Main menu

Background

Wednesday, 12 Dec 2012

မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်ထိကာလအတွင်းမှာ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးရှိ ရော်ဘာ RSS-5  တန် ၂၀ နဲ့  MSR-20  တန် ၈၀ ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မလေးရှားသို့ တန် ၁၈၀ တင်ပို့ခဲ့ပြီး ယခုအပတ်မှာ တန် ၁၀၀ သာ တင်ပို့ခဲ့တဲ့အတွက် ပုံမှန်တင်ပို့နေတယ်လို့ ဆိုရပါမယ်။ ယခင်အပတ်ကတင်ပို့ခဲ့တဲ့ တရုတ်နိုင်ငံကိုတော့ ယခုအပတ်မှာတင်ပို့နိုင်ခြင်းမရှိခဲ့ပါဘူး။ နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ ယခင်အပတ်က  RSS-3 တစ်တန်လျှင် ဒေါ်လာ ၃၀၂၅ ဖြစ်ပြီး ယခုအပတ်ပေါက်ဈေးမှာ ဒေါ်လာ ၃၀၃၀ ဖြစ်တဲ့အတွက် ယခင်အပတ်နဲ့ကွာဟမှု သိပ်မရှိကြောင်းနဲ့ ရော်ဘာ FOB ပေါက်ဈေးမှာလည်း  RSS-1 တစ်တန်လျှင် ဒေါ်လာ ၂၈၀၀-၂၉၀၀၊  RSS-3 နဲ့  MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀ဖြစ်ပြီး Crepe Rubber တစ်တန်လျှင် ဒေါ်လာ ၂၅၀၀-၂၆၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများနဲ့ တင်ပို့သူများအသင်းက ထုတ်ပြန်ထားပါတယ်။MIRT (DOBT)

Wednesday, 12 Dec 2012

ရှမ်းပြည်နယ်တောင်ပိုင်းမှာ တန်ဆောင်တိုင်ပွဲတော်ကြီး ပြီးသွားတာကြောင့်၊ သီးနှံတွေရဲ့ ရောင်းဝယ်မှု ကလည်း ပုံမှန်ပြန်ဖြစ်နေပါပြီ။ ရှမ်းပြောင်းတွေလည်း ဈေးကွက်မှာ အတော်များလာပါပြီ။ တောင်ကြီးခရိုင်ရဲ့ မြို့နယ်တိုင်းလိုလိုက ဝင်လာ တာကြောင့် တစ်ရက်ကို တန်ချိန် ၄၀၀ မှ ၅၀၀ ခန့် အဝင်ရှိနေတယ်လို့ သိရပါ တယ်။ အစာစပ်စက်ရုံတွေဖြစ်တဲ့ CP ၊ တက်ချောင်ကုမ္ပဏီနဲ့ ရန်ကုန်၊ မန္တလေး စတဲ့မြို့တွေက တိရစ္ဆာန်အစာအတွက် ဝယ်ယူနေတာကြောင့် တစ်ရက်ကို တန် ၂၀၀-၃၀၀ ခန့်ပြန်ရောင်းနေရ တယ်လို့လည်း သိရပါတယ်။ ရှမ်းတောင်ကထွတ်တဲ့ ပြောင်းတွေက ပြည်တွင်းသုံးအတွက် သာ ဝယ်ယူမှုရှိနေပေမယ့် အရောင်းကတော့ သွက်နေပါတယ်။ ပြည်ပဝယ်လက်တွေကတော့ နယ်မြေချင်းနီးစပ်တဲ့ ရှမ်းမြောက် ကသာ ဝယ်ယူနေတယ်လို့လည်း သိရပါတယ်။ ရှမ်းတောင်မှာ ဒီတစ်ပတ်ပြောင်း ဈေးက တစ်ပိဿာ ၃၃၀ ကျပ် မှ ၃၃၅ ကျပ်ဈေး ရှိပါတယ်။ဧဧခိုင် - တောင်ကြီး

