Main menu

Background

Sunday, 24 Apr 2011

ပြည်မှာ ပဲဈေးငြိမ်ပြီး အရောင်းအဝယ်အေးနေ             ၂ဝ၁ဝ ခုနှစ် ယခင်နှစ် ပဲစင်းငုံ ပိဿာ ၂ဝ တစ်တင်းကို ကျပ် ၃၃၃ဝဝ ထိ ဈေးကောင်းရခဲ့သော်လည်း သြင်္ကန်ပိတ်ရက်များကြောင့် အရောင်း အဝယ်အေး နေခဲ့ပြီး ဧပြီလနောက်ဆုံးပတ်မှာ တစ်တင်းကို ၃၅ဝဝဝ ကျပ်ထိ ဈေးကောင်းရခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် ၂ဝ၁၁ ခုနှစ် ဧပြီလအစမှာတော့ ပိဿာ ၂ဝ တစ်တင်းကို ၁၉၅ဝဝ ကျပ်ဈေးရှိပြီး အရောင်းအဝယ်အေးနေပါတယ်။ ယခင်နှစ် ဈေးနှင့်ယှဉ်လျှင် ယခုနှစ်ဈေးမှာ ဈေးကောင်းမရသေးတာကြောင့် အရောင်း အဝယ်အေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်ဈေးအနေဖြင့် တစ် တင်း ကို ၁၉၅ဝဝ ကျပ်ဖြင့် ဆက်လက်ဈေးငြိမ်နေပြီး အရောင်းအဝယ်အေး လျက် ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 24 Apr 2011

စစ်ကိုင်းမှာ အရောင်းအဝယ်သွက်             ယခုအချိန် မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ်အကောင်းဆုံးသီးနံှမှာ ပဲစင်းငုံဖြစ်ပါတယ်။ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်မြို့နယ်များမှ ပဲစင်းငုံနီများ အဝင်လှိုင်သလို တိုင်းပြင်ပ မန္တလေးသို့ စီးထွက်မှုလည်း အများဆုံးဖြစ်ကြောင်း သိရှိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ဧပြီ ပထမပတ်အတွင်း ပဲစင်းငုံနီ တစ်ပိဿာ အနိမ့်အမြင့်ပေါက်ဈေးမှာ ၉၃ဝ ကျပ်-၁ဝဝ၅ ကျပ်ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ မုံရွာကုန်စည်ဒိုင် မှာနေ့စဉ် ပျမ်းမျှပဲစင်းငုံနီ တင်း ၁၂ဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ ဧပြီပထမပတ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ ပဲစင်းငုံနီတင်း ၃၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။             သန်းးသန်းးတင်

Sunday, 24 Apr 2011

အိန္ဒိယမှာ တစ်လအတွင်း ဈေးကန်ဒေါ်လာ ၃ဝ ခန့် လျော့လာ              အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း ပဲစင်းငုံအသစ် ရိတ်သိမ်းထွက်ရှိမှု အများဆုံးဖြစ်တဲ့ မတ်လ-ဧပြီလတွေမှာ ပဲဝင်ရောက်မှုများလို့ ဆက်တိုက်ဆို သလိုဈေးကျနေပါတယ်။ မတ်လနဲ့ ဧပြီလ ကာလတူ ဈေးနှုန်းနှိုင်းယှဉ်ရာမှာ တစ်တန်ကို  ကန်ဒေါ်လာ ၃ဝခန့် ကွာခြားနေပါတယ်။ အချို့ဈေးကွက်တွေကို ပဲအသစ် ဝင်ရောက်မှု လျော့ကျလာပေမဲ့ ပြည်ပက တင်သွင်းဖို့ စာချုပ်ချုပ်ဆိုမှု တွေရှိနေတဲ့ အတွက် ဈေးနှုန်းဆက် အေးနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မတ်လနဲ့ ဧပြီလ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                ဒေါ်လာ/တန်                  မွန်ဘိုင်း     ဒေလီ၃၁-၄-၁၁        ၇၅၆      ၈၄၇-၈၄၉၂၁-၃-၁၁         ၇၈၈     ၈၈၈-၈၉၂MIRT(MAPT)

