Background
မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်စိုက်တဲ့ သီးနှံများထဲမှာ ပြည်ပပို့ကုန် ရော၊ ပြည်တွင်းစားသုံးမှုပါ အရေးပါတဲ့ ပြောင်းဖူးစေ့ကို တိုင်းဒေသကြီးအတွင်း ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ မတ္တရာအစရှိတဲ့ မြို့နယ်များ အပြင် အခြားတိုင်း မြို့နယ်များဖြစ်တဲ့ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းအစရှိတဲ့ ဒေသများမှာ စိုက်ပျိုးတဲ့ ပြောင်းသီးနှံများ၊ ရှမ်းပြည်နယ်၊ ကျောက်မဲ၊ သီပေါမြို့နယ်များမှထွက်ရှိတဲ့ ပြောင်းဖူး စေ့များကို ပွဲစားကုန်သည် စက်ပိုင်များ ကထိန်တော်အသင်း(ကုန်စည်ဒိုင်)ရဲ့ ဈေး ကွက်မှ တစ်လကို အိတ် ၂၀၀၀၀ ဝန်းကျင်နဲ့ တန် ၁၇၅၀၀ ခန့် လစဉ် ရောင်းဝယ်မှု ရှိနေပါတယ်။ ပြောင်းဖူးစေ့သီးနှံများကို ပြည်တွင်းရောင်းဝယ်မှုနဲ့ ပြည်ပတင်ပို့မှုများပါ တွင်တွင်ကျယ်ကျယ်ရောင်းဝယ်မှုပြုတဲ့အတွက် ပဲဈေးကွက်ကို ပြောင်းဈေးကွက်က နေရာယူတဲ့ နှစ်တွေရှိခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ဒေါ်လာဈေးသည် နှစ်နှစ်ခွဲကျော်ကာလအတွင်း အမြင့် ဆုံးဈေးနှုန်းကို ပြန်လည်ရောက် ရှိခဲ့ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိ ရှိရသည်။ ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း သည် မေလ ၂၀ရက်နေ့က တစ်ဒေါ် လာလျှင် ၉၃၂ကျပ်ရှိခဲ့ပြီး မေလ ၂၂ ရက်နေ့တွင် ၉၄၁ကျပ်သို့မြင့်တက်ခဲ့ သည်။ ယင်းကဲ့သို့ ဗဟိုဘဏ်၏ရည် ညွှန်းငွေလဲနှုန်းမြင့်တက်ခဲ့မှုကြောင့် ငွေ လဲစင်တာများတွင်လည်း ငွေလဲနှုန်းများ မြင့်တက်ခဲ့သည်။ယင်းကဲ့သို့ ငွေလဲနှုန်းများမြင့် တက်ရသည်မှာ အမေရိကန်ဒေါ်လာ များ အဝယ်လိုက်နေ၍ဖြစ်ကြောင်း ဒေါ်လာဈေး ကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။"ဒီတစ်ပတ်အတွင်းမှာ ဒေါ်လာ တွေ တော်တော်အဝယ်လိုက်နေတယ်။ အဝယ်လိုက်တော့ ဈေးတက်တာပေါ့။ ဘဏ်တွေကလည်း လိုက်ဝယ်နေတော့ ဗဟိုဘဏ်ကလည်း ဈေးတက်ရတော့ တာပေါ့။ အဓိကက ပို့ကုန်သမားတွေ က ဝယ်တယ်လို့ထင်တာပဲ။ ပို့ကုန်လုပ် ငန်းကို အဓိကထားပြီးလုပ်နေတဲ့ဘဏ် က ဒေါ်လာကို တခြားဘဏ်တွေထက် ပိုပြီး ဝယ်နေတယ်လို့ သိရတယ်။ နောက်ပြီး အစိုးရကလည်း ပို့ကုန်ကို အားပေးတဲ့သဘောဖြစ်နေတော့ ဒေါ် လာဈေးကို မြင့်တက်အောင်လုပ်တဲ့ သဘောမျိုးပဲ"ဟု ကုန်သည်တစ်ဦးက သုံးသပ်ပြသည်။ဗဟိုဘဏ်အနေဖြင့် ၎င်း၏လုပ် ရိုးလုပ်စဉ်အတိုင်းသွားနေသဖြင့် လက် ရှိဈေးမှာ နိမ့်နေသော်လည်း နောင် တွင် မြင့်တက်သွားနိုင်ကြောင်း၊ ဒေါ်လာ ဈေးမြင့်တက်၍အရောင်းအဝယ်ကောင်း လာပါက အဆင်ပြေနိုင်သော်လည်း ဘဏ်များရှိ ငွေလဲစင်တာများတွင် ငွေ ကို