Main menu

Background

Monday, 27 Sep 2010

 အသစ်ဝင်လာလို့တစ်လအတွင်း အိန္ဒိယပဲတီစိမ်းဈေး ကန်ဒေါ်လာ ၁ဝဝ ကျော်လျော့ကျ      အိန္ဒိယပြည်တွင်းဈေးကွက်တွေကို အဓိကပဲစိုက်တဲ့ ရာဂျက်စသန်ဘက်က ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုတိုးလာလို့ သြဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂၃ ရက်အတွင်း တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ ကျော်ခန့် လျော့ကျလာတာတွေ့ရပါတယ်။ ဒါပေမဲ့ အချို့ဒေသတွေမှာ မိုးအဆက်မပြတ်ရွာသွန်းနေလို့ ပဲရိတ်သိမ်းမှုနှေးကွေးနေသလို ဝင်ရောက် လာတဲ့ပဲအသစ်များမှာလည်း အရည်အသွေးပျက်စီးမှုဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ခုရက်ပိုင်းမှာတော့ ဈေးဆက်မကျဘဲငြိမ်နေတာ တွေ့ရပါတယ်။ တစ်လအတွင်း ပဲတီရွှေဝါဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။               ဒေါ်လာ/တန်                   မွန်ဘိုင်း              ချန်နိုင်း၂၃-၉-၁ဝ     ၈၉၉-၉ဝ၃         ၉၆၅-၉၇၆၂၃-၈-၁ဝ     ၁၁၈ဝ-၁၂ဝ၁        ၁ဝ၅၁MIRT (MAPT)

Monday, 27 Sep 2010

 အဝင်နည်းပေမဲ့ ပုံမှန်အရောင်းအဝယ်ရှိတဲ့ ပြည်ပဲတီစိမ်း   ပြည်ဈေးကွက်သို့ ယခင်အပတ်က ပဲတီစိမ်းအဝင်မရှိသလောက်ဖြစ်ခဲ့ရာမှ ယခုစက်တင်ဘာလ နောက်ဆုံးပတ်မှာတစ်ရက်ကို အိတ် ၄ဝ၊ ၅ဝ ခန့်ပြန်လည်အဝင်ရှိလာခဲ့ပါတယ်။ အဝင်ရှိသလောက် အရောင်းအဝယ်လည်းဖြစ်နေတယ်လို့သိရပါတယ်။ ဈေးနှုန်းအနေဖြင့် ပဲအရည်အသွေးပေါ်မူတည်၍ တစ်တင်းကို ၂၂ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြပြီး မျိုးပဲကတော့ တစ်တင်းကို ၂၅ဝဝဝ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ ယခုစက်တင်ဘာလအတွင်း ပဲတင်ပို့မှုအနေဖြင့် ရန်ကုန်ကို အိတ် ၆ဝဝ ခန့် တင်ပို့မှု ရှိခဲ့တယ်လို့သိရပါတယ်။                                                 ခင်ဆွေဝင်း 

Monday, 27 Sep 2010

 မူဆယ်နယ်စပ်မှ ပဲတီစိမ်းအဝယ် ပြန်လိုက်       စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဘက်နိုင်ငံသို့ ပဲတီစိမ်း ၁၂၅၄ တန်နှင့် ပဲတီစိမ်းလုံးခြမ်း ၁၄၂တန်၊စုစုပေါင်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဒသမ ၃၉၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း ၄၂၈ တန်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ၈၂၆ တန်ပိုမို တင်ပို့နိုင်သကဲ့သို့ ပဲတီစိမ်းလုံးခြမ်းလည်း ၃၅ တန် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဧပြီလမှ သြဂုတ်လကုန်အထိ ပဲတီစိမ်းတန်ချိန် ၆၅၈ဝဝ ကျော်နဲ့ ပဲတီစိမ်းလုံးခြမ်း တန်ချိန် ၁၁၇ဝ ကျော်နယ်စပ်မှ တင်ပို့ထားပြီး ဖြစ်ပါတယ်။ယခုအပတ်မှာ တစ်ဖက်နိုင်ငံမှာ ဈေးပိုမိုခဲ့ပြီး အဝယ်လိုက်တဲ့အတွက် ပိုမိုတင်ပို့နိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                               မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ယွမ်/တန်)            ယခု        ယခင်         ပြောင်းလဲမှု     ရာခိုင်နှုန်း      ယခု        ယခင်     ပြောင်းလဲမှု       ရာခိုင်နှုန်းပဲတီစိမ်း ၈၆၂၈၅၄  ၇၃၄၉၄၈     ၁၂၇၉ဝ၅          ၁၅           ၁၁၉၂    ၁ဝ၉၂           ၁ဝဝ              ၈MIRT (DOBT)

