Background
မုံရွာငုံနီ ဝယ်လက်ကိုမျှော်ပြီ မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ပဲစင်းငုံနီဈေးကွက်မှာ အိတ်စ်ပို့ အဝယ်မျှော်ရင်း ကျဈေးကို ဦးတည်နေတယ်လို့ သိရပါတယ်။ ကုန်စည်ဒိုင် ဈေးကွက်မှာတော့ ဝယ်လက်နောက်ဆုတ်ကာ ရောင်းလက် ထုတ်လိုအားများ နေတဲ့အတွက် ယခုတစ်ပတ်အတွင်း တစ်တင်း ၁၉ဝဝဝ ကျပ်ထိ ဈေးကျဆင်းခဲ့သလို မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ မုံရွာပဲကုန်သည်နဲ့ ပွဲစားတွေရဲ့ အဆိုအရ အိတ်စ်ပို့ အဝယ်မရှိသေးလို့ ဈေးအတက်အကျ ခန့်မှန်းရခက်နေပြီး လှောင်လက်ကုန်သည် အချို့ကတော့ ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူမှုအသင့်အတင့်ရှိတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲစင်းငုံနီစီးထွက်မှု ပမာဏ လျော့နည်းခဲ့ကာ မန္တလေးကို တင်း ၃ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၉ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
အရောင်းအဝယ်အေးတဲ့ မန်းပဲစင်းငုံဈေးကွက် မန်းဈေးကွက်သို့ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကူ၊ မတ္တရာ၊ စစ်ကိုင်း၊ မြင်းမူ၊ ဆားတောင်၊ ရွှေဘို၊ ဝက်လက်၊ နောင်ချိုစတဲ့ဒေသများက ပဲစင်းငုံများ ဝင်ရောက်မှုရှိနေပါတယ်။ ဝင်ရောက်လာတဲ့ ပဲစင်းငုံကို ရန်ကုန် ဝယ်လက်သမားများမှသာ အဓိကထားဝယ်ယူနေပြီး၊ ယခုတစ်ပတ် ရန်ကုန်ဝယ်လက် အဝယ် အေးတာကြောင့် အရောင်းအေးဈေးအေးလာပါတယ်။ ပဲစင်းငုံနီတစ်ပိဿာ ၉၁၇ ကျပ်၊ ပဲစင်းငုံဖြူ တစ်ပိဿာ ၇၅ဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးအေးပြီး ရောင်းဝယ်နေကြပါတယ်။ ယခုမန်းဈေးကွက်မှာ ရန်ကုန်ဝယ်လိုအားက တော်တော်အေးသွားပါတယ်။ သြင်္ကန်ကာလ နီးတာကြောင့်လည်း အရောင်းအဝယ်အေးတာဖြစ်နိုင်တယ် လို့ ဈေးကွက်ကဆိုပါတယ်။ ကျော်ကျော်မိုး
ပဲစင်းငုံတင်ပို့မှု ဆက်လက်နည်းနေဆဲ ပင်လယ်ရေကြောင်း ပဲစင်းငုံတင်ပို့မှုက ယခုတစ်ပတ် (မတ်လ ၂၅ ရက်မှ ၃ဝ ရက်) အတွင်း တန်ချိန် ၃ဝဝဝ ကျော်နဲ့ ဆက်လက် တင်ပို့မှုနည်း နေဆဲဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ပဲအသစ်ဝင်ရောက်မှုတိုးပြီး ဝယ်လိုအား နည်းတာကြောင့် ဈေးအကျဘက်ဆင်းနေတဲ့အတွက် မြန်မာနိုင်ငံက ဝယ်လိုအား နည်းနေပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း ပြည်ပဝယ်လက်အဝယ်နည်းတဲ့အပြင် မတ်ပဲဈေးကျဆင်းခြင်းကြောင့်လည်း ယခုတစ်ပတ်ပဲစင်းငုံဈေး ဆက်လက် လျော့ကျခဲ့ပါတယ်။ ရန်ကုန် FOB ဈေးကို ယခင်တစ်ပတ်နဲ့ နှိုှုင်းယှဉ်ဖေါ်ပြလိုက်ပါတယ်။ ဒေါ်လာ/တန် ပဲစင်းငုံနီ (FAQ) ပဲစင်းငုံဖြူ၊ ဖြူနီ၁-၄-၁၁ ၈၅ဝ-၈၇ဝ ၆၅ဝ-၆၇ဝ၂၅-၃-၁၁ ၉ဝဝ-၉၂ဝ ၇၆ဝ-၇၈ဝMIRT(MAPT)
အဝင်များသော်လည်း ဟင်္သာတမတ်ပဲဈေးပြန်ကျ ဟင်္သာတဈေးကွက်အတွင်း မတ်ပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၂၃၆ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး ယခုတစ်ပတ်မှာ ၂၃ဝဝဝ ကျပ်ကို လျှော့ကျအရောင်းအဝယ်ရှိပါတယ်။ ယခင်တစ်ပတ်က မိုးရွာသွန်းမှုကြောင့် ပဲရောင်းဝယ်မှုနည်းသွားသော်လည်း ယခုတစ်ပတ်တွင် မတ်ပဲဈေးကျနေပြီး ရောင်းအား ကောင်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းလှောင်လက်များနဲ့ ရန်ကုန်ဝယ်လက်များရဲ့ ဝယ်ယူအား ကြောင့် မတ်ပဲစီးဆင်းမှုမှာ နေ့စဉ်ရန်ကုန်ဈေးကွက်သို့ ပျမ်းမျှအိတ် ၁၅ဝဝ မှ ၂ဝဝဝ ကြားခန့်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ အေးအေးခိုင်
ပြည်ပဲဈေးကွက် အဝင်များသလို အရောင်းသွက် ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ မတ်လစတုတ္တပတ်ရဲ့ အစရက်မှာ မတ်ပဲတစ်တင်းကို ၂၃၇ဝဝ ကျပ်ဈေးနဲ့ အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ ပြည်မြို့အနီးအနားရွာများမှလည်း တစ်နေ့ကို မတ်ပဲအိတ် ၁ဝဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ လှောင်လက်သမားနဲ့ ရန်ကုန်ဝယ်လက်တွေ အဝယ်များသော်လည်း မတ်ပဲအဝင်များနေခြင်း၊ ရန်ကုန် ဝယ်လက်ကလည်း ဈေးလျော့အဝယ်ရှိတာကြောင့် တစ်တင်းကို ၂၂၇ဝဝ ကျပ်ထိ ဈေးလျော့ခဲ့တာကိုတွေ့ရပါတယ်။ ပြည်မြို့မှ ရန်ကုန်သို့ ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၇ဝဝ ခန့်ရှိတယ်လို့သိရပါတယ်။ မိမိအေး
တစ်လအတွင်း အိန္ဒိယမွန်ဘိုင်း မတ်ပဲဈေး ကန်ဒေါ်လာ ၆ဝ ကျော်မြင့်လာ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာမတ်ပဲဈေးက မတ်လ တစ်လအတွင်း ကန်ဒေါ်လာ ၆ဝ ကျော်မြင့် တက်ကွာခြားခဲ့ပါတယ်။ မတ်လအစပိုင်းမှာ မတ်ပဲ ဈေးအေးပေမဲ့ လကုန်ပိုင်းမှာ ဈေးကွက်အတွင်း ရောင်းချမှု အကန့်အသတ်သာရှိပြီး အဝယ်ပြန်တက်လာတဲ့အတွက် ဈေးပြန်မာလာတာဖြစ်ပါတယ်။ ပြည်တွင်းမတ်ပဲ စိုက်ရာ ဥတ္တရာပရာဒေ့ရ်နဲ့ အင်ဒရာပရာဒေ့ရှ်ဒေသတွေမှာ မြေဆီလွှာအစိုဓါတ် ကောင်းမွန်တဲ့အတွက် ပဲအထွက်ပိုမယ်လို့ ခန့်မှန်းကြပါတယ်။ မတ်လဆန်းနဲ့ လကုန် ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ဒေလီ ၃၁-၃-၁၁ ၉၄၆ ၈၉၆-၉၆၃ ၁-၃-၁၁ ၈၈၁ ၈၈၇ MIRT(MAPT)
ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှ မတ်ပဲတန် ၈၆၆ဝ တင်ပို့နိုင်ခဲ့ မတ်လပထမပတ်မှာသာ မတ်ပဲ ၃၈ တန်တင်ပို့မှုရှိခဲ့ပြီး၊ ယခုအပတ် အတွင်း မတ်ပဲတင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာတော့ မတ်ပဲ ၈၆၆ဝ တန်တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအပတ်မူဆယ်နဲ့တစ်ဘက်နိုင်ငံရွှေလီမြေပြင်ပေါက်ဈေးများကို ကြည့်တဲ့ အခါ မိမိဘက်မြေပြင် ပေါက်ဈေး ၁ဝ၂ ကျပ်မြင့်တက်သော်လည်း တစ်ဖက်နိုင်ငံ ဈေးပြောင်းလဲမှုမရှိပါဘူး ၊ ဈေးများနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၈၉၃၉၈ဝ ၈၈၃၇၇၈ ၁ဝ၂ဝ၂ ၁ ၁ဝ၅ဝ ၁ဝ၅ဝ - -MIRT (DOBT)
