Main menu

Background

Saturday, 16 Jan 2010

      ကမ္ဘောဒီးယားနိုင်ငံဟာ ကောက် ပဲသီးနံှဦးဆောင်တင်ပို့တဲ့နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေတာကြောင့် ဒီနှစ်မှာ ဆန်တန်ချိန် ၇ သိန်းခန့် အထိ တင်ပို့သွားမယ်လို့ စိုက်ပိုျးရေးဝန်ကြီး ချန်တောင်ယူးက

Friday, 15 Jan 2010

      အီရတ်နိုင်ငံဟာ ကမ္ဘာမှာဆန်နဲ့ဂုံျတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်တာနဲ့အညီ အီရတ်အစိုးရအဖွဲ့အနေနဲ့ အမေရိကန်ဆန်နဲ့ ပါကစ္စတန်ဆန်ကိုဝယ်ယူဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က

Thursday, 14 Jan 2010

   တစ်ပတ်အတွင်း နိုင်ငံတကာဆန်ဈေးနှုန်းများ လေ့လာကြည့်ရာတွင် အမေရိကနိုင်ငံများမှာ

Wednesday, 13 Jan 2010

၂ဝဝ၉ ခုနှစ် အစပိုင်းမှာ လောင်စာဆီဈေးကျဆင်းခြင်းနဲ့အတူ စားအုန်းဆီဈေးလည်း ကျဆင်းခဲ့ပါတယ်။ ကမ္ဘာမှာ စားအုန်းဆီတင်သွင်းမှု ဒုတိယအများဆုံးဖြစ်တဲ့ အိန္ဒိယက ပြည်တွင်းစားဆီဈေး လျှော့ချဖို့အတွက် စားဆီတင်သွင်းခွန် ကင်းလွတ် ခွင့်ပြုခဲ့သလို နိုင်ငံတကာစားဆီဈေးကျဆင်းနေတာကြောင့် စားအုန်းဆီအများဆုံး တင်ပို့တဲ့ အင်ဒိုနီးရှားဟာလည်း စားအုန်းဆီ တင်ပို့ခွန်ကို သုညအထိ လျှော့ချခဲ့ပါတယ်။   ဒုတိယ ၃ လမှာတော့ ရေနံဈေးနှုန်းမြင့်တက်လာခြင်းနဲ့ ဥရောပဟင်းသီးဟင်းရွက်ဈေးမြင့်တက်လာခြင်းက စားအုန်းဆီ ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေခဲ့တာမို့ စားအုန်းဆီဈေး ဆက်လက်မြင့်တက်ခဲ့ပါတယ်။    ဒုတိယနှစ်ဝက်အစပိုင်း နိုင်ငံအနံှ့အပြားမှာ ဆီထွက်သီးနံှအထွက်လျော့နည်းခြင်းကြောင့် ကမ္ဘာ့စားဆီ ဈေး ဆက်လက် မြင့်တက်ခဲ့ရာ ပဲပုပ်ဆီဈေးနဲ့ နေကြာဆီဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ မြင့်တက်ခဲ့သလို စားအုန်းဆီဈေးဟာလည်း တစ်တန်ကို ကန်ဒေါ်လာ ၂၅ဝ မြင့်တက်ခဲ့ပါတယ်။     ဒါပေမဲ့ တတိယ ၃လပတ်မှာ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ စားဆီသိုလှောင်ထားရှိမှုပမာဏက မျှော်လင့်မထားတဲ့ ပမာဏကိုမြင့်တက်ခဲ့လို့ တင်သွင်းမှုလျော့ကျလာတဲ့အတွက် စားအုန်းဆီဈေး ပြန်လည် ကျဆင်းခဲ့ပါတယ်။  အောက်တိုဘာလမှာတော့ အမေရိကန်နဲ့ အာဂျင်တီးနားတို့မှာ ပဲပုပ်အထွက်ပိုမယ့် ခန့်မှန်းချက်တွေ ကြောင့် စားအုန်းဆီ ဈေးအားပျော့ကာ နှစ်ကုန်ပိုင်းမှာတော့ အိန္ဒိယနဲ့ တရုတ်တို့က ဝယ်လိုအားပြန်ခိုင်မာလာ တာရယ်၊ အယ်နီညိုကြောင့် စားအုန်းဆီ အထွက်လျော့ပြီး ရောင်းလိုအားနည်းတာအပြင်၊ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ တင်ပို့မှုတွေများလို့ လက်ကျန်နည်းလာတာ ရယ်ကြောင့် စားအုန်းဆီဈေးပြန်ခိုင်မာလာပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလကစပြီး အင်ဒိုနီးရှားက စားအုန်းဆီကြမ်းတင်ပို့ခွန် ၃ ရာခိုင်နှုန်းကို ပြန်လည်စည်းကြပ်လိုက် တာကြောင့် ၂ဝ၁ဝ မှာတော့ စားအုန်းဆီဈေး ပြန်လည်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါ တယ်။    ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးအနေနဲ့ ရေနံဈေးနှုန်းအပေါ် အခြေခံတဲ့စားအုန်းဆီဈေးနှုန်းဟာ ရေနံဈေးနှုန်း အတက်အကျအရ စားအုန်းဆီဈေး အပြောင်းအလဲများရှိခဲ့သလို ဆီထွက်သီးနံှစိုက်ပိုျးတဲ့နိုင်ငံတွေရဲ့ ရာသီဥတု အခြေအနေ၊ ထွက်ရှိမှုနဲ့ တင်သွင်း နိုင်ငံ၊ တင်ပို့နိုင်ငံများရဲ့ မူဝါဒများအပေါ်လည်း များစွာတည်မှီပြောင်းလဲကြောင်း တွေ့ရှိရပါတယ်။ MIRT (MAPT)

