Background
နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ယခုအပတ်သကြားတင်ပို့မှုဟာ ယခင် အပတ် တင်ပို့မှုထက် ၅၁၁ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာသုညဒသမ ၆၅၈ သန်းတန်ဖိုးရှိ သကြားညို ၅၆၁ တန်ကျော်နဲ့ သကြားဖြူ ၅၅၄ တန် တင်ပို့နိုင်ခဲ့ တာဖြစ်ပြီးယခုအပတ်မူဆယ်မှ သကြားပို့အားကောင်းလျက်ရှိပါတယ်။ MIRT(DOBT)
မြန်မာ-တရုတ်နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းမူဆယ်မှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အတွင်း တစ်ဖက် နိုင်ငံသို့ ပြောင်းဖူးစေ့ ၁၄၃၀၅ တန်ကို ကန်ဒေါ်လာ ၄ ဒသမ ၈၁၈ သန်းဖိုးနဲ့ လွယ်ဂျယ်မှ ၄၁၉ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၆၀ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နေ့စဉ်ပြောင်းကားစီးေ ရပျမ်းမျှ ၁၀၅ စီး ဝန်းကျင်ရှိတယ်လို့သိရပါတယ်။ နိုဝင်ဘာလတစ်လလုံးတင်ပို့ခဲ့တဲ့ပြောင်း တန်ချိန်ကတော့ ၆၆၄၁၁ တန်ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၂၂ ဒသမ ၁၁၂ သန်း ဖြစ်ပါတယ်။ နှစ်ဖက်မြေပြင်ပြောင်းဈေးများ ကို နှိုင်းယှဉ်ဖော်ပြပေး လိုက်ပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၂၆၂၆၃၇ ၂၇၅၆၇၀ ၁၃၀၃၃ ၅ ၃၂၁ ၃၃၇ ၁၆ ၅MIRT (DOBT)
အိန္ဒိယရူပီး တန်ဖိုးများထပ်မံကျဆင်းပါက အိန္ဒိယပြည် တွင်း ပဲဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ခန့်မှန်းကြပါ တယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်း ဖို့ပြည်ပကပဲမျိုးစုံတန်ချိန် ၃ သန်းဝန်းကျင် တင်သွင်းနေရတာ ဖြစ်လို့ ရူပီးတန်ဖိုးဆက်ပြီးကျဆင်းနေရင် ပြည်ပက တင်သွင်း ပဲတွေ ဈေး ဆက်ပြီး မြင့်တက်နိုင်တယ်လို့ သုံးသပ်ကြခြင်း ဖြစ်ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေစခန်းမှ နိုဝင် ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၁၉ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ် မှာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မန်ကျည်းစေ့ဟာ ပင်လယ်ဆား ငန်ရေဒဏ်ခံနိုင်စွမ်းရည်ရှိသဖြင့် ဘိလပ်မြေ နဲ့ရောပြီး ဆောက် လုပ်ရေးလုပ်ငန်းများမှာ အသုံးပြုတယ်လို့ သတင်းရရှိပါတယ်။မြင့်မြင့်မာ MIRT(DOBT)
