Background
အိန္ဒိယပဲတီစိမ်း ယခုတစ်ပတ်ဈေးငြိမ် ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး ငြိမ်နေတာတွေ့ရပါတယ်။ပြန်လည်ရောင်းချသူများနဲ့ ပဲခွဲစက်များက ဝယ်လိုအားကောင်းလာပေမဲ့ ပမာဏများများ လှောင်ထားတဲ့ လှောင်လက်သမားများ လက်ကျန်ရှင်းထုတ်နေခြင်းက ဈေးနှုန်းကို ဖိအားဖြစ်စေပါတယ်။ အိန္ဒိယအရှေ့ပိုင်း ဒေသတွေမှာ မိုးရွာသွန်းနေခြင်းကြောင့် နွေပဲတီစိမ်း ရိတ်သိမ်းမှုကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။ နိုင်ငံဒေသတော်တော်များများမှာ မိုးကြိုပဲများစတင် စိုက်ပိုျးနေပြီလို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ပြည်တွင်း ဈေးကွက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကိုဖော်ပြလိုက်ပါတယ် တန်/ ဒေါ်လာဈေးကွက် ၂၆-၅-၁၁ ၂၅-၅-၁၁ ၂၄-၅-၁၁ ၂၃-၅-၁၁မွန်ဘိုင်း (ကင်ညာ) ၁၁ဝ၄ ၁၁ဝ၂ ၁ဝ၉၄ ၁ဝ၉၃-၁၁ဝ၄ဒေလီ ၇၉၅-၈၈၃ ၇၉၃-၈၈၁ ၈၁၈-၉ဝ၆ ၈၁၇-၉ဝ၅အာကိုလာ ၈၈၃-၇၉၂ ၈၈၁-၉၇ဝ ၈၈၄-၉၇၂ ၈၈၃-၉၉၄MIRT(MAPT)
ယခုသီတင်းပတ် ပဲတီစိမ်း ပြည်ပအဝယ်စာချုပ်ချုပ်ဆိုမှု လျော့ကျ ရန်ကုန်တိုင်းကုန်စည်ဒိုင်(ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခုတစ်ပတ်(မေလ ၂၃ ရက်မှ ၂၇ ရက်) အတွင်း ပြည်ပ အရောင်းအဝယ် စာချုပ်ချုပ်ဆိုမှု တန်ချိန် ၂ဝဝဝ ကျော်သာရှိလို့ ယခင်သီတင်းပတ်ထက် လျော့ကျခဲ့တာတွေ့ရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခုသီတင်းပတ်များအတွင်း တရုတ်ဘက်မှ ဝယ်လိုအားပြန်တက်ခဲ့သလို လက်ရှိဈေးကို အိန္ဒိယဝယ်လက် တွေလည်း အကြိုက် တွေ့လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားပဲဈေးတွေ လျော့ကျနေတာကြောင့် ပဲတီစိမ်းဈေးက မြင့်တက်လာခြင်း မရှိဘဲ FOB ဈေးငြိမ်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ မေလ ၂ ရက် ရန်ကုန် FOB ဈေးမှာ ပဲတီစိမ်းအညာနဲ့ ပခုက္ကူဈေး တစ် တန် ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ပဲတီရွှေဝါအသေး တစ်တန်ကန်ဒေါ်လာ ၁၁၇ဝ-၁၁၉ဝ နဲ့ ရွှေဝါအကြီး တစ်တန် ကန် ဒေါ်လာ ၁၂၇ဝ-၁၂၉ဝ နဲ့ ယခင်သီတင်းပတ်ဈေးအတိုင်း ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ MIRT - MAPT
ပဲတီစိမ်းတင်ပို့မှု ပုံမှန်နီးပါးပြန်တက်လာ ယခုသီတင်းပတ် (မေလ ၁၉-၂၅ ရက်)အတွင်း ပဲတီစိမ်းသင်္ဘောတင်မှုက ပုံမှန်ပမာဏနီးပါး ပြန်တက်လာခဲ့ပါတယ်။ ယခင်သီတင်းပတ်အတွင်းက တန်ချိန် ၄ဝဝဝ ကျော်ကို လျော့ကျခဲ့ရာမှ ယခုသီတင်းပတ်မှာ တန်ချိန် ၅၇ဝဝ ကျော်ထိ ပြန်တက်လာခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ နယ်သာလန်တို့ကိုဖြစ်ပါတယ်။ တင်ပို့မှုပမဏများတဲ့နိုင်ငံတွေကတော့ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကိုဖြစ်ပါတယ်။ ပြည်ပအဝယ်အသင့်အတင့်ရှိနေလို့ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်ပမာဏအတိုင်းတင်ပို့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT - MAPT