လိုသလောက်ဝယ်ယူမရခြင်းက အခက်တွေ့စေနိုင်ကြောင်း ပြင်ပငွေ လဲ ဈေးကွက်အတွင်းမှ ကိုဦးက သုံးသပ်ပြ ခဲ့သည်။မေလ ၂၀ရက်နေ့က အမေရိ ကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၄၈ကျပ်၊ ဝယ်ဈေး ၉၃၈ကျပ်ရှိခဲ့ပြီး မေလ ၂၁ရက်နေ့တွင် ရောင်းဈေး ၉၄၇ ကျပ်၊ ဝယ်ဈေး ၉၃၇ကျပ်ရှိခဲ့ သည်။ မေလ ၂၂ရက်နေ့တွင် ရောင်း ဈေး ၉၄၈ကျပ်၊ ဝယ်ဈေး ၉၃၈ကျပ်ရှိ ခဲ့ပြီး မေလ ၂၃ရက်နေ့တွင် ရောင်းဈေး ၉၅၃ကျပ် ဝယ်ဈေး ၉၄၅ကျပ်ရှိခဲ့သည်။မယ်သီတာ
ကြက်သွန်နီကို မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျောက်ဆည်၊ မြစ်သား၊ မြင်းခြံနယ် တို့ မှာ အများဆုံးစိုက်ပျိုးထွက်ရှိပါတယ်။ ဈေးကွက်မှာနာမည် ရပြီးဖြစ်နေတဲ့ ကြက်သွန်နီကတော့ မြစ်သားကြက်သွန် ရွှေ ဖလားမျိုးဖြစ်ပါတယ်။ နာမည်ရပြီး အရောင်းအဝယ်သွက်တာ ကြောင့် မြစ်သားနယ်နဲ့ကျောက်ဆည် နယ်မှ တောင်သူများ ဟာ မြစ်သားကြက်သွန်ကို အဓိကထားစိုက်ပျိုးကြပါတယ်။
ရှမ်းနနွင်းလည်း အရောင်းအဝယ်ဖြစ်တဲ့နှစ်ပါပဲ၊ ယခင် နှစ်တွေကချင်းဈေးမကောင်းပေမဲ့တအိအိနဲ့ အရောင်းအဝယ် ဖြစ်နေပေမဲ့ နနွင်းကတော့အတော့်ကို အရောင်းပါးခဲ့ပါတယ်။ ဒီနှစ်မှာတော့ အရောင်းအဝယ်က နည်းနည်းသွက်လာပါ တယ်။ တရုတ်ဝယ်လက်တွေအဆွဲရှိလာတာကြောင့် မနှစ်က ထက် ဈေးကောင်းနေပါ တယ်။ တောင်သူ တွေကလည်း ဈေး ကောင်းတာကြောင့် ဖော်ပြီးရောင်းနေလို့ အဝင်ကလည်းများ နေပါတယ်။ အခုလောလောဆယ် တော့ တရုတ်ဝယ်လက် တွေက အဝယ်ခေတ္တရပ်သွားပေမဲ့ လှောင်လက်တွေနဲ့ ပြည် တွင်းသုံးအတွက် ဝယ်ယူမှုရှိနေတာကြောင့် ပုံမှန်တော့ အရောင်းအဝယ်ဖြစ်နေတယ်လို့ အောင်ပန်းပွဲရုံတွေကသိရပါ တယ်။ ဒီတစ်ပတ်နနွင်း ပေါက်ဈေးက ပင်လောင်းနနွင်း ၄၀၀ ကျပ်၊ အင်းလေးစ ၆၀၀ ကျပ်၊ အောင်ပန်းနနွင်း ၇၀၀ ကျပ်နဲ့ ဆင်တောင်နနွင်း ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံးဝယ်လက်တွေ ဝယ်ယူမှုရှိနေတာကြောင့် တစ်ပတ်အတွင်း နနွင်းပိဿာချိန် ၃၈၆၀၀ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဧဧခိုင်-တောင်ကြီး
ပြည်ပနိုင်ငံများဖြစ်တဲ့ အာရပ်စော်ဘွားများ ပြည်ထောင် စု နိုင်ငံနဲ့ မလေးရှားနိုင်ငံကို ပင်လယ်ရေကြောင်းလမ်းမှ နနွင်း ၇၂ တန်ကို မေလ ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာ တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ စုစုပေါင်းတင်ပို့ခဲ့တဲ့ ၇၂ တန်မှာ အာရပ်စော်ဘွားများပြည်ထောင်စုကို ၅၆ တန်နဲ့ မလေးရှား နိုင်ငံကို ၁၆ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ နနွင်းတန် တစ်ရာ့ငါးဆယ်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်း ၇၈ တန်အပို့လျော့ခဲ့ပါတယ်။ FOB ဈေးတစ်တန်ကို ကန် ဒေါ်လာ ခြောက်ရာ့ခုနှစ်ဆယ်နီးပါးရရှိခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် များမှာ FOB ဈေး တစ်တန်ကို ကန်ဒေါ်လာ ငါးရာ့သုံးဆယ်နီးပါးရရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ နနွင်းဈေးကောင်းရခဲ့တယ်လို့ ဆိုရပါမယ်။ ဒီတစ်ပတ် ရရှိခဲ့တဲ့ ဝင်ငွေ ကကန်ဒေါ်လာ ငါးသောင်းကျော်ရရှိခဲ့တယ် လိ့ု သိရပါတယ်။ MIRT (DOT)
မေလ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်း ရောင်းဝယ်ရေးနယ်ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၂၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၂၉၂၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် ၂၉၅ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က ထက် မိကျောင်းကွမ်းဖတ်စေ့၊ ဆီးသီးခြောက်၊ ဝဥခြောက်၊ ကွမ်းသီးခွံ၊ ဒရင် ကောက်မြစ်၊ ကြောင်လျာစေ့ နဲ့တောင်လုံး ကျော်တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ ကြက်ဆူစေ့၊ မန်ကျည်းမှည့် (အစေ့ပါ)၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ နေလဲစေ့၊ စကားပန်းပွင့် ခြောက်၊ မာလာဥနဲ့ တောချင်းတို့မှာ ယခင်အပတ်ကထက် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်ကတင်ပို့မှု မရှိတဲ့ ရှားစေးကိုယခုအပတ်မှာ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုအပတ်မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကူးသန်းရောင်းဝယ်ရေး စခန်းမှ ပရဆေးကုန်ကြမ်းတင်သွင်းမှုမရှိဘူးလို့သိရှိရပါတယ်။ ခင်ကလျာဦး MIRT (DCCA)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေလ ၁၂ ရက်မှ ၁၈ ရက်အတွင်း မန်ကျည်း တန်ချိန်က ၁၉၂ ဒသမ ၅ တန်ကို စင်ကာပူနိုင်ငံကိုလည်း ကောင်း၊ မန်ကျည်း ၁၉၆ တန်ကို မလေးရှားနိုင်ငံကိုလည်းကောင်း၊ ဂျပန်နိုင်ငံကို သုည ဒသမ ၃ တန်ကိုလည်းကောင်း၊ စုစုပေါင်း ၃၈၈ ဒသမ ၈ တန်ကို တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့မှုနဲ့ ယှဉ်ရင် ၃၃၂ ဒသမ ၃ တန် ဒီတစ်ပတ်မှာ ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ FOB မှဈေးက တစ် တန်ကို ကန်ဒေါ်လာ လေးရာ့နှစ်ဆယ်နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ တစ်သိန်းခြောက်သောင်းကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)