Sunday, 10 Jan 2010

   ၂ဝဝ၉ ခုနှစ်ဦးပိုင်းမှာ အိန္ဒိယပြည်တွင်း ပဲဈေးကွက်မှာ ပဲမျိုးစုံရောင်းချမှု တိုးတက်လာစေဖို့အတွက် ပဲမျိုးစုံတင်သွင်းမှု အခွန် ကင်းလွတ်ခွင့်နဲ့ ကာဘူလီကုလားပဲကလွဲပြီး ကျန်တဲ့ပဲအမိုျးအစားအားလုံးကို ပြည်ပတင်ပို့မှုပိတ်ပင်တဲ့ကာလကိုလည်း တစ်နှစ် ထပ်မံသက်တမ်းတိုးလိုက်တယ်လို့ မတ်လမှာကြေငြာခဲ့ပါတယ်။  ဒီလတွေမှာ အစိုးရပိုင်အေဂျင်စီများဖြစ်တဲ့ PEC, MMTC, STC နဲ့ Nafed တို့က ပဲတွေအဆက်မပြတ် တင်သွင်းလာကြပါတယ်။ ဒါကြောင့် ပထမပိုင်းလတွေမှာ ပဲမျိုးစုံဈေးတွေ တည်ငြိမ် သေးတယ်လို့ဆိုရမှာပါ။

