Background
နနွင်းကတော့ ပြည်ပ ဝယ်လိုအား ရှိတာကြောင့် အရောင်းအဝယ်ကောင်းနေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကျန်နေတဲ့ နနွင်းတွေလည်း ရောင်းနေရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဝင်ကတော့သိပ်မရှိပါ ဘူး။ အောင်ပန်းဈေး ကွက်မှာ တော့ ဆင်တောင်နနွင်းကနည်းနည်း၊ တောင်ပို့လနနွင်းက လည်း နည်းနည်းနဲ့လက်လီခန့်သာ အဝင်ရှိနေပါတယ်။ လော လောဆယ်တော့ ရန်ကုန်ဝယ်လက်တွေသာ အဝယ်ရှိနေပြီး စစ်တွေဝယ်လက်တွေ ကတော့ ခေတ္တရပ်နေကြတယ်လို့ သိရ ပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၆ ရက်အတွင်းမှာ နနွင်း ၃၅ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက ဖောက်သည် ပါကစ္စတန်နိုင်ငံနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ ယခင်တစ်ပတ်နနွင်းတင် ပို့မှုနဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုက တန်တစ်ရာ့သုံးဆယ်လျော့နည်းခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၂ ဖေဖော် ဝါရီ ဒုတိယပတ်အတွင်း နနွင်း တင်ပို့မှုပျောက်ခဲ့တာကြောင့် ယခုနှစ်မှာ နနွင်းတင်ပို့မှုပိုခဲ့တယ်လို့ ပြောရပါမယ်။ ဒီတစ်ပတ် နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ တစ်သောင်းနှစ်ထောင်ကျော် ဝင်ငွေရရှိခဲ့ပါတယ်။MIRT (DOT)
ရိဒ်ခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၃ ခုနှစ်ဖေဖော်ဝါရီလ ၁၈ ရက် ကချင်းအစို (၁၁၀၂၅)ကီလိုဂရမ် (၁၁ ဒသမ ၀၂၅ တန်)ကို တစ်ဖက်နိုင်ငံ ဇိုခေါ ဒါရ်သို့ စတင်တင်ပို့နိုင်ခဲ့ပါတယ်။ ချင်းအစိုများကို တစ်ဖက်နိုင်ငံရှိ ဇိုခေါဒါရ်မှ တစ်ဆင့် ကျန်ဖိုင်း၊ ကျန်ဖိုင်းမှတစ်ဆင့် အိုက်ဇော၊ အိုက်ဇောမှတစ်ဆင့် ဆီးလ်ကျာရ် မြို့ (ထရီပူရပြည်နယ်၏မြို့တော်) ထိ ဖြန့်ဖြူးရောင်းချကြတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တို့တွင် ချင်းအစိုများကို တစ်ဖက်နိုင်ငံ အိုက်ဇောမှ ဝယ်ယူခြင်းမရှိခဲ့သဖြင့် တင်ပို့ရောင်းချခြင်းမပြုလုပ်နိုင်ခဲ့ဘဲ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လမှသာစတင်၍ တစ်ဖက်နိုင်ငံအိုက်ဇောမှ အဝယ်ရှိလာတာဖြစ်ပါတယ်။
ပြည်ပဝယ်လိုအားမရှိသေးတဲ့ ရှမ်းချင်းက ယခုလောလောဆယ်မှာ ပြည်တွင်း သုံးအတွက် ဝယ်ယူမှုရှိနေပြီး၊ အခက်ကြီး၊ အခက်လှတာတွေများနေတာကြောင့် ဈေးကောင်းရနေတယ်လို့သိရပါတယ်။ ပွင့်လင်းရာသီ ရောက် လာပြီး၊ အလှူအတန်း တွေပြုလုပ်လာတာကြောင့် အလှူတွေမှာ ဧည့်ခံဖို့အတွက် ချင်းထိုးသမားတွေက ဝယ်ယူနေကြပါတယ်။ မန္တလေး၊ နေပြည်တော်၊ မကွေး၊ မုံရွာစတဲ့မြို့ကြီးတွေက ဈေးပတ်သမားတွေက အဝယ်ရှိနေပေမဲ့ ဒီနှစ် ချင်းရောင်းရတဲ့နှုန်းကတော့ မနှစ်ကထက် လျော့နေတယ်လို့သိရပါတယ်။ အောင်ပန်းေ ဈးကွက်မှာ ဈေးဖိတ်နေ့ ဆိုရင် အဝင်များပြီး၊ ပိဿာချိန် ၆၀၀၀ ခန့်ဝင်ပါတယ်။ ဈေးခြားရက်တွေမှာတော့ ပိဿာချိန် ၂၅၀၀-၃၀၀၀ ခန့်သာ အဝင်ရှိပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး ဈေးကလည်းအမျိုးမျိုးရှိပါတယ်။ အညံ့စချင်းေ တွကတော့ တစ်ပိဿာ ၂၀၀ ကျပ်၊ အလတ်စက ၂၈၀ ကျပ်၊ ၃၀၀ ကျပ်နဲ့ ထိပ်စလို့ခေါ်တဲ့ အခက်ကြီး၊ အခက်လှတွေ ကတော့ ၃၅၀ ကျပ်ဈေးရှိပါတယ်။
