Main menu

Background

Friday, 20 May 2011

ယခုအပတ် ပဲတီစိမ်း တင်ပို့မှု ပိုမို                 မေလ ၄ ရက်မှ ၁ဝ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂ ဒဿမ ၁၁၄ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၉၅၂ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၅ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဒီနှစ် ဧပြီလ အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၃၉ဝဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှာ တန်ချိန် ၁၃ဝဝဝ နီးပါး တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုနှစ်မှာ နယ်စပ်မှ ပဲတီစိမ်း တင်ပို့နိုင်မှု သိသိသာသာ လျော့နည်းသွားတာတွေ့ရပါတယ်။ မိမိဘက် ပဲတီစိမ်း မြေပြင်ပေါက်ဈေးမှာ တစ်တန်ကို ၁၅၉၄၅ ကျပ် လျော့နည်းခဲ့သော်လည်း တစ်ဖက်နိုင်ငံဈေးများ ပြောင်းလဲမှု မရှိဘူး လို့ သိရပါတယ်။ မိမိဖက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်-                                          မိမိဘက်(ကျပ်/တန်)                       တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု                 ယခင်        ပြောင်းလဲမှု   %        ယခု       ယခင်   ပြောင်းလဲမှု       %ပဲတီစိမ်း       ၈၅၆၉၇၅          ၈၇၂၉၂ဝ       ၁၅၉၄၅      ၂        ၁၁ဝ၅       ၁၁ဝ၅         -             -MIRT (DOBT)

Friday, 20 May 2011

ပဲတီစိမ်း ပြည်ပအဝယ် ပြန်လှုပ်လာ                ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မေလ ၂ ရက်မှ ၁၁ ရက်အတွင်း ပဲတီစိမ်း ၤဥြ အရောင်းအဝယ်ဖြစ်မှု တန် ၇ဝဝဝ ကျော်ခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ တစ်လလုံးမှာ ပြည်ပဝယ်လက်များနဲ့ တန်ချိန် ၁၅ဝဝဝ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။             တရုတ်နိုင်ငံမှာ တောင်သူများ ထုတ်ရောင်းချမှုတွေရှိလာလို့ မြန်မာနိုင်ငံမှာ အဝယ်နည်းသွားပေမဲ့ ယခုတစ်ပတ် အိန္ဒိယ အဝယ်ပြန်လှုပ်လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ အပြောင်းအလဲမရှိဘဲ ပဲတီစိမ်းအညာနဲ့ ပခုက္ကူ (FAQ)တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ၊ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၁၃ဝ-၁၁၅ဝ နဲ့ ရွှေဝါအကြီး တစ် တန် ကန်ဒေါ်လာ ၁၂ဝဝ-၁၂၂ဝ ရှိကြောင်း သိရပါတယ်။MIRT - MAPT

Friday, 20 May 2011

ပဲတီစိမ်း သင်္ဘောတင်ပုံမှန်ရှိ               ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ယခုတစ်ပတ်မှာလည်း ပုံမှန်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၅၅ဝဝ တင်ပို့မှုရှိသလို ယခုတစ်ပတ်မှာလည်း တန် ၅ဝဝဝ တင်ပို့နိုင်တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ နယူးဇီလန်၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း မေလ ၆ ရက်နေ့ထိ တင်ပို့မှုအနေနဲ့ ပဲတီစိမ်း တန်ချိန် ၂၈ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၂၉ဝဝဝ ကျော်ရှိလို့ တင်ပို့မှုအနည်းငယ် လျော့ကျခဲ့တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။ MIRT - MAPT

Friday, 20 May 2011

မေ ဒုတိယပတ်အတွင်း ပဲလွန်းဖြူ ပြည်ပအဝယ်လျော့နည်း                 ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူကို ပြည်ပဝယ်ယူစာချုပ်မှုအနေနဲ့ မတ်လ မှာ တန်ချိန် ၇ဝဝဝ ခန့်ရှိပြီး ဧပြီလမှာ တန်ချိန် ၅ဝဝဝ ကျော်သာရှိခဲ့ပါတယ်။ ယခုမေလ ၂ ရက်မှ ၁၁ ရက်အတွင်းမှာ တော့ ပဲလွန်းဖြူ FOB အရောင်း အဝယ် ဖြစ်မှုဟာ တန်ချိန် ၅ဝဝ ခန့်ကို လျော့ကျခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် အတွင်း ပြည်ပအဝယ်သိပ်မလိုက် တာကြောင့် FOB  အရောင်းအဝယ်နည်းခြင်း ဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB  ဈေးကတော့ ယခင်တစ်ပတ်ဈေး အတိုင်း ပြောင်းလဲမှုမရှိဘဲ  FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ  တစ်တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Friday, 20 May 2011

