Main menu

Background

Tuesday, 6 Aug 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင် လ ၂၄ ရက်မှ ၃၀ ရက်အတွင်းကန်ဒေါ်လာ ၃ဒသမ ၉၄၂ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၄၆၃၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်းဖိုးရှိ (လုံးခြမ်း) တန် ၅၀ ကျော်ကို တင်ပို့နိုင်ခဲ့သလို ချင်းရွှေဟော်ကူးသန်းရောင်းဝယ်ရေး စခန်းမှ လည်း ကန်ဒေါ်လာ သုည ဒသမ ၉၆၀ သန်းတန်ဖိုးရှိ ပဲတီစိမ်း (လုံးပြည့်) ၁၁၂၉ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။

Tuesday, 6 Aug 2013

မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2 ကို ရန်ကုန်နဲ့ မန္တလေးဝယ် လက်ပါးပြီး၊ ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်နဲ့ လက်လီသမားများ ပုံမှန်အသုံးရှိ လို့ ဈေးအေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ဇူလိုင်လ ဆန်း မှာ V2 တစ်တင်း ၁၇၃၀၀ ကျပ်မှ သြဂုတ်လ ၁ ရက်နေ့မှာ ၁၆၈၀၀ ကျပ်ကို ဈေးအေးခဲ့လို့ တောင်သူနဲ့ ကုန်သည်(လှောင်လက်)များ ထုတ်မရောင်းကြပဲ သိုလှောင်ထားကြပါတယ်။ ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင် မှာ တစ်ရက် ပျမ်းမျှ အိတ် ၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူ သြဂုတ်လ ၁ ရက်နေ့က V2 တစ်တန် ၂၂၇၀၀ ကျပ်ဈေးပေါက်ခဲ့ကြကြောင်း သိရပါတယ်။ သန်းသန်းတင် - မုံရွာ

Tuesday, 6 Aug 2013

ဇူလိုင်လကုန် ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ အကျဖက် ဦးတည် နေခဲ့တာကို တွေ့ရပါတယ်။ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်ဈေးများသာ ဈေးငြိမ် နေပြီး၊ အရောင်းအဝယ်လည်း အသင့် အတင့်ရှိခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ သီးနှံမှာ ပဲအဝင်ပါးလာသလို ရန်ကုန် ဝယ်လက်အဝယ်ရှိသော်လည်းအရောင်း အဝယ်ဖြစ်မှုမှာ တစ်ရက် အိတ် ၁၅၀ ခန့်သာ ဖြစ်ခဲ့ပါတယ်။ မတ်ပဲဈေးနှုန်း များမှာ တစ်ပတ်ထက် တစ်ပတ်ဈေး လျော့ခဲ့တာကို တွေ့ရပါတယ်။

Tuesday, 6 Aug 2013

မုံရွာကုန်စည်ဒိုင် ဇူလိုင်လကုန်နဲ့ သြဂုတ်လဆန်း ပဲဈေးကွက်မှာ Export လက် အဆွဲလေးသလို ဒေသကုန်သည် အဝယ်အေးလို့ ပဲအများစု ကျဈေးဖြစ် ပေါ်ခဲ့တာ တွေ့ရပါတယ်။ ကုလားပဲ အုပ်စု ဈေးကွက်မှာဆိုရင် ထိုင်ဝမ် ကုလားပဲဟာ ကုန်သည်လက်ဝယ် ပဲ လက်ကျန်နည်းလာတဲ့အတွက် ရောင်း သူ ရှားကာ ဝယ်လိုအား အနည်းငယ် ကောင်းခဲ့လို့ တစ်တင်း ၁၆၇၀၀ ကျပ်၊ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