အာရှအလယ်ပိုင်းတွင် ခြိမ်းခြောက်နေသည့် ကိုျင်းကောင်အန္တရာယ်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ စားနပ်ရိက္ခာ နှင့်လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်း (FAO) မှ အကူအညီပေးသွားမည် ကမ္ဘာ့ကုလသမဂ္ဂက အာရှအလယ်ပိုင်းမှ နိုင်ငံ ၁ဝ နိုင်ငံနဲ့ အာရှနဲ့ ဥရောပဒေသအကြားဖြစ်တဲ့ ကော့ကေးဆပ်ဒေသ တွေမှာ လူဦးရေ ၂ဝ သန်းကိုစားနပ်ရိက္ခာဖူလုံရေးအတွက် ခြိမ်းခြောက်နေတဲ့ ကျိုင်းကောင်းတွေ သောင်း ကျန်းနေမှုမှ အကူအညီပေးသွားမှာဖြစ်ကြောင်း မေလ ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ကျိုင်းကောင်က ၎င်းဒေသတွေမှာ လယ်ယာစိုက်ပျိုးရေးအတွက် အဆိုးရွားဆုံးခြိမ်းခြောက်လျက်ရှိပြီး ကပ် ရပ်ဒေသ တွေဖြစ်တဲ့ အာဖဂန်နစ္စတန်မြောက်ပိုင်းနဲ့ ရုရှတောင်ပိုင်းတို့မှာပါ ခြိမ်းခြောက်လျက်ရှိကြောင်း ရောမအခြေ စိုက် FAO ဖော်ပြချက်မှာပါရှိတယ်။ နိုင်ငံများစွာမှ တစ်နေ့အတွင်း ၁ဝဝ ကီလိုမီတာ(မိုင် ၆ဝ) ပံျသန်းနိုင်တဲ့အပြင် ရာသီဥတု ပြောင်းလဲမှု ကိုပါ ခံနိုင်ရည်ရှိတဲ့ ကျိုင်းကောင်အန္တရာယ်မှ ဟန့်တားနိုင်ရေးအတွက် FAO ကို အကူအညီတောင်းခံ ထားပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ကျိုင်းကောင်အန္တရာယ်ကျရောက်ပါက အိမ်နီးချင်းနိုင်ငံကိုပါ အလွယ်တကူပံျ့နံှ့သွားကြောင်း FAO မှကျိုင်းကောင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Annie Monard မှ ပြောကြားလိုက်ပါတယ်။ FAO က ကျိူင်းကောင်ထိန်းချုပ်နိုင်ရေးအတွက် ငါးနှစ်စီမံကိန်းကို စတင်အသုံးပြုသွားမှာဖြစ်ကြောင်း၊ လယ်ယာမြေ ဟက်တာပေါင်း ၂၅ သန်းကို အကူအညီပေးသွားမှာဖြစ်ကြောင်းနဲ့ ၎င်းအစီအစဉ်က ဇီဝပိုးသတ်ဆေး အပါအဝင် ပတ်ဝန်း ကျင်အန္တရာယ်ကို အနည်းဆုံးသာ သက်ရောက်စေမဲ့ အဆင့်မြင့်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ပိုးသတ်ဆေးကို အသုံးပြု သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:AFP News
ဈေးလည်းငြိမ် အဝယ်လည်း အေးတဲ့ ပြည်ပဲလွန်းဖြူ ပြည်ပဲလွန်းဖြူုဈေးကွက်မှာ ယခုတစ်ပတ် ပဲတစ်တင်းကို ၁၇၅ဝဝ ကျပ် ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ ပြည်ပွဲရုံများ သို့ ပဲဝင်ရောက်မှုလည်း မရှိသလောက် နည်းနေပါတယ်။ အရောင်းအဝယ်ဖြစ်မှု ကတော့ မြို့တွင်း လက်လီလိုင်းသမား များသာ အဝယ်ရှိပြီး တစ်နေ့ကို အိတ် ၁၈-၂ဝ ခန့်သာ အရောင်းအဝယ်ဖြစ် တယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူ၊ နီ ပုံမှန်အတိုင်း သင်္ဘောတင်ပို့ ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ၊ နီ သင်္ဘောတင်ပို့မှုကတော့ ပုံမှန်တင်ပို့မှု ပမာဏအတိုင်း ယခုသီတင်းပတ် (မေလ ၁၉-၂၅) ရက်အတွင်းမှာလည်း ပဲလွန်း ဖြူ တန် ၉၅ဝ ကျော်နဲ့ ပဲလွန်းနီ တန် ၁၂ဝ၊စုစုပေါင်း တန် ၁ဝဝဝ ကျော် ရှိတာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေ ကတော့ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ရုရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ပြည်ပအဝယ် စာချုပ်ချုပ်ဆိုမှုအနေနဲ့ မေလ ၂၃ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၄ဝဝ ကျော်ရှိပြီး မေလ ၂ ရက်မှ ၂၇ ရက် အထိ တန်ချိန် ၁၇ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်ပုံမှန်နီးပါးရှိနေတဲ့ ပဲမို့ ၤFOB ဈေးမှာလည်း အပြောင်းအလဲ မရှိဘဲ FAQ တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
