Background
လက်ကျန်နည်းလို့ ဈေးပြန်မာလာတဲ့ မန်း ဗွီတူးဈေးကွက် နိုဝင်ဘာ ဒုတိယပတ်အတွင်းက ၃ တင်း တစ်အိတ်ကို ၇၇ဝဝဝ ကျပ်၊ ၇၈ဝဝဝ ကျပ်မှ ၈ဝဝဝဝ ကျပ်ထိ ပေါက်ဈေးရှိခဲ့တဲ့ ဗွီတူးဟာ တဖြည်းဖြည်းနဲ့ ၆၉ဝဝဝ ကျပ်ထိ ဈေးနိမ့်လာခဲ့ပါတယ်။ လတ်တလောအချိန်မှာ ဆောင်းသီးနံှထွက်ချိန် လိုနေသေးခြင်း၊ လက်ကျန်နည်းလာခြင်းတို့ကြောင့် ရောင်းလက်အထုတ် နှေးဈေးအေးလာရာမှ ဒီဇင်ဘာ ပထမပတ်အတွင်းမှာ ခွဲစက်သမားအဝယ်ပြန် လိုက်လာလို့ ၇၂ဝဝဝ ကျပ်-၇၄ဝဝဝ ကျပ်ထိ ဈေးပြန်မာလာကြောင်း သိရပါတယ်။ သက်သက်နိုင်
အရောင်းအဝယ်သွက်တဲ့ မုံရွာဗွီတူး နိုဝင်ဘာလအတွင်းက တစ်တင်း ၂၂ဝဝဝ ကျပ်ကျော်အထိ ဈေးအေးခဲ့ တဲ့ ဗွီတူးဈေးဟာ ဒီဇင်ဘာ လဆန်းမှာ တစ်တင်း ၂၃၈ဝဝ ကျပ်အထိ ဈေးပြန်လည် ဦးမော့ခဲ့ပါတယ်။ ဆောင်းသီးနံှအဖြစ် ဒီဇင်ဘာလအတွင်း အချိန်မီစိုက်ပျိုးကြမဲ့ တောင်သူများက မျိုးစေ့အတွက်ဝယ်ယူမှုရှိခဲ့သလို ဒေသတွင်း ပဲခွဲစက်၊ ကြာဇံစက် များရဲ့ ဝယ်လိုအားကလည်း နေ့စဉ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ မန္တလေး၊ မလှိုင် ပဲခွဲစက်များ လာရောက်ဝယ်ယူခဲ့လို့ တစ်တင်း ၂၃ဝဝဝ ကျပ်နဲ့ အိတ် ၇ဝဝ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်က သိရပါ တယ်။ အောင်မင်း
ကြိုပွိုင့်ဈေးမြင့်တက်လို့ အိန္ဒိယကုလားပဲဈေးကျဆင်းရာက ပြန်ခိုင်လာ အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ပဲခွဲစက်တွေက ဝယ်လိုအား အကန့်အသတ်သာရှိလို့ ဈေးကျဆင်းခဲ့ရာမှ ကုလားပဲကြိုပွိုင့်ဈေး မြင့်တက်တာ ကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ ပြန်ခိုင်မာလာတယ်လို့ သိရပါတယ်။ ကုလားပဲတစ်တန်ကို ရူပီး ၂၃၂၅ဝ -၂၃၃ဝဝ ( ကန်ဒေါ်လာ ၅၁၆-၅၁၇) ရှိခဲ့ရာမှ ရူပီး ၂၃၅ဝဝ (ကန်ဒေါ်လာ ၅၂၂) ကိုမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လက်ကျန် လျော့ကျလာခြင်းနဲ့ လက်ထပ်ရာသီအတွက် ပဲခွဲစက်များနဲ့ လက်လီဆိုင်များက ဝယ်လိုအား ကောင်းလာဖွယ်ရှိလို့ NCDEX မှာ ကုလားပဲကြိုပွိုင့်ဈေး ပြန်မြင့်လာ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ NCDEX မှာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ စာချုပ်ဈေးဟာ တစ်တန်ကို ရူပီး ၂၄၉၄ဝ နဲ့ ရူပီး ၂၅၅၆ဝ (ကန်ဒေါ်လာ ၅၅၄ နဲ့ ၅၆၇) ဈေးရှိခဲ့ပါတယ်။ လက်ရှိ ကုလားပဲစိုက်ဧရိယာ ၂ ဒသမ ၉၇ ရာခိုင်နှုန်းကျဆင်းနေပေမဲ့ ရာသီဥတု ကောင်းမွန်ခြင်းကြောင့် စိုက်ဧရိယာ တိုးတက်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သြစတြေးလျက ဝင်ရောက်လာတဲ့ ကုလားပဲများ အရည်အသွေးညံ့ခြင်းကလည်း အစောပိုင်းဈေးကျဆင်းဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ယမင်းခင်၊ Sources: the hindubusinessline
မုံရွာကုလားပဲဈေးကွက် မန်းဝယ်လက် အဝယ်သွက် မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာပထမပတ် ကုလားပဲဈေးကွက်မှာ ဈေးအနည်း ငယ်အေးသွားပေမဲ့ ဒေသတွင်းနဲ့ နယ်လက်ပုံမှန်အဝယ်သွက်ခဲ့လို့ အရောင်းအဝယ် ပမာဏ အခြားပဲများထက်သာခဲ့တယ်လို့ ကုန်စည်ဒိုင် ရပ်ကွက်ကဆိုပါတယ်။ ယခုရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲတစ်တင်းဈေးတွေအနေနဲ့ ကုလားပဲ တိုင်ပေ ၂၁ဝဝဝ ကျပ်မှ ၂၂၅ဝဝ ကျပ်၊ ကုလားပဲ V2 ၂၃ဝဝဝ ကျပ်မှ ၂၃၈ဝဝ ကျပ်နဲ့ 929 ၂၃ဝဝဝ ကျပ် အသီးသီးပေါက်ခဲ့ရာ ယခင်လကထက် ဈေးအနည်းငယ် အေးသွားခဲ့ပါတယ်။ မုံရွာဒေသက စက်သမားတွေ နေ့စဉ် အဝယ်ရှိခဲ့ရာ တစ်နေ့ တင်း ၅ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့သလို မန္တလေးဝယ်လက်အနေနဲ့ ဒီရက်ပတ် ထဲမှာ မျိုးအဖြစ် အဝယ်ပိုခဲ့တဲ့ အတွက် မုံရွာကုန်စည်ဒိုင်ကနေ မန္တလေးကို တင်း ၄ဝဝ နီးပါး တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ထွန်းလှိုင်
ညောင်လေးပင်မှာ ပဲတီစိမ်းကို ပိုစိုက်လာ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း ညောင်လေးပင်မြို့နယ်မှာ ယခင်နှစ် ၂ဝဝ၉-၂ဝ၁ဝ ဆောင်းသီးနံှ စိုက်ပျိုးချိန်မှာမတ်ပဲ ဧက ၈၆ဝဝဝ ကျော်နဲ့ ပဲတီရွှေဝါ ဧက ၂၄ဝဝ ကျော်စိုက်ပျိုးခဲ့ပါတယ်။ သီးနံှပေါ်ချိန်မှာ ပျမ်းမျှ တစ်ဧက ၁၂ တင်းနှုန်းလောက်နဲ့ အထွက်နှုန်းတူထွက်ပါတယ်။ ပဲတီရွှေဝါမျိုးပဲဈေးဟာ မတ်ပဲမျိုးပဲထက် တစ်တင်းကို ၁ဝဝဝဝ ကျပ်လောက်ပိုပါတယ်။ ပဲဆွတ်ခူးတဲ့နေရာမှာမတ်ပဲက တစ်ကြိမ်သာ ဆွတ်ခူးပြီး ပဲတီရွှေဝါက မြေအစိုဓါတ်ရှိသေးရင် ၂ ကြိမ်မှ ၃ ကြိမ်ခန့်အထိ ဆွတ်ခူးရတဲ့အတွက် လုပ်အားခအနည်းငယ်ပိုကုန်ကျပါတယ်။ ဒါကြောင့် ပဲတီရွှေဝါ တစ်ဧကကို ၁ ဒသမ ၂ သိန်းကျပ် ကုန်ကျပြီး မတ်ပဲက တစ်ဧကကို ၁ ဒသမ ၁ သိန်းခန့် ကုန်ကျတဲ့အတွက် ၁ ဧကစိုက်စရိတ် ၁ သောင်းကျပ်ခန့်ပိုမိုကုန်ကျတာ တွေ့ရပါတယ်။ ဒါပေမဲ့ မနှစ်က ပဲပေါ်ချိန် ဖေဖော်ဝါရီနှင့် မတ်လမှာ မတ်ပဲတစ်တင်းအနိမ့်ဈေး ၂၄ဝဝဝ ကျပ်မှ ၃ဝဝဝဝ ကျပ်၊ ပဲတီရွှေဝါကအနိမ့်ဈေး ၃၄ဝဝဝ ကျပ်မှ ၄၅ဝဝဝ ကျပ်ခန့် ဈေးရခဲ့တဲ့အတွက် အနိမ့်ဈေးနဲ့ ရောင်းတဲ့သူတွေ တောင် ပဲတစ် ဧကစိုက်တာချင်း အတူတူဝင်ငွေက ၁ ဒသမ ၂ သိန်းကျပ်ခန့် ကွာခြားတာကို လက်တွေ့ကြုံတွေ့ခဲ့ပါတယ်။ ဒါကြောင့်လည်း မနှစ်က မတ်ပဲစိုက်ခဲ့တဲ့ တောင်သူတွေဟာ မိရိုးဖလာစိုက်ခဲ့တဲ့ အနက်ရောင်မတ်ပဲအစား၊ ဈေးကောင်းရတဲ့ ရွှေရောင်သန်းတဲ့ ပဲတီရွှေဝါမျိုးကို ပြောင်းလဲစိုက်ပျိုးလာတာတွေ့ရပါတယ်။ တစ်မြို့နယ်လုံးအနေနဲ့ ပဲစိုက်ပျိုးမှု ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ပြီး၊ မနှစ်က ၂၄၁၇ ဧကစိုက်ပျိုးခဲ့တဲ့ ပဲတီရွှေဝါပဲမျိုးဟာ ၊ ဒီနှစ်မှာ ၁၂ဝဝဝ ဧက ခန့်စိုက်တာတွေ့ရှိရပြီး၊ ဒီဇင်ဘာလ ဒုတိယပတ်မြေအစို ဓါတ်အမှီပြီးစီးအောင်စိုက်နေတာကို တွေ့ရှိရပါတယ်။ ဇော်မင်းဦး
အရည်အသွေးအလိုက် တင်ပို့မှုအားကောင်းနေတဲ့ မန်းပဲတီစိမ်း မန်းဈေးကွက်အတွင်း ပဲတီစိမ်းကို တရုတ်ဝယ်လက်အပြင် ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက် လုပ်ငန်းရှင်များမှ ပါ ဝယ်ယူတဲ့အတွက် ရောင်းဝယ်အားအေးမသွားဘဲ ဖြေးဖြေးမှန်မှန် အရောင်းအဝယ် ဖြစ်နေကြပါတယ်။ အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေက ဈေးမာနေပြီး အရည်အသွေးနိမ့်ပစ္စည်းတွေကတော့ ပစ္စည်းပေါ်မှာ မူတည်ပြီး ဈေးနှုန်းအနိမ့်အမြင့် အလိုက် ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေကြပါတယ်။ ဈေးကွက် အတွင်းသို့ မကွေး၊ အောင်လံဒေသများမှ ထွက်ရှိတဲ့ ပဲတီစိမ်းများ ဝင်ရောက်မှုရှိနေပါတယ်။ ယခုတစ်ပတ် ပဲတီစိမ်းထိပ်စ တစ်ပိဿာ ၁၅၁၁ ကျပ်၊ တစ်တန် ၉၂၅၃ဝဝ ကျပ်၊ လတ်စ တစ်ပိဿာ ၁၃၆၉ ကျပ်၊ တစ်တန် ၈၃၈၃ဝဝကျပ်၊အနိမ့်တစ်ပိဿာ ၁၁၅၆ကျပ်၊ တစ်တန် ၇ဝ၇၉ဝဝ ကျပ်ဈေးရှိပြီး ဈေးကွက် အတွင်းမှာ ပဲတီစိမ်းဟာ ရောင်းဝယ်အားအကောင်းဆုံးသီးနံှဖြစ်ပါတယ်။ တင်ပို့မှုအနေနဲ့ တစ်ပတ်အတွင်း တရုတ်သို့ ၁၁၃ဝ တန်၊ ရန်ကုန်သို့ ၆၂ဝ တန်တင်ပို့မှုရှိခဲ့ပြီး ဈေးကွက်အတွင်း ဈေးတက်လိုက်ကျလိုက်ဖြစ်နေပေမဲ့ ရောင်းဝယ်အား ကောင်းနေဆဲ ဖြစ်တယ်လို့ ကုန်သည်များထံမှ သိရပါတယ်။ ကျော်ကျော်မိုး
ပြည်ပဲတီစိမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း ပြည်ဈေးကွက်အတွင်း ယခုဒီဇင်ဘာဒုတိယပတ်မှာ ယခင်အပတ်ကထက် ပဲတီစိမ်းများ အဝင်များလာခဲ့ ပါတယ်။ တစ်ရက်ကို အိတ် ၁၅ဝဝ နီးပါးအဝင်ရှိခဲ့ပြီး၊ ဈေးနှုန်းကတော့ တဖြည်းဖြည်းကျဆင်းနေတာကိုတွေ့ရ ပါတယ်။ နိုဝင်ဘာလ အတွင်း ပဲတီစိမ်းဈေးနှုန်းမှာ တစ်တင်းလျှင် ၃ဝဝဝဝ ကျပ်ထိ ဈေးကောင်းခဲ့ပြီး ဒီဇင်ဘာ လဆန်းမှစ၍ ပဲတီစိမ်းများ အဝင်များလာသလို မိုးပဲတီစိမ်းလက်ကျန်များလည်းရှိခဲ့တာကြောင့် ဈေးကျသွားကြောင်း သိရပါတယ်။ ၎င်းပဲတီစိမ်း လက်ကျန်များမှာ အရည်အသွေးပေါ်မူတည်၍ တစ်တင်းလျှင် ၁၈ဝဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပြီး၊ ယခုဝင်ရောက်လာသော ပဲတီစိမ်း အသစ်များမှာ တစ်တင်းလျှင် ၂၄၅ဝဝ ကျပ်မှ ၂၅ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ ယခုတစ်ပတ်အတွင်း ရန်ကုန်သို့ အိတ် ၁၅၅ဝ ခန့် တင်ပို့ခဲ့တယ်လို့သိရပါတယ်။ အိရွှေစင်
နိုဝင်ဘာလထက် ဒီဇင်ဘာလ ကာလတူ ပထမပတ် အိန္ဒိယ ပဲတီစိမ်းဈေးအနည်းငယ်မြင့် အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ပဲအသစ်တွေဝင်ရောက်လာပြီဖြစ်ပေမဲ့ အရည်အသွေးညံ့ဖျင်းမှုကြောင့် အရည်အသွေးကောင်းတဲ့ ပဲအသစ်များ ပြည်ပကတင်သွင်းနေရတဲ့အတွက် ဈေးမြင့်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လတ်တလော ပြည်တွင်းဈေးကွက်တွေမှာ အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆောင်းပဲတီစိမ်းစိုက်ပျိုးမှု အခြေအနေကလည်း ကောင်းနေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလနဲ့ ဒီဇင်ဘာ ပထမပတ်ကာလတူ ချန်နိုင်းဈေးကွက်နဲ့ ဒေလီဈေးကွက်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဈေးများနှုန်းယှဉ်ဖော်ပြလိုက်ပါတယ်- ချန်နိုင်းဈေးကွက် ဒေလီ၈-၁၂-၁ဝ ၁ဝ၂ဝ ၁ဝ၆၄၈-၁၁-၁ဝ ၉၉၄ ၁ဝ၁၇-၁ဝ၃၉MIRT (MAPT)