Sunday, 24 Apr 2011

်ပင်လယ်ရေကြောင်း တင်ပို့မှု သိသိသာသာမပိုလာ                ပင်လယ်ရေကြောင်းက သြင်္ကန်မတိုင်မီ ပဲမျိုးစုံ တင်ပို့မှု သိသိသာသာ မြင့်တက်လာပေမဲ့ ပဲစင်းငုံကတော့ တန်ချိန် ၃၅ဝဝ ကျော်နဲ့ ပုံမှန်သာ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ အဓိကတော့ အိန္ဒိယဝယ်လက် အဝယ်နှေးတာကြောင့် လို့ သိရပါတယ်။ မတ်လတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၁၉ဝဝဝ ခန့်သာရှိပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ၂၂ဝဝဝ ကျော်ရှိခဲ့ပါတယ်။ ၂ဝ၁ဝ မတ်လမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်သာ တင်ပို့မှုရှိခဲ့လို့ ယခုနှစ်ကာလတူမှာ အနည်းငယ်ပိုလာ ခဲ့ပါတယ်။ လက်ရှိပြည်တွင်းဈေးကွက်တွေမှာ အိန္ဒိယပဲဈေးကျပြီး အဝယ်အေးတဲ့ ဂယက်ကြောင့် ဈေးလျော့ကျနေပါတယ်။ ဝယ်လက်တချို့ကလည်း တစ်တန် ကန်ဒေါ်လာ ၁ဝဝ ခန့်ကွာတဲ့ ရှမ်းစကိုသာ အဝယ်အနည်းငယ် ရှိတယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးများကတော့ သြင်္ကန်မတိုင်မီဈေးနှုန်းအတိုင်း ပဲစင်းငုံနီ တစ်တန်ကို ကန်ဒေါ်လာ ၈၅ဝ-၈၇ဝ အဖြူနဲ့ ဖြူနီတစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝ ပြောင်းလဲမှု မရှိဘူးလို့ သိရပါတယ်။ MIRT(MAPT)

Sunday, 24 Apr 2011

ပြည်မတ်ပဲလည်း အဝင်များပြီး ဈေးအေး              ပြည် မတ်ပဲဈေးဟာ သြင်္ကန်မတိုင်ခင်အချိန် ပဲတစ်တင်းကို ၂၂၇ဝဝ ကျပ် ဈေးထိ မြင့်ခဲ့ပြီး သြင်္ကန်ပြီး ကာလပွဲရုံများ ပြန်လည်ဖွင့်စအချိန်မှာတော့ ပဲတစ်တင်းကို ၂၁ဝဝဝ ကျပ်ဈေးနဲ့ ပြည်အနီးအနားရွာများမှ တစ်နေ့ကို အိတ် ၆ဝဝ- ၇ဝဝ ခန့် လာရောက်ရောင်းချကြတယ်လို့သိရပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ လှောင် လက်သမားများ အဝယ်များနေသော်လည်း ပဲဝင်ရောက်မှုများတာကြောင့် ဈေးလျှော့ခဲ့တယ်လို့သိရပါတယ်။ သြင်္ကန်ပြီးစအချိန် ပြည်မှရန်ကုန်သိူ့ ပဲတင်ပို့မှုကတော့ တစ်နေ့ကို အိတ် ၇၂ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး

Sunday, 24 Apr 2011

 သြင်္ကန်အလွန် ဈေးအေးသွားတဲ့ ဟင်္သာတမတ်ပဲ                ဟင်္သာတ ပဲဈေးကွက်တွင် မတ်ပဲဈေးမှာ သြင်္ကန်မတိုင်မီ ယခင်တစ်ပတ်က တစ်တင်းလျှင် ၂၂၃ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ သြင်္ကန်အလွန် ယခု အပတ်မှာ တစ်တင်းကို ၂၁၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ဟင်္သာတခရိုင်အတွင်းရှိ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်မြို့နယ်များမှလည်း တစ်ရက် မတ်ပဲအိတ် ၁ဝဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ မတ်ပဲဈေးအေး သွားသော်လည်း ယခင်တစ်ပတ်ထက် ပိုပြီးအဝင်များ အရောင်းသွက်နေကြောင်း သိရပါတယ်။ ဟင်္သာတမှ ရန်ကုန်ဈေးကွက်သို့ ပဲစီးထွက်မှုအနေနဲ့ နေ့စဉ်ပျမ်းမျှ အိတ် ၂ဝဝဝ မှ ၂၅ဝဝ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။             အေးအေးခိုင်