အိန္ဒိယဈေးကွက်မှာ ပဲစင်းငုံဈေးဆင်းလာ ယခင်သီတင်းပတ်က အိန္ဒိယပြည်တွင်းဈေးကွက်မှာ ပဲစင်းငုံဈေး ခိုင်မာနေခဲ့ ပေမဲ့ ယခုသီတင်းပတ်မှာတော့ ပြန်လည်ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ အဝယ်မရှိတဲ့အပြင် လှောင်လက်များ ထုတ်ရောင်း နေတာကြောင့် ဈေးလျော့ကျ လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပက တင်သွင်းမယ့် ပဲတင်ဒါခေါ်ယူထားခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသ ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာသွန်းနေခြင်းက နောက်ထပ် ပဲရာသီမှာ အထွက်ပိုမိုမယ့် အလားအလာရှိလာကာ ဈေးနှုန်းကို ဖိအား ဖြစ်စေပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကို ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/တန် ၂၆-၅-၁၁ ၂၅-၅-၁၁ ၂၄-၅-၁၁ ၂၃-၅-၁၁မွန်ဘိုင်း ၆၈၄-၇ဝ၇ ၆၈၃-၇ဝ၅ ၆၉၁-၇ဝ၇ ၆၉၆-၇၁၈ဒေလီ ၇၄၉-၇၅၁ ၇၆ဝ-၇၆၂ ၇၆၂-၇၆၅ ၇၆၂-၇၆၄ချန်နိုင်း ၆၈၄ ၆၈၃ ၆၈၅ ၆၉၆MIRT(MAPT)
ယခုတစ်ပတ်ပဲစင်းငုံကို ပြည်ပဝယ်ယူမှု တန် ၄၅ဝဝ ထိတက်လာ ယခုတစ်ပတ် (မေလ ၂၃ ရက်မှ ၂၇ ရက်)အတွင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံတန် ၄၅ဝဝ ခန့်ကို ပြည်ပဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုကတော့ တန်ချိန် ၂၃ဝဝဝ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယဝယ်လက်အချို့ အဝယ်ရှိပေမဲ့ အိန္ဒိယဈေးကွက်အတွင်း ဈေးကျ နေတာကြောင့် ဈေးလျှော့ ဝယ်လာတဲ့အတွက် ပြည်တွင်းလှောင်လက်များ အနေနဲ့ ထုတ်ရောင်းမှုနည်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးလျော့တဲ့ ပဲစင်းငုံ ဖြူနီကို တော့ အဝယ်ပိုများတယ်လို့ သိရပါတယ်။ လျော့ကျလာတဲ့ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ(FAQ) ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၂၇-၅-၁၁ ၆၆ဝ-၆၈ဝ ၅၆ဝ-၅၈ဝ၂ဝ-၅-၁၁ ၆၉ဝ-၇၁ဝ ၅၉ဝ-၆၁ဝMIRT(MAPT)
ပဲစင်း ငုံတင်ပို့မှုတန် တစ်သောင်းနီးပါးရှိလာ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်များက အပတ်စဉ် တန်ချိန် ၃ဝဝဝ ဝန်းကျင် သာရှိခဲ့ရာမှ ယခုသီတင်းပတ် (မေလ ၁၉-၂၅) အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ တင်ပို့ တဲ့ နိုင်ငံတွေကတော့ အိန္ဒိယကို ပမာဏအများဆုံးဖြစ်ပြီး စင်ကာပူနဲ့ ထိုင်းနိုင်ငံကို တော့ အနည်းငယ်တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခုနှစ်အတွင်း ပဲစင်းငုံတင်ပို့မှု လျော့နည်းတယ် ဆိုပေမဲ့ ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ MIRT - MAPT
နယ်စပ်မှ ယခုအပတ် မတ်ပဲ တင်ပို့မှုလျော့ မေလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၅ သန်းတန်ဖိုးရှိ မတ်ပဲ ၁၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၉ တန် တင်ပို့ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % မတ်ပဲ ၅၂၃၆၆၃ ၅၆၁၄၁၂ ၃၇၇၄၉ ၇ ၉၇ဝ ၉၉၁ ၂၁ ၂MIRT (DOBT)
