Background
မုံရွာကုလားပဲဈေးတန့်ပေမဲ့ ဝယ်လက်ဆွဲ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်မှာ စက်တင်ဘာလအတွင်း ဈေးကောင်းနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ပဲကတော့ ကုလားပဲ ဖြစ်ပါတယ်။ ဒီလထဲမှာ ဒေသတွင်း ခွဲစက်၊ နယ်လက်နဲ့ မြို့အတွက် ဝယ်ယူမှုတွေအပြင် ကုန်သည်အချို့ပဲပြောင်းဝယ်ယူ သိုလှောင်မှုရှိတဲ့အတွက် အခုလိုအရောင်းအဝယ်သွက်ခဲ့ခြင်းဖြစ်တယ်လို့ ပွဲရုံရပ် ကွက် က ကြားသိရပါတယ်။ စက်တင်ဘာလအတွင်း တစ်တင်းအနိမ့်အမြင့် ပေါက် ဈေးများအနေနဲ့ ကုလားပဲ (ရိုးရိုး) ၁၉ဝဝဝ ကျပ်မှ ၁၉၇ဝဝ ကျပ်၊ ကုလားပဲ (တိုင်ပေ) ၁၉၂ဝဝ ကျပ်မှ ၂ဝဝဝဝ ကျပ်၊ ကုလားပဲ ဗွီတူး ၁၉၂ဝဝ ကျပ်မှ ၂ဝ၈ဝဝ ကျပ် အသီးသီး အတက်အကျရှိခဲ့ပြီး မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ် အရောင်း အဝယ် သွက်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ကုလားပဲ စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၈ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၆ဝဝဝ ခန့် ရှိ ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ထွန်းလှိုင်
လှောင်လက်များထုတ်ရောင်းနေတာကြောင့် အိန္ဒိယကုလားပဲဈေးလျော့ကျ အိန္ဒိယဒေလီဈေးကွက်မှာ လှောင်လက်များထုတ်ရောင်းချမှုတွေကြောင့် ကုလားပဲ လက်ငင်းဈေး တစ်တန် ကို ရူပီး ၂ဝ (ကန်ဒေါ်လာ ဝ ဒသမ ၄) လျော့ကျခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၃ဝ ရက် နေ့မှာ မော်တော်ကား ၂၅ စီး ဝင်ရောက် ခဲ့တာကြောင့် ရောင်းအားများကာ ဈေးလျော့ကျလာတာဖြစ်ပါ တယ်။ မဟာရပ်ရှတရာဈေးကွက်များမှာ တစ်တန်ကို ရူပီး ၂၂၂၈ဝ (ကန်ဒေါ်လာ ၄၉၈ ဒသမ ၆) ရှိပြီး၊ အာကိုလာ ဈေးကွက်မှာ ရူပီး ၂၃၂၅ဝ (ကန်ဒေါ်လာ ၅၂ဝ ဒသမ ၃) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကာလလတ်နဲ့ ကာလရှည်များမှာလည်း ယခုနှစ်ပဲမိုျးစုံအထွက်ကောင်း မွန်ခြင်းနဲ့ ဆောင်းကုလားပဲစိုက်ပျိုးမှု တိုးတက်မယ့် အလားအလာများကြောင့် ဈေး လျော့ကျနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ယမင်းခင်၊ Sources: P T I