Wednesday, 6 Jan 2010

 ၂ဝဝ၉ ခုနှစ်ရဲ့ ဦးဆောင်ပဲစင်းငုံ  ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးအတွက် ထူးထူးခြားခြားဈေးကောင်းရခဲ့တာကတော့ ပဲစင်းငုံပဲဖြစ်ပါတယ်။ ဒီနှစ် ပဲစင်းငုံရဲ့ အဖွင့်ဈေးကွက်အနေနဲ့ ၂ဝဝ၈ ခုနှစ်နှောင်းပိုင်းဈေးနဲ့ယှဉ်ရင် အကျဘက်မှာ ရှိနေခဲ့ပါတယ်။ ပဲစင်းငုံတွေ လှိုင်လှိုင်ထွက်တဲ့ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ လတွေမှာ မနှစ်ကဈေးကို မမီပေမဲ့ ပဲအဝင်အထွက်၊ အနုတ်အသိမ်းတွေ သွက်ခဲ့သလို ဈေးကလည်း အတက် ကြမ်းခဲ့လို့ ပဲစင်းငုံ RC တစ်တန်ကို ၄၁ဝဝဝဝ ကျပ် ဝန်းကျင်နဲ့ စခဲ့တဲ့ဈေး ဟာ မတ်လမှာတော့ ၅၂ဝဝဝဝ ကျပ် ကျော်ခဲ့ပါတယ်။ တောင်သူ လက်ကျန် အနည်းငယ်သာရှိပြီး လှောင်လက်တွေလက်မှာ ရောက်ရှိနေတဲ့ ပဲစင်းငုံဟာ မေ၊ ဇွန်လတွေမှာလည်း တစ်ရှိန်တိုးမြင့်တက်ခဲ့လို့ တစ်တန်ကို ၈၆ဝဝဝဝ ကျပ်ကျော်ခဲ့ပါတယ်။ လက်ကျန်လည်း တော်တော်နည်းသွားပြီဖြစ်သလို အိန္ဒိယမှာလည်း ပဲပြတ်လပ်မှုတွေကြောင့် ဈေးခေါင်ခိုက်အောင်မြင့်လာလို့ ဇူလိုင်လနောက်ပိုင်း တစ်တန်ကို ၁၂ သိန်းကျော်ခဲ့ ပါတယ်။မြန်မာ ကုန်သည်တစ်ချို့က ပဲစင်းငုံတစ်တန်ကို ကန်ဒေါ်လာ ၁ဝဝဝ ကျော်ရင် အိန္ဒိယက တင်သွင်းမှုလျော့သွား နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ ဇူလိုင်လမှာ ကန် ဒေါ်လာ ၁ဝဝဝ ကျော်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်  နှစ်စဉ် ပဲစင်းငုံကို တစ်နှစ်ပတ်လုံး ဈေးကွက်တွေမှာ ရနိုင်ပေမဲ့ ဒီနှစ်ထူးခြားတာကတော့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာတော့ နယ်ဈေးကွက်တွေမှာ ပစ္စည်းပြတ်သွားတဲ့ အခြေအနေဖြစ်ခဲ့လို့ ပဲစင်းငုံလောကမှာ အရောင်းစောတဲ့တောင်သူတွေ အကျိုးအမြတ်ရရှိမှုနည်းပေမဲ့ အမြင့်ဆုံးဈေးနဲ့ ရောင်းချရတဲ့ကုန်သည်တွေကတော့ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။မတ်ပဲဈေး တစ်ရှိန်ထိုးကောင်းခဲ့    ၂ဝဝ၉ ခုနှစ် နှစ်ဦးပိုင်း မတ်ပဲပေါ်ကာစမှာ တစ်တန်ကို ၃၇ဝဝဝဝ ကျပ်ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလမှာ ဒေါ်လာ တန်ဘိုးထက် မြန်မာငွေဈေးမြင့်ခဲ့လို့ ကုန်သည်တွေ ပဲအဝယ်ပါးသွားတာကြောင့် ဈေးအနည်းငယ်ကျခဲ့ပေမဲ့ မတ်လ နှောင်းပိုင်း မှာတော့ အဝယ်ပြန်သွက်လာလို့ ဈေးမြင့်လာပါတယ်။ တောင်သူလက်ထဲကနေ ကုန်သည်တွေလှောင်ဖို့ဝယ်ယူတဲ့ မေလ၊ ဇွန်လ တွေမှာလည်း မတ်ပဲဈေးက ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။ ပြည်ပတင်ပို့ဖို့ Exporterတွေ အဝယ်ရှိနေတာကြောင့် မတ်ပဲ RC တစ်တန်ဈေးဟာ ဇူလိုင်လမှာ ၇၆ဝဝဝဝ ကျပ်ကျော်လာပါတယ်။ သြဂုတ်လအတွင်းမှာ လှောင်လက်ကုန်သည်တွေ အရောင်း များတဲ့အချိန် Exporterတွေ အဝယ်နှေးပြီး Exporterတွေ ဝယ်လိုအားများတဲ့အချိန် ရောင်းလက်နည်းတဲ့ ဈေးနှုန်း လွန်ဆွဲမှု တွေကြောင့် ဈေးဆက်မတက်ဘဲ တန့်နေခဲ့ပါတယ်။ အောက်တိုဘာလ ၊ နိုဝင်ဘာလတွေမှာ လက်ကျန်လည်း နည်းလာတဲ့အချိန် ဖောက်သည် အိန္ဒိယမှာလည်း ဈေးမြင့်နေတာမို့ မတ်ပဲ RCဈေးက တစ်တန်ကို ၁ဝ သိန်းအထိ မြင့်တက်ခဲ့ပါတယ်။ ဒီဇင်ဘာလ နှောင်းပိုင်းမှာတော့ ပဲအသစ်ပေါ်မယ့် လာမယ့်လတွေမှာ ကျဈေးနဲ့မိမှာစိုးတဲ့ လှောင်လက်ကုန်သည်တွေ ပဲအဟောင်း ထုတ်ရောင်းမှုတွေရှိလာလို့ မတ်ပဲဈေးအနည်းငယ် ပြန်ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်တန်ကို ကိုးသိန်းအထက်မှာရှိနေ သေးတာမို့ နှစ်ဦးဈေးအဖွင့်ထက်တော့   သိသိသာသာ ဈေးမြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ ပဲတီစိမ်းဈေးလည်း မြင့်တက်ခဲ့    ပဲတီစိမ်းပေါ်ကာစ ပြည်ပတင်ပို့မှု နည်းလို့ နယ်တွေမှာ အရောင်းအဝယ် အနည်းငယ်ဖြစ်ခဲ့ပေမဲ့ ဈေးကတော့ တည်ငြိမ် နေခဲ့ပါတယ်။ မတ်လမှာ ခရမ်း၊ သုံးခွဘက်က ပဲတီရွှေဝါတွေ လှိုင်လှိုင်ပေါ်ပေမဲ့ ဒေါ်လာဈေးမတည်ငြိမ်လို့ ကုန်သည်တွေ အဝယ်နည်းခဲ့တာကြောင့် ပဲတီစိမ်းဈေးအတက်အကျအပြောင်းအလဲများဖြစ်ခဲ့ပါတယ်။ မေ၊ ဇွန်လတွေမှာတော့ ပြည်ပတင်ပို့မှုတွေ အဝယ်သွက်လို့ ဈေးဆက်လက်မြင့်တက်ခဲ့ပါတယ်။ ပဲတီရွှေဝါ FAQ ဈေးဟာ ဇန်နဝါရီလမှာ FOB တစ်တန်ကို ကန်ဒေါ်လာ ၅ဝဝ ဝန်းကျင်ရှိရာမှ ဇူလိုင်လတွေမှာ ကန်ဒေါ်လာ ၇၆ဝ၊ ၇၈ဝ ကို မြင့် တက်ခဲ့ပါတယ်။ စက်တင်ဘာလမှာ ပဲတီစိမ်းအသစ်တွေလည်း လှိုင်လှိုင် ဝင်လာသလို အိန္ဒိယအဝယ်ရှိလို့ ဈေးဆက်ကောင်းခဲ့တာမို့ တောင်သူတွေအကိုျးအမြတ်ရရှိခဲ့ပါတယ်။ အောက်တိုဘာ လမှာတော့ ပြည်ပတင်ပို့သူတွေ ဝယ်လိုအားကောင်းလာလို့ တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၁ဝဝဝ ကျော်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ မိုးပဲတီစိမ်းတွေ ဈေးကွက်မှာ ပြတ်လုလုဖြစ်နေပေမဲ့ ပြည်ပတင်ပို့ဖို့ ဝယ်ယူ နေတဲ့ ကုန်သည်ကြီးများက ဒေါ်လာ ပေါက်ဈေး အတက်အကျပေါ်မူတည်ပြီး အဝယ်ရှိလို့ ဈေးအပြောင်းအလဲဖြစ်ခဲ့ပေမဲ့ ဒီဇင်ဘာလဆန်းမှာတော့ FOB ဈေး ကန်ဒေါ်လာ ၁၁၈ဝ ဖြစ်ခဲ့ပါတယ်။ တစ်နှစ်ပတ်လုံးကို ခြုံကြည့်မယ်ဆိုရင် ပဲတီစိမ်းဈေးကလည်း ထက်ဝက်ကျော်မြင့်တက်ခဲ့လို့ တောင်သူရော ကုန်သည်တွေပါ အကိုျးအမြတ်ရရှိခဲ့ပါတယ်။ကုလားပဲဖြူလုံးကြီး ပုံမှန်အရောင်းအဝယ်ဖြစ်    ဒီနှစ်နှစ်ဦးပိုင်း ကုလားပဲဖြူ လုံးကြီးကို ပြည်ပအဝယ်နည်းပေမဲ့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တွေ အဝယ်ပုံမှန်ရှိခဲ့လို့ တစ်တန်ကို ၃၉ဝဝဝဝ ကျပ် ဝန်းကျင်ရှိခဲ့ပါတယ်။ မေလမှာ ရန်ကုန်ဝယ်လက် အဝယ်ရှိလာသလို အခြားပဲဈေးတွေလည်း မြင့်တက်ခဲ့လို့ ကုလားပဲဖြူလုံးကြီးဈေးဟာ တစ်တန်ကို ၅၁ဝဝဝဝ ကျပ်ကျော်ခဲ့ပါတယ်။ တစ်နှစ်ပတ်လုံးအနေနဲ့ ကုလားပဲဖြူ လုံးကြီးကို ပြည်ပတင်ပို့မှု အထိုက်အလျောက်ရှိပေမဲ့ အခြားပဲတွေလို အဝယ်မသွက်ခဲ့လို့ ဈေးတစ်ရှိန်ထိုးမြင့်တက်ခြင်းမရှိခဲ့ပေမဲ့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တွေ အဝယ်ပုံမှန်ရှိနေလို့ ဇန်နဝါရီမှာ FOB ဈေး တစ်တန်ကို ကန်ဒေါ်လာ ၃၈ဝ ရှိရာမှ ဒီဇင်ဘာ လမှာ ကန်ဒေါ်လာ ၆၃ဝ ကို မြင့်တက်ခဲ့ပါတယ်။    အခြားပဲမိုျးစုံဖြစ်တဲ့ ပခုက္ကူဘက် ကထွက်တဲ့ ပဲယင်း၊ ထောပတ်ပဲ၊ ကုလားပဲဝါလုံးကြီးနဲ့ ရွှေဘို၊ မုံရွာဘက် က စားတော်ပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲတွေကို ယခင်နှစ်တွေက တရုတ်ဘက်က အဆွဲများပေမဲ့ ဒီနှစ်မှာ ပုံမှန်သာအဆွဲ ရှိလို့ ဈေးနှုန်းအနေနဲ့ အေးခဲ့တယ်လို့ သိရပါတယ်။ တစ်နှစ်ပတ်လုံး ပဲမိုျးစုံ ပြည်ပတင်ပို့မှုတွေကို ဖေါ်ပြလိုက်ပါတယ်။

