Main menu

Background

Sunday, 24 Apr 2011

ယခင်တစ်ပတ်ထက် မတ်ပဲတင်ပို့မှု တစ်ဆပိုလာ                   သြင်္ကန်မတိုင်မီ သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်များက တန် ၅ဝဝဝ ကျော်သာ တင်ပို့မှု ရှိခဲ့ရာမှ ဧပြီလ ၅ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော်ထိ တင်ပို့ လာခဲ့ပါတယ်။ အိန္ဒိယအဝယ်ရှိခဲ့ပြီး ပိတ်ရက်များကြောင့် တွန်းတင်လာခဲ့သလို ပြည်တွင်းဈေးကွက်မှာလည်း အရောင်းအဝယ်အဖြစ်များပြီး ဈေးမြင့်လာခဲ့ပါတယ်။ မတ်လ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၃၂ဝဝဝ ခန့် ရှိပြီး ဖေဖော်ဝါရီလ မှာ တန်ချိန် ၃ဝဝဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် မတ်လ တင်ပို့မှုကို ကြည့်ရာမှာတော့ တန်ချိန် ၅၆ဝဝဝ ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၂ သောင်းကျော် လျော့ကျတင်ပို့ခဲ့တာတွေ့ရပါတယ်။ ဈေးကွက်များ အတွင်း သြင်္ကန်မတိုင်မီကစပြီး တောင်သူတွေ ရောင်းအားများလာလို့ သြင်္ကန်အပြီးမှာ မတ်ပဲဈေး ပြန်အေးလာခဲ့တယ်လို့ သိရပါတယ်။ FOB အရောင်းအဝယ်ဖြစ်မှု ကတော့ ပုံမှန်ရှိတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဧပြီလ ၂၂ ရက် ရန်ကုန် FOB ဈေးများကတော့ ယခင်ဈေးအတိုင်း မတ်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၂ဝ နဲ့ SQ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ- ၁ဝ၈ဝ အသီးသီးဖြစ်တယ်လို့ သိရပါတယ်။ MIRT - MAPT 

Sunday, 3 Apr 2011

အဝင်နည်းပြီး ဝယ်လက်စုံလို့ ရှမ်းနနွင်းလည်းဈေးမာ                ရှမ်းနနွင်းဈေးလည်း ဒီတစ်ပတ်မှာတက်လာပါတယ်။ ပြည်ပကို ပို့ဖို့အတွက် မူဆယ်ဝယ်လက်တွေ ဝယ်ယူနေ တာကြောင့် ဈေးတက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာလည်း အဝင်နည်းနေပါ သေးတယ်။ မတ်လ နောက်ဆုံးအပတ်နဲ့ ဧပြီလပထမပတ်လောက်မှာ ဈေးကွက်ကိုလှိုင်လှိုင်ဝင်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ မိုးရွာနေတာကြောင့် ခန့်မှန်း သလိုအဝင်မများလာသေးပါဘူး။ နမ့်စန်ဈေးကွက်မှာလည်း အဝင်နည်းနေပါသေးတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာ ၁၈ဝဝ ကျပ်ဈေးရှိပါတယ်။ ကျောက်ဆည် နနွင်းက ဈေးမြင့်တက်တာကြောင့် ပြည်ပ ဝယ်လက်တွေက ဟိုပုံးနနွင်းကို ပိုဝယ်လို့ ဟိုပုံးဈေးကွက်မှာ နနွင်းလက်ကျန် နည်းနေပြီလို့ သိရပါတယ်။ ၅ ရက်တစ်ဈေးကို ပိဿာချိန် တစ်သောင်းခန့် အဝင်ရှိပြီး ပြည်ပဝယ်လိုအားက အဝယ်လိုက်နေတာကြောင့် ယခင်လက တစ်လအတွင်း ပိဿာချိန် တစ်သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဟိုပိုးဈေးကွက်မှာ နနွင်းတက် တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ နနွင်းအရည်အသွေးအလိုက် တစ်ပိဿာကို ၂ဝဝဝ ကျပ်မှ ၂၄၅ဝ ကျပ်ဈေးရှိပြီး တောင်ကြီးဈေး ကွက်မှာတော့ တစ်ပိဿာ ၂၅ဝဝ ကျပ် ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။                                    ဧဧခိုင်