ဆောင်းပဲတီစိမ်းအသစ်ထွက် လက်ကျန်များအရောင်းတက် ပြည်တွင်းမှာ ဆောင်းပဲတီစိမ်းအသစ်များထွက်ရှိနေပြီဖြစ်တဲ့အတွက် လက်ကျန်ပဲတီစိမ်းများအားပိုမို တင်ပို့နိုင်လျက် ရှိပါတယ်။ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း တန်ချိန် ၁၁၈ဝ ခန့် ကန်ဒေါ်လာ ၁ ဒသမ ၁၁ သန်းဖိုး၊ ပဲတီစိမ်း လုံးခြမ်း ၃၁၉ တန် ကန်ဒေါ်လာ ဝ ဒသမ ၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းမှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း တန် ၄၈ဝ နဲ့ ပဲတီစိမ်း လုံးခြမ်း ၂၃၂ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ပဲတီစိမ်းတင်ပို့နိုင်မှုဟာ သိသိသာသာ ပိုမိုခဲ့တယ်လို့သိရပါတယ်။ FOB မူဆယ်ပေါက်ဈေးများကတော့ ပဲတီစိမ်းတစ်တန်ကို ၁ဝ၈၃၄၉၂ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံရွှေလီ ပေါက်ဈေးက ၈၁၈ဝ ယွမ် ( ၁၂၃ဝ ဒေါ်လာ) ဈေးပေါက်တယ်လို့သိရပါတယ်။ MIRT (DOBT)
ပဲတီစိမ်း တန် ၂ဝဝဝ ခန့်သာ တင်ပို့မှုရှိ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းတင်ပို့မှုအနေနဲ့ ပဲတီစိမ်းတန်ချိန် ၂၆ဝဝ ခန့်တင်ပို့မှုရှိခဲ့ရာမှ ယခု (ဒီဇင်ဘာ ပထမပတ်) အတွင်းမှာတော့ တန်ချိန် ၂ဝဝဝ ခန့် သာတင်ပို့မှုရှိခဲ့ပါတယ်။ နယ်စပ်လမ်းကြောင်းမှ တရုတ်ဘက်က အဆွဲနည်း သလို အိန္ဒိယဘက်ကလည်း အဝယ်အေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မန္တလေးဘက်က ထွက်ရှိတဲ့ အညာပဲတီစိမ်းအချို့တော့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ လက်ကျန်မရှိသလောက်နည်းတဲ့ ပဲတီစိမ်းအတွက် ဈေးကွက်အရောင်းအဝယ်က စိုးရိမ်စရာမရှိဘူးလို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ နိုဝင်ဘာလအတွင်း ပဲတီစိမ်းတင်ပို့မှုအနေနဲ့ တန်ချိန် တစ်သောင်းနီးပါး ရှိပြီး အောက်တိုဘာလမှာ တန်ချိန် တစ်သောင်းကျော်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ တင်ပို့မှုကို လေ့လာရာမှာတော့ တန်ချိန် ၁၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် နိုဝင်ဘာလမှာ အနည်းငယ် လျော့ကျတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ ပဲတီစိမ်း(အညာ) တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ- ၉၆ဝ နဲ့ ပခုက္ကူတစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ငြိမ်နေတယ်လို့ သိရပါတယ်။ MIRT - MAPT
