Main menu

Background

Wednesday, 24 Nov 2010

လက်ကျန်နည်းချိန် ရှမ်းနနွင်း တက်ဈေးမှာရှိ           အောင်ပန်းဈေးကွက်မှာတော့ နနွင်းတက်က ဈေးသာရှိပြီး ပစ္စည်းလက် ကျန်မရှိဖြစ်နေပါတယ်။ ဝယ်လက်တွေကတော့ ပစ္စည်းကောင်း၊ သန့်တွေသာ လိုချင်ပေမဲ့ ပစ္စည်းလက်ကျန်တွေကလည်း အညံ့စတွေ ဖြစ်နေတာကြောင့် လှောင် လက်တွေဆီက ပစ္စည်းတွေကို ရွေးဝယ်နေရပါတယ်။ ဒီနှစ်နနွင်း အထွက်ကလည်း ယခင်နှစ်တွေကလို ပုံမှန်ထွက်ပေမဲ့ ပေါ်ကာစဈေးကောင်းချိန်မှာ ပစ္စည်းကောင်း တွေကလည်း ထွက်သွားတာကြောင့် လှောင်လက်တွေမှာ အညံ့စတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။ ပင်လောင်းဖက်ကထွက်တဲ့ နနွင်းကတော့ ရေ၊ မြေအနေ အထားနဲ့ မြေဖြူတွေမှာစိုက်ရတာကြောင့် ဈေးကွက်ဝင်နနွင်း သိပ် မထွက်ပါဘူး။ ဈေးကောင်းပြီး ဝယ်လိုအားများနေတဲ့အချိန်မှာတော့ နနွင်းသန့်တွေနဲ့ ရောရောင်း ကြတယ်လို့ သိရပါတယ်။ နနွင်းကလက်ကျန်လည်း နည်းလာတာကြောင့် ဈေးကလည်း တက်နေပါတယ်။ တောင်ကြီးဈေးကွက်မှာ နနွင်းသန့် တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေး ရှိပြီး အောင်ပန်းဈေးကွက်မှာတော့ နနွင်းသန့်က တစ်ပိဿာ ၃၃ဝဝ ကျပ်၊ နနွင်းညံ့က ၂၈ဝဝ ကျပ်-၃ဝဝဝ ကျပ်ဈေးရှိတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင် 

Wednesday, 24 Nov 2010

 နယ်စပ် အပို့နည်း       ယခုအပတ်မှာ စစ်တွေနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နနွင်းတက် ၁ တန် ကန်ဒေါ်လာ ၁၆ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတော့ ၂ တန်တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ တင်ပို့မှုလျော့နည်း နေတာတွေ့ရပါတယ်။ နနွင်းထွက်တဲ့ ကျောက်ဆည်၊ တောင်ကြီး၊ ကျောက်တော်ဒေသတွေမှာ ဒီဇင်ဘာလ လောက်မှ နနွင်းအသစ်တွေ ဈေးကွက်ထဲ ဝင်လာတော့မှာဖြစ်လို့ ဒေသထွက် နနွင်း လက်ကျန်ညံ့နဲ့ နနွင်းသန့်ရောနေတာကြောင့် တစ်ဖက်နိုင်ငံ ဝယ်လိုအား နည်းနေသေးတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီဇင်ဘာလကျော်ရင် ဝယ်လိုအား ကောင်းလာနိုင်တယ်လို့ဆိုပါတယ်။ စစ်တွေနယ်စပ်မှာ နနွင်းတက် တစ်တန်မိမိဘက်မြေပြင်ပေါက်ဈေး ၁၅၂၆၉၄ဝကျပ်ရှိပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေး ကတော့ ၁၃၂၅ဝဝ တာကာ ဖြစ်ပါတယ်။ တင်တင်ထွန်း (MIRT)

