Background
အိန္ဒိယ ရော်ဘာသွင်းကုန်ခွန် လျှော့ချသော်လည်း လိုအပ်ချက်ပြည့်ဝရန် ခက်ခဲ အစိုးရမှ သွင်းကုန်ခွန်လျှော့ချပေးခြင်းဖြင့်ရော်ဘာဈေးနှုန်းမြင့်တက်ခြင်းကို ရပ်တန့်ဖို့ကြိုးစားပေမဲ့လည်း ပြည်တွင်း ဈေးကွက်ထက်နိုင်ငံတကာဈေးနှုန်းများက ပိုမိုမြင့်တက်နေတာကြောင့် ကုန်သည်များအနေနဲ့ပြည်ပမှ ဝယ်ယူရတဲ့အတွက် လိုချင်တဲ့ ရလဒ်တော့မရနိုင်ကြောင်းကုန်သည်များကပြောကြားပါတယ်။ အစိုးရအနေနဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့က ရော်ဘာ တန်ချိန် ၄ဝဝဝဝ ကျော်ကိုတင်သွင်းဖို့သွင်းကုန်ခွန်ကိုမတ်လ ၃၁ ရက်နေ့အထိ ၂ဝ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းကို လျှော့ချပေးခဲ့ပြီး ပြည်တွင်းရောင်းလိုအားကိုမြှင့်တင်ကာ ဈေးနှုန်းကိုလည်း စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်းက မြင့်တက်ဆဲဖြစ်ပြီး တစ်ကီလိုဂရမ် ကို ၂၂၃ ရူပီး ( ၄ ဒသမ ၉၅ ဒေါ်လာ) ရှိကာပြည်တွင်း ဈေးနှုန်းကတော့ ၂ဝ၇ ရူပီး ( ၄ ဒသမ ၆ ဒေါ်လာ) ရှိကြောင်း သိရပါတယ်။ သွင်းကုန်ခွန် ၇ ဒသမ ၅ ရာခိုင်နှုန်းကို ပေါင်း ထည့်ရင် မြေပြင်ဈေးကတစ်ကီလိုဂရမ်ကို ၂၄ဝ ရူပီး ( ၅ ဒသမ ၃ ဒေါ်လာ) ကျသင့်ကြောင်းအိန္ဒိယ ရော်ဘာ ကုန်သည်များ အသင်း IRDF ရဲ့ဥက္ကဌ ကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က ကာရာလာနဲ့ မလဘာဒေသတွေမှာ မရပ်မနား ရွာခဲ့တဲ့ မိုးကြောင့် ရော်ဘာအစေးထွက်ထိခိုက်ခဲ့တာကြောင့် ရော်ဘာဈေးနှုန်းတွေတက်ခဲ့ရပါတယ်။ IRDF ရဲ့ ဥက္ကဌက လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း ထိုင်းနိုင်ငံမှာ ရောင်းလိုအားတွေ သူ့နည်းသူ့ဟန်နဲ့ ဈေးကွက်ထဲကို ဝင်လာခဲ့ရင် ကမ္ဘာဈေးကျမယ်လို့ မျှော်လင့်နေပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက ရရာဈေးနှုန်းနဲ့ ချက်ချင်း ဝယ်ယူခဲ့မယ်ဆိုရင် ရော်ဘာအထွက်များတဲ့ရာသီမှာ တာယာထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားတက်လာတာကြောင့် ဈေးကျဖို့ အတွက် သိသာထင်ရှားတဲ့အခြေအနေကို တွေ့ဖို့မျှော်လင့်ချက်မရှိ တော့ကြောင်းသိရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာဈေးကွက်က တစ်ကီလိုဂရမ်ကို ရူပီး ၂၃ဝ မရောက်အောင်လုပ်ဆောင်ရမဲ့နည်းလမ်းက တော့ မရှိနိုင်သေးကြောင်း IRDF ရဲ့ ဥက္ကဌကဆက်လက်ပြောကြားပါတယ်။ ပြည်တွင်းက စိုက်ပျိုးသူတွေက နှစ်သစ်ကူး ရာသီမှာ အမြင့်ဈေးနဲ့ ဈေးကွက်ထဲကို ရောင်းချရန် ဆန္ဒပြင်းထန်နေကြောင်းသိရပါတယ်။ တကယ်လို့ နိုင်ငံတကာ ဈေးနှုန်းက ရှေ့ဆက်ပြီးမြင့်တက်နေမယ်ဆိုရင်ပြည်တွင်းကုန်သည်များက ဈေးတက်ဖို့ မျှော်ပြီး သိုလှောင်ထားဖွယ်ရှိကြောင်းနဲ့ ယခုအထိ တော့ ပြည်တွင်းဈေးကျဖို့လက္ခဏာ မမြင်ကြောင်း IRDF ရဲ့ ဥက္ကဌက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ ှSource: Internet, KZW
