Main menu

Background

Wednesday, 16 Jan 2013

ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်နေ့ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ၂ ဒသမ ၈၉၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံတန်ချိန် ၁၀၄၀ ကျော်တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်အပတ်က တန်ချိန် ၈၃၀ ကျော်သာတင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၀၀ ကျော်ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၀ သန်းဖိုးရှိRSS-1 ၂၃ တန်ကျော်၊ ကန်ဒေါ်လာ ၁ ဒသမ ၂၄၁ သန်းဖိုးရှိ RSS-3၄၄၈ တန် ကျော်၊ ကန်ဒေါ်လာ သုည ဒသမ ၁၁၆ သန်းဖိုး ရှိ  MSR-20 ၃၂ တန်ခန့်၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇၃ သန်းဖိုးရှိRSS-3 ၃၉၀ တန်ခန့်နဲ့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းဖိုးရှိ ရော်ဘာအဆင့်စုံ ၁၀၇ တန်ကျော် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဘက်ရော တစ်ဖက်နိုင်ငံမှာပါRSS-3 ရော်ဘာဈေး အနည်းငယ်ကျနေပြီး RSS-5 ဈေး ပြောင်းလဲမှု မရှိတာကိုတွေ့ရပါတယ်။မိမိဘက်နဲ့တစ်ဖက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)            ယခု          ယခင်     ပြောင်းလဲမှု    %     ယခု      ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၅၄၄၉၇၅    ၂၅၇၀၄၀၀    ၂၅၇၂၅        ၁    ၂၉၆၉     ၃၀၈၁        ၁၁၂         ၄RSS - 5    ၂၅၀၂၄၀၀    ၂၅၀၂၄၀၀         -            -     ၃၀၀၁    ၃၀၀၁            -           -MIRT (DOBT)

Wednesday, 16 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၁၃ ခုနှစ်ဇန်နဝါရီလ ၅ ရက်အထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ မလေးရှားနဲ့ တရုတ်နိုင်ငံများသို့ ကန်ဒေါ်လာ ၁ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၈၁ တန်ကျော်ကို တင်ပို့ နိုင်ခဲ့ပါတယ်။ အဆိုပါ ၅၈၁ တန်ကျော်ကို နိုင်ငံအလိုက်တင်ပို့နိုင်မှုတွေကတော့ မလေးရှားနိုင်ငံသို့ RSS-3 တန် ၁၂၀ နဲ့ RSS-1 ၅၈ တန်ကျော်ဖြစ်ပြီး တရုတ်နိုင်ငံသို့ MSR-20  ၄၀၃ တန်ကျော် ဖြစ်ပါ တယ်၊ နိုင်ငံတကာရော်ဘာပေါက်ဈေးများမှာ ယခင်အပတ်ကထက် ၁ တန်လျှင်ဒေါ်လာ ၈၀ ခန့်ဈေးတက် သွားပါတယ်။မိမိတို့ FOB ရော်ဘာပေါက်ဈေးများလည်း ယခင် အပတ်ထက်ဒေါ်လာ ၅၀ ခန့်ဈေးတက်သွားပါတယ်။ ဒါကြောင့် ယခုအပတ်မှာ RSS-1 တစ်တန်လျှင်ဒေါ်လာ ၃၀၀၀-၃၁၀၀၊ MSR-10  တစ်တန်လျှင် ဒေါ်လာ ၂၉၅၀-၃၀၅၀၊RSS-3 နဲ့ MSR-20  တစ်တန်လျှင်ဒေါ်လာ ၂၉၀၀-၃၀၀၀၊RSS-5 နဲ့ MSR-50   တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊Crepe Rubber  တစ်တန်လျှင်ဒေါ်လာ ၂၇၀၀-၂၈၀၀ ဖြစ်ကြော င်း မြန်မာ နိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်း ကထုတ်ပြန်ထား ပါတယ်။MIRT (DOBT)

Wednesday, 16 Jan 2013

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၀၁ သန်းတန်ဖိုးရှိ သကြားညို ၆၉၀ တန်ကျော်နဲ့ သကြားဖြူ ၁၆၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက်ယခုအပတ်မှာ ၇၁၁ တန်ကျော်လျော့နည်း တင် ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် စခန်းများမှ တင်ပို့ခဲ့ သော်လည်း ယခုအပတ်မှာ မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့တယ် လို့ သတင်းရရှိပါတယ်။ MIRT (DOBT)

Wednesday, 16 Jan 2013

ဗီယက်နမ်စိုက်ပျိုးရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးချုပ် ထံသို့ သကြားတန်ချိန် ၃ သိန်း တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခွင့်အဆို တင်သွင်း ထားပါတယ်။ ဝန်ကြီးရဲ့ ရှင်းလင်းပြောကြားချက်အရ ၂၀၁၂-၂၀၁၃ မှာ သကြား တန် ၁ ဒသမ ၅ သန်းထုတ်လုပ်နိုင်ပြီး လက်ကျန်သိုလှောင်ထားသော သကြားတန် ၁၈၀၀၀၀ ခန့်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှုမှပိုလျှံသော သကြားတန် ၄ သိန်းခန့် ပိုလျှံဖွယ်ရှိတယ်လို့ သိရပါတယ်။ သကြားမှာ တရားမဝင်တင်သွင်းမှုများ ရှိနေတဲ့ အတွက် ပြည်တွင်းသကြားထုတ်လုပ်သူများအနေနဲ့ ၎င်း တို့ရဲ့သကြား များ ပြည်တွင်း ဈေးကွက်မှာ ရောင်းချရန် အခက်အခဲရှိနေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

