Main menu

Background

Tuesday, 31 May 2011

ယခုတစ်ပတ် အန္ဒိယမတ်ပဲ ဈေးကျ                 အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲဈေးကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပြုပြင်ပြီးမတ်ပဲ အဝယ်နည်းတဲ့အတွက် ပဲခွဲစက်တွေက ဝယ်ယူမှုလည်း ကျဆင်းလာတယ်လို့ သိရပါတယ်။ နွေမတ်ပဲများ ရိတ်သိမ်းနေပြီဖြစ်ပြီး အချို့ ဈေးကွက်တွေကို ဝင်လာမှုဟာ ဇွန်လမှာ တိုးတက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဘီဟာနဲ့ ဥတ္တရာပရာဒေ့ရှ်အချို့ဒေသတွေမှာ မိုးရွာသွန်းနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မုတ်သုန်မိုး ပုံမှန်ရွာသွန်းမယ့် မျှော်လင့်ချက်ကလည်း ဈေးနှုန်းကို ဖိအား ဖြစ်စေပါတယ်။MMTC အေဂျင်စီမှ မတ်ပဲ FAQနဲ့ SQ တန်ချိန် ၃ဝဝဝ စီဝယ်ယူမယ့် တင်ဒါခေါ်ယူထားခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ဖြစ်စေ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဈေးကွက်အသီးသီးမှာဖြစ်ပေါ်ခဲ့တဲ့ ဈေးတွေကို ဖော်ပြလိုက်ပါတယ်     ဒေါ်လာ/တန်                  ၂၆-၅-၁၁          ၂၅-၅-၁၁        ၂၄-၅-၁၁              ၂၃-၅-၁၁မွန်ဘိုင်း      ၈၇၈-၈၈၃           ၈၈၁                 ၈၉ဝ                 ၈၉၄-၉ဝဝဒေလီ         ၈၁၇-၉ဝ၅          ၈၃၇-၉၃၁       ၈၄ဝ-၉၃၄            ၈၃၉-၉၃၃ချန်နိုင်း      ၈၈၉-၁ဝ၁၆        ၈၈၇-၁ဝ၂၅    ၉၁၂-၁ဝ၃၉          ၉၂၂-၁ဝ၄၉MIRT(MAPT)

Tuesday, 31 May 2011

ပြည်ပဝယ်လိုအားကောင်းပေမဲ့ အရည်အသွေးနိမ့်ပဲများကို ဈေးလျှော့ဝယ်                  ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခု တစ်ပတ် မေလ ၂၃ ရက်မှ ၂၇ ရက်ထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ် စာချုပ်ပြီးစီးမှုဟာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် ပဲအားလုံးစုစုပေါင်း တန်ချိန် ၁၂ဝဝဝ ခန့်ထိ ရှိတာတွေ့ရပါတယ်။ မေလ၂ ရက်မှ၂၇ ရက်ထိ စုစုပေါင်း အရောင်း အဝယ်ဖြစ်မှုမှာ တန်ချိန် ၈၅ဝဝဝ ကျော်ထိရှိတာတွေ့ရပါတယ်။             ယခုသီတင်းပတ်များမှာ မတ်ပဲကို ပြည်ပဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တောင်သူများနဲ့ လှောင်လက်ကုန်သည်များ ရောင်းအားများ တဲ့အပြင် မိုးမိပဲအချို့ရောနှောပါဝင်မှုကြောင့် အရည်အသွေးနိမ့်ပဲများကို ဈေးလျှော့ ပေးဝယ်လာတယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း ပဲလက်ကျန်မှာလည်း အသင့်အတင့်သာရှိတော့တယ်လို့ ဝါရင့်ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြောင်းလဲ လာတဲ့ ရန်ကုန် FOB ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                  ဒေါ်လာ/တန်                             မတ်ပဲ(FAQ)                   မတ်ပဲ(SQ) ၂၇-၅-၁၁               ၇၉ဝ-၈၁ဝ                     ၉၃ဝ-၉၅ဝ ၂ဝ-၅-၁၁               ၈၂ဝ-၈၄ဝ                     ၉၆ဝ-၉၈ဝ MIRT(MAPT)