အိန္ဒိယနိုင်ငံအထက်ပိုင်းမှ အဝယ်အော်ဒါလျော့ကျ တာ ကြောင့် အိန္ဒိယနနွင်းဈေးက ဆက်ပြီးကျဆင်း နေပါတယ်။ ပြည်ပတင်ပို့သူတွေက ဈေးအနိမ့်နဲ့ အရည်အသွေးကောင်း နနွင်းအကန့်အသတ်သာ ဝယ်ယူကြတယ်လို့ ဆိုပါတယ်။ ဝယ် လိုအားနည်းတာကြောင့် ပြည်တွင်းကုန်သည်များက တင်ဒါ များကို ပမာဏနည်းနည်းသာ တင်သွင်း ကြတယ်လို့ အီရော့ နနွင်း ကုန်သည်များအသင်း ဥက္ကဌမစ္စတာအာကေ ဗွီရာ ဗီရှန်ကာမှ ပြောကြားပါတယ်။ လက်ငင်းဈေးလျော့နည်းတာ ကြောင့် ဒီဇင်ဘာလအတွက်နနွင်း ကြိုပွိုင့်ဈေးမှာလည်း ဆက်ပြီး အေးနေတယ်လို့ သိရပါတယ်။
ဝယ်လိုအားနည်းပြီး၊ မှာယူမှုလျော့တဲ့အတွက် ကုန်သည် တွေက ဈေးအနိမ့်နဲ့ အကန့်အသတ်သာဝယ်ယူတယ်လို့ ဆိုပါ တယ်။ တောင်သူတွေကလည်း အိတ်အနည်းငယ်အတွက် သာ ဈေးနှုန်းအတည်ပြုပြီး၊ အလယ်အလတ်အဆင့် နနွင်းကို သယ်ယူလာကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့အနေနဲ့ မြောက် ပိုင်းက အော်ဒါတွေ စောင့်နေခြင်းဖြစ်ပြီး၊ တကယ်လို့ ဒီဇင် ဘာလ၁၀ ရက်မတိုင်မီအဝယ်အော်ဒါမရှိရင်ဇန်နဝါရီ နောက် ဆုံးပတ်မှသာ အဝယ်သွက်လာနိုင်တယ်လို့လည်း ရာဗီရှန်ကာ မှ ဆိုပါတယ်။ တောင်သူတွေကတော့ ဈေးမြင့်တက်မယ်မှန်းပြီး၊ သို လှောင် ထားကြတယ်။ ပြည်ထောင်စုအစိုးရက အနိမ့်ဆုံး ထောက်ပံ့ဈေး တစ်တန် ရူပီး ၉၀၀၀၀ (ကန်ဒေါ်လာ ၁၆၃၆) သတ်မှတ်လိမ့်မယ်လို့ ဆိုပါတယ်။ လက်ရှိ တောင်သူ တွေ လက်ထဲမှာ နနွင်းအိတ် သိန်း ၂၀ ကျော် ကျန်သေးတယ်လို့ ဆိုပါတယ်။ တချို့ကတော့အိမ်အသုံးစရိတ် ကာမိစေဖို့ လက် ရှိဈေးနဲ့ပဲ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲကို အရည်အသွေးကောင်းစပ်မျိုးနနွင်း ဝင် ရောက်ပေမယ့် ဝယ်လိုအားမရှိလို့ တစ်တန် ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၉၁)ကျဆင်းခဲ့ပါတယ်။ အီရော့နနွင်းကုန်သည် များ ဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန် ရူပီး ၃၈၀၉၀-၅၃၉၈၀ (ကန်ဒေါ်လာ ၆၉၂-၉၈၁)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၃၆၉၆၀-၄၈၃၅၀(ကန်ဒေါ်လာ ၆၇၂-၈၇၉)ရှိကြောင်း business Line သတင်းအရ သိရပါတယ်။ ယမင်းခင်
အရင်ကတည်းကအရောင်းပါးနေတဲ့နနွင်းကပွဲတော်ရက်ကြောင့် ပိုပြီးပါးနေပါတယ်။ ပြီးခဲ့တဲ့အပတ်တွေ ကတော့ ခပ်ပါး ပါးဝင်နေပေမဲ့ ဒီတစ်ပတ်မှာတော့ အဝင်မရှိသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။ ဝယ်လက်တွေကသာ အမှုန့်ကြိတ်ဖို့၊ ပရဆေးဖော်ဖို့အတွက် အနည်းအကျဉ်းနဲ့ တစိမ့်စိမ့်ဝယ်ယူမှုရှိပေမဲ့ ပြည်ပဝယ်လက်ကတော့ လွန်ခဲ့တဲ့ ၂ လ၊ ၃ လခန့်ကသာ မူဆယ်ဝယ်လက်တွေက ဟိုပုံးနနွင်းကို အနည်းအကျဉ်းဝယ်ယူခဲ့တာ ရှိခဲ့ပြီး၊ နောက်ထပ်ဝယ် တာတော့ မရှိသေးပါဘူး။ ဒီတစ်ပတ် နနွင်းဈေးကတော့ ပင်လောင်းနနွင်းက ၄၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ရိုးရိုးနနွင်းက ၇၀၀ ကျပ်၊ ၈၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၁၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်-တောင်ကြီး
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာသုညဒသမ ၀၉၅ သန်းတန်ဖိုးရှိတဲ့ နနွင်းတက် ၆၁ တန်ကျော်၊ ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာသုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ နနွင်းတက် ၁၀ တန်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီမှ ကန်ဒေါ်လာသုညဒသမ ၀၄၆ သန်းတန်ဖိုးရှိ နနွင်းတက် ၂၆ တန်တို့ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်း အပို့ရှိခဲ့တာမို့ ယခင်အပတ်တင်ပို့မှုထက် ၃၆ တန်နီးပါးပိုမိုခဲ့တာတွေ့ ရပါတယ်။ နိုဝင်ဘာလအတွင်း နယ်စပ်စခန်းများမှ နနွင်းတက် ၂၀၂ တန်ကျော်ကို တန်ဖိုးသုညဒသမ ၃၄၅ ဒေါ်လာ သန်းဖိုးတင်ပို့ထားပြီးဖြစ်ပါတယ်။မော်မော်အောင်၊ MIRT (DOBT)
ချင်းရောင်းချမှု ပြတ်လပ်တာကြောင့် အိန္ဒိယနိုင်ငံမှာ ချင်းဈေးကအမြင့်ဘက် သွားနေပြီး၊ ဝယ်လိုအားမှာလည်းဆက်လက်ကောင်းနေပါတယ်။ဇန်နဝါရီလမှ မေလ အတွင်း ရိတ်သိမ်းကာလအလွန်မှာ ချင်းဈေးက တစ်ကီလို ရူပီး ၆၅-၈၅ (ကန်ဒေါ် လာ ၁ ဒသမ ၁၈ - ၁ ဒသမ ၅၅)ရှိခဲ့ရာမှ ယခုအခါ ရူပီး ၁၄၅-၁၆၅ (ကန်ဒေါ်လာ ၂ ဒသမ ၆၅ -၃)ရှိနေတယ်လို့ ဈေးကွက်မှ Business Line ကို ပြောကြားတယ် လို့ သိရပါတယ်။ နောက်ချင်းထွက်ရှိမှု နှောင့်နှေးပြီးအထွက် သိသိသာသာကျဆင်း ဖွယ်ရှိတာကြောင့်လက်ရှိချင်းဈေးက တော်တော်ကို မြင့်တက်နေတယ်လို့ ဆိုပါ တယ်။
အစောပိုင်းမှာ ချင်းဈေးက အကျိုးအမြတ်မရရှိတာကြောင့် တောင်သူတွေက အခြားသီးနှံတွေကို ပြောင်းလဲ စိုက်ပျိုးလာကြတဲ့အတွက် လာမယ့်ရာသီမှာ အထွက် လျော့ကျမယ်လို့ ဆိုပါတယ်။ အိန္ဒိယချင်းက အခြားထုတ်လုပ်တဲ့ နိုင်ငံများအကြား အကောင်းဆုံးဖြစ်လို့ ဝယ်လိုအားက ရောင်းချမှုထက် ကျော်လွန်နေပါတယ်။ လက် ကျန်ချင်းတွေ ရှိနေပေမယ့် ရင်းနှီးမြှုပ်နှံသူတွေက ၎င်းတို့လိုချင်တဲ့ ဈေးမရသေးသမျှ ချင်းလက်ကျန်တွေ ထုတ်ရောင်းမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအခြေအနေက ၂၀၁၃ ရာသီကုန်အထိ ဆက်ရှိနိုင်တယ်လို့လည်း ဈေးကွက်က ခန့်မှန်းကြပါတယ်။ ကုန်ကြမ်းဈေးက အမြင့်မှာ စိုးမိုးနေလို့ ရာသီသစ်စတင်တဲ့တိုင် ပြုပြင်ထုတ်လုပ်ဖို့ ဆန္ဒမရှိကြဘူး လို့လည်း ဆိုပါတယ်။ ချင်းပြုပြင်ထုတ်လုပ်သူအများစုဟာ လက်ရှိမှာဈေးကွက်ကို ဝင်လာခြင်းမရှိဘဲ ၎င်းတို့ရဲ့ မနှစ်ကထုတ်ကုန်တွေ ကိုသာ ထိန်းထားဖို့ ဆန္ဒရှိနေကြပါတယ်။ ချင်း ခြောက်အသစ်က မတ်လမှသာဝင်ရောက် မှာဖြစ်ပြီး၊ဝင်ရောက်မယ့်ကာလက မေလ ထိသာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီကာလမတိုင်မီ ပြည်တွင်းစားသုံး သူ အရောင်း စင်တာများဟာ လက်ရှိချင်းအဟောင်းတွေကိုသာ အားထားရလိမ့်မယ်လို့ဆိုပါ တယ်။ ယခုလအတွင်း ဈေးနှုန်း ၂ ဆခန့်မြင့်တက်တဲ့တိုင် လက်ရှိအခွန်ပုံစံအရ အိန္ဒိယပြည်တွက်ူချင်းကို ဝယ်ယူဖို့ ဈေး သက်သာမှုရှိနေဆဲဖြစ်လို့ တင်သွင်းဖွယ် မရှိဘူးလို့ သိရပါတယ်။ ယခုနှစ် ချင်းထုတ်လုပ်ရာ ကီရာလာနဲ့ ကာနာတာကာတို့မှာ ချင်းကုန်ချောနဲ့ ချင်းခြောက်ပြုလုပ်ဖို့ များစွာ ထုတ်လုပ်မှုရှိခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယ ချင်း ဈေးက တရုတ်နဲ့ နိုက်ဂျီးရီးယားလို အဓိကချင်းထုတ်လုပ်တဲ့ နိုင်ငံတွေအကြား ဈေးအနိမ့်ဆုံးဖြစ်နေပါတယ်။ ချင်းဈေးက ရိတ်သိမ်းချိန်လွန်ကနေ ကာလလယ် အထိ ဈေးနှုန်း တည်တည်ငြိမ်ငြိမ်ရှိခဲ့ပေမယ့် ယခုဒုတိယနှစ်ဝက်နှောင်းပိုင်းမှာ ဈေးမြင့်တက်ခဲ့ပြီး၊ အိန္ဒိယချင်းကို အခြား နိုင်ငံချင်း များထက် ပိုမို စားသုံးကြတာ ကြောင့် ဈေးကွက်အတွင်း ဝင်ရောက်မှုကျဆင်းခဲ့ပြီး၊ ဈေးမြင့် တက်လာ ခြင်းဖြစ် တယ်လို့ သိရပါတယ်။ အကျိုးအမြတ်မရရှိတဲ့ဈေးကြောင့် အရည်အသွေးကောင်းအဖြစ် ထင်ရှားတဲ့ Cochin Ginger စိုက်ပျိုးမှု ပျောက်ကွယ်လာပြီလို့ ကိုချိအခြေစိုက်အဓိကချင်း ကုန်သည်များက ဆိုပါတယ်။ Cochin ချင်းဟာသူ့ရဲ့ထူးခြားတဲ့ လီမွန်ရနံ့နဲ့ အမျှင် မပါတာကြောင့် ကမ္ဘာ့ဈေးကွက်မှာ အကောင်းဆုံးအဖြစ် ထင်ရှားတယ်လို့ ပြည်ပ တင်ပို့သူတွေကဆိုပါတယ်။ ယင်းချင်းကို အဆင့်မြင့် အရည်အသွေးအနေနဲ့ ရောင်းချ ရတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ ၂၀၀၉-၁၀ မှာ စိုက်ဧရိယာဟက်တာ ၁၄၂၀၈၉ မှ တန်ချိန် ၇ သိန်းခန့်ထွက်ရှိကာ ကမ္ဘာမှာ အများဆုံးထုတ်လုပ်သူဖြစ်နေပါတယ်။ ဒါပေမယ့် စိုက်ဧရိယာအနေနဲ့ နိုက်ဂျီးရီးယားနဲ့ တရုတ်တို့ဟာ ထိပ်တန်းဖြစ်ပါတယ်။ အဓိက ပြည်ပဈေးကွက်တွေကတော့ သြစတြေးလျ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာ ရေးဗီးယား၊ ရီမင်၊ ယူအေအီး၊ မော်ရိုကို၊ ကနေဒါ၊ နယ်သာလန်၊ ဂျပန်၊ အမေရိကန် တို့ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းနှစ်စဉ် ချင်းတန်ချိန် ၁ ဒသမ ၆ သန်းဝန်းကျင်ခန့် ထုတ်လုပ်ကြောင်းသိရပါတယ်။ ကမ္ဘာ့ချင်းထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ အိန္ဒိယနဲ့ တရုတ်က ထုတ်လုပ်ကြောင်းသိရပါတယ်။ ယမင်းခင်
တန်ဆောင်တိုင်ပွဲတော်ရက်ဖြစ်တာကြောင့် ချင်းအဝင်ကလည်း ပါးနေပါ တယ်။ အောင်ပန်းအနီးတစ်ဝိုက် ကသာအဝင်ရှိနေတာကြောင့်အဝင်ကလည်း ခပ်ပါး ပါးသာရှိတယ်လို့ သိရပါတယ်။ ပွဲတော်ရ က်ကြောင့် တောင်သူေ တွ၊ ကုန်သည်တွေ ပွဲရုံတွေကလည်း အရောင်းအဝယ်မလုပ်ကြတော့ ဘဲ ခေတ္တနားနေတယ်လို့ ဆိုပါ တယ်။ အဝင်ပါးနေပေမယ့် အရောင်းကတော့ ခပ်သွက်သွက်ရှိနေတာပါ။ ဈေးပတ် သမားတွေကပုံမှန်အဝယ် ရှိနေတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန် ၅၁၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အောင်ပန်းချင်း ဈေးကွက်မှာ ချင်ဈေးက ထပ်တက်နေပါတယ်။ ချင်းသစ်မှာ မြေနီချင်းတက် (အလှ)ဆိုရင် တစ်ပိဿာ ၂၈၀ ကျပ် - ၃၁၀ ကျပ်ဈေးရှိပြီး၊ ချင်းဥမကတစ်ပိဿာ၂၀၀ ကျပ် - ၂၅၀ ကျပ်ရှိပါတယ်။ ချင်းခြောက်တော့ တစ် ပိဿာ ၇၀၀ မှ ၁၁၀၀ ကျပ်ရှိပါတယ်။ ဟိုပုန်းမှာတော့ ချင်းနုတွေက အဝင်ရှိပြီး တစ်ပိဿာ ၂၀၀ ကျပ်နဲ့ လက်လီရောင်းနေပါတယ်။ ချင်းတက်တွေကတော့ ပွဲတော် ရက်အပြီး ဒီဇင်ဘာ ဒုတိယပတ်လောက်မှ အဝင်ရှိနိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဧဧခိုင် - တောင်ကြီး
ယခင် ၂၀၁၁ ခုနှစ် နိုဝင်ဘာနောက်ဆုံးပတ် ပဲစင်းငုံဈေးမှာ ၁၃၀၀၀ ကျပ် ဈေးရှိပြီး၊ အရောင်းအဝယ်မှာ ရက်ခြားအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။ စိုက်ဧကများလည်း တိုးချဲ့စိုက်ပျိုးခဲ့ကာ၊ တောင်သူအများစု မှာ ဈေးကောင်းကောင်း နဲ့၊ အရောင်းသွက်နိုင်ရေးကို မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပဲစင်းငုံဈေးမှာ ယခင် နှစ်ထက် ဈေးပိုရခဲ့သော်လည်းကာလတူဈေးနှုန်းမှာကွာဟမှုသိပ်မရှိဘဲ တစ်တင်းကို ၁၅၇၀၀ ကျပ်ဈေးရှိပါ တယ်။ ယခင်နှစ် နိုဝင်ဘာလက ရက်ခြား အရောင်းအဝယ် ဖြစ်ခဲ့တဲ့ ပဲစင်းငုံဟာ ယခုနှစ် နိုဝင်ဘာလ စတုတ္တပတ်မှာတော့ အရောင်းအဝယ် မဖြစ်သလောက်အေးနေကြောင်း သိရပါတယ်။ ဆုမွန်ဆွေ-ပြည်