Background
ရန်ကုန်ဝယ်လက်ပါးလို့ မုံရွာ V2 ဈေးကျလာ မုံရွာကုန်စည်ဒိုင် မေလ စတုတ္ထပတ် ကုလားပဲဈေးကွက်အနေနဲ့ ရန်ကုန် ဝယ်လက်ပါးလာလို့ V2 ဈေးအနည်းငယ်အေးလာခဲ့ပြီး ကျန်ကုလားပဲများကတော့ ဈေးတက်လျက်ရှိတယ်လို့ ပွဲရုံရပ်ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲပေါက်ဈေးများကတော့ V2 တစ်တင်း အမြင့်ဆုံး ၁၈၆ဝဝ ကျပ်မှ အနိမ့်ဆုံး ၁၇၈ဝဝ ကျပ်ထိ ဈေးကျခဲ့ပြီး ထိုင်ဝမ်တစ်တင်း ၁၅၇ဝဝ ကျပ်မှ ၁၅၅ဝဝ ကျပ်နဲ့ 929 တစ်တင်း ၁၅၅ဝဝ ကျပ်မှာ ငြိမ်နေတာတွေ့ရပါတယ်။ ယခုအပတ်မှာ ရန်ကုန်ဝယ်လက်ပါးလာလို့ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက် V2 တင်း ၁၅ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ထိုင်ဝမ်နဲ့ 929 ကုလားပဲများ ကတော့ ဒေသတွင်း လုပ်ငန်းသမား ပုံမှန်ဝယ်လို့ တစ်ရက်တင်း ၁ဝဝဝ ခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ထွန်းလှိုင်
အိန္ဒိယ ပြည်တွင်းဈေးကွက် ကုလားပဲဈေးအပြောင်းအလဲဖြစ် အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုသီတင်းပတ်အတွင်း ကုလားပဲ ဈေး အပြောင်းအလဲ အတက်အကျရှိခဲ့ပါတယ်။ ဈေးကွက်တွေကို ပဲအသစ်ဝင် ရောက်မှု ကျဆင်းပေမဲ့ လက်ကျန်များခြင်းက ဈေးနှုန်းမြင့်တက်မှုကို ထိန်းခုျပ်နေပါတယ်။ နိုင်ငံအတွင်း ကုလားပဲရိတ်သိမ်းမှု ပြီးစီးပြီဖြစ်ပြီး လှောင်လက်များ ကုလားပဲကို ဆက်လက်သိုလှောင်ထားကြဆဲဖြစ်လို့ ဈေးကွက်တွေမှာ ရောင်းအား လျော့ကျ နေတယ်လို့ သိရပါတယ်။ လက်ထပ်ပွဲများကြောင့် ကုလားပဲနဲ့ ကုလားပဲ ထုတ်ကုန်များ ဝယ်လိုအားကောင်းလာတယ်လို့ သိရပါတယ်။ နိုင်ငံတကာအနေနဲ့ သြစတြေးလျ ပဲစိုက်ပျိုးရာ ကွင်းစလင်းဒေသမှာ ဇွန်လမှ သြဂုတ်လအတွင်း မိုးပိုမိုရွာသွန်းမယ့်ခန့်မှန်းချက်များအရ သီးနံှကို ထိခိုက်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကာလတိုအတွင်း အိန္ဒိယကုလားပဲဈေးခိုင်မာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဈေးကွက်တွေမှာဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းအပြောင်းအလဲတွေကို ဖော်ပြလိုက်ပါတယ် တန်/ဒေါ်လာ ၂၆-၅-၁၁ ၂၅-၅-၁၁ ၂၄-၅-၁၁ ၂၃-၅-၁၁မွန်ဘိုင်း ၅၁၃ ၅၁၈ ၅၁၉ ၅၁၃ဒေလီ ၅၃၅-၅၄၁ ၅၂၉-၅၃၄ ၅၃ဝ-၅၃၆ ၅၃၆-၅၄၁တန်ပါ ၅၉၆ ၅၈၆ ၅၉ဝ ၅၉၂MIRT(MAPT)
ရန်ကုန် FOB ဈေးကွက်မှာ ကုလားပဲအဝယ်လျော့ကျ ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခင်သီတင်းပတ်တွေက အဝယ်သွက်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးကို ယခုသီတင်းပတ် (မေလ ၂၃-၂၇)အတွင်းမှာတော့ တန်ချိန် ၃ဝဝ ကျော်က အရောင်းအဝယ်ဖြစ်ခဲ့ တာ တွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အတွင်းမှာ ကုလားပဲဖြူလုံးကြီး တန် ၈ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ယခင်သီတင်းပတ်များအတွင်း FOB ဈေးကွက်မှာ ပြည်ပအဝယ်သွက်ခဲ့ပေမဲ့ ဒီတစ်ပတ်အတွင်း ပြည်ပအဝယ်အေးလာခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းဈေးကွက် မှာတော့ ဒေသတွင်းသုံးအဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ဈေးအတိုင်း မေလ ၂၇ ရက် မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈ဝဝ-၈၂ဝ ရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ကုလားပဲဖြူလုံးကြီး တန်ချိန် ၃ဝဝဝ တင်ပို့မှုရှိ ကုလားပဲဖြူလုံးကြီး ပြည်ပသင်္ဘောတင်ပို့မှုဟာ ယခင်သီတင်းပတ်တွေထက် အနည်းငယ်လျော့ကျပြီး ယခုသီတင်းပတ် (မေလ ၁၉-၂၅)အတွင်းမှာ တန်ချိန် ၃ဝဝဝ ခန့်သာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၃၆ဝဝ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ယူအေအီးနဲ့ စင်ကာပူတို့ဖြစ်ပြီး တင်ပို့မှုပမာဏများတဲ့ နိုင်ငံတွေကတော့ ပါကစ္စတန်နဲ့ အိန္ဒိယတို့ကိုဖြစ်ပါတယ်။ ပါကစ္စတန်ဝယ်လက်များ အဝယ်ရှိနေလို့ လာမယ့် သီတင်းပတ်တွေမှာလည်း ကုလားပဲကတော့ တင်ပို့မှု အားကောင်းနေအုံးမယ်လို့ ကုန်သည်များ ခန့်မှန်းကြပါတယ်။ MIRT - MAPT
ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင်ပုံမှန်ရှိ ယခုတစ်ပတ် (မေလ ၁၉-၂၅ ရက်) အတွင်းမှာလည်း ထောပတ်ပဲနဲ့ မြေထောက်ပဲတွေကတော့ သင်္ဘောတင်ပို့မှု ပုံမှန်ရှိနေပါတယ်။ ထောပတ်ပဲတန် ၈၅ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃၅ဝ ကျော်တင်ပို့ခဲ့ပြီး တင်ပို့နိုင်ငံတွေကတော့ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားတို့ဖြစ်ပါတယ်။ ယခုတစ်ပတ် (မေလ ၂၃ ရက်မှ ၂၇ ရက်)အတွင်း ရန်ကုန် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ထောပတ်ပဲတန် ၉ဝဝ ထိ ရှိခဲ့ပြီး မြေထောက်ပဲတန် ၂၅ဝ ခန့် ရှိခဲ့တာတွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ပမာဏများ ကတော့ ထောပတ်ပဲတန် ၃၅ဝဝ နဲ့ မြေထောက်ပဲတန် ၁၅ဝဝ ခန့်ရှိခဲ့ပါတယ်။ ရန်ကုန် FOB ဈေးများကတော့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၇ဝ-၈ဝဝ ၊ မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဈေးနဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။MIRT - MAPT
နှစ်ငုံ ညီမျှခြင်း တစ်စိမ်း ပဲစင်းငုံက စိုက်ရက်သက်တမ်း ၇ လ၊ ၈ လရှိပြီး တစ်ဧကကို ၁၂ တင်းမှ ၁၅ တင်းခန့် ထွက်တတ်ပါတယ်။ ယခု လက်ရှိတော့ တစ်တင်းကို ၁၄၈ဝဝ ကျပ်ပေါက်ပြီး ကုန်သည် တော်တော်များများဆီမှာ လက်ကျန်ပေါ်နေ ပါတယ်။ ပဲတီစိမ်းကြီးကတော့ စိုက်ရက်သက်တမ်း ၃-၄ လရှိပြီး တစ်ဧကကို ၈ တင်းမှ ၁ဝ တင်းခန့် ထွက်ပါတယ်။ လက်ရှိ ပေါ်ဦးစ မှ တရုတ်ဘက်စဆွဲနေတော့ တစ်တင်းကို ၃ဝ၁ဝဝ ကျပ်ဈေးရပါတယ်။ အဲဒီတော့ ပဲစင်းငုံ ၂ တင်းနဲ့ ပဲတီစိမ်းကြီး ၁ တင်း ညီမျှနေတဲ့ သဘောပါ။ MMA
အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းပဲတီစိမ်းကြီး မုံရွာကုန်စည်ဒိုင်မှာ မေလ ဒုတိယပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ်သွက်ဆုံးပဲသီးနံှမှာ ပဲတီစိမ်းဖြစ်ကြောင်း သိရပါ တယ်။ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီမြို့နယ်များမှ အရည်အသွေးကောင်းတဲ့ ပဲတီစိမ်းများ မုံရွာ ကုန်စည်ဒိုင်ကို ဝင်ရောက်လာပြီး တရုတ်ဝယ်လက်ဆွဲအားကောင်းလို့ အရောင်းအဝယ်သွက်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီး တစ်ပိဿာဈေးမှာ မေလ ၁ ရက်နေ့တွင် ၁၃၁၆ ကျပ်မှ မေလ ၁၈ ရက်နေ့တွင် ၁၆၃၂ ကျပ်သို့ဈေးမြင့်ခဲ့ပြီး မေလ ၂၅ ရက်နေ့တွင် ၁၅၅၃ ကျပ်သို့ ဈေးအေးလာကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းကြီး တစ်ရက်ကို အိတ် ၁၅ဝဝ ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း စစ်ကိုင်း တိုင်းဒေသကြီးမှ ရန်ကုန်သို့ ပဲတီစိမ်းကြီးတင်း ၅၄ဝ ကျော် မန္တလေးသို့ တင်း ၁၇ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းသန်းတင်- မုံရွာ