Tuesday, 6 Aug 2013

မုံရွာကုန်စည်ဒိုင် သြဂုတ်လဆန်း ဆီထွက်သီးနှံ ဈေးကွက်မှာ တရုတ် ဝယ်လက်ကြောင့် မြေပဲဈေးတက်ခဲ့ ပြီး၊ နှမ်းဈေးငြိမ်ကာ စားသုံးဆီဈေးအေးခဲ့ တယ်လို့ သိရပါတယ်။ မြေပဲဈေးကွက် မှာ မြေပဲဆန်နီဟာ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းက တစ်ပိဿာ ၁၆၂၅ ကျပ်ထိ အနိမ့်ဆုံး ကျခဲ့ရာက ယနေ့ ၁၈၀၀ ကျပ်ထိ၊ မြေပဲဆန်ဖြူဟာ ပြီးခဲ့တဲ့လက တစ်ပိဿာ အနိမ့်ဆုံး ၁၈၅၀ ကျပ် ကနေ ယနေ့ ၂၀၅၀ ကျပ်၊ မြေပဲလုံး ဆန်ဟာ ပြီးခဲ့တဲ့လက တစ်တင်း ၂၉၅၀၀ ကျပ်ထိ အနိမ့်ဆုံးကျခဲ့ရာမှ ယနေ့ ၃၃၀၀၀ ကျပ်ထိ၊ ဈေးအသီးသီး တက်လာခဲ့တာ တွေ့ရပါတယ်။

Tuesday, 6 Aug 2013

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်တွင် မြန်မာ မတ်ပဲ ဈေးအနည်းငယ်မြင့်တက်လာပြီး ပဲစင်း ငုံနီကတော့ ပဲခွဲစက်နှင့် ကုန်သည်များ က အဝယ်မရှိလို့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒေလီဈေးကွက် မှာလည်း ဒေစီကုလားပဲများ ဈေးငြိမ်နေပါတယ်။NCDEX ကုန်စည်ဒိုင်မှာတော့ သြဂုတ်၊ စက်တင်ဘာလများ အတွက် ကုလားပဲ ကြိုရောင်းဈေးများ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 31 Jul 2013

ဇူလိုင်လတတိယပတ် ထိုင်း ရော်ဘာဈေးနှုန်းများ အနည်းငယ်စီ အားနည်းလာသော်လည်း မလေးရှားနဲ့ အိန္ဒိယ တို့မှာ ရော်ဘာဈေးနှုန်းများ အနည်းငယ်စီမြင့်မားလာတယ်။

Wednesday, 31 Jul 2013

လျှော်ဖြူပင်စိုက်ပျိုးခြင်းလုပ်ငန်းဟာ စိုက်ပျိုးရလွယ်ကူခြင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပါးခြင်း၊ ကာလတိုအတွင်း ဝင်ငွေရရှိနိုင်ခြင်း၊ စီးပွားရေး တွက်ခြေ ကိုက်ခြင်းစတဲ့ အကျိုးကျေးဇူးများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးမှာ စိုက်ပျိုးမှု တိုးတက်လာတဲ့ သီးနှံဖြစ်ပါတယ်။

Wednesday, 31 Jul 2013

ဇူလိုင်လ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မလေးရှား တစ်နိုင်ငံတည်းသို့သာ ရော်ဘာတင်ပို့မှုရှိခဲ့ပါတယ်။ တင်ပို့တဲ့တန်ချိန်မှာ ၁၆၀ ဖြစ်ပြီး ျွှ ၃ တန် ၁၀၀ နဲ့ RSS 5 တန် ၆၀ ဖြစ်ပါတယ်။ တန်ဖိုးကတော့ ကန်ဒေါ်လာ သုည ဒသမ ၃၅၂ သန်းဖိုးဖြစ်ပါတယ်။

Wednesday, 31 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော်နဲ့ လွယ်ဂျယ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၄၁၀ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၁၁၉၆၆ တန်ကို ဇူလိုင်လ ၁၇ ရက်မှ ၂၃ ရက်တာကာလမှာ တင်ပို့ နိုင်ခဲ့ပါတယ်။

Pages