Wednesday, 16 Jan 2013

မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၉၂၂ သန်း တန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၂၈၃၀ တန်ကို တင်ပို့ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးုဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၀၂၃ သန်းဖိုးရှိ ပြောင်းတန်ချိန် ၁၅၆၈၁ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးမှလည်း တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၉၈ သန်းဖိုးရှိ ပြောင်း တန် ၃၀၀ တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ်-ရွှေလီနှစ်ဖက် မြေပြင်ပြောင်းဈေး များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်)             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)        ယခု           ယခင်     ပြောင်းလဲမှု    %     ယခု    ယခင်    ပြောင်းလဲမှု    % ၂၅၈၅၉၄    ၂၆၁၂၈၈       ၂၆၉၄        ၁     ၃၁၅     ၃၁၈           ၃          ၁MIRT (DOBT)

Wednesday, 16 Jan 2013

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် အထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းမှ အိန္ဒိယနဲ့ဖိလစ်ပိုင်နိုင်ငံများသို့ ကန် ဒေါ်လာ သုည ဒသမ ၃၇၂ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၃၂၉ တန်ကိုတင်ပို့ နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့အရေအတွက်တွေကတော့ အိန္ဒိယနိုင်ငံသို့ ၅၀၄ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံသို့ ၈၂၅ တန်ဖြစ်ပါတယ်။ ယခင်အပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုမရှိဘဲ ယခုအပတ်မှာတော့ တင်ပို့မှု ပြန်ေ ဆာင်ရွက်နိုင်တာ တွေ့ရပါတယ်။ ယခုအပတ်ပြောင်း FOB ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၂၈၀ ဖြစ်ပါတယ်။ MIRT (DOBT)

Sunday, 13 Jan 2013

အဟောင်းကုန်လို့ အသစ်မပေါ်မီစပ်ကြား နိုဝင်ဘာလ ကုန် ဒီဇင်ဘာလဆန်းပိုင်းမှာ ဈေးမြင့်ခဲ့တဲ့ ကြက်သွန်နီ က အခုတော့ ဈေးသင့်တဲ့ အခြေအနေဖြစ်လာတာတွေ့ရပါ တယ်။ လက်ရှိမြစ်သားကြက်သွန် ကွင်းဈေး (ဂျွန်) တစ်ပိဿာ ၇၀၀ ကျပ်နှုန်းနဲ့ မန္တလေးတက်ရောင်းတဲ့ ရှယ်စက တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ်ဈေးရတယ်လို့ သိရပါတယ်။

Sunday, 13 Jan 2013

ရန်ကုန်ဝယ်လက်တွေက လှောင်ဖို့အတွက် ဝယ်ယူမှုရှိ နေတာကြောင့် ဟိုပုံးနနွင်းကလည်း ဒီတစ်ပတ်မှာ အဝယ် လိုက်နေတယ်လို့သိရပါတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်က ပြည်ပ ဝယ်ယူမှုရှိခဲ့တာကြောင့် တစ်ပိဿာ ၃၅၀၀ ကျပ်၊ ၄၀၀၀ ကျပ်ဈေးထိရခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာတော့ ဈေးက တဖြည်း ဖြည်းနဲ့ကျလာလိုက်တာ ၂၀၁၂ ခုနှစ်ထိပါပဲ။  ၂၀၁၃ နှစ်ဆန်း မှာတော့ ရန်ကုန်ဝယ်လက်တွေက လှောင်ဖို့အတွက် ဝယ်ယူ နေကြပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန် သုံးသောင်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ နနွင်းခြောက်က တစ်ပိဿာ ၆၇၀ ကျပ်၊ ၆၈၀ ကျပ်ဈေးရှိပြီး၊ နနွင်း (အစို) အသစ်ကတော့ တစ်ပိဿာ ၂၀၀ ကျပ် ဈေးရှိပါတယ်။

Sunday, 13 Jan 2013

မြန်မာ-တရုတ်နယ်စပ်စခန်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးုဇုန်မှ ကန်ဒေါ်လာသုည ဒသမ ၀၃၆ သန်းတန်ဖိုးရှိ နနွင်း တက် ၂၂ တန်ကျော်ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလပထမပတ်မှာ တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ နနွင်းတက် ၁၂ တန်ခွဲနဲ့ မြဝတီမှ ၁၅ တန်တင်ပို့ခဲ့တာမို့ နနွင်းတက်တင်ပို့မှုပုံမှန် ရှိနေတယ်လို့ ဆိုရပါမယ်။        MIRT (DOBT)

Sunday, 13 Jan 2013

ပြည်ပကို သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၅ ရက်နေ့ တာကာလအတွင်း နနွင်း ၁၂၄ တန်ကို တင်ပို့ခဲ့ပါတယ်။ စင်ကာပူနိုင်ငံကို ၅ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၁၁၉ တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ဒီဇင်ဘာလ အတွင်း နနွင်းတင်ပို့ခဲ့တဲ့ နိုင်ငံများက ပါကစ္စတန်၊ မလေးရှား၊ အိန္ဒိယနဲ့ အာရပ်စော်  ဘွား များ ပြည်ထောင် စုနိုင်ငံတို့ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်း နနွင်း ၁၅၄ တန် ကျော်တင်ပို့မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ရှစ်သောင်းကျော်ဖြစ်ပါတယ်။ ကာလတူ ကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလရဲ့ နနွင်း ၄၃ ဒသမ ၅ တန်တင်ပို့ မှုမှရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ ခြောက် သောင်းကျော်သာရရှိခဲ့တာကြောင့် ယခုနှစ် ဒီဇင်ဘာလမှာ နနွင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သောင်း နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။                                  MIRT (DOT)

Pages