ယခုတစ်ပတ်အတွင်း အောင်ပန်းချင်းများ ပြည်ဈေးကွက်ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်ရှိပြီး၊ ယခင် တစ်ပတ်ကထက် အိတ် ၅၀ ခန့် ပိုမိုဝင်ရောက်လာ ပါတယ်။ အဝင်များပေမယ့် ဈေးနှုန်းမှာ ယခင်အပတ်တိုင်း ချင်း(ရှယ်)တစ်ပိဿာ ၆၀၀ ကျပ်၊ (ဂျွန်)တစ်ပိဿာကို ၅၀၀ ကျပ်တို့နဲ့ ဈေးငြိမ်နေပြီး အရောင်းအဝယ်မှာ တစ်နေ့ကို ပိဿာချိန် ၆၀၀ ခန့်နဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်သွက်လျက် ရှိကြောင်း သိရပါတယ်။ ဈေးကွက်မှ တစ်ဆင့် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်သို့ စားသုံးမှု အဖြစ် တစ်နေ့ကို ၁၅ အိတ်ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင် - ပြည်
ဖေဖော်ဝါရီ ဒုတိယသီတင်းပတ်အတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ ချင်း ၁၁၂ ဒသမ ၆၄ တန်တင်ပို့ခဲ့ပါတယ်။ ဝယ်ယူခဲ့တဲ့နိုင်ငံက ပါကစ္စတန် နိုင်ငံ ဖြစ်ပါ တယ်။ ယခင်တစ်ပတ်မှာ တန်ချိန် ရှစ်ဆယ်ကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ၃၀ ကျော် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်ကာလတူ ကာလဖြစ်တဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း ချင်းတင်ပို့မှုပျောက်ခဲ့ တာကြောင့် ဒီနှစ်မှာ ချင်းတင်ပို့မှုပိုခဲ့တယ်လို့ ဆိုရပါမယ်။ ယခုသီတင်းပတ်အတွင်း ချင်းတင်ပို့မှုမှ ကန်ဒေါ်လာ သုံးသောင်း တစ်ထောင်ကျော် ဝင်ငွေရရှိခဲ့ပါတယ်။MIRT (DOT)
မုံရွာကုန်စည်ဒိုင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီတတိယပတ် ဂျုံသစ်ပေါ်ချိန်မှာ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း မြို့နယ် တွေဖြစ်ကြတဲ့ ဆားလင်းကြီး၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်တွေ က အစောဆုံးစိုက်ခဲ့ကြ လို့ ဈေးကွက်ထဲအဝင် စောခဲ့တာတွေ့ ရပါတယ်။ ပြီးခဲ့တဲ့ ဂျုံစိုက်ရာသီက မုံရွာတစ်ခရိုင်လုံး ဧက ၉၀၀၀၀ နီးပါးစိုက်ခဲ့ကြပြီး၊ ဘုတလင်၊ ချောင်းဦးနယ်တွေက ဧက ၂၀၀၀၀ ကျော်စီနဲ့ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲမြို့ နယ်တွေက ဧက ၁၀၀၀၀ ကျော်စီ အများဆုံးစိုက်ခဲ့ကြတယ် လို့ သိရပါတယ်။
ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရော်ဘာဈေးနှုန်း များဟာ သိသိသာသာ ပြောင်းလဲမှုမ ရှိဘဲတည်ငြိမ် နေတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရာဘာအဆင့်-၅) က တစ်တန်ကို ၃၂၄၈ ဒေါ်လာဖြစ်ရာ ယခင်တစ်ပတ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ဈေးနှုန်းဖြစ်တဲ့ ၃၂၅၀ ဒသမ ၅၀ ဒေါ်လာနဲ့ ယှဉ်ရင် မဆို စလောက်လေးသာ အားနည်းနေတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်မှ ၁၉ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးခစန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၃၀၆ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၄၁ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ၁၇၈၅ တန်ကျော်တင်ပို့နိုင်ခဲ့ တဲ့အတွက် ယခုအပတ်မှာ ၆၄၄ တန်ကျော် လျော့နည်းတင်ပို့ခဲ့တာကိုတွေ့ရပါတယ်။ စခန်းအလိုက်တင်ပို့နိုင်မှုတွေ ကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၁ ဒသမ ၁၅၀ သန်းတန်ဖိုးရှိ RSS-3 ၃၉၂ တန်ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်းတန်ဖိုးရှိ MSR-20 ၉၉ တန်ခန့်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၂၈၃ သန်းတန်ဖိုးရှိ RSS-3 တန် ၄၅၀ ခန့်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ RSS-3 တန် ၅၀ ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၃၀၀ သန်းတန်ဖိုးရှိ RSS-3 ကွန်ပေါင်း တန် ၁၀၀ ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ MSR-20 တန် ၅၀ ခန့်အသီးသီးဖြစ်ကြောင်းသိရှိရပါတယ်။ ယခုအပတ် ရော်ဘာဈေးနှုန်း များ ပြောင်းလဲမှု မရှိတာကို တွေ့ရပါတယ်။ မိမိဘက်နဲ့တစ်ဖက်နိုင်ငံ မြေပြင်ပေါက်ဈေးများ ကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၅၀၉၆၅ ၂၅၅၀၉၆၅ - - ၂၉၇၀ ၂၉၇၀ - -RSS - 5 ၂၅၀၂၄၀၀ ၂၅၀၂၄၀၀ - - ၂၇၂၉ ၂၇၂၉ - -MIRT (DOBT)
ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၄၇၅ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန်ချိန် ၅၀၀ ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၄၂၇ သန်းတန်ဖိုးရှိRSS-3 တန်ချိန် ၁၆၀၊ မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်းတန်ဖိုးရှိ RSS-3 တန်ချိန် ၃၀၀ နှင့် ကန်ဒေါ်လာ သုည ဒသမ ၁၁၈ သန်းတန်ဖိုးရှိMSR-20 တန်ချိန် ၄၀ တို့ဖြစ်ပါတယ်။ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ အနည်းငယ်သာအတက်ရှိသဖြင့် မြန်မာနိုင်ငံ ရော်ဘာပေါက်ဈေး မှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှု မရှိတာကို တွေ့ရပါတယ်။ RSS-1 တစ်တန်လျှင် ဒေါ်လာ ၃၀၅၀-၃၁၅၀၊ RSS-3 နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊ RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၈၅၀-၂၉၅၀၊MSR-10 တစ်တန်လျှင် ဒေါ်လာ ၃၀၀၀-၃၁၀၀၊ Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၂၇၅၀-၂၈၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးသူများနဲ့ ထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။MIRT (DOBT)