Wednesday, 24 Nov 2010

ဒီတစ်ပတ် တန် ၅ဝ ကျော်တင်ပို့       ပင်လယ်ရေကြောင်း ကနေ နနွင်းတန်ချိန် ၅ဝ ဒသမ ၇၃ တန်ကို တင်ပို့နိုင်တာ တွေ့ရပါတယ်။ နိုဝင်ဘာ ၈ ရက် မှ ၁၄ ရက် တာကာလအတွင်း ကိုရီးယားနိုင်ငံကို ၅ဒသမ ၁၈ တန်၊ ပါကစ္စတန်နိုင်ငံကို ၄၄ တန် နဲ့ စင်ကာပူနိုင်ငံကို ၁ဒသမ ၅၅တန် တင်ပို့ခဲ့တာဖြစ်ပြီး တစ်တန်ကို အက်ဖ်အိုဘီ ကန်ဒေါ်လာ ၁၅ဝဝ ခန့်နဲ့ ဈေးကွက်တင်ခဲ့ပြီး စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၆၃၂၄ ဒေါ်လာ ရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က ရေကြောင်း ကနေ နနွင်းတန်ချိန် ၁၆ ဒသမ ၅တန်တင်ပို့နိုင်ခဲ့ကာ ယခုတစ်ပတ် ၅ဝ ဒသမ ၇၃ တန်တင်ပို့နိုင်ခဲ့တဲ့ အတွက် တဖြည်းဖြည်း နနွင်းပုံမှန် အပို့ ပြန်လည်နေရာ ရလာတာတွေ့ရပြီး ယခု သီတင်းပတ်မှာ တန်ချိန် ၃ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT (DOT) 

Wednesday, 24 Nov 2010

သိုလှောင်၊ ဈေးကစားခြင်းကြောင့် တရုတ်ကြက်သွန်ဖြူနဲ့ ချင်းဈေးများမြင့်တက           တရုတ်နိုင်ငံမှာ ချင်းနဲ့ကြက်သွန်ဖြူတို့လို အဓိကချက်ပြုတ်ရတဲ့ ကုန်စည်ဈေး ဟာ မနှစ်ကထက် နှစ်ဆ မြင့်တက်ခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောကြားပါတယ်။ ဝန်ကြီးဌာနရဲ့ ၃၆ မြို့ နယ်မှာ စစ်တမ်း ကောက်ယူချက်အရ ကြက်သွန်ဖြူဈေးဟာ ၉၆ ရာခိုင်နှုန်းမြင့်တက်ပြီး ချင်းဈေးက ၉ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီကုန်ပစ္စည်းနှစ်မျိုးကို သိုလှောင် ထိမ်းသိမ်းပြီး ဈေးကစားကြတာ ကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်တယ်လို့ ဈေးကွက် စီမံကွပ်ကဲမှုဌာန ဒါရိုက်တာ Wong Bingnan မှ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။                စိုက်ပျိုးရေးထုတ်ကုန်များရဲ့ အောက်တိုဘာလဈေးနှုန်းဟာ တစ်နှစ်ထက် တစ်နှစ် ၁၄ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ အလုပ်သမားစရိတ်ကြီးမြင့်ခြင်းနဲ့ ထုတ်လုပ်မှု စရိတ်ကြီးမား တိုးတက် နေခြင်းတို့ကြောင့် ဈေးနှုန်းက အတက်ဘက်ကို ဆက်လက်ဦးတည်ဖွယ်ရှိတယ် လို့လည်း အမျိုးသားဖွံ့ဖြိုးမှုရဲ့ ပြန်လည်ထူထောင်ရေးကော်မရှင် ဈေးနှုန်းထိန်းချုပ် ရေး ဌာန ဒုတိယညွှန်ကြားရေးမှူး Zhou Wangjun က ပြောကြားပါတယ်။ စားနပ်ရိက္ခာသီးနံှနဲ့ ဝါတို့လို စိုက်ပျိုးရေးကုန်စည်များကို အစိုးရထိန်းချုပ်မှုနဲ့ နှိုင်းယှဉ်ရင် ကြက်သွန်ဖြူ၊ ချင်းနဲ့ ဟင်းသီးဟင်းရွက်တို့လို ထုတ်ကုန်တွေအတွက် ဈေးကွက်အနိမ့်အမြင့် များလွန်းတာကြောင့် ဈေးနှုန်းတည်ငြိမ်စေဖို့အတွက်အစိုးရ ရဲ့ တင်းကျပ်

Wednesday, 24 Nov 2010

ဈေးငြိမ်ပြီး အဝင်သွက်လာတဲ့ ပြည်ချင်းဈေးကွက်         ပြည်ချင်းဈေးကွက်ရဲ့ ချင်းဈေးမှာ ယခုတစ်ပတ်အတွင်း ဈေးငြိမ်နေပြီး ယခင်အပတ်ကအတိုင်း တစ်ပိဿာကို အနိမ့်ဆုံး ၁၂ဝဝ ကျပ်မှ အမြင့်ဆုံး ၁၅ဝဝ ကျပ်နဲ့ ပုံမှန်ရောင်းဝယ်လျက် ရှိပါတယ်။ယခုအချိန်ဟာ အောင်ပန်းချင်းများ စပြီးရင့်တဲ့အချိန်ဖြစ်လို့ သိုလှောင်အထားခံတဲ့အတွက် ပြည်ဈေးကွက်ရှိ ချင်းရောင်း ဝယ်သူများအနေဖြင့် ပိုမို မှာယူခြင်းများကြောင့် အဝင်လည်း များလာတာ တွေ့ရပါတယ်။ ယခင်ကတစ်ပတ်ကို ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့် အထိသာ အဝင်ရှိပြီး ယခုတစ်ပတ် အိတ် ၃ဝဝ အထိအဝင်ရှိလာတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်ကို မန္တလေးတိုင်းဒေသကြီးမှ မိတ္ထီလာချင်းများ ဒီဇင်ဘာ လ ဆန်းပိုင်းတွင် ဝင်ရောက်မယ်လို့လည်း သိရပါတယ်။ ဝင်းလဲ့ဝါ