Tuesday, 5 Jan 2010

          ၂ဝဝ၉ ခုနှစ် အစောပိုင်းကာလများမှာ အာဖရိကပေါင်းဆန်အဝယ်ရှိပြီး၊ အာရှအခိုျ့နိုင်ငံတွေက အဆင့်မြင့်ဆန်မွှေးအဝယ်ရှိလို့ အာရှဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပေမယ့် အိန္ဒိယအစိုးရရဲ့ ဘာစမာတီ ဆန်တင်ပို့မှု အနိမ့်ဆုံးဈေးနှုန်း လျှော့ချလိုက်ပြီးနောက် ယူအေအီးရဲ့ ဆန်ဈေးဟာ ၃၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ပါတယ်။ ပထမ သုံးလနှောင်းပိုင်းမှာ အာဖရိကနဲ့ ဖိလစ်ပိုင်တို့ရဲ့ ဆန်ဝယ်လိုအားကောင်းလာတာရယ်၊ ထိုင်း အစိုးရရဲ့ ကြားဖြတ်အစီအစဉ်တွေရယ်အပြင်

Saturday, 3 Oct 2009

မုံရွာကုန်စည်ဒိုင်ရဲ့ ပဲမင်းသမီးဖြစ်တဲ့ ပဲစင်းငုံနီဟာ ဝယ်လိုအား ကောင်းပွန်ခဲ့ပေမယ့် လက်ကျန် သုညပြနေတဲ့အတွက် မရှိသလောက် ဖြစ်နေတဲ့အတွက် ရောင်းသူဈေးကွကဖြစ်ခဲ့တာတွေ့ရပါတယ်။ ပဲစင်းငုံရဲက ဇွန်လမုံရွာ ကုန်စည်ဒိုင်ဈေးကွက်တွေကို လေ့လာတဲ့အခါ ပထမအပတ်မှာ ၂၆၀၀၀ ကျပ်၊ ဒုတိယပတ်မှာ ၂၇၅၀၀ ကျပ်၊ တတိယပတ်မှာ ၂၉၀၀၀ ကျပ်အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပါတယ်။  ဈေးကွက်အတတ်ကို အစမွးကုန်မျှော်လင့်နေတဲ့ လှောင်လက်ကုန်သည်တွေလည်း ကြိုက်စေးအမျိုးမျိုး ရလို့ ရောင်းချခဲ့ပါတယ်။  

Pages