Monday, 27 Sep 2010

 ပဲတီစိမ်း ယခင်ဘဏ္ဍာနှစ်နီးပါး တင်ပို့နိုင်    အိန္ဒိယမှာ ပဲတီစိမ်းအသစ်တွေ ပေါ်လာပြီဖြစ်လို့ လတ်တလောဈေးကွက်ထဲမှာ အိန္ဒိယဝယ်လက် အဝယ်ထိုင်းပေမဲ့တရုတ်ဘက်က အဆွဲရှိနေလို့ စုစုပေါင်းတင်ပို့မှုကို ကြည့်မယ်ဆိုရင်တော့ ယခင်ဘဏ္ဍာနှစ် ကာလတူ ပမာဏနီးပါး အတင်ရှိတာတွေ့ရပါတယ်။ ယခင် ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်စမှ စက်တင်ဘာလ ၁၇ ရက်အထိ ပဲတီစိမ်းပြည်ပတင်ပို့မှုဟာ တန်ချိန်၁၂၈ဝဝဝ ခန့်ရှိသလို လက်ရှိ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်း ကာလတူတင်ပို့မှုကလည်း တန်ချိန် ၁၂၂ဝဝဝ ကျော်ထိအမီလိုက်နေတာ တွေ့ရပါတယ်။ ယခုလအတွင်း ပါကစ္စတန်ဘက်ကလည်း ပဲတီစိမ်းဝယ်လိုမှုတွေရှိတယ်လို့ သိရပါတယ်။ဒါပေမဲ့ လက်ရှိကုန်သည်တွေ ရောင်းလိုတဲ့ဈေးနဲ့ အဝယ်နည်းတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်တစ်ပတ်လိုဘဲ စက်တင်ဘာလ ၂၃ ရက်မှာလည်း အညာ ( FAQ)  တစ်တန်ကို ကန်ဒေါ်လာ ၈၈ဝ-၈၉ဝ၊ ပခုက္ကူ (FAQ) တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၆ဝ-၁ဝ၇ဝ ရှိပြီး ပဲတီစိမ်းရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၁၈ဝ-၁၂ဝဝ ဈေးရှိတယ်လို့သိရပါတယ်။MIRT - MAPT

Monday, 27 Sep 2010

 ပုံမှန်ရောင်းဝယ်နေတဲ့ ပဲကြီး        မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခုနှစ်စက်တင်ဘာလဆန်းက ပဲကြီး တစ်ပိဿာ ၁၄၂၁ ကျပ်မှ ယခု တတိယပတ် မှာ ၁၅၇၉ ကျပ်သို့ ဈေးအနည်းငယ် တက်လာကြောင်း သိရပါတယ်။ယခု အချိန်က ပဲကြီးစိုက်ပိုျးချိန်ဖြစ်ပြီးအောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ များမှာ ထွက်ပေါ်မှာ ဖြစ်ပါတယ်။တောင်သူနဲ့ ကုန်သည်များ လက်ဝယ်လက်ကျန်နည်းပြီး တိုင်းပြင်ပ စီးထွက်မှု မရှိခဲ့ပါ။ တိုင်းအတွင်း စားသုံးမှုနဲ့ပဲကြော်ဖိုလုပ်ငန်းရှင်များရဲ့ နေ့စဉ် သုံးစွဲမှု ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်တင်း ၁ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်ပဲကြီးစိုက်ပျိုး ရန်လျာထားဧက ၆၆၆၄အနက် ၅၂၅၈ ဧကစိုက်ပျိုးပြီးလို့ ရာခိုင်နှုန်းအားဖြင့် ၇၉ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။               သန်းသန်းတင်

Monday, 27 Sep 2010

 ပြည်ပဲကြီးကို ပဲကြော်၊ ပဲလှော်လုပ်ငန်းများ ပုံမှန်အဝယ်ရှိ       ယခုတစ်ပတ် ပြည်ဈေးကွက်တွင်ပဲကြီးဈေးနှုန်းမှာ ပဲကြီး (ကမ်းနား)အချောစ တစ်တင်းကို ၂၉၅ဝဝ ကျပ်၊အရည်အသွေး ညံ့ရင် ၂၈၅ဝဝ ကျပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ စက်တင်ဘာ ပထမပတ် အတွင်း ပဲကြီး (ရွှေကျွန်း) အနည်းငယ်အရောင်းအဝယ်ဖြစ်ခဲ့သော်လည်းဒုတိယပတ်မှစ၍ ပဲကြီး (ကမ်းနား)သာ အရောင်းအဝယ်ဖြစ်လျက် ရှိခဲ့ပါတယ်။ ဈေးနှုန်းကတော့ တစ်တင်းကို၂၉၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီးပဲကြော်၊ ပဲလှော်လုပ်ငန်းသမားများပုံမှန် အဝယ်ရှိလျက်ရှိတာကြောင့် တစ်ရက်ကို အိတ် ၂ဝဝ မှ ၂၅ဝ ထိ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                                                                                                                                             ခင်ဆွေဝင်း