မှန်မှန်သာ တင်ပို့မှုရှိတဲ့ မတ်ပဲ ယခင်သီတင်းပတ် ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၅၅ဝဝ တင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ်မှာလည်း တန် ၅၆ဝဝ ခန့်နဲ့ မှန်မှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ပြည်ပဝယ်လက်ပုံမှန်ရှိနေတဲ့အတွက် အရောင်းအဝယ် ပုံမှန်ဖြစ်နေ သလိုတင်ပို့မှုလည်း မှန်မှန်ဖြစ်နေပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ ယခင် သီတင်းပတ်များက မိုးရွာသွန်းခဲ့လို့ အရောင်းအဝယ်နှေးခဲ့ရာမှ ရာသီဥတု ပြန်ကောင်းလာချိန် တောင်သူများ အရောင်းထွက်လာတာကြောင့် ရောင်းအားများ နေတယ်လို သိရပါတယ်။ အဝယ်ပုံမှန်သာရှိပြိး ဈေးကွက်အသီးသီးက ရောင်းအားများ စုံတာကြောင့် ဒီတစ်ပတ် ပြည်တွင်းမတ်ပဲဈေးလျော့ကျလာခဲ့ပါ တယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ဈေးအတိုင်း ဧပြီ ၁ ရက်မှာလည်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၂ဝ-၉၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၁ဝ၄ဝ-၁ဝ၆ဝ အသီးသီးရှိကြောင်း သိရပါတယ် MIRT - MAPT
ဂျပန်နိုင်ငံနျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ပြည်သူများ ဗီယက်နမ်ဆားကို ဝယ်ယူလာ တရုတ်ပြည်သူများဟာ ဂျပန်နိုင်ငံမှ ရေဒီယိုသတ္တိြွကပြန့်နံှ့မှုကို ဆားလုပ်ငန်းများမှာ ကာကွယ်မယ့်သတင်းများကြောင့် နယ်စပ်မှ ဖြတ်ကျော်ပြီး ဗီယက်နမ်အိုင်အိုဒင်းဆားများ ဝယ်ယူစုဆောင်းလာကြတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ နျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် ရေဒီယိုသတ္တိြွကများ ပင်လယ်ထဲသို့ စီးဝင်ပြီး ပင်လယ်ရေမှာ ပါဝင်နိုင်တာကို စိုးရိမ်ပြီးHe Kou ရှိ တရုတ်ပြည်သူများဟာ ဗီယက်နမ်နိုင်ငံက ဆားကို အပြေးအလွှား ဝယ်ယူလာတဲ့အတွက် ဆားဈေးများ ထောင်တက်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံLao Cai ပြည်နယ် Coc Leu ရှိ ဆားဆိုင်ပိုင်ရှင်များ ပြောကြားချက်အရ ဆားဈေးကွက်ဟာ ပုံမှန်ထက် ပိုရောင်းနေရတယ်လို့ သိရပါတယ်။ ဆားဈေးများလည်း ၃၅-၅ဝ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သလို ဆားလက်ကျန်များ ဟာလည်း ၂ ရက်အတွင်း ရောင်းကုန်သွားတယ်လို့ ဆိုပါတယ်။ လက်လီအရောင်းဆိုင်များကလည်း ၎င်းတို့အနေနဲ့ တိုးတက်နေတဲ့ ဝယ်လိုအားကိုဖြည့်ဆည်းနိုင်ဖို့ အမြင့်ဈေးနဲ့ ဆားတွေဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဝယ်လိုအား အလွန်အမင်းမြင့်မားနေခြင်းက ဆားဈေးရုတ်တရက် မြင့်တက်စေခဲ့တယ် ဆိုပါတယ်။ ပုံမှန်အနေနဲ့ အိုင်အိုဒင်းဆား ၅ဝ ကီလိုတစ်အိတ်ကို ဒေါင် ၁ဝ၅ဝဝဝ (ကန်ဒေါ်လာ၅ ဒသမ ဝ၄)ရှိရာမှ ဒီရက်ပိုင်းအတွင်း ဒေါင် ၁၆ဝဝဝဝ - ၂ဝဝဝဝဝ (ကန်ဒေါ်လာ ၇ ဒသမ ၇၆-၉ ဒသမ ၅၉) အထိမြင့်တက် လာခဲ့တယ်လို့ ဆိုပါတယ်။ He Kou ရှိတရုတ်ဈေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း တရုတ်လူမျိုးများ ဆားကို အပြေးအလွှား ဝယ်ယူလာ ကြလို့ ဈေးနှုန်း မြင့်တက်နေတယ်လို့ အတည်ပြုပြောကြားပါတယ်။ ၂ ကီလို တစ်အိတ်ကို ၅ ယွမ် (ကန်ဒေါ်လာ ဝ ဒသမ ၇၆) နဲ့ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ံHe Kou ရှိ ဈေးဆိုင်အားလုံးမှာ ဆားပြတ်လပ်သွားလို့ ဗီယက်နမ်Lao Cai ပြည်နယ်က ဆားတွေစုဆောင်းဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Lao Cai ပြည်နယ်မှာ ဆားဈေး ထောင်တက်နေတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ မတ်လ ၁၇ ရက်နေ့ တစ်ရက်ထဲမှာပင် တရုတ်လူမျိုးများကို ဆား တန် ၃ဝ-၄ဝ ခန့်ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။ Lao Cai နယ်စပ်ဂိတ် အကောက်ခွန် ဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ Phan Thi Ha ပြောကြားချက်အရ တရုတ်He Kou မှာ ဆားဈေးက ဆက်တိုက်မြင့်တက်ခဲ့လို့ တရုတ်ပြည်သူများက ဗီယက်နမ်ဆားကို ချက်ချင်းတင်သွင်း နေကြတယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်များက ဆားဈေးကွက်တည်ငြိမ်စေဖို့ ကြိုးပမ်းနေပြီး တရုတ်ကျန်းမာရေး စောင့်ရှောက်မှုကျွမ်းကျင်ရှင်များက အိုင်အိုဒင်းဆားများက ရေဒီယိုသတ္တိြွကပြဿနာကို ကာကွယ်နိုင်ခြင်းမရှိကြောင်း ရှင်းပြဖို့ ကြိုးပမ်းနေသလို တရုတ်နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးတဲ့အတွက် ရေဒီယို သတ္တိြွကကြောင့် ထိခိုက်မှုမရှိနိုင်ဘူးလို့လည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်များက Lao Cai ပြည်နယ်က ဆားတင်သွင်းမှုကို တင်းကြပ်ထားကြောင်းနဲ့ နယ်စပ်ဒေသခံ များအနေနဲ့ နယ်စပ်ဖြတ်ကျော်ချိန်မှာ လူတစ်ဦး ဆား ၅ အိတ်-၁ဝ အိတ်သာသယ်ယူနိုင်တယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: Vietnam.Net
နနွင်းဝင်ရောက်မှုလျော့ကျလို့ အိန္ဒိယနနွင်းကြိုပွိုင့်ဈေး မြင့်တက်လာ အိန္ဒိယနနွင်းဈေးကွက်မှာ လက်ကျန်နည်းခြင်းနဲ့ နနွင်းစိုက်ပျိုးရာဒေသတွေမှာ အချိန်အခါမဟုတ် မိုးရွာသွန်းလို့ နနွင်း ဝင်ရောက်မှု လျော့ကျခဲ့တဲ့ သတင်းများအရ မတ်လ ၂၂ ရက်နေ့မှာ နနွင်းကြိုပွိုင့်ဈေး ၁ ဒသမ ၂၅ ရာခိုင်နှုန်း မြင့် တက်ခဲ့တယ်လို့ သိရပါတယ်။ ပင်လယ်ကွေ့နိုင်ငံများက အဝယ်တက်လာတာကြောင့် လည်း ဈေးမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လာမယ့်သီတင်းပတ်များမှာတော့ နနွင်းအသစ်ဝင်ရောက်မှု တိုးလာမှာဖြစ်လို့ ဈေးကွက်ဈေးနှုန်းကို ဖိအား သက်ရောက်နိုင်တယ်လို့ဆိုပါတယ်။ နနွင်းဈေး ပိုမိုမြင့်တက်လာတာကြောင့် တောင်သူများ စိုက်ဧရိယာခဲျ့ထွင် လာကြတဲ့ အတွက် လက်ငင်းဈေးကွက်မှာ နနွင်းသစ်ရောင်းချမှု အဆက်မပြတ်တိုးတက်နေတယ်လို့သိရပါတယ်။ အတ္တရာပရာဒေ့ရှ်မှာရှိတဲ့ အဓိကလက်ငင်းဈေးကွက်ကြီးဖြစ်တဲ့ နီဇမ်မာဘတ်မှာ ရူပီး ၄၄၁၉ ဒသမ ၅ (ကန်ဒေါ်လာ ၉၉ ဒသမ ၃၇) ကျဆင်းပြီး၊ ရူပီး ၁ဝ၆၇၆၂ (ကန်ဒေါ်လာ ၂၄ဝဝ ) နဲ့ ဈေးပိတ်ခဲ့တယ်လို့သိရပါတယ်။ နနွင်းဝင်ရောက်မှုအနေနဲ့ မတ်လ ၂၂ ရက်နေ့က နီဇမ်မာဘတ်ကို အိတ် ၁၆ဝဝဝ ခန့် ရှိတယ်လို့သိရပါတယ်။ ကာလတိုအတွင်း နနွင်းဝင်ရောက်မှုတိုးတက် လာမှာဖြစ်လို့ ဈေးနှုန်းအကျဘက်ဆင်းနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ယမင်းခင် Source: Angel Commodities