Wednesday, 24 Nov 2010

ရှမ်းချင်းသစ်ဈေးကွက်စဝင်          ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ အောင်ပန်းဒေသ၊ ရပ်စောက်၊ ကောင်းဘို၊ ပင်းတယ စတဲ့နယ်တွေကနေ ချင်းသစ် (စို) တွေ အောင်ပန်း ဈေးကွက် ကို အများဆုံးဝင်နေပါတယ်။ တစ်ရက်ကို ပိဿာချိန် ၃ သောင်းခန့် ဝင်နေတယ်လို့ လည်း ချင်းပွဲရုံတွေက သိရပါတယ်။ ချင်းအသစ်တွေလည်း အနည်းငယ်ရင့်လာပါပြီ။ နောက်လဆိုရင်တော့ အကုန်ရင့်ကုန်တော့မှာဖြစ်ပြီး ဈေးကောင်းရရင်တော့ ဒီထက်ပိုဝင်လာမယ်လို့ သိရပါတယ်။ အခုလောလောဆယ် ချင်းသစ်တွေကို ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေပါသေးတယ်။ ဒီဇင်ဘာလလယ်လောက် ချင်းသစ် တွေ ရင့်တဲ့အချိန်ဆိုရင်တော့ ပြည်ပဝယ်လက်တွေလည်းဝယ်ယူနိုင်တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။ ပြည်တွင်းသုံးအတွက် အခက်ကြီးပြီး လှတဲ့ ချင်းသစ် တွေကို ရန်ကုန်၊ မော်လမြိုင်က အများဆုံး ဝယ်ယူတယ်လို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာ ဒီတစ်ပတ်ချင်းဈေးတွေကတော့ အခက်လှ၊ ကြီးတဲ့ ချင်းက ၉ဝဝ ကျပ်-၁ဝဝဝ ကျပ်ဈေးရှိပါတယ်။ လတ်စလို့ခေါ်တဲ့ချင်းစိုကတော့ တစ်ပိဿာ ၈၅ဝ ကျပ်-၉ဝဝ ကျပ်ဈေးရှိပြီး အညံ့စတွေကတော့ ၈ဝဝ ကျပ်-၈၂၅ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ဈေးကတော့ တောင်ကြီး၊ အောင်ပန်းဈေး အတူတူဖြစ်ပြီး တစ်ပိဿာ ၂၇ဝဝ ကျပ်-၂၈ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင် 

Wednesday, 24 Nov 2010

ချင်းတန်ချိန်နှစ်ဆယ်သာ ပို့နိုင်ခဲ့          ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ချင်း ၂ဝတန် ကို အင်ဒိုနီးရှားနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ကန် ဒေါ်လာ ၁၄၇ဝ ဝန်းကျင်နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေ ၂၉၄ဝဝ ဒေါ်လာ ရရှိခဲ့ပြီး ယခင် သီတင်းပတ်ထက်တော့ အပို့ကျခဲ့ပါတယ်။ ရှေ့လတွေမှာ ချင်းတွေ လှိုင်လှိုင်ပေါ်လာနိုင်ပေမဲ့လည်း ချင်းခြောက်ဈေးက ပြည်တွင်းမှာ နဲနဲမြောက် နေတာ ကြောင့် အပို့လည်း နည်းနည်း လျော့သွားတာ တွေ့ရပါတယ်။             MIRT (DOT) 