Monday, 27 Sep 2010

 ပဲကြီး     စက်တင်ဘာလ ၁၅ ရက်မှ ၂၁ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ ပဲကြီးတန်ချိန် ၉ဝ ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ၁ဝ၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ပဲကြီးကို ဇွန်လက နောက်ဆုံး တင်ပို့ပြီးရပ်နားထားခဲ့ရာမှ ယခုအပတ်မှာပြန်လည် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ဧပြီလမှ သြဂုတ်လအထိ နယ်စပ်မှပဲကြီး တန်ချိန် ၉၅ဝ ခန့် တင်ပို့ထားပြီးဖြစ်ပါတယ်။                     MIRT (DOBT)                         

Monday, 27 Sep 2010

   ပြည်မတ်ပဲ ဈေးအေး               ပြည်ဈေးကွက်မှာ မတ်ပဲဈေးပြန်လည်လျော့သွားပါတယ်။ စက်တင်ဘာလ ၂ဝ ရက်နေ့မှာ မတ်ပဲပိဿာ ၂ဝ ဝင်တစ်တင်းကို ၂၇ဝဝဝ ကျပ်နဲ့ ဈေးမြင့်အရောင်းအဝယ်ဖြစ်ပြီး၊ ၂၁ ရက်နေ့မှာတော့ ၂၆၅ဝဝ ကျပ်ထိ ဈေးကျ သွားခဲ့ကာ၊၂၂ ရက်၊ ၂၃ ရက်နေ့မှာတော့ ပဲတစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးနဲ့ ယခင်တစ်ပတ်ကဈေးအတိုင်း ပြန်ဖြစ်သွားတာကိုတွေ့ရပါတယ်။ မြို့တွင်း ရောင်းဝယ်သူတွေကတော့ တစ်နေ့ကို ပဲတစ်တင်းခွဲအိတ် ၃ဝဝ ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊တစ်ချို့နေ့တွေ မှာတော့ ပဲအိတ် ၆ဝဝ ၊ ၇ဝဝ ခန့်ထိ အရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ တိုင်းတွင်းမှရန်ကုန်သို့ စက်တင်ဘာ တတိယပတ်အတွင်း အိတ် ၁၅ဝဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။                                                                                                                                  မိမိအေး

Monday, 27 Sep 2010

 ဈေးဆက်အေးနေတဲ့ ဟင်္သာတမတ်ပဲ      မတ်ပဲဈေးကတော့ ဟင်္သာတဈေးကွက်မှာ ဆက်လက်ငြိမ်နေပါတယ်။ယခင်အပတ်က ပိဿာ ၂ဝ ပဲတစ်တင်းကို ၂၆၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် ခဲ့ပြီး ယခုစက်တင်ဘာလ စတုတ္ထပတ်မှာလည်းမတ်ပဲဈေးမှာ၂၆၅ဝဝ ကျပ်နဲ့ဈေးငြိမ်လျက်ရှိပါတယ်။ ယခုအပတ် ပဲရောင်းဝယ်မှုအနေနဲ့ကတော့ ပုံမှန်အဝယ်ရှိနေပြီး၊ ရန်ကုန်ဈေးကွက်သို့ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးများဖြင့်တစ်ရက်ကို ပျမ်းမျှအိတ် ၁ဝဝဝ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                                                                                                                                    အေးအေးခိုင်

Monday, 27 Sep 2010

ဝယ်လိုအားနည်းလို့ အိန္ဒိယမတ်ပဲဈေးလျော့လာ          အိန္ဒိယပြည်တွင်ဈေးကွက်မှာ ဒေသပဲခွဲစက်များမှ ဝယ်လိုအား ကျဆင်းတာကြောင့် လက်ကားဈေးကွက် များမှာ မတ်ပဲဈေးတစ်တန်ကို ရူပီး ၂ဝဝ(ကန်ဒေါ်လာ ၄ ဒသမ ၄ ) ခန့်လျော့ကျခဲ့ပါတယ်။ ပဲအဓိကထုတ်လုပ်တဲ့ ဒေသတွေက ပဲဝင်ရောက်မှု တိုးတက်လာခဲ့ပေမဲ့ ဝယ်လိုအားမရှိခြင်းကြောင့် မတ်ပဲတစ် တန်ကို ရူပီး ၅၃၈ဝဝ-၅၉၃ဝဝ (ကန်ဒေါ်လာ ၁၁၈၇-၁၃ဝ၉) ဖြစ်ခဲ့တယ်လို့သိရပါတယ်။ လှောင်လက်များမှာလည်း လက်ကျန် အလုံအလောက် ရှိနေလို့ဝယ်လို အားနည်းနေခြင်းက ဈေးနှုန်းကို ပိုမိုကျဆင်းစေပါတယ်။                                                                                                  ယမင်းခင်၊Sources: PTI

Pages