ပြည်ကုလားပဲဈေး အနည်းငယ်မြင့် ပြည်ဈေးကွက်ရဲ့ ကုလားပဲဈေးမှာ စက်တင်ဘာတတိယပတ်က တစ်တင်းကို ၂ဝ၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခု စက်တင်ဘာ နောက်ဆုံး ပတ်မှာ ၂၁၇ဝဝ ကျပ်ဈေးဖြင့်တစ်တင်းကို ၁၂ဝဝ ကျပ် ဈေးမြင့်ခဲ့ပါတယ်။ ကုလားပဲ ဗွီတူးကတော့ ဈေးမပြောင်းပဲ ၂ဝ၇ဝဝ ကျပ်ဖြင့်သာရှိနေပါတယ်။ ပဲခွဲစက်၊ ကြာဇံ စက်များမှ ပုံမှန်အဝယ် ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၂ဝဝ ခန့် အရောင်း အဝယ် ရှိပါတယ်။ လက်လီသမားများ အဝယ်လိုက်လာပြီး အခြားတိုင်းသို့ တင်ပို့ရောင်းချမှု ရှိတဲ့အတွက် ဈေးမြင့် တက်ခဲ့ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်မှ ရန်ကုန်မြို့သို့ ယခုတစ်ပတ်အတွင်း ကုလားပဲအိတ် ၈ဝဝ တင်ပို့ရောင်း ချခဲ့ရကြောင်း သိရပါတယ်။ လွင်လွင်ဆန်း
စင်ကာပူဝယ်လက်များ ကုလားပဲအဝယ်ရှိ ပြည်ပအဝယ်နှေးတဲ့ ကုလားပဲဖြူလုံးကြီးကို ယခုလအတွင်း ပါကစ္စတန် တင်ပို့ဖို့ စင်ကာပူဝယ်လက်များ အဝယ်သွက် နေ တယ်လို့သိရပါတယ်။ ယခုတစ်ပတ် ပင်လယ်ရေကြောင်းတင်ပို့မှုမှာ တန်ချိန် ၃ဝဝ ခန့်ရှိခဲ့ပါတယ်။ ပါကစ္စတန်မှာ ရေနစ် မြုပ်မှုကြောင့် သီးနံှများပျက်စီးခဲ့ပြီး၊ စားသောက်ကုန်ဈေးများ မြင့်တက် နေတာကြောင့် မြန်မာကုလားပဲဖြူလုံးကြီးများ ဝယ်ယူ တင်သွင်းနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဝယ်သွက်လာတာကြောင့် ရန်ကုန် FOB ဈေးမှာလည်း စက်တင် ဘာလ ၂၃ ရက်ကျ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၇ဝ ရှိရာမှ အောက်တိုဘာလ ၁ ရက်မှာ ကန်ဒေါ်လာ ၈၃ဝ-၈၄ဝ ကို မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။
မန်းပဲတီစိမ်းဈေး ခပ်အေးအေး ဈေးကွက်အတွင်း ပဲတီစိမ်းစီးဝင်မှု ရှိနေသော်လည်း တရုတ်ဝယ်လိုအားနဲ့ ရန်ကုန်ဝယ်လက်တို့မှ ဝယ်လိုအား နည်းလာ တဲ့အတွက် ယခုတစ်ပတ်မှာ ဈေးကွက်အတွင်း အရောင်းအေး ဈေးအေးလာတာကို တွေ့ရပါတယ်။ စက်တင်ဘာလ အတွင်း ပဲတီစိမ်းဈေးကွက်ဟာ အမြင့်ဆုံး တစ်ပိဿာ ၁၃၃၃ ကျပ်၊ တစ်တန်ကို ၈၁၆၃ဝဝ ကျပ်အထိ ဈေးရှိခဲ့ပြီး နောက်ဆုံး ပတ်မှာ တစ်ပိဿာကို ၁၁၉၁ ကျပ်၊ တစ်တန်ကို ၇၂၉၃ဝဝ ကျပ် ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဝယ်လို အားနည်းလာ တဲ့အတွက် ဈေးအေးလာပြီး စက်တင်ဘာလ အတွင်း တရုတ်သို့ ၃၂ဝဝ တန်၊ ရန်ကုန်သို့ ၂၅ဝဝ တန် တင်ပို့ခဲ့ပြီး ဈေးကွက် အတွင်း ရောင်းဝယ်မှုအနေနဲ့တော့ ခပ်အေးအေးပဲ ရှိနေဦးမယ်လို့ ကုန်သည်တစ်ချို့မှ ခန့်မှန်း ကြပါတယ်။ ကျော်ကျော်မိုး