Tuesday, 31 May 2011

မတ်ပဲသင်္ဘောတင်ပို့မှု ပြန်လည်အားကောင်း               ယခုသီတင်းပတ် (မေလ ၁၉ ရက်မှ ၂၅ ရက်)အတွင်း မတ်ပဲသင်္ဘော တင်ပို့ ကတော့ စံချိန် တင်လောက်အောင် တိုးတက်လာခဲ့ပါတယ်။ ယခင်သီတင်းပတ် တွေက အများဆုံးတန် ၁၇ဝဝဝ ခန့်ထိတင်ပို့မှု ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ တန်ချိန် ၂၄ဝဝဝ ကျော်အထိ တိုးတက်လာပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ ယခုနှစ်လက်ရှိ အချိန်ထိ ပဲမျိုးစုံတင်ပို့မှုမှာ မတ်ပဲက အားအကောင်းဆုံးဖြစ်ပြီး လာမယ့်သီတင်းပတ် တွေမှာလည်း တင်ပို့မှု မြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ MIRT - MAPT 

Thursday, 26 May 2011

ဧပြီနောက်ဆုံးပတ် မန်ကျည်းပို့အားကောင်း             ဧပြီနောက်ဆုံးပတ်မှာ မန်ကျည်းတန်ချိန် ၆ဝ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံတွေမှာ အင်ဒိုနီးရှားနိုင်ငံ ကို ၂၄၇ တန်၊ မလေးရှားကို ၁ဝ၂ တန်၊ စင်ကာပူနိုင်ငံကို ၁၃၂ တန်နဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံကို တန်ချိန် ၁၂ဝ အသီးသီးတင်ပို့ခဲ့ပါတယ်။ ဧပြီလ ဒုတိယပတ်အတွင်း ၉၆ တန်သာ တင်ပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ် မှာတော့ အပို့သာခဲ့တယ်လို့ ဆိုရပါမယ်။ ဧပြီလအတွင်း မန်ကျည်းတင်ပို့မှုမှာ တန်ချိန် ၈၉ဝ ကျော်ရှိခဲ့ပြီး မတ်လအတွင်း တင်ပို့မှုက တန်ချိန် ၁၇ဝဝ နီးပါးရှိခဲ့ တဲ့အတွက် မတ်လထက် အပို့လျော့နည်း ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၉ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်း သုံးသောင်းကျော်ရရှိခဲ့ပါတယ်။                                                                 MIRT (DOT) 

Thursday, 26 May 2011

အိန္ဒိယနနွင်း လက်ငင်းဈေးငြိမ်ပြီး ကြိုပွိုင့်ဈေးအတက်နဲ့ ပိတ်              အိန္ဒိယပြည်တွင်းနနွင်းလက်ငင်းဈေးကွက်တွေမှာ အရောင်းအဝယ်အေးတာကြောင့် ဈေးငြိမ်နေပြီး ကြိုပွိုင့် ဈေးကွက်မှာ အနည်းငယ်မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးနှုန်းမြင့်တက်မှု ကြာရှည်မှာ မဟုတ်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များကို အရည်အသွေးမြင့် နနွင်းဝင်ရောက်မှုအကန့်အသတ်သာရှိပြီး ရောင်းဝယ်မှုပမာဏကလည်း အနည်း အကျဉ်းသာရှိတယ်လို့ သိရပါတယ်။                လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း နနွင်းဝယ်လိုအား ခိုင်မာလာပြီး အရည်အသွေးကောင်း နနွင်းရရှိနိုင်မှု နည်းခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဒါပေမဲ့လည်း နနွင်းအထွက်ကောင်းမယ့် အလားအလာ အရ လှောင်လက်များ လက်ကျန်ရှင်းထုတ်နေခြင်းက ဈေးနှုန်းကို ဖိအားဖြစ်စေတဲ့အပြင် နိုင်ငံတကာဈေး လျော့ကျခြင်း ကလည်း ပြည်တွင်းဈေးကို ကျဆင်းစေပါတယ်။                ဈေးကွက်များအတွင်း ဝယ်လိုအားနည်းခြင်းနဲ့ ဝင်ရောက်မှုပိုမိုလာခြင်းတို့ကြောင့် ကာလတိုအတွင်း နနွင်းတစ်တန်ကို ရူပီး ၉၆ဝဝဝ- ၁ဝ၆ဝဝဝ (ကန်ဒေါ်လာ ၂၁၄၃-၂၃၆၆) ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။    ယမင်းခင်၊ှSource: nnscommodityonline 

Pages