Sunday, 24 Apr 2011

သြင်္ကန်အပြီး သွေးအေးနေဆဲ မတ်ပဲဈေးကွက်                ပဲခူးတိုင်းဒေသကြီးအရှေ့၊ ပဲခူးမြို့နယ်ရဲ့ ဈေးကွက်မှာ မတ်ပဲတစ်ပိဿာကို ၁ဝ၅ဝ ကျပ်နဲ့ အရောင်းအဝယ် ရှိနေရာက သြင်္ကန်အပြီး ဧပြီလတတိယပတ်မှာ တစ်ပိဿာကို ၁ဝ၇၅ ကျပ်ဈေးဖြစ်လာပါတယ်။ သနပ်ပင်မြို့နယ်ရဲ့ ပဲခူးအနီး တစ်ဝိုက်ကျေးရွာများမှ တစ်နေ့လျှင်အိတ် ၁၅ဝဝ မှ ၂ဝဝဝ ခန့်အထိ လာရောက် ရောင်းချတယ်လို့ သိရပါတယ်။ ယခုနှစ်က သြင်္ကန်ကာလနဲ့ ပဲခူးရွှေမော်ဓော ဘုရားပွဲတော်ကျင်းပချိန် တိုက်ဆိုင်နေလို့ အရောင်းအဝယ်အေးနေရာမှ သြင်္ကန် အပြီးမှာ အရောင်းအဝယ်များ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ငွေလိုသူတွေ၊ ငွေပေါ်လိုသူတွေ ရောင်းကြဝယ်ကြလို့ စည်ကားရခြင်းဖြစ်တယ်လို့ ပွဲရုံအသိုင်းအဝိုင်းက ဆိုပါတယ်။ နယ်အဝင်ရှိနေပေမဲ့ ကုန်သည်အချို့က ဈေးတက်ချိန်ကို ဆက်လက် စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။                 အေးဝင်း

Sunday, 24 Apr 2011

အိန္ဒိယမတ်ပဲ တစ်လအတွင်း ဈေးအနည်းငယ်ပိုလာ                    အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ယခုရက်ပိုင်း မတ်ပဲဈေးလျော့ကျပေမဲ့ တစ်လအတွင်းမှာတော့ ဈေးအနည်းငယ်တိုးလာခဲ့ပါတယ်။ မတ်လ တတိယပတ် အတွင်း ပဲခွဲစက်များနဲ့ ကုန်သည်များအဝယ်ရှိပြီး ယခုရက်ပိုင်းအတွင်းမှာတော့ ဝယ်လိုအားနည်းလာတဲ့အတွက် ဈေးလျော့လာတာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပက တင်သွင်းမတ်ပဲများနဲ့ လက်ကျန်အလုံအလောက်ရှိနေတာကြောင့်လည်း ဈေးအေး နေတာဖြစ်ပါတယ်။ မတ်လနဲ့ ဧပြီလ ကာလတူဈေးနှုန်း နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်-                     ဒေါ်လာ/တန်                       မွန်ဘိုင်း              ချန်နိုင်း ၂၁-၄-၁၁            ၉၄၂                   ၉ဝ၅ ၂၁-၃-၁၁       ၉၆၅-၁၁၄၆          ၉၂၇-၁ဝ၇၇                                                                         MIRT(MAPT)

Sunday, 24 Apr 2011

ယခင်တစ်ပတ်ထက် မတ်ပဲတင်ပို့မှု တစ်ဆပိုလာ                   သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန် ၅ဝဝဝ ကျော်သာ တင်ပို့မှု ရှိခဲ့ရာမှ ဧပြီလ ၅ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော်ထိ တင်ပို့ လာခဲ့ပါတယ်။ အိန္ဒိယအဝယ်ရှိခဲ့ပြီး ပိတ်ရက်များကြောင့် တွန်းတင်လာခဲ့သလို ပြည်တွင်းဈေးကွက်မှာလည်း အရောင်းအဝယ်အဖြစ်များပြီး ဈေးမြင့်လာခဲ့ပါတယ်။ မတ်လ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၃၂ဝဝဝ ခန့် ရှိပြီး ဖေဖော်ဝါရီလ မှာ တန်ချိန် ၃ဝဝဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် မတ်လ တင်ပို့မှုကို ကြည့်ရာမှာတော့ တန်ချိန် ၅၆ဝဝဝ ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၂ သောင်းကျော် လျော့ကျတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်များ အတွင်း သြင်္ကန်မတိုင်မီကစပြီး တောင်သူတွေ ရောင်းအားများလာလို့ သြင်္ကန်အပြီးမှာ မတ်ပဲဈေး ပြန်အေးလာခဲ့တယ်လို့ သိရပါတယ်။ FOB အရောင်းအဝယ်ဖြစ်မှု ကတော့ ပုံမှန်ရှိတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဧပြီလ ၂၂ ရက် ရန်ကုန် FOB ဈေးများကတော့ ယခင်ဈေးအတိုင်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၂ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ- ၁ဝ၈ဝ အသီးသီးဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT 

Pages