Wednesday, 12 Dec 2012

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင် ဘာလ ၄ ရက်တာကာလအတွင်း ပြောင်းဖူးစေ့ ၁၃၄၆၀ တန်ကျော်ကို ကန် ဒေါ်လာ ၅ ဒသမ ၂၄၁ သန်းဖိုး၊ ချင်းရွှေဟော်မှ ၇၉၉၉ တန်ခန့်ကို ကန်ဒေါ်လာ ၂ ဒသမ ၇၀၆ သန်းဖိုးနဲ့ လွယ်ဂျယ်မှ တန် ၁၁၀၀ ကို ကန်ဒေါ်လာ သုည ဒသမ ၄၀၂ သန်းဖိုး တင်ပို့ခဲ့ရာ ယခုအပတ်ပြောင်းဖူးစေ့တန်ချိန်ပေါင်း ၂၂၅၆၀ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခင် အပတ်ထက် တန်ချိန် ၇၈၀၀ ကျော် တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၃၇၀ သန်းဖိုး ပိုမိုခဲ့တာ တွေ့ရပါတယ်။ နှစ်ဖက် နယ်စပ်မြေပြင် ပြောင်း ပေါက်ဈေးများမှာလည်း ယခင်အပတ်ထက် ပိုမိုလာတာတွေ့ရပါတယ်-

Wednesday, 12 Dec 2012

၂၀၁၂ ခုနှစ် နိုဝင်ဘာတစ်လလုံး နယ်ကနေ ပခုက္ကူကို ကြက်သွန်နီအဝင်ဟာ ၄၂၉၂၅၀ ပိဿာဝင်ပါတယ်။  ပခုက္ကူ ကနေ ရန်ကုန်ကို အထွက် ၃၂၉၅၅၀ ပိဿာ၊ မန္တလေးကို ၅၅၁၂၅ ပိဿာ အထွက်ရှိတော့ အထွက်စုစုပေါင်း ၃၈၄၆၇၅ ပိဿာ၊ ပခုက္ကူမှာ နိုဝင်ဘာလကုန် အကျန်ပိဿာ ၄၄၅၇၅ ပိဿာကျန်ပါတယ်။ ဝါဆို၊ ကထိန်အလှူ မင်္ဂလာဆောင်တွေ မှာ စားကြအသုံးပြုကြမှာဆိုတော့ ဒီလက်ကျန်လည်းကုန်မှာ ပါ။ ဆိုလိုချင်တာက ကြက်သွန်နီ အဟောင်းလက်ကျန် မရှိ သလောက်လို့ပြောရမှာပါ။ ရှိနေတဲ့ ကြက်သွန်နီအဟောင်းက လည်း အညှောင့်ထွက်၊ အူချောင်၊ အရည်ပျော်ဆိုတာ ဖြစ် နေပါပြီ။ သဲသောင်တွေမှာစိုက်တဲ့၊ လှောင်လို့ရတဲ့ကြက် သွန်နီတွေ သက်တမ်း ကုန်ဆုံးသွားချိန်မှာ အဟောင်းကုန် အသစ်ဝင်တဲ့ သဘောတရားအရ မိုးတွင်းမှာစိုက်တဲ့ ဥစိုက် ကြက်သွန်တွေ အစားထိုး ဝင်ရောက်လာပါတယ်။ ဒါက သဘာ၀ တရားပါ။ ဆောင်း စိုက်ကြက်သွန် လက်ကျန်အနည်း၊ အသစ်ဝင်လာတဲ့ မိုးစိုက်ကြက်သွန်တွေဟာ ခေါင်းမော့ရင် ကော့ လက်မထောင်ဝင်လာတယ်လို့ ပြောရမှာပါ။