ပဲလွန်းဖြူ၊ နီ သင်္ဘောတင် တန် ၂ဝဝဝ နီးပါးရှိ                  အပတ်စဉ် သင်္ဘောတင်ပို့မှု ရှိနေတဲ့ ပဲလွန်းဖြူ၊ နီဟာ ယခု သီတင်းပတ် (မေလ ၅ ရက်မှ ၁၁ ရက်) အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ နီးပါး အထိ တင်ပို့မှု တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေက တော့ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှားတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် မေလ ၆ ရက် အထိ ပဲလွန်းဖြူ တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ကျော်ရှိပြီး ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၄၅ဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ်မှာ ပိုတင်လာတာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းနေဦးမယ်လို့ ကုန်သည်တချို့က ခန့်မှန်းကြပါတယ်။                                                MIRT - MAPT

Friday, 20 May 2011

 ဆုံးရှုံးမှုမဖြစ်စေရေး ရိတ်သိမ်းပြီးတာနဲ့ ရောင်းချဖို့ နှမ်းတောင်သူများကို အိန္ဒိယသုတေသနပညာရှင်များ အကြံပေး                     အိန္ဒိယနိုင်ငံ နှမ်းစိုက်ပျိုးမှုမှာ ကနဦးအနေနဲ့ အရည်အသွေးကောင်းမျိုးစေ့ရရှိနိုင်မှုမရှိခြင်း၊ စိုက်ပျိုးပြီးချိန် ပိုးကျ ရောက်ခြင်းနဲ့ အလုပ်သမားရှားပါးခြင်းတို့ကြောင့် နှမ်းအထွက်နှုန်းကျဆင်းတဲ့တိုင် နှမ်းဈေးနှုန်းအနေနဲ့ လက်ရှိပမာဏကနေ များများမတက်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သုတေသနပညာရှင်များက ဆုံးရှုံးလျော့နည်းမှု မဖြစ်စေဖို့ နှမ်းရိတ်သိမ်းပြီး တာနဲ့ ချက်ချင်းရောင်းချဖို့ တောင်သူများကို အကြံြ့ပုခဲ့တယ်လို့ သိရပါတယ်။                    ပုံမှန်အားဖြင့် ဇန်နဝါရီမှ ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးတဲ့ ကာလမှာ ဆည်ရေသောက်မြေ တစ်ဧကကို နှမ်းကီလို ၃၅ဝ-၄ဝဝ နှုန်းထွက်ရှိပေမဲ့ ဒီနှစ်ရာသီမှာတော့ အထွက်နှုန်းက တစ်ဧကကို ကီလို ၂၄ဝ-၃ဝဝ ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းနဲ့ ပြည်ပဈေးကွက်လေ့လာရေးအဖွဲ့(DEMIC)က ခန့်မှန်းရာမှာ မေလနဲ့ ဇွန်လအတွင်း နှမ်းဈေးတစ်ကီလိုကို ရူပီး ၄၄ နဲ့ ၄၉ (ကန်ဒေါ်လာ ဝ ဒသမ ၉၉-၁ ဒသမ ၁) အတွင်းရှိမယ်လို့ ဆိုပါတယ်။ ယခုရာသီ အတွင်း ဈေးနှုန်းထပ်မံမြင့်တက်မယ့် အလားအလာမရှိဘူးလို့ သုတေသနပညာရှင်များက ဆိုပါတယ်။                 ဇန်နဝါရီ- ဖေဖော်ဝါရီအတွင်း တစ်ရာသီနဲ့ ဇူလိုင်လ-သြဂုတ်လအတွင်း တစ်ရာသီ စုစုပေါင်း နှစ်ရာသီအတွင်း တမီနာဒူးပြည်နယ်မှာ နှမ်းစိုက်ဟက်တာ ဝ ဒသမ ၆၃ သိန်းရှိပြီး ပျမ်းမျှအထွက်နှုန်းအနေနဲ့ တစ်ဟက်တာကို ကီလို ၅ဝဝ အထက်ဝန်းကျင်ရှိပြီး နှစ်စဉ်ထုတ်လုပ်မှုမှာ တန်ချိန် ၃ဝဝဝဝ ကျော် ထွက်ရှိတယ်လို့ သိရပါတယ်။ နှမ်းကို အိန္ဒိယနဲ့ တရုတ်နိုင်ငံမှာ အများဆုံး စိုက်ပျိုးပြီး ကမ္ဘာ့နှမ်းကုန်သွယ်မှုက တစ်နှစ်ကို တန်ချိန် ၅ သိန်း -၆ သိန်းခန့် ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: hindubusinessline 