ရော်ဘာဈေးလည်းမြင့် တင်ပို့မှုလည်းပို ဒီဇင်ဘာလ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ရော်ဘာအဆင့်စုံ ၁၇၉၂ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ ဒသမ ၃၇၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၁၁၅ဝ တန်တင်ပို့ ခဲ့တာမို့ ယခုအပတ်မှာ ၆၄၂ တန် တင်ပို့မှုပိုမိုခဲ့ပါတယ်။ ရော်ဘာအဆင့်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေး ဇုန်မRSS (1) ၁၂၈ တန်ခန့်၊ RSS (3) ၈ဝ၃ တန်ကျော်၊RSS (5) တန် ၃ဝ၊MSR (20) ၅၁၁ တန်၊MSR (50)၂ဝ၄ တန်ကျော်နဲ့ ချင်းရွှေဟော်နယ်စပ်မှာ RSS (3) တန် ၁၁၅ တန်ဖြစ်ပါတယ်။ နယ်စပ်စခန်းများမှ ၂ဝ၁ဝ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်ထိ ရော်ဘာတင်ပို့နိုင်မှုများမှာ ၂၅၅၁၁ တန် ရှိပြီလို့ သိရပါတယ်။ ယခုအပတ်မှာ ရော်ဘာဈေးများ မြင့်တက်လျက်ရှိပါတယ်။ဈေးနှုန်းများနှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS (3) ၃၉၅၆၅၃၅ ၃၈၃၆၆၄၅ ၁၁၉၈၉ဝ ၃ ၄၃၅၃ ၄၂ဝ၅ ၁၄၈ ၄RSS (5) ၃၇၂၃၇၃၅ ၃၆ဝ၃၇၄၅ ၁၁၉၉၉ဝ ၃ ၄ဝ၈၁ ၃၉ဝ၄ ၁၇၇ ၄MIRT (DOBT)
ရော်ဘာတင်ပို့မှု ပုံမှန် ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၇၉၄ တန် တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၇၁၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၇၄၇ တန်တင်ပို့ခဲ့ပြီး ၄၇ တန်ပိုမိုတင်ပို့ခဲ့တာ ကြောင့် တင်ပို့မှုပုံမှန်လို့ ဆိုရပါမယ်။ ယခုတစ်ပတ်မှာ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို MSR-50 တန် ၂ဝ ၊ RSS-5 ၂၄၈ တန် နဲ့ RSS-3 ၂၄၅ တန်၊ စင်ကာပူကိုMSR-20 ၂ဝ၁ တန်၊ RSS-3 တန် ၄ဝ ၊ RSS-5 တန် ၄ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ကြောင်း သတင်းရရှိပါတယ်။KZW
ပဲနီလုံးရိုး (စွန်တာနီ) အသစ်မအပေါ်သေးလို့ ဈေးမာ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း ပဲနီလုံးရိုး (စွန်တာနီ) တစ်ပိဿာပေါက်ဈေး ၁၃ဝဝ ကျပ် ဝန်းကျင်နဲ့ ဈေးမာနေပြီး လက်လီအရောင်းအဝယ်သမားများသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ယခုလအတွင်း ကလေးမြို့မှ မန္တလေးမြို့သို့တင်း ၃ဝဝ ၊ မုံရွာမြို့မှ ရန်ကုန်မြို့သို့ တင်း ၁၅ဝ စီးထွက်ခဲ့ပါတယ်။ ဒေသတွင်းနဲ့ လက်လီ ဈေးကွက်အဖြစ် မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှတင်း ၅ဝ ခန့်အရောင်းအဝယ်ဖြစ်ပြီး ပဲသစ်မပေါ်သေးလို့ ပဲအဟောင်း များသာ အရောင်းအဝယ်ဖြစ်နေတဲ့အတွက် ဈေးကတော့ ဆက်လက်ပြီး မာနိုင်သေးတယ်လို့ ဈေးကွက်ကဆိုပါတယ်။ သန်းးသန်းးတင်
ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့တဲ့ ပြည်ပဲနီပြား ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း နတ်တလင်းမြို့နယ်မှာသာ စိုက်ဧကအနည်းငယ်ရှိတဲ့ ပဲနီပြားသီးနံှဟာ အခြားတိုင်းသို့လည်း တင်ပို့မှုမရှိပဲ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပဲနီးပြားဟာ စိုက်ပျိုးထွက်ရှိမှု နည်းပေမဲ့ ဈေးနှုန်းမှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ထိ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ပါတယ်။ အောက်တိုဘာလအတွင်း လက်လီရော လက်ကားသမားများပါ အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလမှစလို့ လက်ကျန်နည်းလာခဲ့ပြီး တစ်တင်း ၂၆ဝဝဝ ကျပ်နဲ့ ရောင်းဝယ်နေခဲ့ရာမှ နိုဝင်ဘာလ ဒုတိယပတ်မှာ တစ်တင်း ၂၈ဝဝဝ ကျပ်ကိုဈေးမြင့်လာခဲ့တာကို တွေ့ရပါတယ်။ နိုဝင်ဘာလ ကုန်မှာတော့ ၎င်းဈေးနဲ့ လက်ကျန်ပြတ်သွားခဲ့တဲ့အတွက် ပဲနီပြားဈေးနှုန်းမှာ ယခုနှစ်အတွင်း ဈေးကောင်းရရှိခဲ့ ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ဘိုကိတ်ဈေးကွက်ဈေးကျလာ ယခင်တစ်ပတ်က ဘိုကိတ်ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တော့ တစ်တင်းကို ၁ဝဝဝ ကျပ်ကျော်လျော့နည်းကာ ၁၆ဝဝဝ ကျပ်- ၁၆၂ဝဝ ကျပ်ဈေးသာရှိကြောင်း သိရပါတယ်။ ယခင်တစ်ပတ်က ကံမမြို့နယ်များမှ အဝင်ရှိခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ အဝင်နည်းနေပါတယ်။ ယခင်တစ်ပတ်က အိတ် ၁ဝဝ-၁၅ဝ အတွင်း အဝင်ရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ အိတ် ၄ဝ-၅ဝ အတွင်းသာ အဝင်ရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
ယခင်နှစ်လောက်ဈေးကောင်းမရပေမယ့် ဈေးကွက်အတွင်း ပဲကြီးဈေး အမြင့်ဆုံးဖြစ် ပဲခူးတိုင်းဒေသကြီးအနောက်တွင် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ပဲကြီးကို ဧက ၂၉ဝဝဝ ခန့်စိုက်ပိုျးဖို့ လျာထားခဲ့ပြီး ယခု ဒီဇင်ဘာလကုန်မှာ အားလုံးနီးပါး စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးကို မိုးညို၊ အုတ်ဖို၊ နတ်တလင်း၊ ရွှေတောင်၊ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ်များမှာ အများဆုံးစိုက်ပျိုးကြပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်နှစ်က ဒီဇင်ဘာလမှာ တစ်တင်း ၃၈ဝဝဝ ကျပ်ဈေးရှိခဲ့ပြီး ယခုနှစ်မှာတော့ ယခင်နှစ်ဈေးနှုန်း မရရှိဘဲ နှစ်ကုန်မှာ ပဲကြီး (ကမ်းနား) တစ်တင်း ၃၃၅ဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၅ဝဝဝ ကျပ်သာရှိတဲ့အတွက် ယခင်နှစ်ထက် တစ်တင်း ၃ဝဝဝ ကျပ်ခန့် ဈေးလျော့နည်းနေကြောင်း သိရပါတယ်။ သို့သော်လည်း ပဲဈေးကွက်အတွင်း ပဲကြီးဈေးနှုန်းမှာ အမြင့်ဆုံး ဖြစ်နေခဲ့ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ရက်ကို အိတ် ၁၅ဝ ခန့် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပဲထုတ်လုပ်မှုကိုး တိုးမြှင့်ခြင်းဖြင့် အိန္ဒိယငွေကြေးဖောင်းပွမှုကို လျှော့ချ အိန္ဒိယအစိုးရက ကြက်သွန်ဈေးနှုန်းကျဆင်းဖို့ ကြက်သွန်နီ တင်ပို့မှု ကို ပိတ်ပင်လိုက်ခြင်းနဲ့ ပဲမျိုးစုံထုတ်လုပ်မှု မြင့်တက်ခြင်းတို့ကြောင့် ငွေကြေး ဖောင်းပွမှုကို လျှော့ချနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး Pranab Kumar Mukherjee က ပြောကြားပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ယခုနှစ် ပဲထုတ်လုပ်မှုဟာ တန်ချိန် ၂ သန်းခန့် မြင့်တက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခုနှစ် ပဲဝယ်လိုအား တန်ချိန် ၁၈ သန်း ကျော် နိုင်ပြီး ထုတ်လုပ်မှုက တန်ချိန် ၁၆ ဒသမ ၅ သန်းခန့် ရှိမယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ နိုဝင်ဘာလမှာ ၇ ဒသမ ၄၈ ရာခိုင်နှုန်း ရှိလို့ ၁၁ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပြီး ယခုလကုန်ပိုင်းမှာ အနည်းငယ်မြင့်တက်လာဖွယ်ရှိပေမဲ့ ဇန်နဝါရီလ မှာတော့ အကျဘက်ကို ဆက်လက် ဦးတည် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ ှSources: commodityonline