Wednesday, 12 Dec 2012

အိန္ဒိယဈေးကွက်မှာ နနွင်းလက်ငင်းဈေးက တည်ငြိမ်နေ ဆဲဖြစ်ပေမယ့် လှောင်လက်များက အမြောက်အမြား  သို လှောင်ဖို့ ဝယ်ယူနေပြီလို့ သိရပါတယ်။ ပြည်ပတင်ပို့သူများ ဟာ နိုင်ငံအထက်ပိုင်းမှ အမှာအော်ဒါအချို့ လက်ခံရရှိကြလို့ ၎င်းတို့ လိုအပ်ချက်အတွက် ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် လှောင်လက်တွေ က ဖေဖော်ဝါရီ လ လောက်မှာ နနွင်းဈေးမြင့် တက်နိုင်တယ်အထင်နဲ့ သိုလှောင်မှုအတွက် စပြီးဝယ်ယူနေကြ ပြီလို့ အီရော့ နနွင်းကုန်သည်များအသင်းမှ အာကေဗွီရာ ဗွီရှန်ကာမှ ဆိုပါတယ်။

စပ်မျိုးနနွင်းမှာ အရည်အသွေးကောင်းမွန်မှုကြောင့် ဈေး မြင့်တက်လျက်ရှိပြီး၊ ပြည်ပတင်ပို့သူတွေက အမြင့်ဆုံး တစ် တန် ရူပီး ၆၃၂၉၀(ကန်ဒေါ်လာ ၁၁၆၉)ဈေးဖြင့် ဖော်ပြ ထားကြောင်း ကုန်သည်များမှ ဆိုပါ တယ်။ လှောင်လက် တွေ လက်ထဲမှာ နနွင်းအိတ် ၁၀ သိန်းကျော်ရှိနေပြီး၊ ဈေးအမြင့်မှန်း ကာ နောက်ထပ်လည်း ဝယ်ယူနေကြတယ်လို့ ဆိုပါတယ်။ အဓိကတင်သွင်းနိုင်ငံများနဲ့ ပြည်တွင်းဝယ်လက်တွေက ဇန်နဝါ ရီလမှာ ပုံမှန်ဝယ်လိုအားကောင်းလေ့ရှိလို့ ဈေးနှုန်းမြင့်တက် နိုင်ကြောင်း သုတေသနကုမ္ပဏီမှ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ရောင်းချတဲ့ဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၃၈၉၆၀-၅၃၇၄၀ (ကန်ဒေါ် လာ ၇၂၀-၉၉၃)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၆၉၆၀-၄၈၃၉၀ (ကန်ဒေါ်လာ ၆၈၃-၈၉၄)ရှိကြောင်း သိရပါတယ်။ တောင်သူ အချို့က အစိုးရမှ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်းသတ်မှတ် မယ်ဆိုတဲ့ သတင်းတွေ အရ ဈေးနှုန်းမြင့်တက် ဦးမယ်မှန်းပြီး၊ ၎င်းင်းတို့ သိုလှောင်နနွင်းများ ထုတ်ရောင်းခြင်း မရှိသေးဘူးလို့ သိရပါတယ်။ စပ်မျိုးနနွင်းထဲမှာ နနွင်းလက်ချောင်းဈေးက တစ်တန်ရူပီး ၄၇၀၉၀-၆၃၂၉၀ (ကန်ဒေါ်လာ ၈၇၀-၁၁၆၉) ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၄၆၀၆၀-၅၁၈၉၀ (ကန် ဒေါ်လာ ၈၅၀-၉၅၈)ရှိတယ်လို့  Business  Line  သတင်းအရ သိရ ပါတယ်။                                   ယမင်းခင်
 

Wednesday, 12 Dec 2012

ပြည်ပကိုပင်လယ်ရေကြောင်းလမ်းမှ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း နနွင်း တင်ပို့မှုက စုစုပေါင်းတန်ချိန် ၁၂၈ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံကို ၈၅ တန်နဲ့ မလေးရှားကို ၄၃ တန်ဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း မှာ ယခုတစ် ပတ်နနွင်းတင်ပို့မှုက အများဆုံးဖြစ်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန် ဒေါ်လာ ၅၃၀-၅၅၀ ရရှိခဲ့တယ်လို့ သိရပါတယ်။

