲ တန် ၇ဝ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၃ဝ သာ တင်ပို့ခဲ့တာကြောင့် ယခု အပတ်မှာ တန် ၄ဝ ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးဒေသထွက် မတ်ပဲများ တင်ပို့နေခြင်းဖြစ် ကြောင်းသိရပါတယ်။ ယခင်အပတ်က မိမိဖက်ရော တစ်ဘက်နိုင်ငံဈေးများပါ မြင့်တက်လျက်ရှိတာ တွေ့ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၅၆၆ဝ၆၇ ၅၅၂၁၈၄ ၁၃၈၈၃ ၂ .၅ ၈ဝ၅ ၈ဝ၃ ၂ ဝ .၂MIRT (DOBT)
အိန္ဒိယမတ်ပဲဈေး တည်ငြိမ်ရာမှ လျော့လာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အစပိုင်းက မတ်ပဲဈေး တည်ငြိမ်နေခဲ့ရာမှ သီတင်းပတ် နှောင်းပိုင်းမှာတော့ ဝယ်လိုအား အကန့်အသတ် သာရှိတာကြောင့် ဈေးလျော့လာခဲ့ပါတယ်။ နိုင်ငံအတွင်း ပဲစိုက်ပျိုးတဲ့ ဒေသများမှာ ဇွန်လ ၂၉ ရက်အထိ မိုးရွာသွန်းမှုဟာ ပုံမှန်အထက် ၁၁ ရာခိုင်နှုန်း ရှိနေတာကြောင့် ကနဦးစိုက်ပျိုးထားတဲ့ ပဲပင်များကြီးထွားဖို့ အခြေအနေကောင်းနေပါတယ်။ ဒါပေမဲ့ ပဲအသစ်ဈေးကွက်ထဲဝင်ဖို့ အချိန်လိုသေးတဲ့အတွက် ဝယ်လိုအား တက်လာပါက ဈေးမြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်းမှာတော့ လက်ရှိဈေး ဝန်းကျင်မှာ အပြောင်းအလဲရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ ဖော်ပြလိုက်ပါတယ် ဒေါ် လာ/ တန် ၃ဝ-၆-၁၁ ၂၉-၆-၁၁ ၂၈-၆-၁၁ ၂၇-၆-၁၁မွန်ဘိုင်း ၈၃၉-၈၅ဝ ၈၄၆-၈၅၇ ၈၆ဝ-၈၆၆ ၈၅၉-၈၇ဝဒေလီ ၈၅ဝ-၉ဝ၆ ၈၄၆-၉ဝ၁ ၈၄၄-၉ဝဝ ၈၄၃-၉ဝ၉ချန်နိုင်း ၈ဝ၅-၉၁၇ ၈၁၂-၉၂၃ ၈၂၁-၉၂၇ ၈၂ဝ-၉၂၆MIRT(MAPT)