Sunday, 3 Apr 2011

ယခုရက်ပိုင်းအတွင်း အိန္ဒိယနနွင်းဈေးပြန်မြင့်လာ                 ယခုရက်ပိုင်းအတွင်း အိန္ဒိယဈေးကွက်တွေမှာ လှောင်လက်တွေအဝယ်ရှိလို့ နနွင်းလက်ငင်းရော ကြိုပွိုင့်ဈေးပါ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ နနွင်းလက်ငင်းဈေးတစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၄၆) မြင့်တက်ခဲ့ပြီး နနွင်းကြိုပွိုင့်ဈေးကတော့ ဝ ဒသမ ၃၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ နနွင်းအဓိကဈေးကွက်တွေဖြစ်တဲ့ အီရော့နဲ့ နီဇမ်မာဘတ် ဈေးကွက်များကတော့ ဘဏ္ဍာနှစ်ကုန်ဖြစ်လို့ မတ်လ ၂၆ ရက်မှ ဧပြီလ ၄ ရက်အထိ ဈေးပိတ်ထားမယ်လို့ သိရပါတယ်။ လာမယ့် သီတင်းပတ်မှာတော့ ဈေးကျမယ်လို့ ဝယ်လက်တွေ ခန့်မှန်းထားကြပါတယ်။ နီဇမ်မာဘတ်ကို နနွင်းဝင်ရောက်မှုအနေနဲ့ မတ်လ ၂၈ ရက်က အိတ် ၇ဝဝဝ ဝင်ရောက်ခဲ့ရာမှ မတ်လ ၂၉ ရက်မှာ အိတ် ၁၈ဝဝဝ ဝင်ရောက်လာပြီး အီရော့ဈေးကွက်ကို အိတ် ၂၈ဝဝဝ မှ ၃၂ဝဝဝ ထိ တိုးတက် ဝင် ရောက်လာတယ်လို့ သိရပါတယ်။ မတ်လ ၃ဝ ရက်မှာ နနွင်းလက်ငင်းဈေးက တစ်တန်ကို ရူပီး ၁၁၆ဝဝဝ-၁၆၁ဝဝဝ (ကန် ဒေါ်လာ ၂၆ဝ၅-၃၆၁၅) နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။               ယမင်းးခင်၊Source: commodityonline

Sunday, 3 Apr 2011

ယခင်အပတ်ကထက် နနွင်းတက်အနည်းငယ်ပိုမိုတင်ပို့             မူဆယ် ၁ဝ၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ကန်ဒေါ်လာ ၄၈၇၅ဝဝ တန်ဖိုးရှိ နနွင်းတက် ၂၆၁ တန်ကျော် မတ်လ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မတ်လအတွင်းမှာနယ်စပ်မှ နနွင်းတက် တန် ၆၆ဝ ကျော်တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် မှာတော့နယ်စပ်မှ နနွင်းတက် တန် ၁၇၃ဝ ခန့်တင်ပို့နိုင်ခဲ့ပါတယ်။                 MIRT(DOBT)

Sunday, 3 Apr 2011

 နနွင်း ၄၄ တန်နီးပါးတင်ပို့              ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း နနွင်းတန်ချိန် ၄၃ ဒသမ ၉၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို ၁၆ တန်၊ မလေးရှားနိုင်ငံကို ၁၄ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၃ ဒသမ ၉၂ တန်ရှိခဲ့တာကြောင့် ယခင်တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် ၃ ဆလောက်လျော့နည်းခဲ့တာ တွေ့ရပါ တယ်။ တစ်တန်ကို အက်ဖ် အိုဘီဈေးကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေ ကန်ဒေါ်လာ ၈၃၆၅၁ ရရှိခဲ့ပါတယ်။                                      MIRT (DOT)

Sunday, 3 Apr 2011

ဈေးကောင်းရနေတဲ့ မန်ကျည်းသီးမှည့်ဈေးကွက်                 ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့ဈေးကွက်သို့ သဲကုန်း၊ ဆင်မြီး ဆွဲနဲ့ ပန်းတောင်းမြို့နယ်၊ ဆင်တဲ အနီးတစ်ဝိုက်မှ မန်ကျည်းသီးများ အများဆုံး လာရောက် ရောင်းချကြပါတယ်။ ယခင်နှစ်က မန်ကျည်းသီး တစ်ပိဿာကို ၆ဝဝ ကျပ်-၇ဝဝ ကျပ်ဖြင့် ရောင်းချရပြီး ယခုနှစ်တွင် ပေါ်စကတည်းက ဈေးကောင်း ရနေပြီး တစ်ပိဿာကို ၁၅ဝဝ ကျပ်-၁၆ဝဝ ကျပ်ဖြင့် ဈေးဖွင့်ဝယ်နေကြတာကို တွေ့ရပါတယ်။ ယခုလက်ရှိမန်ကျည်းသီးဈေးမှာ တစ်ပိဿာ ၁၈ဝဝ ကျပ်-၂ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ဈေးကွက်မှ ရခိုင်နဲ့ ရန်ကုန် ဈေးကွက် ကို မန်ကျည်းသီးများတင်ပို့ရောင်းချလျက်ရှိကြောင် သိရပါတယ်။                    သင်းးသင်းးအောင်