အဝင်နည်း အဆွဲအေးတဲ့ မုံရွာပဲတီစိမ်း စက်တင်ဘာလကုန်ပတ် မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ နယ်စုံမှ ပစ္စည်းအသင့်အတင့်သာ ဝင်ရောက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်တဲ့ပဲတွေ ပိုများလာကြောင်း ပွဲရုံရပ်ကွက်မှ ကြားသိရပါတယ်။ဒေသခွဲစက်နဲ့ ရန်ကုန်၊ မန္တလေးဝယ်လက်တွေက ထိန်းထိန်းသိမ်းသိမ်းဝယ်ယူနေလို့ ဒီရက်သတ္တပတ်ထဲမှာ ပဲတီစိမ်း ကြီးဈေး တည်ငြိမ်နေတာတွေ့ရပါတယ်။ အောက်စတစ်တင်း ၂၁၅ဝဝ ကျပ်မှ ၂၂ဝဝဝ ကျပ်နဲ့ ထိပ်စတစ်တင်း ၂၃၅ဝဝ ကျပ်မှ ၂၄ဝဝဝ ကျပ်အတွင်း ဈေးငြိမ်နေပြီး တစ်ရက်ကို တင်း ၃ဝဝ မှ ၅ဝဝ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ စက်တင်ဘာလအတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲတီစိမ်းကြီး စီးထွက်မှုအနေနဲ့ မန္တလေးကို တင်း ၁၅ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၃ဝဝဝ ခန့်ရှိကြောင်း လေ့လာ သိရှိရပါတယ်။ ထွန်းလှိုင်
ပြည်မှာ ပဲတီစိမ်း အရောင်းအဝယ်ဖြစ် ယခုတစ်ပတ်ပြည်ဈေးကွက်အတွင်းသို့ ပဲတီစိမ်းအသစ်များအဝင်မရှိတော့သလောက်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်ကတစ်ရက်ကို အိတ် ၄ဝ ၊ ၅ဝ ခန့်အဝင်ရှိခဲ့ပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ ယခု တစ်ပတ်မှာတော့ ပဲတီစိမ်း တစ်တင်းကို လက်လီဈေး ၂၃၅ဝဝ ကျပ်နဲ့ လက်ကားဈေး ၂၄ဝဝဝ ကျပ်ရှိခဲ့ပြီး ပဲတီစိမ်း မျိုးပဲ ကတော့ ၂၅၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကာ တစ်ရက်ကို ၁ဝ အိတ် ၊ ၁၅ အိတ်ခန့် ရောင်းချခဲ့ကြရတယ်လို့ ဈေးကွက် ကသိရပါတယ်။ ယခုတစ်ပတ်အတွင်း လိုင်းသမားများ အဝယ်မရှိတော့တဲ့အတွက် မျိုးပဲတစ်မျိုးသာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ပဲအသစ်ဝင်လာလို့ အိန္ဒိယပဲတီစိမ်းဈေး ဆက်တိုက်ဆင်းလာ အိန္ဒိယပဲလက်ကား ဈေးကွက်များကို ပဲထုတ်လုပ်ရာဒေသများက ပဲတီစိမ်းအသစ်များ ဝင်ရောက်မှု တိုးတက်လာ လို့ယခုတစ်လအတွင်း ပဲတီစိမ်းဈေး ဆက်တိုက်ဆင်းလာခဲ့ပါတယ်။ ရိတ်သိမ်းချိန်က မိုးမိခဲ့ တာကြောင့် ပဲအသစ်အရည်အသွေး ပျက်တွေကို လျှော့ဈေးနဲ့ရောင်းချ တာကြောင့်လည်း ဈေးပိုကျခြင်း ဖြစ်တယ်လို့သိရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ပဲတီစိမ်း စိုက်ပျိုးမှုဟာ မနှစ်ကထက် ဟက်တာ ၃ သိန်းကျော်ပိုမို တဲ့အတွက် အထွက်လည်းပိုမယ်လို့ ခန့်မှန်းကြပါတယ်။တစ်လအတွင်း ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် - ဒေါ်လာ/တန် မွန်ဘိုင်း ချန်နိုင်း၃ဝ-၉-၁ဝ ၉၃၅ ၁ဝဝ၂၃ဝ-၈-၁ဝ ၁ဝ၆၇ ၉၆ဝ
ဂျပန် အဝယ်လိုက်လို့ ပဲတီရွှေဝါတင်ပို့မှု တန်ချိန် ၃ဝဝဝ ကျော်ရှိ ပင်လယ်ရေကြောင်းက တင်ပို့မှုလျော့ကျနေတဲ့ ပဲတီစိမ်းဟာ ယခုတစ်ပတ်မှာ ဂျပန်နဲ့တရုတ်တိုင်ပေက အဝယ်ရှိလာလို့ တန်ချိန် ၃ဝဝဝ ကျော် တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ လတ်တလောပြည်တွင်းဈေးကွက်တွေမှာ တရုတ်က အဝယ်ပြန် အေးသွားလို့ ဈေးလျော့သွားပေမဲ့ ဂျပန်အဝယ်ရှိလာတဲ့အတွက် FOB အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အိန္ဒိယဈေးကွက်မှာတော့ ပဲတီစိမ်းအသစ်တွေ တော်တော်များများ ဝင်ရောက်နေပြီဖြစ်တာကြောင့် အိန္ဒိယ ဝယ်လက်တွေ အဝယ် နားတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက် ပါတယ်ဒေါ်လာ/တန် ပဲတီစိမ်း(အညာ) ပခုက္ကူ ပဲတီရွှေဝါအသေး၁-၁ဝ-၁ဝ ၈၈ဝ-၈၉ဝ ၁ဝဝဝ-၁ဝ၁ဝ ၁၁၂ဝ-၁၁၃ဝ၂၃-၉-၁ဝ ၈၈ဝ-၈၉ဝ ၁ဝ၆ဝ-၁ဝ၇ဝ ၁၁၈ဝ-၁၂ဝဝ
အရောင်းအဝယ်ပုံမှန်ရှိသော်လည်း ဈေးအေးနေတဲ့ ပြည်မတ်ပဲ ပြည်မြို့ရဲ့ မတ်ပဲဈေးသည် ပဲစပေါ်ချိန်မှာ ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဈေးစဖွင့်တာကို တွေ့ရပါတယ်။ ဈေးစဖွင့်ချိန်မှာ မတ်ပဲဈေးမာတာကိုတွေ့ရပါတယ်။စက်တင်ဘာလမှာတော့ မတ်ပဲဈေးအေးနေပြီး ပဲကုန်သည်တွေ ကြိုက်ဈေး မရသော် လည်း ငွေလိုလို့ ထုတ်ရောင်းကြတာကြောင့် အရောင်းအဝယ်ကတော့ ရှိနေပါ တယ်။ စက်တင်ဘာလ နောက်ဆုံး ပတ်မှာ ပိဿာ ၂ဝ ပဲတစ်တင်းကို ၂၆ဝဝဝကျပ်ဈေးရှိခဲ့ပြီး တစ်ချို့ရက်တွေမှာ အရောင်းအဝယ် မရှိသော်လည်း အရောင်းအဝယ် ရှိတဲ့ရက်တွေမှာ ပဲတစ်တင်းခွဲအိတ် ၆ဝဝ၊ ၇ဝဝ ခန့်အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်ကလည်း ပုံမှန်ရှိနေပြီး တိုင်းဒေသကြီးတွင်းမှ ရန်ကုန်သို့ စက်တင်ဘာလဆန်းမှ လကုန်ရက်အထိ မတ်ပဲအိတ် ၁ ဒသမ၂၅ သိန်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။မိမိအေး