Tuesday, 23 Nov 2010

ပဲမျိုးစုံဝယ်ယူမှုအတွက် အရှုံးကို အိန္ဒိယအစိုးရက ပြန်ပေးမယ်              အိန္ဒိယအစိုးရဟာ အေဂျင်စီများကို လက်ရှိမိုးရာသီထွက် ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများကို ဈေးနှုန်းထောက်ပံ့မှု အစီအစဉ် (PSS ) အရ လယ်သမား များထံက ဝယ်ယူဖို့ ခွင့်ပြုထားကြောင်းနဲ့ ယင်းဝယ်ယူရာမှာ နစ်နာဆုံးရှုံးမှု အတွက် ၁၅ ရာခိုင်နှုန်းကို အစိုးရမှ ပြန်လည်ပံ့ပိုးသွားမယ်လို့ သိရပါတယ်။               စီးပွားရေးရာ ဝန်ကြီးများကော်မတီက စက်တင်ဘာလမှာ အမိုျးသား သမဝါ ယမ စားသုံးသူအသင်း (NCCF) နဲ့ဗဟိုသိုလှောင်ရေးကော်ပိုရေးရှင်း (CWC) တို့ကို Nafed  နဲ့အတူ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများ ဝယ်ယူဖို့ခွင့်ပြုခဲ့တာဖြစ်ပါ တယ်။         အစောပိုင်းက အစိုးရဟာ နိုင်ငံတော်အေဂျင်စီဖြစ်တဲ့ Nafed တစ်ခုထဲ ကိုသာ PSS စနစ်နဲ့ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများ ဝယ်ယူခွင့်ပြုခဲ့ပြီး အဲဒီလို ဝယ်ယူမှုအပေါ် အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း (MSP) နဲ့ စီမံခန့်ခွဲမှု ကုန်ကျ စရိတ် အပါအဝင် ရောင်းချဈေးအကြားကွာဟမှုအတွက် ရာနှုန်းပြည့်လုံးကို ပြန်လျော်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာတောNafed သာမက NCCF နဲ့CWC  တို့ကို ဝယ်ယူခွင်ြ့ပုခဲ့ပေမဲ့ ၁၅ ရာခိုင်နှုန်းသာလျှင် ပြန်လျှော်ပေးမယ် လို့ သိရပါတယ်။           အဲဒီလိုအခြေအနေက ဝယ်လိုအားနဲ့ ရောင်းလိုအားအကြား ကွာဟမှု တွေဖြစ်တဲ့ အချို့အချိန်တွေမှာ ဝယ်ယူတဲ့ အေဂျင်စီများကို ထိခိုက်စေနိုင်တယ် လို့ ဆိုပါတယ်။ Nafed  ဟာ ၁၉၇၆-၁၉၇၇ ခုနှစ်ကထဲကစပြီး PSS စနစ်အရ ပဲမျိုးစုံနဲ့ ဆီထွက်သီးနံှများကို ဝယ်ယူတဲ့ တစ်ခုထဲသော အစိုးရအေဂျင်စီဖြစ် တယ်လို့ သိရပါတယ်။        အိန္ဒိယအစိုးရဟာ စိုက်ပိုျးရေးမစတင်မီမှာ တောင်သူများအနိမ့်ဆုံးဈေးကို အာမခံသတ်မှတ်ပေးခြင်းဖြင့် ထုတ်လုပ်မြှင့်တင်ခဲ့ရာ ဆောင်းရာသီနဲ့ မိုးရာသီ ၂ ခုလုံးအတွင်း သီးနံှ ၂၅ မျိုးနီးပါးအတွက် အနိမ့်ဆုံးထောက်ပံ့ ဈေးနှုန်းများ ကြေညာခဲ့ပါတယ်။ လတ်တလောမှာလည်း နိုင်ငံတော်စားနပ်ရိက္ခာ ဖူလုံမှု အဖွဲ့ဟာ ပဲမျိုးစုံ အရှိန်အဟုန်မြင့် ထုတ်လုပ်ဖို့၊ ဆီထွက်သီးနံှ၊ ပဲမျိုးစုံ၊ စားအုန်းဆီနဲ့ ပြောင်းတို့ပေါင်းစည်းအစီအစဉ် ဆောင်ရွက်ခြင်းကဲ့သို့သော အစီအစဉ် များစွာနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင်ဆန်ထုတ်လုပ်မှု နည်းတဲ့ ကုန်းမြေတွေမှာလည်း ပဲမျိုးစုံကို အခြားကြားညှပ်သီးနံှတွေဖြစ်တဲ့ ကြံ၊ ဝါတို့လို သီးနံှများ အစားထိုးစိုက်ပျိုးဖို့ အစီအမံများလည်း ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ် နိုင်ခြင်းမရှိလို့ နှစ်စဉ်စားဆီတန်ချိန် ၉ သန်းကျော်နဲ့ ပဲမျိုးစုံတန်ချိန် ၂ သန်း- ၃ သန်းတင်သွင်းနေရပါတယ်။ ယမင်းခင်၊ှSources: business standard  