Sunday, 3 Apr 2011

အင်ဒိုနီးရှားသို့ မန်ကျည်းအများဆုံးတင်ပို့                   မတ်လ ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၄၁၇ ဒသမ ၂၁ တန်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၂၂၅ တန်၊ မလေးရှားနိုင်ငံကို ၁ဝဝ တန်၊ စင်ကာပူနိုင်ငံကို ၂ဝ ဒသမ ၂၁ တန်နဲ့ ထိုင်းနိုင်ငံကို ၇၁ တန်အသီး သီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း တန်ချိန်လေးရာကျော် တင်ပို့ နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာလည်း ပုံမှန်တင်ပို့နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၃၆ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တာကြောင့် စုစု ပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၄၉၇၁၃ ရရှိခဲ့ပါတယ်။                            MIRT (DOT)

Sunday, 3 Apr 2011

ရာသီဥတုကြောင့် ဈေးကွက်ကို ရှမ်းချင်းအဝင်နည်း                ဒီတစ်ပတ်ရှမ်းပြည်နယ်တောင်ပိုင်းမှာ ချင်းဈေးတွေ တက်လာပါတယ်။ မိုးတွေဆက်တိုက်ရွာနေတာကြောင့် ဈေးကွက်ကိုလည်းအဝင်နည်းနေတယ်လို့ သိရပါတယ်။ နမ့်စန်ဈေးကွက်မှာ ချင်းစို တစ်ပိဿာ ၄၅ဝ ကျပ်-၅ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်က တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးနဲ့ ဝယ်လက်တွေ ဝယ်ယူနေကြတယ် လို့ သိရပါတယ်။ အဝင်ကလည်းနည်းနေသေးတာကြောင့် ဝယ်လက်တွေကဝယ်ပြီး စုနေကြဆဲ ဖြစ်လို့ ဈေးကွက်ကိုလည်း သိပ်မဝင်လာသေးဘူးလို့လည်း သိရပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ချင်းစိုဈေးက တစ်ပိဿာ ၆ဝဝ ကျပ်ဈေးနဲ့ ဈေးတက် လာပါတယ်။ ချင်းအထွက်နည်းပြီး အဝင်လည်းသိပ်မရှိတော့လို့ ဈေးတက် လာတယ်လို့ သိရပါတယ်။ အရင်နှစ်က ဒီလိုအချိန်မှာ ချင်းစိုလက်ကျန် ပိဿာချိန် သိန်းချီပြီးရှိပေမဲ့ ဒီနှစ်မှာတော့ လက်ကျန်ပိဿာချိန်က သောင်းဂဏန်းလောက်သာ ရှိပါတော့တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ ချင်းခြောက်ဈေး ကတော့ ချင်းခြောက်သစ် တစ်ပိဿာ ၂၂ဝဝ ကျပ်ရှိပြီး၊ ချင်းခြောက်ဟောင်း ကတော့ ၂၅ဝဝ ကျပ်ဈေးရှိပါတယ်။ အဟောင်းအခြောက်လက်ကျန်တွေက ဟိုပုံးမှာနည်းပြီး အောင်ပန်းမှာသာ လက်ကျန် ကျန်တယ်လို့လည်း သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းစိုဈေးက ကောင်းရင်ကောင်းသလို တစ်ပိဿာကို ၁ဝဝဝ ကျပ်ဈေးအထိရှိခဲ့ပါတယ်။ အောက်စလို့ခေါ်တဲ့ ချင်းညံ့ကတော့ တစ်ပိဿာ ၄၅ဝ ကျပ်မှ ၆ဝဝ ကျပ်ရှိပြီး ချင်းခြောက်ကတော့ တစ်ပိဿာ ၂၄၅ဝ ကျပ်ဈေးရှိပါ တယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက်က တစ်ပိဿာ ၂၅ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်

Sunday, 3 Apr 2011

ပြည် ချင်းဈေးမြင့်ပေမဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်                  ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်က တစ်ပိဿာကို ချင်း (ဂျွန်) ၁ဝဝဝ ကျပ် (ရှယ်) ၁၂ဝဝ ကျပ်တို့ဖြစ်ပြီး ယခုတစ်ပတ်တွင် (ဂျွန်) ၁၆ဝဝ ကျပ်၊ (ရှယ်) ၁၈ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိ၍ တစ်ပိဿာကို ၆ဝဝ ကျပ်ခန့် မြင့်တက်သွားပါတယ်။ အဝင်အားဖြင့် ယခုတစ်ပတ်အတွင်း အောင်ပန်းဘက်မှ ပိဿာ ၃ဝ ဝင် အိတ် ၁၅ဝ ခန့်အဝင်ရှိပြီး တောင်ပေါ်ဈေးလည်းတက်တဲ့အတွက် သယ်ယူစရိတ်၊ အလျော့တွက်များကြောင့် မှာယူတင်သွင်းမှုအပေါ်မူတည်ပြီး ဈေးမြင့်သွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် သြင်္ကန်အခါနီးပေမဲ့ ဈေးမြင့်နေတဲ့အတွက် တစ်နေ့ကို ပိဿာချိန် ၃၅ဝ ခန့်နဲ့ ပုံမှန်ပဲ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ဘက်သို့လည်း စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာချိန် ၃၅ဝ ခန့် တင်ပို့ခဲ့ရကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Pages