မူဆယ်မှ ပဲတီစိမ်းတန် ၃၇ဝဝ နီးပါးတင်ပို့ မေလ ၁၈ ရက်မှ ၂၄ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၉၇၃ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၃၆၈၈ ဒသမ ၂၅၆ တန် တင်ပို့မှုရှိခဲ့ပါတယ်။ လုံးပြည့်အပြင် ကန်ဒေါ်လာ ဝ ဒသမ ၄၈ဝ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၄၂၄ ဒသမ ၁၆၉ တန်လည်း တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် ပဲတီစိမ်း ၁၇၂၂ တန် ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း ၂၈၂ တန်တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေး လိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၁ဝဝ၁၄၁ဝ ၁ဝ၂၃၄၈၅ ၂၂ဝ၇၅ ၂ ၁၂၂၈ ၁၂၄၃ ၁၅ ၁MIRT (DOBT)
အိန္ဒိယပဲတီစိမ်း ယခုတစ်ပတ်ဈေးငြိမ် ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး ငြိမ်နေတာတွေ့ရပါတယ်။ပြန်လည်ရောင်းချသူများနဲ့ ပဲခွဲစက်များက ဝယ်လိုအားကောင်းလာပေမဲ့ ပမာဏများများ လှောင်ထားတဲ့ လှောင်လက်သမားများ လက်ကျန်ရှင်းထုတ်နေခြင်းက ဈေးနှုန်းကို ဖိအားဖြစ်စေပါတယ်။ အိန္ဒိယအရှေ့ပိုင်း ဒေသတွေမှာ မိုးရွာသွန်းနေခြင်းကြောင့် နွေပဲတီစိမ်း ရိတ်သိမ်းမှုကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။ နိုင်ငံဒေသတော်တော်များများမှာ မိုးကြိုပဲများစတင် စိုက်ပိုျးနေပြီလို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ပြည်တွင်း ဈေးကွက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကိုဖော်ပြလိုက်ပါတယ် တန်/ ဒေါ်လာဈေးကွက် ၂၆-၅-၁၁ ၂၅-၅-၁၁ ၂၄-၅-၁၁ ၂၃-၅-၁၁မွန်ဘိုင်း (ကင်ညာ) ၁၁ဝ၄ ၁၁ဝ၂ ၁ဝ၉၄ ၁ဝ၉၃-၁၁ဝ၄ဒေလီ ၇၉၅-၈၈၃ ၇၉၃-၈၈၁ ၈၁၈-၉ဝ၆ ၈၁၇-၉ဝ၅အာကိုလာ ၈၈၃-၇၉၂ ၈၈၁-၉၇ဝ ၈၈၄-၉၇၂ ၈၈၃-၉၉၄MIRT(MAPT)
ယခုသီတင်းပတ် ပဲတီစိမ်း ပြည်ပအဝယ်စာချုပ်ချုပ်ဆိုမှု လျော့ကျ ရန်ကုန်တိုင်းကုန်စည်ဒိုင်(ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခုတစ်ပတ်(မေလ ၂၃ ရက်မှ ၂၇ ရက်) အတွင်း ပြည်ပ အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှု တန်ချိန် ၂ဝဝဝ ကျော်သာရှိလို့ ယခင်သီတင်းပတ်ထက် လျော့ကျခဲ့တာတွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခုသီတင်းပတ်များအတွင်း တရုတ်ဘက်မှ ဝယ်လိုအားပြန်တက်ခဲ့သလို လက်ရှိဈေးကို အိန္ဒိယဝယ်လက် တွေလည်း အကြိုက် တွေ့လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားပဲဈေးတွေ လျော့ကျနေတာကြောင့် ပဲတီစိမ်းဈေးက မြင့်တက်လာခြင်း မရှိဘဲ FOB ဈေးငြိမ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ မေလ ၂ ရက် ရန်ကုန် FOB ဈေးမှာ ပဲတီစိမ်းအညာနဲ့ ပခုက္ကူဈေး တစ် တန် ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁၁၇ဝ-၁၁၉ဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန် ဒေါ်လာ ၁၂၇ဝ-၁၂၉ဝ နဲ့ ယခင်သီတင်းပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ MIRT - MAPT