Tuesday, 23 Nov 2010

 ပါကစ္စတန်နိုင်ငံ ပဲထွက်ရှိမှု တန့်နေပြီး ဈေးနှုန်းမြင့်တက်      လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ပါကစ္စတန်နိုင်ငံရဲ့ ပဲမျိုးစုံဈေးနှုန်းဟာ ၄ဝဝ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းက အစိုးရအတွက် ဦးစားပေးဆောင်ရွက်ရမယ့်အချက်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ ပဲမျိုးစုံ ထုတ်လုပ်မှုက တက်မလာဘဲ တန့်နေရ တဲ့အတွက် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတွင်းမှာ ပဲထုတ်လုပ်မှုက တန်ချိန် ၇ သိန်းနဲ့ ၁ဝ သိန်း အတွင်းမှာသာ ရှိနေပြီး လူဦးရေက တစ်နှစ်တခြားတိုးပွားလာတာကြောင့် ဈေးကွက်တွေမှာ ပဲပြတ် လပ်ပြီး ဈေးနှုန်းမြင့်တက်မှု ဖြစ်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ ပဲမျိုးစုံဖြန့်ဖြူးမှု လုံလောက်စေဖို့နဲ့ ထုတ်လုပ်မှု မြင့်တင်ဖို့ကို နည်းဗျူဟာတစ်ရပ်နဲ့ ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။     မိုးရေခံမြေများမှ ပဲစိုက်ပျိုးမှုကို ဆည်ရေသောက်ဧရိယာကို ပြောင်းရွှေ့စိုက်ပျိုးဖို့ဟာလည်း ဗျူဟာတစ်ရပ် ဖြစ်ပါ တယ်။ ရေအလုံအလောက်မရရှိခြင်းဟာလည်း အထွက်နှုန်းကျဆင်းစေဖို့ အကြောင်းရင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆၃နှစ် အတွင်း ပဲမျိုးစုံတစ်ဧကက ၂၄၂ ကီလိုမှ ၂ဝ၅ ကီလိုကိုလျော့ကျခဲ့ခြင်းဟာ အဓိကအားဖြင့် ရေမလုံလောက် ခြင်းကြောင့် လို့ ဆိုပါတယ်။      နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ မျိုးစေ့အရည်အသွေးညံ့ဖျင်းခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် ပဲမျိုးစေ့များ တိုးတက်ဖို့အတွက် အစီအမံများဆောင်ရွက်မယ်ဆိုရင် လာမယ့်နှစ်အနည်းငယ်မှာ ဈေးကွက် ဈေးနှုန်းတည်ငြိမ်မယ်လို့ ခန့်မှန်းထားပါတယ်။ ပဲတီစိမ်းမိုျးစေ့အစားထိုး စိုက်ပိုျးမှုအစီအစဉ်တစ်ရပ်စတင်ခဲ့စဉ်က ရလဒ်ကောင်းထွက်လာခဲ့ပေမဲ့ အခြားပဲများကို တိုးခဲျ့စိုက်လာကြတဲ့အတွက် ပဲတီစိမ်းအစီအစဉ် ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ စိုက်ပျိုးရေးဆိုရင် လိုအပ်ချက်များကို ရေရှည်စီမံကိန်းများ ချမှတ် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ှSources: dawn.com

Tuesday, 23 Nov 2010

  လက်ကျန်ပြတ်သွားပေမယ့် ဈေးဖွင့်ထားတဲ့ ပြည်ထောပတ်ပဲ     ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ကောက်စောစပါးများ ရိတ်သိမ်းပြီး ဆောင်းသီးနံှပဲမျိုးစုံများကိုလည်း စတင် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနံှတစ်မျိုးဖြစ်တဲ့ ထောပတ်ပဲကိုလည်း တောင်သူများ စတင်စိုက်ပျိုးနေပြီဖြစ်လို့ နိုဝင်ဘာလ လယ်အထိ ဧက ၅၅ဝ ကျော်စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ထောပတ်ပဲမှာ ယခုနှစ်အတွင်း တစ်တင်းကို ၂၄ဝဝဝ ကျပ်မှ ၂၆၅ဝဝ ကျပ်ထိဈေးမြင့်လာခဲ့ပြီး ပဲလက်ကျန်ပြတ်သွားချိန်မှာလည်း ဈေးအမြင့်နဲ့ ဈေးကွက် ပျောက်သွားတယ်လို့ သိရပါတယ်။     လက်ကျန်ပြတ်ပြီး ဈေးကွက်ပျောက်နေပေမယ့် ပိဿာ ၂ဝ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ယခုနိုဝင်ဘာလ တတိယပတ်ထိဈေးဖွင့်ထားကြောင်း သိရှိရပါတယ်။                                 ခင်ဆွေဝင်း

Pages