Background
မုံရွာပဲဈေးကွက်သို့ ပဲစင်းငုံနီအသစ်စတင်ဝင် မုံရွာပဲဈေးကွက်သို့ ဒီဇင်ဘာ ၂ဝ-၂၂ ရက်များတွင် ပဲစင်းငုံနီအသစ်များ စတင်ဝင်ရောက်လာပြီလို့ သိရပါတယ်။ စိုက်ပျိုးသက်ကာလစောခဲ့ပြီး ကုန်တွင်းပိုင်း ကျတဲ့ ပုလဲမြို့နယ်နှင့် မုံရွာမြို့နယ်ဒေသများမှာ ကွက်ကြားဝင်ရောက်ခြင်းဖြစ်ပြီး အဝင် မလှိုင်သေးလဲ တစ်ရက်ကို အိတ် ၂ဝ ခန့်သာ ဝင်ရောက်သေးကြောင်း သိရပါတယ်။ ပဲများမှာ မျောက်ခေါင်း၊လုံးပိန်လုံးညှပ်၊ဗထက်ချိုင့်ကင်းပြီးအရည်အသွေး ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဈေးမှာအဟောင်းတစ်တင်း ၁၃ဝဝဝ ကျပ်၊ အသစ် တစ်တင်း ၁၄၅ဝဝ ကျပ်ဈေးပေါက်နေတယ်လို့ သိရပါတယ်။ ယခင်နှစ်က ဒီဇင်ဘာ ၁၆ ရက် (ကရင်နှစ်သစ်ကူးနေ့)မှာ ပဲအသစ် စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ်မှာတော့ ဒီဇင်ဘာလကုန် ဇန်နဝါရီလ ပထမပတ် ခန့်မှသာ ပဲအဝင်လှိုင်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ကြပါတယ်။ အောင်မင်း
အိန္ဒိယပဲစင်းငုံ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ နီးပါး ဈေးလျော့ကျ အိန္ဒိယပြည်တွင်း ဈေးကွက်မှာလည်း ပဲစင်းငုံအသစ်တွေ ဝင်ရောက် လာပြီ ဖြစ်ပြီး ပဲအထွက်ကောင်းမယ့် ခန့်မှန်းချက်တွေကြောင့် ကုန်သည်များ ဈေးလျှော့ ဝယ်ယူကြတဲ့အတွက် တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ နီးပါးလျော့ကျလာပါတယ်။ လက်ရှိဝင်ရောက်နေတဲ့ ပဲအသစ်များမှာ အစိုဓါတ် ပါဝင်မှု မြင့်နေလို့ ဈေးလျှော့ခြင်းလည်း ဖြစ်ပါတယ်။ ပြည်တွင်းပဲအထွက်ပိုမယ့် အလားအလာက မြန်မာနိုင်ငံက ပဲတင်သွင်းမှုလျော့ကျဖို့ဖြစ်လာ နိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မွန်ဘိုင်းဈေးကွက်မှာဖြစ်ပေါ်တဲ့ ယခင်လနဲ့ ယခုလ ကာလတူ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း(C&F)၂၃-၁၂-၁ဝ ၆၂၂-၆၂၇ ၆၃ဝ၂၃-၁၁-၁ဝ ၇၂၉ ၆၉၅MIRT(MAPT)
တစ်ပတ်အတွင်း ပဲစင်းငုံ တန် ၃ဝဝဝ တင်ပို့ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က တန်ချိန် ၂၆ဝဝ ကျော်ရှိခဲ့ရာက ယခု ဒီဇင်ဘာလ တတိယပတ်မှာ တန်ချိန် ၃ဝဝဝ နီးပါးကို တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေကို ပဲအသစ်တွေ ဝင် ရောက်လာလို့ မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျမယ်လို့ သတင်းတွေထွက် နေပေမဲ့ အဝယ်အနည်းငယ်စီ ရှိနေတာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် အချို့ ကိုလည်း ပဲစင်းငုံအသစ်တွေ ဝင်ရောက်စပြုပြီဖြစ်လို့ ဈေးကွက်တွေထဲမှာ အရောင်း အဝယ်အချို့ရှိနေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများကို ယခင် အပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ၂၄-၁၂-၁ဝ ၅၄ဝ-၅၅ဝ ၅ဝဝ-၅၁ဝ၁၇-၁၂-၁ဝ ၅၇ဝ-၅၈ဝ ၅၂ဝ-၅၃ဝMIRT(MAPT)
ရေသွင်းမတ်ပဲများ စတင်ဝင်ရောက်၊ စက်သမားအဝယ်ရှိ မန္တလေးတိုင်းဒေသကြီးမှာ မတ်ပဲကို ဆောင်းသီးနံှအဖြစ် ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ဧက ၆ သောင်းနီးပါး လျာထားခဲ့ပြီး ဧက ၅ သောင်းခွဲခန့် ၉ဝ ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီး ဖြစ်ပါတယ်။ တိုင်းတွင်းအစိုက်များဆုံးမြို့နယ်က နေပြည်တော် လယ်ဝေးမြို့နယ်ဖြစ်ပြီး စိုက်ဧကရဲ့ ၄၅ ရာခိုင်နှုန်း စိုက်ပိုျးပါတယ်။ တိုင်းတွင်း စိုက်ပျိုးတဲ့ ဆောင်းမတ်ပဲများက ဇန်နဝါရီနောက်ဆုံးပတ်လောက်မှ ထွက်ပေါ် မှာဖြစ်ပြီး လတ်တလော ဈေးကွက်ကို ရွှေဘို၊ မုံရွာဒေသများမှာ ရေသွင်း မတ်ပဲ သစ်များ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဈေးကွက်ကို ဝင်ရောက် လာတဲ့ မတ်ပဲသစ်များဟာ SQ, FAQ အဆင့်မမီဘဲ အိတ်စပို့ဈေးကွက်တန်း မဝင်လို့ ခွဲစက်သမားများသာ အဝယ်ရှိနေပါတယ်။ ဈေးနှုန်းကလည်း ယခင် တစ်ပတ်က မတ်ပဲတစ်ပိဿာ ၁ဝဝဝ ကျပ်-၁၁၁၇ ကျပ်ပေါက်ဈေးရှိရာမှ ယခု တစ်ပတ်မှာ ၉၈၃ ကျပ်မှ အမြင့်ဆုံး ၁ဝဝဝ ကျပ်ဈေးနှုန်းထိ နိမ့်ကျလာခဲ့ကြောင်း ကုန်စည်ဒိုင် သတင်းများအရ သိရပါတယ်။ သက်သက်နိုင်