Friday, 20 May 2011

်အိန္ဒိယဈေးကွက်အများစုမှာ တစ်ပတ်အတွင်း ပဲစင်းငုံဈေးမာလာ                     ယခုတစ်ပတ် အိန္ဒိယဈေးကွက်များမှာ အခြားပဲများနည်းတူ ပဲစင်းငုံဈေးလည်း ပြန်မာလာခဲ့ပါတယ်။ လက်ထပ်ပွဲတော်အတွက် ကုန်ချော ပဲစင်းငုံများကို ဝယ်လိုအားကောင်းလာဖွယ်ရှိတာကြောင့် ဈေးကွက်တွေမှာ အဆွဲတက်လာခဲ့တယ်လို့ သိရပါတယ်။ အချို့ပဲထွက်ရာဒေသတွေမှာ အနိမ့်ဆုံးထောက်ပံ့ဈေးအောက်သာ အရောင်းအဝယ်ဖြစ်လို့ တောင်သူများက ဈေးအနိမ့်နဲ့ မရောင်းဘဲ ပြန်လှောင်ထားကြောင်း သိရပါတယ်။ နိုင်ငံအတွင်း လက်ကျန်အလုံအလောက်ရှိနေခြင်းနဲ့အတူ ယခုနှစ် အထွက်ပိုမိုပြီး မုတ်သုန်မိုးပုံမှန်ရွာသွန်းမယ့် ခန့်မှန်းချက်တွေက ဈေးနှုန်းကို ထိန်းချုပ်ထားဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ အဓိက ပဲစိုက်တဲ့ဒေသမှာ ရာသီဥတု ပြန်လည်ခြောက်သွေ့လာပြီဖြစ်လို့ ဆောင်းစိုက်သီးနံှ ဆက်လက်ရိတ်သိမ်းနေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးမှာ အတက်အကျဖြစ်နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေကို ဖော်ပြလိုက်ပါတယ်-                                                                                                                     ဒေါ်လာ/တန်                 ၁၂-၅-၁၁             ၁၁-၅-၁၁          ၁ဝ-၅-၁၁              ၉-၅-၁၁မွန်ဘိုင်း        ၆၉၂-၇၁၄           ၆၉၄-၇၁၆            ၆၉၃                     ၆၉၃ဒေလီ           ၇၆၈-၇၇ဝ            ၇၆၁-၇၆၅       ၇၅၈-၇၆ဝ              ၇၅၈-၇၆၁ချန်နိုင်း            ၇၁၄                   ၇၁၆                ၇၁၅                     ၇၁၆MIRT(MAPT)