Wednesday, 12 Dec 2012

နယ်စပ်စခန်းများမှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း  ကန်ဒေါ်လာသုညဒသမ ၅၉၃ သန်းဖိုးရှိ ငရုတ်သီးခြောက် တန် ၃၀၀ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။  မြန်မာ-တရုတ်နယ်စပ်မှ မူဆယ်၁၀၅ မိုင်မှ တန် ၂၄၀ ကျော်နဲ့ မြန်မာ-ထိုင်း နယ်စပ်မြဝတီစခန်း တန် ၆၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှ ငရုတ်သီးခြောက်များကို တစ်ဖက်နိုင်ငံ မဲဆောက်မှ တစ်ဆင့် ဘန်ကောက်မြို့ထိတင်ပို့ပြီး ဟင်းချက်ရာမှာ အများဆုံး သုံးကြတယ်လို့သိရပါတယ်။MIRT (DOBT)

Wednesday, 12 Dec 2012

နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၄ ရက်အတွင်း  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်းကျော် တန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၆၃၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခုအပတ် မူဆယ်နယ်စပ်မှသာ တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကထက် ဇီးဆံ၊ တော ဂျူးမြစ်၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ ဝဥခြောက်နဲ့ ကြောင်လျာစေ့ စတဲ့ပရဆေးကုန်ကြမ်းတို့ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကန်ဒေါ်လာသုညဒသမ ၀၀၀၂ သန်းတန်ဖိုးရှိ တောင်လုံးကျော် ၁ တန်နဲ့ ကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်း တန်ဖိုးရှိ ဟင်းရိုင်း ဖြူ တန်ဝက်နီးပါး တင်သွင်းရှိခဲ့ ပါတယ်။ နိုဝင်ဘာလအတွင်း ပရဆေးကုန်ကြမ်း ၃၈၅၇ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး ၄ တန်နီးပါး တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT(DOBT)

Wednesday, 12 Dec 2012

နိုဝင်ဘာလနောက်ဆုံးပတ်မှာတော့ မန်ကျည်းတင်ပို့မှုပါ ပျောက်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာ စင်ကာပူနိုင်ငံကိုသာ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အောက် တိုဘာလအတွင်း မန်ကျည်းတင်ပို့မှုက ၁၃၃ တန်ရှိခဲ့ပြီး နိုဝင်ဘာလတင်ပို့မှုက တန်ချိန် ၂၀၀ ရှိခဲ့တာကြောင့် နိုဝင်ဘာလမှာ မန်ကျည်း တင်ပို့မှုပိုခဲ့ပါတယ်။ ကာလတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ မန်ကျည်းတင်ပို့မှုပျောက်ခဲ့တာ ကြောင့် ဒီနှစ်နိုဝင်ဘာလမှာ မန်ကျည်းတင်ပို့မှု ပိုခဲ့ပါတယ်။    MIRT (DOT)

Wednesday, 12 Dec 2012

ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းအဝင်တွေပြန်များလာပါတယ်။ အဝင် လည်းများ၊ အထွက်ကလည်း များနေပါတယ်။ ပွဲတော်ရက်ဖြစ်တဲ့ ရက်သတ္တ နှစ်ပတ် ကတော့ အရောင်းအဝယ်က ခပ်အေးအေးသာဖြစ်ခဲ့ပြီး၊ ဒီတစ်ပတ်မှာ အရောင်း၊ အဝယ်ပြန်သွက်လာပါတယ်။ ချင်းထိုးသမားတွေနဲ့ ဈေးပတ်သမားတွေကလည်း အတော်များများ ဝယ်ယူမှုရှိနေပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းအဝင်များနေ ပေမယ့် ဟိုပုံးဈေးကွက်မှာတော့ ချင်းအဝင်ကလုံးဝမရှိသေးပါဘူး။ အောင်ပန်းထက် ချင်းစိုက်တာ တစ်လ၊ နှစ်လနောက်ကျတာကြောင့် ဇန်နဝါရီလ မှာသာ  ချင်းတက် သစ်တွေ ဈေးကွက်ကို ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Pages