ဈေးအေးနေဆဲ ဟင်္သာတမတ်ပဲ ဟင်္သာတခရိုင်အတွင်း ဆောင်းသီးနံှမတ်ပဲကို မြို့နယ် ၆ မြို့နယ်လုံးမှာ စိုက်ပျိုးဧက ၃ ဒသမ ၉၇ သိန်း လျာထားခဲ့ရာ ဒီဇင်ဘာလ တတိယပတ်အထိ ဧက ၃ ဒသမ ၆၂ သိန်းစိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါတယ်။ မတ်ပဲဈေးက တဖြည်း ဖြည်းအေးလာပြီး ယခင်တစ်ပတ်က ပဲတစ်တင်း ၂၂၃ဝဝ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုအပတ်မှာ ၂ဝ၅ဝဝ ကျပ်ဈေးဖြစ်တယ်လို့ သိရပါတယ်။ ဈေးအေးပေမဲ့ ပုံမှန်ဝယ်လက် ရှိနေတာကြောင့် နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၄ဝဝ ခန့် တင်ပို့နိုင်ကြောင်း သိပါတယ်။ အေးအေးခိုင်
်အိန္ဒိယမတ်ပဲ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ကျော် ဈေးဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေစီမတ်ပဲတွေ ရောင်းလိုအား ကောင်းပြီး၊ ပဲများမှာ အရည်အသွေးနိမ့်ကျတာကြောင့် ဝယ်လိုအားနည်းတဲ့အတွက် ဈေးက တစ်လထက်တစ်လ ကျဆင်းလာတာတွေ့ရပါတယ်။ လက်ရှိစိုက်ပျိုးနေတဲ့ ဆောင်း မတ်ပဲစိုက်ပျိုးမှုလည်း ကောင်းနေတယ်ဆိုတဲ့ သတင်းတွေအရ ဝယ်လက် များ ဈေးလျှော့ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်း မတ်ပဲများကို တချို့ဝယ်လက်များ အဝယ်ရှိနေခြင်း ကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလ တူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် ချန်ဟိုင်း(C&F)၂၃-၁၂-၁ဝ ၈ဝ၂ ၈ဝဝ၁၂-၁၁-၁ဝ ၉၃၈ ၁ဝဝဝMIRT(MAPT)
အိန္ဒိယမတ်ပဲ တစ်လအတွင်း ကန်ဒေါ်လာ ၁ဝဝ ကျော် ဈေးဆင်းလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဒေစီမတ်ပဲတွေ ရောင်းလိုအား ကောင်းပြီး၊ ပဲများမှာ အရည်အသွေးနိမ့်ကျတာကြောင့် ဝယ်လိုအားနည်းတဲ့အတွက် ဈေးက တစ်လထက်တစ်လ ကျဆင်းလာတာတွေ့ရပါတယ်။ လက်ရှိစိုက်ပျိုးနေတဲ့ ဆောင်း မတ်ပဲစိုက်ပျိုးမှုလည်း ကောင်းနေတယ်ဆိုတဲ့ သတင်းတွေအရ ဝယ်လက် များ ဈေးလျှော့ဝယ်ယူလျက်ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရည်အသွေး ကောင်း မတ်ပဲများကို တချို့ဝယ်လက်များ အဝယ်ရှိနေခြင်း ကတော့ ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ကာလ တူ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် ချန်ဟိုင်း(C&F)၂၃-၁၂-၁ဝ ၈ဝ၂ ၈ဝဝ၁၂-၁၁-၁ဝ ၉၃၈ ၁ဝဝဝMIRT(MAPT)
ဒီဇင်ဘာ ဒုတိယပတ် မတ်ပဲ တန် ၁ဝဝဝဝ အထိ တင်ပို့ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုအနေနဲ့ ယခင်သီတင်းပတ်တွေက တန်ချိန် ၄ဝဝဝ ဝန်းကျင်တင်ပို့မှု ရှိခဲ့ရာမှ ဒီဇင်ဘာလ တတိယပတ်အတွင်းမှာတော့ တန်ချိန် တစ်သောင်းအထိ တိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယ အဝယ် အချို့ ရှိနေတာကြောင့် တင်ပို့မှု တက်လာတာဖြစ်ပါတယ်။ ဈေးကွက်တွေမှာ လှောင် လက်တချို့ ထုတ်ရောင်းမှုရှိပြီး ဝယ်လက်များ ဈေးလျော့အဝယ် ရှိတာကြောင့် ယခင်တစ်ပတ်ထက်ဈေး သိသိသာသာ ကျဆင်းခဲ့တာ တွေ့ရပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၂၄-၁၂-၁ဝ ၇၇ဝ-၇၈ဝ ၉၆ဝ-၉၇ဝ ၁၇-၁၂-၁ဝ ၈၂ဝ-၈၃ဝ ၁ဝ၂ဝ-၁၁၂ဝ MIRT(MAPT)