Friday, 20 May 2011

ပြည်ပအရောင်းအဝယ် တိုးတက်လာ                ယခုတစ်ပတ် မေလ ၆ရက်မှ ၁၁ ရက်ထိရန်ကုန် FOB  ဈေးကွက်မှာ ပဲစင်းငုံ တန်ချိန် ၉ဝဝဝ ကျော်ကို ပြည်ပဝယ်လက်များနဲ့ စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပအဝယ်အနည်းငယ် တိုးလာလို့ ယခင်သီတင်းပတ်က တန်ချိန် ၆၅ဝဝ ကျော်ရောင်းချခဲ့ရာမှ ယခုတစ်ပတ်မှာ ပိုရောင်းလာနိုင်ခဲ့ပါတယ်။ မေလဆန်း ၂ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် ၁၂ဝဝဝ ခန့် ရောင်းချနိုင်ခဲ့ပြီး ဧပြီလ တစ်လလုံး ပဲစင်းငုံတန်ချိန် ၁၇ဝဝဝ ခန့် အရောင်းစာချုပ်ချုပ်ခဲ့တယ်လို့သိရပါတယ်။ ယခုတစ်ပတ် ဈေးကွက်အတွင်းမှာ အိန္ဒိယအဝယ် အနည်းငယ်လိုက်လာလို့ အရောင်းအဝယ် အသင့်အတင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ FOB ဈေးက တော့ အနည်းငယ် လျော့ကျလာခဲ့ပါတယ်။                                                                ဒေါ်လာ/တန်                    ပဲစင်းငုံနီ(FAQ)              ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၁၃-၅-၁၁             ၆၇ဝ-၆၉ဝ                        ၅၃ဝ-၅၅ဝ၉-၅-၁၁               ၆၈ဝ-၇ဝဝ                        ၅၃ဝ-၅၅ဝMIRT(MAPT)

Friday, 20 May 2011

်ပြည်ပတင်ပို့မှု အားနည်းနေသေးတဲ့ ပဲစင်းငုံ              သြင်္ကန်ပြီးနောက်ပိုင်း သီတင်းပတ်တိုင်းမှာ ပဲစင်းငုံက တန် ၃ဝဝဝ အောက် သာ တင်ပို့နိုင်တာ တွေ့ရပါတယ်။ ယခုတစ်ပတ် မေလ ၅ ရက်မှ ၁၁ ရက်အတွင်း မှာလည်း တန်ချိန် ၂၅ဝဝ နဲ့ တင်ပို့မှု နည်းနေသေးတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယနဲ့ စင်ကာပူဖြစ်ပြီး ပဲစင်းငုံခွဲခြမ်းကို နယူးဇီလန်ကိုလည်း တင်ပို့မှုရှိကြောင်း သိရပါတယ်။                 လက်ရှိ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ် မေလ ၆ ရက်အထိ ပဲစင်းငုံ တင်ပို့မှုမှာ တန်ချိန် ၉ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန်ချိန် ၅ဝဝဝ ကျော် သာ တင်ပို့နိုင်ပါတယ်။ ယခုနှစ်အပတ်စဉ်တင်ပို့မှုပမာဏမများပေမဲ့ လက်ရှိဘဏ္ဍာနှစ်မှာ တန် ၄ဝဝဝ ကျော် ပိုတင်လာနိုင်တာတွေ့ရပါတယ်။                       MIRT - MAPT

Friday, 20 May 2011

ဒီတစ်ပတ်နယ်စပ် မတ်ပဲအပို့ မရှိ                မေလ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း နယ်စပ်မှ မတ်ပဲ တင်ပို့ နိုင်ခြင်း မရှိပါဘူး။ ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်းမှာတော့ မတ်ပဲ ၁၈ တန် တင်ပို့နိုင်ခဲ့ပြီး ဧပြီလတစ်လလုံးမှာလည်း ၁၈ တန်ပဲ မူဆယ် နယ်စပ်မှ တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယမန်နှစ် ဧပြီလမှာ မူဆယ်နယ်စပ်မှ တန်ချိန် ၂၃၄ဝ ကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်မှာတော့ နယ်စပ်မှမတ်ပဲ တင်ပို့မှု သိသိသာသာ လျော့နည်းခဲ့ပါတယ်။ မတ်ပဲမြေပြင်ပေါက်ဈေးဟာ ယခင်အပတ်နဲ့ နှိုင်း ယှဉ်လျှင် မိမိဘက်ဈေး အနည်းငယ်ကျဆင်းနေသော်လည်း တစ်ဘက်နိုင်ငံ ဈေး သိသိသာသာပြောင်းလဲမှု မရှိဘူးလို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပေါက် ဈေးများကို ယခင်အပတ်နဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်။                                     မိမိဘက်(ကျပ်/တန်)                      တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု            ယခင်      ပြောင်းလဲမှု     %         ယခု       ယခင်    ပြောင်းလဲမှု        %မတ်ပဲ      ၇၃၉၅ဝဝ      ၇၃၅၂၄ဝ      ၄၂၆ဝ       ဝ .၆        ၁ဝဝ၁      ၉၉၉        ၂              ဝ .၂MIRT (DOBT)

Pages