ဒီနှစ်ကတော့ ချင်းဈေးကောင်းတဲ့နှစ်ဖြစ်ပါတယ်။ ၂၀၁၀ ကတော့ ဒီနှစ်ထက် ဈေးကောင်းခဲ့ပါတယ်။ ၂၀၁၁ နဲ့ ၂၀၁၂ မှာ အရောင်းအဝယ်ကလည်းမကောင်း၊ Export ကလည်းနားသွား၊ အရည်အသွေးတွေကလည်းညံ့၊ (မိုးမိတာများလို့ ထိပ် ပုပ်တွေများပါတယ်) တာကြောင့် ချင်းလက်ကျန်က တောင်ပုံ၊ ယာပုံဖြစ်ကျန်ခဲ့ပါ တယ်။ ၂၀၁၂ ခု စက်တင်ဘာလမှာ ချင်းဈေးကတစ်ပိဿာ ၅၀ ကျပ်၊ ၇၀ ကျပ် အထိ ဈေးကျခဲ့တာကြောင့်၊ အလုပ်သမားခ၊ သယ်ယူခတွေနဲ့ တောင်သူတွေ အရှုံး ကြီးရှုံးခဲ့ရပါတယ်။ ဒီနှစ်တော့ အဲဒီစရိတ်တွေ ပြန်ကာမိတယ်လို့ဆိုရပါမယ်။ ဒီနှစ် မှာတော့ ချင်းကနှစ်စကတည်းက ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ စစ်တွေ၊ တမူးကနေ တစ်ဆင့် နယ်စပ်လမ်းကြောင်းအတိုင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ကို သွား နေတာကြောင့် ချင်း(စို)ကအရောင်းသွက်နေပါတယ်။ ချင်း (စို)ကတော့ ဝယ်လက် တွေက ရှိရင်ရှိသလောက် ဝယ်ယူနေကြပါတယ်။
ပြည်ချင်းဈေးကွက်မှာ အောင်ပန်းချင်းများ ယခုတစ်ပတ်ပိဿာ ၃၀ ဝင်အိတ် ၅၀ ခန့်သာ ဝင်ရောက်လို့ အဝင်နည်းနေပါတယ်။ အရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၂၅၀ ခန့်နဲ့ ဈေးနှုန်းမှာ ယခင်တစ်ပတ် ဈေးအတိုင်း တစ် ပိဿာ ချင်း (ရှယ်) ၁၀၀၀ ကျပ်၊ (ဂျွန်) ၈၀၀-၉၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက် ရှိပါတယ်။ ဝင်းဝင်းခိုင်-ပြည်
မန္တလေးတိုင်းဒေသကြီး၊ ပွဲစား၊ ကုန်သည်များ၊ စက်ပိုင်များရဲ့ မဟာ ကထိန်တော်အသင်း(ကုန်စည်ဒိုင်)ကို သီးနှံ ဝင်ရောက်မှု၊ ရောင်းချမှုများ အကြား မြေထောက်ပဲရောင်းဝယ်မှု အခြေအနေမှာ သိသာပြောင်းလဲမှု မရှိဘဲ၊ ဧပြီလနဲ့ မေလနှိုင်းယှဉ်ကြည့် ပါက ဈေးနှုန်းတည်ငြိမ်မှုရှိကြောင်း သိ ရပါတယ်။ တိုင်းအတွင်း စိုက်ပျိုးမှုနည်း သော်လည်း အခြားတိုင်းအတွင်းမှ စိုက်ပျိုးတဲ့ ဟုမ္မလင်း၊ မုံရွာ၊ ကလေးဝ၊ ဗန်းမော်၊ ကသာ၊ ရွှေဘို၊ ဝက်လက် ဒေသများမှ ဝင်ရောက်တဲ့ မြေထောက် ပဲဟာ မန္တလေးကုန်စည်ဒိုင်ရဲ့ ရောင်း ဝယ်မှု ဈေးကွက်ကို ဝင်ရောက်ခဲ့ပါ တယ်။ ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်း အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အိတ် ၅၀၀၀၊ တန် ၄၅၀ ခန့်နဲ့ ပျမ်းမျှတစ် ပိဿာနှုန်း ၁၆၆၄ ကျပ် (တစ်တန် ၁၀၁၉၀၁၇)ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ၂၀၁၃ ခုနှစ်၊ မေလရဲ့ နောက် ဆုံးပတ်အတွင်း မြေထောက်ပဲအိတ် ၄၈၀၀ (တန် ၄၃၀) ရောင်းဝယ်မှုဖြစ်နေ ပြီး၊ နောက်ဆုံးပတ် တစ်ပိဿာ ပျမ်းမျှ ဈေး ၁၆၄၈ (တစ်တန် ၁၀၀၉၂၁၉) နဲ့ ရောင်းဝယ်မှုဖြစ်နေသဖြင့် ယခု ၂၀၁၃ ခုနှစ်၊ မေလ အခြေအနေအရ ရောင်း ဝယ်မှု ပိုမိုကောင်းခဲ့ပြီး၊ ဈေးနှုန်းအနေနဲ့ သိသာစွာ ပြောင်းလဲမှု မရှိနိုင်ဘဲ ရောင်း ချရေး၊ ဝယ်ယူရေး မြေထောက်ပဲရဲ့ အခြေအနေအား ကြိုတင်တွက်ချက်မှု အရ ရောင်းဝယ်မှု ကောင်းနိုင်ကြောင်း သိရပါတယ်။လွင်အေး - မန္တလေး